fbpx
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor
No Result
View All Result
Home ကျန်းမာစေသော အစားအစာ

သွေးအားနည်းသူတွေ ပုံမှန်စားပေးသင့်တဲ့အစားအစာများ

270
VIEWS
Share on FacebookShare on TwitterShare on Linkedin
22/01/2022
in ကျန်းမာစေသော အစားအစာ
1 min read
A A

လူ့ခန္ဓာကိုယ်ရှိ သွေးနီဥဆဲလ်နှင့် ဟေမိုဂလိုဘင်ဓာတ် ပုံမှန်ရှိရမည့်ပမာဏထက် လျော့နည်းမှုကြောင့် သွေးအားနည်းခြင်းကို ခံစားရခြင်း ဖြစ်ပါသည်။ သံဓာတ်ချို့တဲ့ သွေးအားနည်းရောဂါသည် ကမ္ဘာပေါ်တွင်အဖြစ်အများဆုံးသောသွေးအားနည်းရောဂါဖြစ်ပါသည်။ လူ့ခန္ဓာကိုယ်သည် သံဓာတ်ကိုဖွဲ့စည်းထုတ်လုပ်နိုင်ခြင်းမရှိ၍ လိုအပ်သောသံဓာတ်ကို နေ့စဉ်စားသောက်နေသော အစားအစာများမှသာ ရရှိပါသည်။ ထို့ကြောင့် သွေးအားနည်းသူများသည် သံဓာတ်ကြွယ်ဝသော အစားအစာများကို ပို၍စားသုံးသင့်ပါသည်။

တိရစ္ဆာန်မှရရှိသော အသားများစားခြင်းဖြင့် ရရှိသည့်သံဓာတ် Heme Iron ကို ကျွန်ုပ်တို့ခန္ဓာကိုယ်မှ စုပ်ယူမှုသည် အသီးအရွက်မှရသောသံဓာတ် Nonheme Iron ထက် ၃-၄ဆခန့်ထက် ပိုများပါသည်။ အမဲသား၊ ဆိတ်သား၊ သိုးသား၊ ဝက်သားကဲ့သို့ အနီရောင်အသားများ၊ ကြက်သား၊ ကြက်ဆင်သား၊ ကြက်အသည်း၊ ဝက်အသည်း၊ အမဲအသည်း၊ ငါး နှင့် ဘဲသွေး (သွေးခဲ) စသည့် တိရိစ္ဆာန်ထွက်အသားများ၊ ကြက်ဥနှင့် တူနာငါး၊ ဆော်လမွန်ငါး၊ ပုဇွန်၊ ဆာဒင်း ငါးသေတ္တာငါး၊ ဂုံး၊ ကမာကဲ့သို့ ပင်လယ်စာအမျိုးမျိုးတို့သည် သံဓါတ် Heme Iron ကြွယ်ဝပါသည်။

အစိမ်းရင့်ရောင် ဟင်းရွက်များဖြစ်သည့် ဟင်းနုနွယ် ၊ မုန်ညင်း ၊ ကန်စွန်းရွက်၊ ချဉ်ပေါင် ၊ ကညွတ် ၊ ပန်းပွင့်စိမ်း ၊ ပဲသီး ၊ မြင်းခွာ ၊ကိုက်လန်၊ ရောင်စုံငရုတ်ပွ၊ အာလူး၊ ရွှေဖရုံသီးနှင့် ပဲပိစပ်၊ တိုဖူး၊ ပဲအမျိူးမျိုးတို့ သည်လည်း Nonheme Iron သံဓာတ်ပါ၀င်မှုများသော အစားအစာများဖြစ်သည်။ အသီးများအနက် ဆီးသီး၊ မက်မွန်သီး၊ ဘယ်ရီသီးနှင့် သံလွင်သီးတို့သည် သံဓာတ်ပါဝင်မှု များသောအသီးများဖြစ်သည်။ သံဓာတ် ထပ်ထည့်ပြုပြင်ထားသည့် အစားအစာ  (Fortified Food)၊ အုတ်ဂျုံ၊ ပေါင်မုန့်၊ ပါစတာ၊ အသီးခြောက်၊ နေကြာစေ့၊ သီဟိုဠ်စေ့ကဲ့သို့ အစေ့အဆန်စသည့် အစားအစာများကိုလည်း များများစားသုံးသင့်ပါသည်။

