fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home မိခင်နှင့်ကလေးကျန်းမာရေး

အချင်းရှေ့ရောက်ခြင်း

95
VIEWS
Share on FacebookShare on TwitterShare on Linkedin
05/09/2018
in မိခင်နှင့်ကလေးကျန်းမာရေး
1 min read
A A

အချင်းရှေ့ရောက်ခြင်း

•အချင်းရှေ့ရောက်ခြင်းဆိုတာဘာလဲ?

အချင်းရှေ့ရောက်ခြင်းဖြစ်စဉ် ဟာ ကိုယ်ဝန်ဆောင်ကာလ ၂၀ ပတ်အကျော်တွင် ဗိုက်မနာပဲ သွေးဆင်းခြင်းကို ဖြစ်စေသော အကြောင်းအရာများထဲမှ အဖြစ်အများဆုံးသော အကြောင်းအရာတစ်ခုပဲဖြစ်ပါတယ်။ အချင်းဆိုတာ အမေဆီမှ သန္ဓေသားဆီသို့ အောက်ဆီဂျင် နှင့် အာဟာရများ ပို့ဆောင်ပေးသော အင်္ဂါရပ်တစ်ခုပဲဖြစ်ပါတယ်။ အချင်းဟာ သားအိမ်သို့ ကပ်တွယ်နေလေ့ရှိပြီး သားအိမ်အောက်ပိုင်းရှိ အဝနား သို့မဟုတ် အဝကို ပိတ်၍ကပ်တွယ်နေလျှင် အချင်းရှေ့ရောက်ခြင်းလို့ ခေါ်ပါတယ်။ အချင်းဟာ သွေးကြောပေါများသော အင်္ဂါဖြစ်သော ကြောင့် သားအိမ်ခေါင်း ကျုံ့ခြင်း၊ ကျယ်ခြင်းဖြစ်သည့် အခါတွင် သွေးဆင်းခြင်းကိုဖြစ်စေနိုင်ပါတယ်။

•ဘယ်လိုလက္ခဏာတွေခံစားရမလဲ?

သွေးဆင်းခြင်းဟာ အဓိက လက္ခဏာဖြစ်ပြီး အချင်းရှေ့ရောက်သူ၏ ၇၀-၈၀ ရာခိုင်နှုန်းခန့်မှာတွေ့ရတတ်ပါတယ်။
-မိန်းမကိုယ်မှသွေးဆင်းခြင်း- ကိုယ်ဝန်ဆောင် ကာလ ၂၀ ပတ်နောက်ပိုင်းတွင် ဆင်းလေ့ရှိပါတယ်။
-နာကျင်ခြင်းမရှိပဲ သွေးဆင်းလေ့ရှိတတ်သော်လည်း ရံဖန်ရံခါ သားအိမ်ညှစ်ခြင်းနဲ့ တွဲပြီး သွေးဆင်းတတ်ပါတယ်။
-သွေးဆင်းခြင်း သည် သွေးအနည်းငယ်သွန်ခြင်းမှ အလွန်အမင်း သွေးသွန်သည်အထိ ဖြစ်တတ်ပါတယ်။

•ဘာကြောင့်ဖြစ်တာလဲ?

-ကိုယ်ဝန်ကာလ ၂၀ ပတ်ကျော်ပြီး အချင်း ရှေ့ေ
ရာက်ခြင်း မှာ သားအိမ်တွင် ချို့ယွင်းချက်ရှိ၍သော်လည်းကောင်း၊ အချင်း ကြီး၍သော်လည်းကောင်း ဖြစ်နိုင်ပါတယ်။

-သားအိမ် ကြောင့်ဖြစ်ခြင်း

သားအိမ်ကြောင့်ဖြစ်သော အချင်းရှေ့ရောက်ခြင်းတွေထဲမှာ သားအိမ်တွင် အမာရွတ်များရှိခြင်းကြောင့်ဖြစ်နိုင်ပါတယ်။ ယခင်ခွဲမွေးဖူး၍သော်လည်းကောင်း၊ သားအိမ်ခြစ်ဖူး၍သော်လည်းကောင်း၊ အခြားသော သားအိမ်နှင့်ပတ်သက်သည့် ခွဲစိတ်မှုကြောင့်လည်းကောင်း အမာရွတ် ဖြစ်နိုင်ပါတယ်။

-အချင်းကြီးခြင်း

အချင်း၏ လုပ်ဆောင်ချက်ကျဆင်းသည့် အခါ ထိုအခြေအနေကို ဖြည့်စွတ်လုပ်ဆောင်ရန်အတွက် အချင်းမှာ ပိုမိုကြီးထွားပေးရပါတယ်။ ထိုသို့ဖြစ်စေသော အကြောင်းအရာများကတော့ အမွှာကိုယ်ဝန်ဆောင်ခြင်း၊ ဆေးလိပ်သောက်ခြင်း နှင့် တောင်ပေါ်ဒေသတွင် နေထိုင်ခြင်း စသော အခြေအနေများတွင် ဖြစ်စေတတ်ပါတယ်။

•ဘယ်လိုလူတွေမှာ ပိုဖြစ်နိုင်လဲ?

-အမွှာကိုယ်ဝန်ဆောင်များ
-ကလေးအများကြီးမွေးထားသူများ
-၃၅ နှစ်အထက် ကိုယ်ဝန်ဆောင်များ
-ယခင် ဗိုက်ခွဲမွေးထားသူများ
-ယခင် သားအိမ်ခြစ်ထားသူများ
-သားအိမ်ပုံစံ မမှန်ခြင်း အစရှိသူများမှာ ဖြစ်နိုင်ချေပိုများပါတယ်။

•အချင်း ရှေ့ရောက်ခြင်းကိုဘယ်လိုသိမလဲ?

