fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အထွေထွေရောဂါများအကြောင်း

ခါးနာခြင်းသက်သာစေမယ့် နည်းလမ်းများ

2.3k
VIEWS
Share on FacebookShare on TwitterShare on Linkedin
15/10/2021
in အထွေထွေရောဂါများအကြောင်း
1 min read
A A

ခါးနာခြင်းဟူသော ရောဂါဝေဒနာသည် အဖြစ်များသည့် ရောဂါတစ်မျိုးဖြစ်ကြောင်း တွေ့ရှိရပါသည်။ အောက်ပါတို့သည် ခါးနာခြင်းဟူသော ရောဂါဝေဒနာကို ဖြစ်စေနိုင်သည့် ရောဂါအကြောင်းရင်း များဖြစ်ကြပါသည်။

– ကြွက်သားအသုံးပြုမှု လွန်ကဲခြင်းကြောင့် ကြွက်သားဒဏ်ဖြစ်ခြင်း

– ကျောရိုးဆစ်အချပ်ပြားများ ကျွံခြင်း

– အရိုးကျီးပေါင်းတက်ခြင်း

– ကျောရိုးဆစ်အချပ်ပြား ယိုယွင်းပျက်စီးခြင်းစသည်တို့သည် အဖြစ်များသည့် အကြောင်းရင်းများ ဖြစ်ကြပါသည်။

 

ခါးနာခြင်းဖြစ်စေသော အဖြစ်နည်းသည့် ရောဂါအကြောင်းရင်းများ

– ကျောရိုးဆစ်တွင် အကျိတ်အခဲများဖြစ်ခြင်း

– မြီးညှောင့်ရိုးအဆစ်၏ လုပ်ငန်းကောင်းစွာ လုပ်ဆောင်နို်င်မှုမရှိခြင်း စသည်တို့ဖြစ်ကြပါသည်။

 

ရောဂါလက္ခဏာများ

ခါးနာခြင်းရောဂါဝေဒနာလက္ခဏာများကို အောက်ပါအတိုင်း ခွဲခြားတွေ့ရှိနိုင်ပါသည်။

– ပေါင်ရိုးနှင့် တင်ပါးဆုံရိုးတို့တွင် ကိုက်ခဲနာကျင်ခြင်း

– တင်ပါး၊ ခြေသလုံးနှင့် ခြေဖဝါးတို့တွင် နာကျင်ခြင်း

– အချိန်အတိုင်းအတာတစ်ခုကြာအောင် ထိုင်ပြီးသည့်နောက်တွင် နာကျင်ခြင်း

– ခန္ဓာကိုယ်အနေအထား ပြောင်းလဲပြီးသည့်နောက်တွင် နာကျင်မှုသည် လျော့နည်းသွားခြင်း

– အိပ်ရာမှထသည့်အခါမျိုးတွင် ခါးနာခြင်းဝေဒနာခံစားရပြီး လှုပ်ရှားမှုပြုလုပ်ပြီးသည့် နောက်တွင် နာကျင်မှုသက်သာသွားခြင်း စသည်ဖြင့် ခံစားရကြောင်း တွေ့ရှိရပါသည်။

 

ချက်ချင်းဆေးကုသမှုခံယူသင့်သည့် ခါးနာခြင်းရောဂါလက္ခဏာများ။

ခါးနာခြင်းသည် တစ်ခါတစ်ရံတွင် အချို့သောအခြေခံရောဂါပြဿနာများကြောင့် ဖြစ်နိုင်ကြောင်းတွေ့ရှိရပါသည်။ အကယ်၍‌ အောက်ဖော်ပြပါ ရောဂါလက္ခဏာများခံစားရလျှင် ဆရာဝန်နှင့် တိုင်ပင်ပြသ၍ ဆေးကုသမှု ခံယူသင့်ကြောင်း အကြံပြုအပ်ပါသည်။

