fbpx
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor
No Result
View All Result
Home အထွေထွေရောဂါများအကြောင်း

နာတာရှည်ခါးနာတာ သက်သာပျောက်ကင်းဖို့

230
VIEWS
Share on FacebookShare on TwitterShare on Linkedin
24/01/2022
in အထွေထွေရောဂါများအကြောင်း
1 min read
A A

ခါးနာခြင်းဝေဒနာကို ခံစားရသည့် အချိန်ကာလ ၃ လအထက်ကြာလျှင် နာတာရှည်ခါးနာခြင်းဟု သတ်မှတ်နိုင်ပါသည်။ နာတာရှည်ခါးနာခြင်းကိုဖြစ်စေနိုင်သည့် အကြောင်းအရင်းများမှာ ခါးရိုးထိခိုက်ဒဏ်ရာရခြင်း၊ ခါးရိုးအဆစ်ရောင်ရမ်းခြင်း၊ ကျောရိုးအဆစ်များကြားရှိ အရွတ်ဝိုင်း နေရာလွဲခြင်း (Herniated or Bulging Disc)၊ ခါးရိုးဆစ်ကျဉ်းကာ အာရုံကြောညှပ်ပြီးထိခိုက်ခြင်း၊ အချိန်ကြာမြင့်စွာ အလေးအပင်မခြင်း၊ ကိုယ်နေဟန်ထားမမှန်သဖြင့် နာတာရှည်ခါးနာခြင်း (Myofascial Pain Syndrome) ခါးတစ်ဝိုက်ရှိ ကြွက်သားအရွတ်များ ရောင်ရမ်းခြင်း၊ အရိုးကျီးပေါင်းနှင့် ခါးရိုးအဆစ်များ ပျက်စီးခြင်း စသည်တို့ဖြစ်ပါသည်။ သုတေသနလေ့လာချက်များအရ စိတ်ဖိစီးမှုများလျှင်လည်း နာတာရှည် ခါးနာခြင်းဝေဒနာကို ခံစားရနိုင်ပါသည်။

နာတာရှည်ခါးနာခြင်းကို ခံစားရလျှင် အရေးကြီးသည့်အချက်မှာ တတ်ကျွမ်းနားလည်သော ဆရာဝန်၊ အရိုးအကြောအထူးကုနှင့် ဆွေးနွေးတိုင်ပင်ပြီး အကြောင်းရင်းကို ရှာဖွေကုသရပါမည်။ ထို့ပြင် ကိုယ်အလေးချိန် မျှတအောင် ထိန်းသိမ်းခြင်း၊ လေ့ကျင့်ခန်း ပုံမှန် လုပ်ခြင်း၊ အလေးအပင်မလျှင် ခါးကို အားစိုက်အသုံးမပြုဘဲ ခြေထောက်ကိုအားသုံး၍မခြင်း၊ မိမိ၏ကိုယ်နေဟန်ထား မူမမှန်မဖြစ်အောင် ဂရုစိုက်နေထိုင်ခြင်း၊ စိတ်ဖိစီးမှုများကို တတ်နိုင်သမျှ လျော့ချခြင်းစသည်တို့ ပြုလုပ်သင့်ပါသည်။

နာတာရှည်ခါးနာခြင်း ဝေဒနာကိုကုသရာတွင် အရေးပါသောအခြေခံအချက်တစ်ခုမှာ မှန်ကန်သောကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းလုပ်ခြင်းဖြစ်သည်။ နာတာရှည်ခါးနာခြင်းအတွက် တစ်ဦးချင်း၏ ခံစားရသည့်လက္ခဏာအခြေအနေပေါ်မူတည်ပြီး သင့်လျော်သော လေ့ကျင့်ခန်းများကို ဆရာဝန်၊ ပြန်လည်သန်စွမ်းရေး လေ့ကျင့်ခန်းအထူးကုပညာရှင်များ၏ လမ်းညွှန်ချက်အတိုင်း ပြုလုပ်သင့်ပါသည်။

ကိုယ်နေဟန်ထား ပြုပြင်ပေးသော လေ့ကျင့်ခန်းများ၊ နာကျင်မှုခံနိုင်ရည်အား တိုင်းတာပေးသော လေ့ကျင့်ခန်းများ (Testing the Limits of Pain Tolerance)၊ အေရိုးဗစ်ဆော့ကစားခြင်း ၊  ခန္ဓာကိုယ်အစိတ်အပိုင်းများ ဆန့်ထုတ်အကြောလျှော့ခြင်း (Stretching) နှင့် ပျော့ပျောင်းမှုဆိုင်ရာ လေ့ကျင့်ခန်းများ (Flexibility Exercises)၊ ခန္ဓာကိုယ်ပင်မဒေါက်တိုင် ကြံ့ခိုင်မှုလေ့ကျင့်ခန်းများသည် နာတာရှည်ခါးနာခြင်းကုသမှုကို အထောက်အကူပြုစေနိုင်ပါသည်။

