fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ကျန်းမာသော နေထိုင်မှုပုံစံ

ရာသီအကူးအပြောင်းနှင့် ကိုယ်ခံစွမ်းအား

Menopause and Immunity
482
VIEWS
Share on FacebookShare on TwitterShare on Linkedin
28/07/2022
in ကျန်းမာသော နေထိုင်မှုပုံစံ, အထွေထွေရောဂါများအကြောင်း
1 min read
A A

ရာသီအကူးအပြောင်းမှာ မကြာခဏဆိုသလို အအေးမိဖျားနာတာ၊ ရာသီတုပ်ကွေးမိတာ၊ ရင်ကျပ်တာတွေ ခံစားရတတ်ပါတယ်။ ရာသီဥတုအပြောင်းအလဲမှာ လူ့ခန္ဓာကိုယ်ရဲ့ ကိုယ်ခံစွမ်းအားကို ဖြစ်စေတဲ့ သွေးဖြူဥဆဲလ်များတွင် ပြောင်းလဲမှုများ ဖြစ်တတ်ပါတယ်။ သွေးဖြူဥဆဲလ်များရဲ့ မျိုးရိုးဗီဇပြောင်းလဲမှုကြောင့် ကိုယ်ခံစွမ်းအားကျပြီး ရောဂါပိုးများကူးစက်လွယ်တတ်ကြခြင်းဖြစ်ပါတယ်။ ဒါ့ကြောင့် ရာသီအကူးအပြောင်းတွင် ကူးစက်ရောဂါများ ပိုမိုကူးစက်ခံရပြီး ကိုယ်ခံအားမှ ပြန်လည်တိုက်ထုတ်နိုင်စွမ်းလည်း လျော့နေတတ်ပါတယ်။

ရာသီတစ်ခုနဲ့တစ်ခု အကူးအပြောင်းမှာ နေရောင်ခြည်နဲ့အလင်းရောင် ရရှိမှုပေါ်မူတည်ပြီး

ကိုယ်ခံအားအပြောင်းအလဲ ဖြစ်နိုင်ပါတယ်။ အလင်းရောင်ကောင်းမွန်စွာ ရရှိသောရာသီဥတုတွင် ကိုယ်ခံအားပိုကောင်းအောင် လှုံဆော်ပေးကြောင်း တွေ့ရပါတယ်။ ဒါ့ကြောင့် မိုးရာသီနှင့် ဆောင်းရာသီများတွင် ကိုယ်ခံအားကောင်းအောင် လှုံ့ဆော်မှု အားနည်းတတ်တဲ့အပြင် အပူချိန်ကျဆင်းခြင်း၊ စိုထိုင်းဆများခြင်းတို့ကြောင့် ဘက်တီးရီးယားနှင့် ဗိုင်းရပ်စ်ရောဂါပိုးများ လေထုထဲတွင် ပိုမိုပေါက်ဖွား ရှင်သန်နိုင်ကြပါတယ်။

GNC C-Boost

အေးသောဆောင်းရာသီ၊ မိုးရွာသီတွေမှာ လူအများစုဟာ အပြင်မထွက်ပဲ အိမ်၊ ရုံး၊ အခန်းထဲတွင်သာ အနေများကြပြီး အခန်းတွင်း နေထိုင်မှုအချိန်များတာကြောင့် အချင်းချင်းထိတွေ့မှုပိုများကာ ရောဂါပိုးမွှားများ ပိုမိုကူးစက်လွယ်တတ်ပါတယ်။ အထူးသဖြင့် အတူနေ မိသားစုဝင် သို့မဟုတ် အလုပ်တူတူလုပ်သော လုပ်ဖော်ကိုင်ဖက် တစ်ဦးဦးတွင် ရောဂါကူးစက်ခံရလျှင် အချင်းချင်း ကူးစက်ပြန့်ပွါးမှုနှုန်း ပိုများနိုင်ပါတယ်။

ရာသီအကူးအပြောင်းမှာ အေးမြသောရာသီဥတုကို တွန်းလှန်နိုင်ဖို့ အခန်းတွင်းအပူချိန်ကို မြှင့်ထားရမှုကြောင့် နှာခေါင်းနှင့်အသက်ရှူလမ်းကြောင်း အတွင်းဖက်နံရံများ ခြောက်သွေ့နိုင်ပါတယ်။ အသက်ရှုလမ်းကြောင်း ခြောက်သွေ့မှုကြောင့် ရောဂါပိုးမွှားများ ကူးစက်နိုင်ချေ ပိုမြင့်မားတတ်ပါတယ်။ ခန္ဓာကိုယ်ရဲ့ ဇီဝနာရီ (ခေါ် ) circadian rhythm နှင့် အလင်းရောင်ရရှိမှုဟာ ကိုယ်ခံစွမ်းအားအပေါ် သက်ရောက်မှုရှိရာ အလင်းရောင်ရရှိမှုနည်းသော ရာသီဥတုများတွင် ဇီဝကမ္မပြောင်းလဲမှုများအရ ကိုယ်ခံအားကို ထိခိုက်စေတတ်ပါတယ်။