– ဆီးနှင့် ဝမ်းကို ထိန်းချုပ်မှုတွင် ပြဿနာဖြစ်ခြင်း

– ခန္ဓာကိုယ်အလေးချိန် ကျဆင်းလာခြင်း

– ချမ်းတုန်၍ ဖျားခြင်း

– ပြင်းထန်စွာ ဗိုက်နာခြင်းစသည်တို့သည် အရေးကြီးသော ရောဂါလက္ခဏာများ ဖြစ်သည်။

 

ကုသသည့်နည်းလမ်းများ

( ၁ )     ခွဲစိတ်မှုမဟုတ်ဘဲ ဆေးဝါးများဖြင့်  ကုသသည့်နည်းလမ်းများ။

 ဆေးဝါးများဖြင့် ခါးနာခြင်းကို ကုသခြင်းသည် အခြေခံရောဂါအကြောင်းရင်းများအား ဖယ်ရှားခြင်းမျိုးမဟုတ်ဘဲ နာကျင်ခြင်းကို လျော့နည်းသက်သာစေရန် ကုသခြင်းဖြစ်ပါသည်။

အောက်ပါတို့သည် ခါးနာခြင်းရောဂါကို သက်သာစေမည့် ဆေးဝါးများဖြင့် ကုသသည့် နည်းလမ်းများဖြစ်ကြပါသည်။

–  ကြွက်သားပြေလျော့စေသောဆေးဝါးများ

၎င်းဆေးဝါးများသည် ဦးနှောက်အာရုံကြောဗဟိုအဖွဲ့အစည်းစနစ်ကို ဖိနှိပ်ပေးခြင်းဖြင့် တင်းမာနေသည့် ကြွက်သားများကို‌ ပြေလျော့စေသည့် ဆေးဝါးများဖြစ်ကြပါသည်။

– နာကျင်မှုကို သက်သာစေသည့် ဆေးဝါးများ

ခါးနာခြင်းဝေဒနာကို ပြင်းထန်စွာ ခံစားနေရသည့် လူနာများကို ကုသသည့်အခါ ဆရာဝန်များသည် ဝေဒနာသက်သာစေရန် မူးယစ်ဆေးအမျိုးအစားဖြစ်သော နာကျင်မှုသက်သာစေသည့် ဆေးဝါးများကို ညွှန်ကြားလေ့ရှိပါသည်။

သို့သော် အထက်ပါဆေးဝါးများသည် ဘေးထွက်ဆိုးကျိုးများစွာရှိသဖြင့် အချိန်ကြာမြင့်စွာ အသုံးပြုသင့်သည့် ဆေးဝါးများမဟုတ်ဘဲ ခေတ္တခဏသာ မှီဝဲသင့်ကြောင်း တွေ့ရှိရပါသည်။

 

 ( ၂ )    ဆေးဝါးများမဟုတ်သည့် အခြားရောဂါကုသသော နည်းလမ်းများ

အောက်ပါနည်းလမ်းများဖြင့်လည်း ခါးနာခြင်းဝေဒနာကို လျော့နည်းသက်သာစေရန် ကုသပေးနိုင်ကြောင်း တွေ့ရှိရပါသည်။

–  ခါးတွင် ခါးထိန်းခါးပတ်များကို ဝတ်ဆင်ထားခြင်း

အချို့သောခါးနာသည့်ဝေဒနာကို ခံစားရသောသူများသည် ခါးထိန်းခါးပတ်များ ဝတ်ဆင်ထားခြင်းဖြင့် ခါးနာခြင်းရောဂါလက္ခဏာကို လျော့နည်းစေကြောင်း လေ့လာတွေ့ရှိရပါသည်။

– အပ်စိုက်ကုထုံးဖြင့် ရောဂါကုသခြင်း

– နှိပ်နယ်သည့် ကုထုံးဖြင့် ရောဂါကုသခြင်း

– တရားထိုင်ခြင်းဖြင့် ရောဂါကုသခြင်း စသည့် နည်းလမ်းများဖြင့် ခါးနာခြင်းကို ကုသနိုင်ပါသည်။

 

