fbpx
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor
No Result
View All Result
Home အထွေထွေရောဂါများအကြောင်း

လေ့ကျင့်ခန်းလုပ်ပြီးချိန် ကြွက်သားတွေနာကျင်ရင် ဒါလေးတွေလုပ်ပါ

100
VIEWS
Share on FacebookShare on TwitterShare on Linkedin
24/01/2022
in အထွေထွေရောဂါများအကြောင်း
1 min read
A A

လေ့ကျင့်ခန်းလုပ်ခြင်းသည် ကြွက်သားများကို ဖိစီးမှုဒဏ်ဖြစ်စေသည့်အတွက် ကြွက်သားများနာကျင်ခြင်းဝေဒနာ ခံစားရစေနိုင်ပါသည်။ ကြွက်သားများဒဏ်ရာရပြီးနောက် ဒဏ်ရာအနီးတစ်ဝိုက်ရှိ သွေးကြောများနှင့် အာရုံကြောများကို ထိခိုက်စေပြီး နာကျင်မှုဝေဒနာ ဖြစ်ပေါ်စေပါသည်။ လေ့ကျင့်ခန်းလုပ်ပြီးချိန် ကြွက်သားများနာကျင်ခြင်း Delayed Onset Muscle Soreness (DOMS)ကို လေ့ကျင့်ခန်းပြုလုပ်ပြီး ၆-၈နာရီခန့်အတွင်း စတင်ခံစားရနိုင်ပြီး ၂၄-၄၈ နာရီအထိနာကျင်မှု ခံစားရနိုင်ပါသည်။

ခန္ဓာကိုယ်တွင် ရေဓာတ်လုံလောက်မှုမရှိဘဲ လေ့ကျင့်ခန်း ပြင်းပြင်းထန်ထန် လုပ်ဆောင်မှုကြောင့် ကြွက်သားနာကျင်ခြင်း ခံစားရနိုင်ပါသည်။ ကြွက်သားဒဏ်ဖြစ်ခြင်း၊ စုတ်ပြဲခြင်းတွေပါ ခံစားရနိုင်ပါသည်။ ထို့ကြောင့် လေ့ကျင့်ခန်းလုပ်သူများအနေဖြင့် အာဟာရပြည့်ဝအောင် ကာဗိုဟိုက်ဒရိတ်နှင့် ပရိုတင်းပြည့်ဝအောင်စားပြီး ခန္ဓာကိုယ်တွင် ရေဓာတ်လုံလောက်အောင် လေ့ကျင့်ခန်းမပြုလုပ်မီ ၂-၃နာရီ၊  ပြုလုပ်နေစဉ်နှင့် ပြုလုပ်ပြီးလျှင် ရေများများသောက်သင့်ပါသည်။

လေ့ကျင့်ခန်းလုပ်ပြီး ထိခိုက်နာကျင်မှုရှိသည့် ၂-၃ ရက် အတွင်းတွင် နာကျင်သည့် ကြွက်သားနေရာကို ထပ်ပြီးဒဏ်ရာမရအောင် အနားပေးရပါမည်။ လေ့ကျင့်ခန်းလုပ်ပြီးချိန် ကြွက်သားများနာကျင်ခြင်း သက်သာပြီးတစ်ပတ်ကျော်လျှင် လေ့ကျင့်ခန်းများ ပုံမှန်ပြန်လည် ပြုလုပ်နိုင်ပါသည်။ လေ့ကျင့်ခန်းလုပ်တိုင်း တစ်ပတ်လျှင် ၂ ရက်ခန့် ကြွက်သားများကို အနားပေးသင့်ပါသည်။

အရောင်ကျစေရန်အတွက် နာကျင်သည့်နေရာကို အမြင့်တွင်ထားပေးခြင်း၊ Elastic Bandage ပတ်တီးကဲ့သို့ အဝတ်တစ်ခုခုဖြင့် ခပ်ဖွဖွစည်းထားပေးခြင်း၊ အဝတ်တစ်ခုခုခံ၍ ရေခဲသို့မဟုတ် ရေနွေးဝတ်ကပ်ပေးခြင်း ပြုလုပ်နိုင်သည်။ ရေခဲသည် အနာသက်သာစေပြီး အရောင်ကျစေသည့် အစွမ်းသတ္တိရှိ၍ မိနစ်၂၀ ကြာတစ်နာရီခြားပြီး ကပ်ပေးနိုင်ပါသည်

နာကျင်မှုသက်သာစေသည့် လိမ်းဆေးများလိမ်းပေးခြင်း၊ အရောင်ကျဆေး၊ အကိုက်အခဲပျောက်ဆေးများ သောက်ပေးခြင်းတို့ကိုလည်း ပြုလုပ်ပေးနိုင်သည်။ ပြင်းထန်သော ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်သူများအတွက် Epsom Salt ဆားခါးအသုံးပြု၍ ဆားရေစိမ်ပေးခြင်း၊ ရေနွေးဖြင့်ရေချိုးခြင်းသည် သွေးလည်ပတ်မှုကောင်းမွန်စေကာ ကြွက်သားတင်းပြီး နာကျင်မှုကိုလျော့စေပြီး ကြွက်သားဒဏ်ရာကို သက်သာစေနိုင်ပါတယ်။