လေ့လာတွေ့ရှိချက်များအရ အေးသောရာသီဥတုသို့ အကူးအပြောင်းကာလများတွင် ခန္ဓာကိုယ်ဆဲလ်ယောင်ရမ်းမှုဖြစ်စဉ်များ ပိုများတတ်ပါတယ်။ ရာသီအကူးအပြောင်းပေါ်လိုက်ပြီး ခန္ဓာကိုယ်ရဲ့ သွေးဆဲလ်များနှင့်အဆီဆဲလ်များရဲ့ လုပ်ဆောင်မှုများလည်း ပြောင်းလဲတတ်ပါတယ်။ ဒါ့ကြောင့် အချို့ရောဂါများဟာ ပူနွေးသောရာသီဥတုတွင် သက်သာလေ့ရှိပြီး ယောင်ရမ်းမှုနှင့် ဆက်စပ်သော ရောဂါများနှင့် ကိုယ်ခံအားရောဂါအချို့ဟာ အေးသောရာသီများတွင် ပိုဆိုးတတ်ပါတယ်။

GNC C-Boost

နေရောင်ခြည်ရရှိမှု အားနည်းသော ရာသီအကူးအပြောင်းကာလများတွင် နေရောင်ခြည်မှတဆင့် ခန္ဓာကိုယ်အတွက်လိုအပ်သော ဗီတာမင်ဒီ ရရှိနိုင်မှု အလွန်နည်းပါးပါတယ်။ ဒါ့ကြောင့်ရောဂါပိုးမွှားများ ကာကွယ်နိုင်စွမ်းရှိသော ဗီတာမင်ဒီ ရရှိမှုအားနည်းသောအချိန်များတွင် ကူးစက်ရောဂါများ ရရှိနိုင်ချေပိုများတတ်ပါတယ်။

ကိုယ်ခံအား ကောင်းမွန်စေရန် အာဟာရပြည့်ဝသော စားသောက်နေထိုင်မှု ပြုလုပ်ပြီး ဗီတာမင်စီ vitamin C ၊ ဗီတာမင်အေ၊ဘီအုပ်စု vitamin A & vitamin B complex နှင့် သတ္တုဓါတ်များ ကြွယ်ဝအောင် စားသုံးသင့်ပါတယ်။ အထူးသဖြင့် ကိုယ်ခံစွမ်းအားကို ကောင်းမွန်စေသော ဗီတာမင်စီကြွယ်ဝသည့် အစားအစာ၊ ဖြည့်စွက်ဆေးများ မှီဝဲသင့်ပါတယ်။ Dr K Lab C Boost ကဲ့သို့ Rose Hips၊ Bioflavonoid နှင့် Rutin ကဲ့သို့ သဘာဝဓါတ်တိုးဆန့်ကျင် ပစ္စည်းများ ပါဝင်ထုတ်လုပ်ထားသော ဗီတာမင်စီ ၅၀၀ mg ပါဝင်ပြီး အစာအိမ်ထိခိုက်မှုမရှိသော ဖြည့်စွက်ဆေးဝါးများကို လိုအပ်ပါက ဆရာဝန်နှင့်တိုင်ပင်ပြီး သောက်သုံးနိုင်ပါတယ်။

 

Author : Dr. Yee Mon

Previous Post

မျက်စိအားကောင်းစေတဲ့ Bilberries အကြောင်းသိကောင်းစရာ

Next Post

လွဲမှားနေသော ကျန်းမာရေး အယူအဆများ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

အသည်းရောင် စီပိုးရှိသူတွေ ဆောင်ရန်၊ ရှောင်ရန်အချက်များ

19 hours ago
27

Paracetamol သို့မဟုတ် Acetaminophen အကြောင်း

1 week ago
164

အလွှာခြားတာကောင်းလား?

2 weeks ago
108

နေပူထဲမှာနေတာကြာရင် ဘာကြောင့်ခေါင်းကိုက်တတ်တာလဲ?

2 weeks ago
91

ရာသီဥတုကြောင့် နှာစေး၊ ခေါင်းကိုက်ဖြစ်တဲ့အခါ ဘယ်လိုဆေးမျိုးတွေကိုသောက်မလဲ?

3 weeks ago
99

အိပ်ရေးပျက်တာများတဲ့အခါ

4 weeks ago
336

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • အမျိုးသားများ နဲ့ ကြီး ကြာ ရှည်

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အစာအိမ်နှင့် အူလမ်းကြောင်းဆိုင်ရာပြဿနာ ဖြစ်ပွားရသည့် အကြောင်းအရင်းများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post
Misconceptions about health

လွဲမှားနေသော ကျန်းမာရေး အယူအဆများ

How to prevent seasonal flu in the rainy season?

မိုးရာသီမှာ ရာသီတုပ်ကွေးမဖြစ်အောင် ဘယ်လိုကာကွယ်မလဲ?

The amount of vitamin C that a person needs per day

လူတစ်ယောက်အတွက် တစ်နေ့တာလိုအပ်တဲ့ ဗီတာမင်စီ ပမာဏ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2020. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.