fbpx
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor
No Result
View All Result
Home အထွေထွေရောဂါများအကြောင်း

Macrocytic Anemia ဆိုတဲ့ သွေးနီဥဆဲလ်တွေ ပုံမှန်ထက်ပိုကြီးပြီးသွေးအားနည်းတဲ့ရောဂါ

122
VIEWS
Share on FacebookShare on TwitterShare on Linkedin
22/01/2022
in အထွေထွေရောဂါများအကြောင်း
1 min read
A A

သွေးအားနည်းရောဂါဖြစ်စေနိုင်သည့် အကြောင်းအရင်းများအနက်တစ်ခုမှာ သွေးနီဥဆဲလ် RBC (Red Blood Cells) ပုံမှန်ထက်ပိုကြီးပြီး သွေးအားနည်းသည့်ရောဂါ (Macrocytic Anemia/ Megalocytosis / Microcythemia) ဖြစ်ပါသည်။ လူ၏သွေးထဲတွင်ရှိသည့် သွေးနီဥဆဲလ်များသည် ပုံမှန်ထက်ကြီးမားနေပြီး ပုံမှန်အရွယ်အစားရှိသည့် သွေးနီဥဆဲလ်များ နည်းလာသည့်အခါ Macrocytic Anemia ဖြစ်ပေါ်လာပါသည်။ သွေးနီဥအရွယ်အစား Mean Cell Volume (MCV) ပုံမှန်ရှိရမည်ထက်ကြီးလျှင် (>100 fL) Macrocytic ဟုသတ်မှတ်ပါသည်။ သွေးနီဥဆဲလ်တွေ ပုံမှန်ထက်ပိုကြီးပြီး သွေးအားနည်းသည့်ရောဂါ အမျိုးအစား၂မျိုးမှာ Megaloblastic (အဖြစ်များဆုံးအမျိုးအစား) နှင့် Nonmegaloblastic အမျိုးအစားတို့ဖြစ်ပါသည်။

Macrocytic Anemia ဖြစ်နိုင်သည့် အကြောင်းရင်းများမှာ  ရိုးတွင်းချဉ်ဆီမှ သွေးနီဥဆဲလ်များကို စတင်ထုတ်လုပ်ရာတွင် ပုံမမှန်သောကြောင့် ဖြစ်ပွားရခြင်းဖြစ်သည်။ အဖြစ်များဆုံးအကြောင်းရင်း ၂ မျိုးမှာ ဆဲလ်များဖွဲ့စည်း တည်ဆောက်မှုတွင် အရေးပါသည့် ဗီတာမင်ဘီ B12 နှင့် ဖော်လစ်အက်စစ်  ချို့တဲ့ခြင်းကြောင့်ဖြစ်၍ ဗီတာမင်ချို့တဲ့သွေးအားနည်းရောဂါဟုလည်း သတ်မှတ်ကြသည် (Vitamin deficiency Anemia)။

ဗီတာမင် B12 သည် အသားများတွင်အဓိကပါဝင်သဖြင့် သက်သတ်လွတ်စားသူများသည် ဗီတာမင်ချို့တဲ့ခြင်း ပိုကြုံတွေ့နိုင်ချေရှိပါသည်။ အစာအိမ်အူလမ်းကြောင်းမှ အာဟာရများ မစုပ်ယူနိုင်သည့်ရောဂါ၊ ကိုယ်ခံအားရောဂါများ၊ အရက်အလွန်အကျွံသောက်ခြင်း၊ အသည်းရောဂါ၊ သိုင်းရွိုက်​ဟော်မုန်းနည်းသည့်ရောဂါ၊ ကင်ဆာဆေးများ၊ HIV ဆေးများကဲ့သို့ အချို့ ဆေးများနှင့် သွေးအလွန်အကျွံဆုံးရှုံးပြီးနောက် ရိုးတွင်းချဉ်ဆီမှ သွေးနီဥများ ထုတ်လုပ်ရာတွင် ပုံမမှန်၍လည်းကောင်း၊ Myelodysplastic Syndrome သွေးကင်ဆာရောဂါ စသည်တို့ကြောင့်လည်း ဖြစ်နိုင်ပါသည်။

အစားအသောက်ပျက်ပြီး ကိုယ်အလေးချိန်ကျဆင်းခြင်း၊ ဝမ်းပျက်ခြင်း၊ ဖြူဖျော့ပြီး ပင်ပန်းနွမ်းနယ်ခြင်း၊ နှလုံးခုန်နှုန်းမြန်ခြင်း၊ သွေးပေါက်တက်ခြင်း၊ ခြေသည်းလက်သည်းများ ကြွပ်ဆတ်ကာ ကျိုးပဲ့လွယ်ခြင်း၊ အသက်ရှူမြန်ခြင်း၊ ခြေလက်များ ထုံကျင်နာကျင်ပြီး အားနည်းခြင်း၊ လမ်းလျှောက်ရန်ခက်ခဲခြင်း၊ အာရုံစူးစိုက်ရန်ခက်ခဲခြင်း၊ မှတ်ဉာဏ်အားနည်းခြင်း၊ စိတ်ဓာတ်ကျခြင်း၊ နီရဲယောင်ရမ်းပြီး လျှာပြောင်ချောနေခြင်း၊ သားသမီးမရနိုင်ခြင်း စသည့် လက္ခဏာများကို တွေ့ရနိုင်သည်။