လေ့ကျင့်ခန်းမပြုလုပ်ခင် အကြောလျှော့ခြင်း ကို သွေးပူလေ့ကျင့်ခန်းအနေနဲ့ လုပ်ဆောင်ပေးခြင်း၊ လေ့ကျင့်ခန်းလုပ်ပြီးချိန် အကြောလျှော့လေ့ကျင့်ခန်း လုပ်ပေးခြင်းက ကြွက်သားများထံသို့ သွေးရောက်ရှိမှု ကောင်းစေပြီး လေ့ကျင့်ခန်းလုပ်ပြီးသည့်အခါ ကြွက်သားများနာကျင်မှုကို သက်သာစေနိုင်ပါသည်။ လေ့ကျင့်ခန်းကို အပြင်းအထန်မလုပ်ဘဲ နည်းစနစ်အနေအထား မှန်မှန်ဖြင့်  ဖြည်းဖြည်းပဲ ပြုလုပ်သင့်ပါသည်။ ခန္ဓာကိုယ်၏ ခံနိုင်ရည်ကိုမူတည်၍ သင့်လျော်သော အတိုင်းအတာကို တဖြည်းဖြည်းတိုးပြီး  ပြုလုပ်ပေးသင့်ပါသည်။

ကြွက်သားများနာကျင်ခြင်း ပျောက်ကင်းပြီး ပုံမှန်လေ့ကျင့်ခန်း ၃ ပတ်ခန့် ပြုလုပ်ပြီးလျှင် ခန္ဓာကိုယ်ကြွက်သား ကြံ့ခိုင်မှု နဂိုမူလအနေအထားသို့ Pre-injury Fitness Level  ပြန်ရရှိနိုင်ပါသည်။ လေ့ကျင့်ခန်းလုပ်ပြီးချိန် ကြွက်သားများနာကျင်ခြင်း ဝေဒနာသည် ၄ ပတ်ခန့်အကြာတွင် အလိုအလျောက်သက်သာသွားတတ်ကြပါသည်။ အကယ်၍ တစ်ပတ်ခန့်အကြာတွင် ကြွက်သားများနာကျင်ခြင်း ဝေဒနာ မသက်သာခဲ့လျှင် သို့မဟုတ် ပိုဆိုးလာခဲ့လျှင် ဆရာဝန်များနှင့် ဆွေးနွေးကုသမှု ခံယူသင့်ပါသည်။

Author: Dr. Yee Mon

Previous Post

ချွဲသလိပ်အကြောင်း သိကောင်းစရာ

Next Post

နေ့တိုင်းအပြေးလေ့ကျင့်ခန်းလုပ်ရင် ဘာကောင်းကျိုးတွေရမလဲ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

why wet cough causes

ချောင်းအစို ဘာကြောင့်ဆိုးလဲ?

23 hours ago
45
why do i get a headache when i play games for a long time

ဂိမ်းအကြာကြီးဆော့ရင် ဘာလို့ခေါင်းကိုက်တာလဲ?

3 days ago
58
why does a cold drink cause a cough

အအေးသောက်ခြင်းက ဘာကြောင့် ချောင်းဆိုးစေတာလဲ?

3 days ago
74
rain and scab

မိုးတွင်းနဲ့ဝဲ

5 days ago
154
why do you want to sleep after taking cough medicine

ချောင်းဆိုးပျောက်ဆေးတွေ သောက်ပြီးရင် ဘာလို့အိပ်ချင်တာလဲ?

6 days ago
105
why do people with kidney disease have anemia

​ကျောက်ကပ်​ရောဂါရှိသူ​တွေ ဘာလို့​သွေးအားနည်းလဲ?

2 weeks ago
222

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

Health Tips

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • ကြို့ ထိုးတာ မြန်မြန်ပျောက်အောင်

    0 shares
    Share 0 Tweet 0
  • ကူးစက်မြန်မျိုးဗီဇပြောင်းကိုဗစ်အကူးခံရလျှင် ဖြစ်တတ်သည့်လက္ခဏာများ

    0 shares
    Share 0 Tweet 0
  • အမျိုးသားများ နဲ့ ကြီး ကြာ ရှည်

    0 shares
    Share 0 Tweet 0
Next Post

နေ့တိုင်းအပြေးလေ့ကျင့်ခန်းလုပ်ရင် ဘာကောင်းကျိုးတွေရမလဲ

အိမ်မှာနေရင်း ဗိုက်အဆီချနိုင်မယ့် ထိရောက်တဲ့နည်းလမ်းများ

စားပြီးရင်းစားချင်နေတဲ့စိတ်ကို ဘယ်လိုထိန်းမလဲ

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2020. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.