ကျန်းမာရေးဆိုင်ရာ အယူအဆတွေဟာ တစ်ယောက်နဲ့တစ်ယောက် အနည်းငယ်စီကွဲလွဲနိုင်ပါတယ်။ လူအများသိထားတဲ့ မှန်ကန်တယ်လို့ ယူဆထားတဲ့အရာတွေဟာ ကျန်းမာရေးအမြင်အရ မှားယွင်းနေတတ်တာကြောင့် ဗဟုသုတလေ့လာမှတ်သားနိုင်ရန် ဖော်ပြပေးလိုက်ပါတယ်။
လူအများမှတ်ယူထားတဲ့ ကျန်းမာရေးအယူအဆအမှားတွေကတော့
(၁) ညဘက် လေ့ကျင့်ခန်းလုပ်ခြင်းဟာ အိပ်စက်ခြင်းကို အနှောက်အယှက်ဖြစ်စေတယ်
ဒီအချက်ဟာ လူတိုင်းအတွက် မမှန်ကန်ပါဘူး။ ညဘက်လေ့ကျင့်ခန်းလုပ်ပြီး နှစ်ခြိုက်စွာအိပ်ပျော်တဲ့သူတွေလည်းရှိသလို အိပ်မပျော်တဲ့သူတွေလည်းရှိပါတယ်။ အဓိက ကတော့လူတစ်ဦးတစ်ယောက်ချင်းရဲ့ နေထိုင်စားသောက်မှုပုံစံနဲ့သာ သက်ဆိုင်ပါတယ်။
(၂) လူတစ်ယောက်ဟာ တစ်နေ့တာအတွက် ရေ (၂)လီတာသောက်ဖို့လိုအပ်တယ်
တစ်ရက်မှာရေ(၈)ခွက်သောက်ရမယ်လို့ လူတော်တော်များများ မှတ်ယူထားကြပါတယ်။ တစ်ကယ်တော့ လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်မှာသိုလှောင်ထားနိုင်တဲ့ ရေဓာတ်ပမာဏနဲ့ လိုအပ်တဲ့ရေဓာတ်ပမာဏဟာ တစ်ယောက်နဲ့တစ်ယောက် မတူကွဲပြားနိုင်တာကြောင့် hydration level အလိုက်ကွဲပြားနိုင်ပါတယ်။
(၃) Six-Pack abs ဟာကျန်းမာရေးအတွက် မရှိမဖြစ်အရေးပါတယ်
တကယ်တော့ Six-Pack abs လို့ခေါ်တဲ့ အမြှောင်းလိုက်ကြွက်သားတွေ ခန္ဓာကိုယ်မှာရှိခြင်း၊ မရှိခြင်းဟာ ကျန်းမာရေးကောင်းမွန်ခြင်းနဲ့ တိုက်ရိုက်အချိုးမကျပါဘူး။ အနာရောဂါကင်းဝေးပြီး စိတ်သွားတိုင်းကိုယ်ပါ သွက်လက်တက်ကြွနေတယ်ဆို သင်ဟာကျန်းမာတဲ့လူတစ်ယောက်ဖြစ်ပါတယ်။
အချို့သောကျန်းမာရေးအကြောင်းအရာတွေဟာ ကိုယ်သိထားတဲ့အချက်တွေနဲ့မတူပဲ ကွဲပြားနိုင်ပြီး အမှတ်မှားသော ကျန်းမာရေးဆိုင်ရာအယူအဆအလွဲတွေဖြစ်လာနိုင်တာကြောင့် ဗဟုသုတအဖြစ်မှတ်သားထားရန် ပြန်လည်ဝေမျှပေးလိုက်ပါတယ်။