နာတာရှည်ခါးနာခြင်းဝေဒနာသည် ကိုယ်ခန္ဓာကျန်းမာရေးရော စိတ်ပိုင်းဆိုင်ရာကိုပါ တာရှည်ထိခိုက်စေနိုင်သဖြင့် တရားထိုင်ခြင်း၊ ယောဂကျင့်ခြင်း၊ ထိုက်ကျိလေ့ကျင့်ခြင်း၊ စိတ်ပိုင်းဆိုင်ရာ ဖြေလျော့အနားယူပေးမည့် နည်းလမ်းများပြုလုပ်ခြင်းတို့ကိုပါ ပြုလုပ်ပေးသင့်ပါသည်။ ခန္ဓာကိုယ်အလေးချိန်ကို မျှတအောင် ထိန်းသိမ်းခြင်းဖြင့် ခန္ဓာကိုယ်ကြောင့် ခါးရိုးကိုဝန်ပိခြင်း မဖြစ်အောင် ကာကွယ်နိုင်ပါသည်။ အစားအသောက်စားသုံးရာတွင် ရောင်ရမ်းမှုကိုအားပေးသော အစားအစာများဖြစ်သည့် အချိုဓာတ်အဆီဓာတ်များသောအစာများ၊ တာရှည်ခံအောင်ပြုလုပ်ထားသော အသင့်စားအစာများကို ရှောင်ကျဉ်သင့်သည်။

ခါးနာခြင်းဝေဒနာနှင့်အတူ ခြေလက်များရုတ်တရက် အားနည်းသွားခြင်း၊ လမ်းလျှောက်ရန် ခက်ခဲလာခြင်း၊  ဆီးဝမ်းမသွားနိုင်တော့ခြင်း သို့မဟုတ် သွားရန်တဖြည်းဖြည်း ခက်ခဲလာခြင်း၊ အာရုံကြောတုံ့ပြန်မှုများကို စမ်းသပ်ကြည့်ရာတွင်  ပြဿနာရှိလာခြင်းစသည့် အရေးပေါ်လက္ခဏာများ (Red Flag Indicators) ခံစားလာရလျှင် ခါးရိုးနှင့်အာရုံကြောမကြီးတွင် ပြဿနာရှိနေပြီး ခွဲစိတ်ကုသမှုလိုအပ်နိုင်သည့် အခြေအနေလည်းဖြစ်နိုင်ပါသည်။

ထို့ပြင် နာတာရှည်ခါးနာခြင်းဝေဒနာ ခံစားနေရသူများအနေဖြင့် အကိုက်အခဲပျောက်ဆေးကဲ့သို့ နာကျင်မှုသက်သာဆေးများ သုံးစွဲခြင်းသည် ရေရှည်အတွက် ဘေးအန္တရာယ်ဖြစ်စေနိုင်ပါသည်။ ထို့ကြောင့် တတ်ကျွမ်းသောဆရာဝန်ပညာရှင်များ အကူအညီဖြင့် လိုအပ်သည့် စားဆေး၊ ထိုးဆေး၊ လေ့ကျင့်ခန်းနှင့် လေဆာ၊လျှပ်စစ်ကုသမှုနည်းများ၊ အပ်စိုက်ကုထုံးများအပြင် မိမိ၏ ဘဝနေထိုင်မှုပုံစံ ကောင်းမွန်အောင်ပြောင်းလဲခြင်း (Lifestyle Modification) တို့ပြုလုပ်ပြီး ကူသမှုခံယူသင့်ပါသည်။

Author: Dr. Yee Mon

Previous Post

သွေးအားနည်းသူတွေ ပုံမှန်စားပေးသင့်တဲ့အစားအစာများ

Next Post

ချွဲသလိပ်အကြောင်း သိကောင်းစရာ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

why wet cough causes

ချောင်းအစို ဘာကြောင့်ဆိုးလဲ?

23 hours ago
45
why do i get a headache when i play games for a long time

ဂိမ်းအကြာကြီးဆော့ရင် ဘာလို့ခေါင်းကိုက်တာလဲ?

3 days ago
57
why does a cold drink cause a cough

အအေးသောက်ခြင်းက ဘာကြောင့် ချောင်းဆိုးစေတာလဲ?

3 days ago
74
rain and scab

မိုးတွင်းနဲ့ဝဲ

5 days ago
154
why do you want to sleep after taking cough medicine

ချောင်းဆိုးပျောက်ဆေးတွေ သောက်ပြီးရင် ဘာလို့အိပ်ချင်တာလဲ?

6 days ago
105
why do people with kidney disease have anemia

​ကျောက်ကပ်​ရောဂါရှိသူ​တွေ ဘာလို့​သွေးအားနည်းလဲ?

2 weeks ago
221

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

Health Tips

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • ကြို့ ထိုးတာ မြန်မြန်ပျောက်အောင်

    0 shares
    Share 0 Tweet 0
  • ကူးစက်မြန်မျိုးဗီဇပြောင်းကိုဗစ်အကူးခံရလျှင် ဖြစ်တတ်သည့်လက္ခဏာများ

    0 shares
    Share 0 Tweet 0
  • အမျိုးသားများ နဲ့ ကြီး ကြာ ရှည်

    0 shares
    Share 0 Tweet 0
Next Post

ချွဲသလိပ်အကြောင်း သိကောင်းစရာ

လေ့ကျင့်ခန်းလုပ်ပြီးချိန် ကြွက်သားတွေနာကျင်ရင် ဒါလေးတွေလုပ်ပါ

နေ့တိုင်းအပြေးလေ့ကျင့်ခန်းလုပ်ရင် ဘာကောင်းကျိုးတွေရမလဲ

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2020. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.