fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အထွေထွေရောဂါများအကြောင်း

ညဘက်အိပ်မပျော်ခြင်းနှင့် နောက်ဆက်တွဲဆိုးကျိုးများအကြောင်း

329
VIEWS
Share on FacebookShare on TwitterShare on Linkedin
18/03/2023
in အထွေထွေရောဂါများအကြောင်း
1 min read
A A

ညဘက်အိပ်မပျော်တာမျိုးက အသက်ကြီးတဲ့လူတွေ၊ စိတ်ဖိစီးမှုများတဲ့ အခါတွေမှာ ဖြစ်လေ့ရှိတဲ့ ပြဿနာပါ။ ညဦးပိုင်းမှာ ကော်ဖီတွေ သောက်မိတာ၊ လက်ဖက်တွေစားမိတာကြောင့် မျက်စိကြောင်ပြီး အိပ်မပျော်တာမျိုးက လူတိုင်း တခါတရံဖြစ်တတ်ပါတယ်။ ဒါပေမယ့် ရက်ဆက်အိပ်မပျော်တာ၊ မကြာခဏ အိပ်မပျော်တာမျိုးဆိုရင်တော့ ကိုယ်ကျန်းမာရေးအတွက်ရော စိတ်ကျန်းမာရေးအတွက်ပါ နောက်ဆက်တွဲပြဿနာတွေ ရှိလာမှာပါ။

ဘာကြောင့် ညဘက်အိပ်မပျော်ရတာလဲ?

– စိတ်ဖိစီးမှု…မနက်ကျရင် စာမေးပွဲဖြေရမယ်၊ အလုပ်အတွက် အင်တာဗျူးဖြေရမယ်၊ ဆေးစစ်ဖို့ ဓာတ်မှန်ရိုက်ရမယ်၊ သွေးစစ်ရမယ် စသဖြင့် စိတ်ပူပန်စရာ၊ စိတ်လှုပ်ရှားစရာတွေ ရှိတာ
– မနက်စောစော ခရီးသွားစရာရှိတာ၊ အရေးကြီးတဲ့ အစည်းအဝေးရှိတာကြောင့် နှိုးစက်ပေးထားပေမယ့် ခဏခဏနိုးနေပြီး ကောင်းကောင်းမအိပ်ရတာ
– မအိပ်ခင် ဖုန်းကြည့်တာ၊ TV ကြည့်တာ၊ ကွန်ပြူတာသုံးတာ၊ အလုပ်လုပ်နေတာ၊ ညဘက်အစားတွေစားပြီး မအီမသာ ဖြစ်နေတတ်တာ စတဲ့ အလေ့အကျင့် ရှိပြီး အိပ်ချိန်မမှန်တာတွေက အဖြစ်များတဲ့ အကြောင်းရင်းတွေပါ။
ကာလကြာရှည်စွာ အိပ်မပျော်တဲ့သူတွေမှာ အထက်ပါအကြောင်းတွေကြောင့်အပြင်
– စိတ်ဓာတ်ကျတာ၊ စိုးရိမ်စိတ်များတာ (ဥပမာ…ထိတ်လန့်တုန်လှုပ်စရာတစ်ခုခုကြုံဖူးတာ၊ ဒဏ်ရာရဖူးတာကြောင့် အိပ်မပျော်တော့တာ) စတဲ့ စိတ်ကျန်းမာရေးနဲ့ ဆိုင်တဲ့ ပြဿနာတွေ
– ရောဂါတစ်ခုခုကြောင့် အိပ်မပျော်တာ (ကင်ဆာရောဂါနဲ့ အရိုးကျိုးတာကြောင့် နာကျင်ပြီး အိပ်မပျော်တာ၊ နှလုံးရောဂါ၊ ကျောက်ကပ်ရောဂါနဲ့ ပန်းနာရင်ကြပ်ကြောင့် မောပြီး အိပ်မပျော်တာမျိုး)
– စိတ်ကျရောဂါကုဆေး၊ သွေးကျဆေး၊ ပန်းနာရင်ကြပ်ပျောက်ဆေး၊ အနာသက်သာတဲ့ဆေး၊ အအေးမိတုပ်ကွေးပျောက်ဆေး၊ ပိန်ဆေးတွေမှာ ကဖင်းနဲ့ လှုံ့ဆော်စေတဲ့ဓာတ်တွေပါလို့ အိပ်မပျော်တာ
– ကဖင်း၊ နီကိုတင်းနဲ့ အယ်လ်ကိုဟောပါတဲ့ ကော်ဖီ၊ လက်ဖက်ရည်၊ ဆေးလိပ်၊ အရက်၊ ဘီယာတွေ စွဲသောက်လို့ အိပ်မပျော်တာ
– OSA လို့ခေါ်တဲ့ အိပ်နေစဉ် အသက်ရှူလမ်းကြောင်းပိတ်ပြီး ဟောက်တတ်တဲ့ရောဂါကြောင့် အိပ်မပျော်တာ
– အသက်ကြီးတဲ့သူတွေမှာ နေ့ဘက်တရေးတမောအိပ်ပြီး ညဘက်မျက်စိကြောင်နေတာ၊ ဒူးနာခါးနာတာမျိုးကြောင့် အိပ်မပျော်တာတွေလည်း ဖြစ်နိုင်ပါတယ်။