ဗီတာမင်စီသည် သံဓာတ်စုပ်ယူမှုအားကောင်းစေသည့် အစွမ်းရှိသဖြင့် သံပရာသီး၊ လိမ္မော်သီး၊ ခရမ်းချဉ်သီး၊ ငရုတ်ပွအနီ၊ ကင်ပွန်းချဉ်ရွက်। ချဉ်ပေါင်ရွက် စသောဗီတာမင်စီကြွယ်ဝသော အစားအစာများ၊ ဆေးများကို စားသုံးခြင်းသည် သံဓာတ်စုပ်ယူမှုကို အားကောင်းစေနိုင်ပါသည်။ ထို့ပြင် ပဲပင်ပေါက်ကဲ့သို့ အရွက်အညှောင့်များ၊ အချဉ်ဖောက်ထားသော Fermented အစားအစာများသည် သံဓာတ်စုပ်ယူမှုကို ဟန့်တားသည့်ဒြပ်ပေါင်းများကို ပျက်စီးစေပြီး သံဓာတ်စုပ်ယူမှုကို ပံ့ပိုးပေးသည့်အတွက် စားသုံးသင့်ပါသည်။

သံဓာတ်စုပ်ယူမှုကို ဟန့်တားနိုင်သည့် လက်ဖက်၊ ကော်ဖီ၊ လက်ဖက်ရည်၊ ဆန်လုံးညို၊ ကယ်လ်ဆီယမ်ပါသော နို့နှင့်နို့ထွက်ပစ္စည်း၊ စပျစ်သီး၊ ပြောင်းဖူး၊ အောက်စလစ် Oxalic Acid ပါသောအစားအစာများဖြစ်သည့် မြေပဲ၊ နို့မပါဝင်သောချောကလက် Dark Chocolate၊ နံနံပင်စသည်တို့ကို အစာနှင့်တွဲဖက်စားသုံးခြင်း၊ အလွန်အကျွံစားခြင်းကို ရှောင်ကြဉ်သင့်သည်။ ထို့ပြင် အစားအစာများ ချက်ပြုတ်ရာတွင် အချိန်ကြာမြင့်စွာချက်ခြင်းသည် အစားအစာတွင်ပါဝင်သော သံဓာတ်ကိုဆုံးရှုံးစေနိုင်ပါသည်။

သွေးအားနည်းခြင်းသည် ရောဂါလက္ခဏာမပြဘဲလည်း ရှိနေသောအခြေအနေတစ်ခု ဖြစ်သောကြောင့် သံဓာတ်ကြွယ်ဝသော အစားအစာများကို လုံလောက်မျှတအောင် စားသုံးသင့်ပါသည်။ အကယ်၍ သွေးအားနည်းဝေဒနာခံစားရလျှင် အထက်ဖော်ပြပါ သံဓာတ်ကြွယ်ဝသော အစားအစာများကို စားသုံးပေးပြီး လိုအပ်ပါက သံဓာတ်ဖြည့်စွက်စားဆေး၊ ထိုးဆေးများကို လိုအပ်နိုင်သဖြင့် တတ်ကျွမ်းနားလည်သော ဆရာဝန်နှင့်တိုင်ပင်ပြီး ကုသမှုခံယူသင့်ကြောင်း ရေးသားမျှဝေလိုက်ပါသည်။

Author: Dr. Yee Mon

Previous Post

အမျိုးသားအားတိုးဆေးသောက်ရင် သတိပြုသင့်တာတွေ

Next Post

နာတာရှည်ခါးနာတာ သက်သာပျောက်ကင်းဖို့

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

can we eat mangosteen with sugar

မင်းဂွတ်သီးနဲ့ သကြား တူတူစားလို့ရသလား?

2 weeks ago
900
beautiful and healthy banana

လှပကျန်းမာစေတဲ့ ငှက်ပျောသီး

3 weeks ago
107

ခေါင်းကိုက်သက်သာစေတဲ့ အကောင်းဆုံးအိမ်တွင်းကုထုံးများ

2 months ago
2k
OnDoctor Healthcare

သံဓာတ်အားကောင်းချင်လျှင် ဒါတွေစားပါ

2 months ago
295

ငါးကြီးဆီက ကျန်းမာရေးအတွက် ဘာတွေကောင်းလဲ

2 months ago
804

မှည့်လွန်တဲ့ အသီးအနှံတွေစားရင် ဘာတွေဖြစ်နိုင်လဲ

2 months ago
229

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

Health Tips

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • ကြို့ ထိုးတာ မြန်မြန်ပျောက်အောင်

    0 shares
    Share 0 Tweet 0
  • ကူးစက်မြန်မျိုးဗီဇပြောင်းကိုဗစ်အကူးခံရလျှင် ဖြစ်တတ်သည့်လက္ခဏာများ

    0 shares
    Share 0 Tweet 0
  • အမျိုးသားများ နဲ့ ကြီး ကြာ ရှည်

    0 shares
    Share 0 Tweet 0
Next Post

နာတာရှည်ခါးနာတာ သက်သာပျောက်ကင်းဖို့

ချွဲသလိပ်အကြောင်း သိကောင်းစရာ

လေ့ကျင့်ခန်းလုပ်ပြီးချိန် ကြွက်သားတွေနာကျင်ရင် ဒါလေးတွေလုပ်ပါ

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2020. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.