အထက်ပါလက္ခဏာများ ခံစားရလျှင် ဆရာဝန်များမှ မိမိ၏ စားသောက်နေထိုင်မီုပုံစံ၊ ရောဂါရာဇဝင်နှင့် သောက်သုံးနေသည့်ဆေးများအကြောင်း မေးမြန်းပြီး Complete Blood Picture (CBP) ခေါ် သွေးနီဥဆဲလ်ပမာဏနဲ့ အရွယ်အစားပုံမှန်မမှန် စစ်ဆေးခြင်း၊ Vitamin B-12 test သွေးတွင်းရှိ ဗီတာမင် B-12 ပမာဏ စစ်ဆေးခြင်း၊ Folic acid test သွေးတွင်းရှိ ဖောလစ်အက်ဆစ်ပမာဏ စစ်ဆေးခြင်းတို့ကို ပြုလုပ်ပြီး ရောဂါအခြေအနေကို သိရှိနိုင်ပါသည်။

ကုသမှုအနေဖြင့် ရောဂါဖြစ်စေသည့် အကြောင်းရင်းကို ရှာဖွေကုသခြင်း၊ ဗီတာမင်ချို့တဲ့မှုရှိခဲ့လျှင် သောက်ဆေး၊စားဆေး၊ အစားအစာစားသောက်ခြင်းဖြင့် ဖြည့်စွက်ကုသမှုခံယူခြင်း၊ သွေးအားနည်းမှုအခြေအနေကို ပုံမှန်ပြန်လည်စစ်ဆေးခြင်းတို့ ပြုလုပ်ခြင်းဖြင့် ကုသလေ့ရှိပါသည်။ သွေးနီဥဆဲလ်ပုံမှန်ထက် ပိုကြီးပြီး သွေးအားနည်းသည့် ရောဂါသည် အချိန်မှီမကုသလျှင် ကိုယ်ဝန်ဆောင်များတွင် အချိန်မတိုင်ခင် စော၍မီးဖွားခြင်း၊ နှလုံးလုပ်ဆောင်မှုအားနည်းပြီး အသက်အန္တရာယ်ရှိနိုင်သည်ထိ ပြင်းထန်သောကြောင့် စာဖတ်သူများအနေဖြင့် အလေးထားသတိပြုနိုင်ရန် ရေးသားမျှဝေလိုက်ရပါသည်။

Author: Dr. Yee Mon

Previous Post

အပူအစပ်တွေစားခြင်းရဲ့ ကောင်းကျိုး၊ ဆိုးကျိုး

Next Post

အမျိုးသားအားတိုးဆေးသောက်ရင် သတိပြုသင့်တာတွေ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

why wet cough causes

ချောင်းအစို ဘာကြောင့်ဆိုးလဲ?

1 day ago
45
why do i get a headache when i play games for a long time

ဂိမ်းအကြာကြီးဆော့ရင် ဘာလို့ခေါင်းကိုက်တာလဲ?

3 days ago
58
why does a cold drink cause a cough

အအေးသောက်ခြင်းက ဘာကြောင့် ချောင်းဆိုးစေတာလဲ?

3 days ago
74
rain and scab

မိုးတွင်းနဲ့ဝဲ

5 days ago
154
why do you want to sleep after taking cough medicine

ချောင်းဆိုးပျောက်ဆေးတွေ သောက်ပြီးရင် ဘာလို့အိပ်ချင်တာလဲ?

6 days ago
105
why do people with kidney disease have anemia

​ကျောက်ကပ်​ရောဂါရှိသူ​တွေ ဘာလို့​သွေးအားနည်းလဲ?

2 weeks ago
224

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

Health Tips

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • ကြို့ ထိုးတာ မြန်မြန်ပျောက်အောင်

    0 shares
    Share 0 Tweet 0
  • ကူးစက်မြန်မျိုးဗီဇပြောင်းကိုဗစ်အကူးခံရလျှင် ဖြစ်တတ်သည့်လက္ခဏာများ

    0 shares
    Share 0 Tweet 0
  • အမျိုးသားများ နဲ့ ကြီး ကြာ ရှည်

    0 shares
    Share 0 Tweet 0
Next Post

အမျိုးသားအားတိုးဆေးသောက်ရင် သတိပြုသင့်တာတွေ

သွေးအားနည်းသူတွေ ပုံမှန်စားပေးသင့်တဲ့အစားအစာများ

နာတာရှည်ခါးနာတာ သက်သာပျောက်ကင်းဖို့

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2020. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.