-အာလ်ထရာဆောင်း ရိုက်ခြင်းဖြင့် အချင်း၏ အနေအထားကို သိနိုင်ပါတယ်။ အချင်း၏ အနေအထား အပေါ်မူတည်၍ ရိုးရိုးအာလ်ထရာဆောင်း နှင့် မိန်းမကိုယ်အတွင်း ငုတ်ထည့်၍ရိုက်ခြင်း ဟူ၍ နှစ်မျိုးရှိပါတယ်။ တစ်ခါတစ်ရံ နှစ်မျိုးစလုံး လိုအပ်သည်များလည်းရှိပါတယ်။

•ဘယ်လိုကုမလဲ?

-ကုသပုံများမှာ သွေးသွန်ခြင်းပမာဏ၊ ကိုယ်ဝန်ရက်သတ္တပတ် နှင့် သန္ဓေသား၏ အခြေအနေ၊ အချင်း၏တည်နေရာ နှင့် သန္ဓေသား၏တည်နေရာ၊ သွေးဆင်းမှုရပ်၊မရပ် ပေါ်မူတည်ပြီးကွဲပြားပါတယ်။

-သားအိမ်ထိပ်ဝ အနည်းငယ်သာ ပိတ်လျှင် ပုံမှန်မွေးနည်းဖြင့် မွေးနိုင်ပြီး သားအိမ်ဝ အပြည့်ပိတ်လျှင်မူ ခွဲမွေးရမှာဖြစ်ပါတယ်။

-သွေးဆင်းမှု မရပ်လျှင် သို့မဟုတ် သွေးအလွန်ဆင်းနေလျှင် ဆေးရုံသို့ပို့ဆောင်ရမည်ဖြစ်ပါတယ်။

-အချင်း ရှေ့ရောက်ခြင်းကို သိပြီဆိုတာနှင့် ဆရာဝန်နှင့် ဗိုက်ပုံမှန်အပ်သင့်ပါတယ်။ ကိုယ်ဝန်၏တတိယကာလ ရောက်လျှင် အမျိုးသားနှင့်အတူနေခြင်း၊ လေ့ကျင့်ခန်းလုပ်ခြင်းကို ရှောင်ကာ အိမ်တွင်ကောင်းမွန်စွာ အနားယူသင့်ပါတယ်။ လမပြည့်ပဲ မွေးနိုင်မည်ဆိုလျှင် စတီးရွိတ်ထိုး၍ သန္ဓေသား၏ အဆုတ်ဖွံဖြိုးရန်လုပ်ဆောင်ရမှာဖြစ်ပါတယ်။

-အချို့သော အခြေအနေများတွင် သွေးသွင်းခြင်းလိုအပ်နိုင်ပါတယ်။

•နောက်ဆက်တွဲဘာတွေဖြစ်နိုင်လဲ?

-ရေမွှာစောပေါက်ခြင်း
-လမစေ့ပဲ မွေးခြင်း
-အသက် အန္တရာယ်ရှိသည်အထိသွေးဆင်းခြင်း
-သွေးအားနည်းခြင်း
-သွေးအလွန်ဆင်းသောကြောင့် အမေအတွက် ရှောခ့် ရနိုင်ခြင်း
-မွေးပြီးသွေးသွန်ခြင်း
-မွေးပြီးဖျားခြင်း တို့ဖြစ်နိုင်ပါတယ်။

•အချင်းရှေ့ရောက်ခြင်းမှာ အန္တရာယ်ရှိသဖြင့် မပေါ့စပဲ ဆရာဝန် ၏လမ်းညွှန်ချက်အတိုင်း လိုက်နာကာ ကုသမှုခံယူသင့်ပါတယ်။

Dr. Z

Previous Post

ပိုးသတ်ဆေးများနှင့် ကျန်းမာရေး

Next Post

အမျိုးသမီးများတွင်လည်း မရှားပါ အဆုတ် ကင်ဆာ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

When a premature baby is born

လမစေ့ဘဲကလေးမွေးတဲ့အခါ

3 months ago
190
To teach children to choose food that will be nutritious

သားသားမီးမီးတို့ အာဟာရဖြစ်မယ့်အစားအစာ ရွေးချယ်တတ်စေဖို့

5 months ago
209
When newborn babies have red spots on their faces

မွေးကင်းစကလေးတွေ မျက်နှာမှာအနီစက်လေးတွေထွက်တဲ့အခါ

5 months ago
415
What does it take to be an ideal mother?

စံပြမိခင်တစ်ယောက်ဖြစ်ဖို့ ဘာတွေလိုအပ်လဲ?

5 months ago
170
Keep your child away from mosquito bites

သင့်ကလေးကို ခြင်မကိုက်​အောင်

7 months ago
339
Whooping cough What can be done for children with constipation and malnutrition?

ချောင်းဆိုး၊ ချွဲကျပ်ပြီး အစာမဝင်တဲ့ ကလေးတွေအတွက် ဘယ်လိုတွေ လုပ်ပေးနိုင်မလဲ?

8 months ago
791

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • အစာအိမ်နှင့် အူလမ်းကြောင်းဆိုင်ရာပြဿနာ ဖြစ်ပွားရသည့် အကြောင်းအရင်းများ

    0 shares
    Share 0 Tweet 0
  • အမျိုးသားများ နဲ့ ကြီး ကြာ ရှည်

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0

Health Tips

Next Post

အမျိုးသမီးများတွင်လည်း မရှားပါ အဆုတ် ကင်ဆာ

အချိုဓာတ်နည်းလို့ ကျန်းမာရေးအတွက် ပိုသင့်တော်တဲ့ သစ်သီးဝလံများ

ကင်ဆာသည်ကုလို့ပျောက်နိုင်သလား?

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2020. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.