( ၃ )     ခွဲစိတ်ကုသမှုဖြင့် ခါးနာရောဂါကို ကုသခြင်း

 အခြားနည်းလမ်းများဖြင့် ကုသ၍ ရောဂါလက္ခဏာများသက်သာခြင်းမရှိလျှင် ခွဲစိတ်ကုသသည့် နည်းလမ်းများဖြင့် ကုသရန် လိုအပ်ပါသည်။

သို့သော် ခွဲစိတ်ကုသသည့်နည်းလမ်းဖြင့် ကုသရန် လိုအပ်သော လူနာများအား ခွဲစိတ်ကုသရန် သင့်လျော်ခြင်းရှိမရှိနှင့် ပတ်သက်၍ အောက်ပါအချက်များကို စဉ်းစားရန် လိုအပ်ကြောင်း တွေ့ရှိရပါသည်။

–  ခွဲစိတ်မှုအမျိုးအစား

ခါးနာရောဂါကို ကုသသည့် ခွဲစိတ်မှုအမျိုးအစားများစွာရှိကြောင်း တွေ့ရှိရပါသည်။ အချို့သော ခွဲစိတ်မှုအမျိုးအစားများသည် ခွဲစိတ်ရန် ခက်ခဲပြီး အနာပြန်လည်ကောင်းမွန်ရန် အချိန်ကြာမြင့်တတ်ပါသည်။

သို့သော် ယခုခေတ် အချိန်အခါတွင် ဆေးပညာဆိုင်ရာပိုင်း၌ များစွာ ဖွံ့ ဖြိုးတိုးတက်လာ ခြင်းကြောင့် အချို့သော ခွဲစိတ်မှုများကို ဆေးရုံတွင် တက်ရောက်ကုသမှု ခံယူရန်မလိုအပ်ဘဲ ပြင်ပလူနာအနေဖြင့်ပင် ကုသမှုခံယူနိုင်ကြောင်း‌ တွေ့ရှိရပါသည်။

– စိတ်ပိုင်းဆိုင်ရာကျန်းမာရေး

သုတေသနပြု လေ့လာချက်များအရ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကောင်းမွန်ခြင်းသည်လည်း ခွဲစိတ်ကုသသည့် ရလဒ်များအပေါ်တွင် များစွာအကျိုးသက်ရောက်မှုရှိကြောင်း သိရှိရပါသည်။

Author : Dr. မိုး (ဆေး ၁)

Previous Post

အရေပြားကျန်းမာရေးအတွက် ရှားစောင်းလက်ပပ်၏ကောင်းကျိုးများ

Next Post

အရွယ်တင်နုပျိုခြင်းအတွက် အရေးပါတဲ့ ကော်လဂျင်ဓာတ်

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Vitamin B12 Deficiency and Neuropathy

ဗီတာမင် B12 ချို့တဲ့ခြင်းနှင့် အာရုံကြောအားနည်းခြင်း

1 year ago
2.2k
An eye cloud that should not be neglected

မပေါ့ဆသင့်သော မျက်စိတိမ်

1 year ago
849
UV rays and eye health

ခရမ်းလွန်ရောင်ခြည်နဲ့ မျက်စိကျန်းမာရေး

1 year ago
844
Why is memory weak at a young age?

ငယ်ငယ်ရွယ်ရွယ်နဲ့ မှတ်ဉာဏ်အားနည်းလာတာ ဘာကြောင့်လဲ?

1 year ago
1.3k
The consequences of a weak immune system

ကိုယ်ခံအားနည်းခြင်းရဲ့ နောက်ဆက်တွဲဆိုးကျိုးများ

1 year ago
1.3k

နွေရာသီနှင့်မိတ်ပြဿနာ

1 year ago
1.4k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

အရွယ်တင်နုပျိုခြင်းအတွက် အရေးပါတဲ့ ကော်လဂျင်ဓာတ်

သားသားမီးမီးတို့ကျန်းမာရေးအတွက် ကယ်လ်စီယမ်ရဲ့ အရေးပါမှု

သွေးပေါင်ချိန်လျှော့ချပေးနိုင်မယ့် အစားအစာများ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.