အိပ်မပျော်တာက တစ်ရက်တလေဆို ကိစ္စမရှိပေမယ့် ကာလကြာရှည်လာတဲ့အခါ နောက်ဆက်တွဲဆိုးကျိုးများစွာ ရှိနိုင်ပါတယ်။
* စိတ်တိုစိတ်ဆတ်စိတ်မကြည်တာ၊ မှတ်ဉာဏ်လျော့နည်းလာတာ
* အလုပ်မှာ အဆင်မပြေဖြစ်တာ၊ ပေါင်းသင်းဆက်ဆံရေး အဆင်မပြေတာ
* ထိခိုက်ဒဏ်ရာရလွယ်တာ (ကားမောင်းသူ၊ ဆိုင်းကယ်မောင်းသူ စသည်)
* နှလုံးခုန်နှုန်းမမှန်တာ၊ နှလုံးသွေးကြောရောဂါ၊ သွေးတိုး၊လေဖြတ်နဲ့ ဆီးချိုရောဂါတွေ ရလာတာ
* ပန်းနာရင်ကြပ်ရောဂါ ဖြစ်နိုင်ခြေများတာ
* စိတ်ကျရောဂါ ဖြစ်နိုင်တာ
* အိပ်မပျော်တဲ့အခါ ဦးနှောက်ကနေ အစာစားချင်စိတ်ကို မထိန်းချုပ်နိုင်တော့လို့ အစားများပြီး ဝလာတာ
* ကိုယ်ခံအားကျလာတာ
* လိင်စိတ်ဆန္ဒနည်းလာတာ၊ အမျိုးသားတွေမှာ လိင်တံထောင်မတ်နိုင်စွမ်း မရှိတာ
* အိပ်ပျော်ဖို့ ကြိုးစားရင် အိပ်ဆေးနဲ့ အရက် စွဲလာတာ စသဖြင့် နောက်ဆက်တွဲတွေ ဖြစ်လာနိုင်ပါတယ်။

ကောင်းစွာအိပ်စက်ခြင်းက ကျန်းမာခြင်း၊ နုပျိုလှပခြင်းတွေနဲ့ တိုက်ရိုက်ဆက်စပ်နေတာပါ။ ညစဉ်ညတိုင်း ကောင်းစွာ အိပ်ပျော်ပါမှ စိတ်ရောကိုယ်ပါ ကျန်းမာနိုင်ပါလိမ့်မယ်။

Author: Dr.Yee Mon

Previous Post

ဘယ်လိုလူတွေမှာ အသည်းရောဂါအဖြစ်များလဲ?

Next Post

အသည်းကင်ဆာရဲ့ ရှေ့ပြေးလက္ခဏာများ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

အိပ်စက်ချိန်မပြည့်ဝခြင်းနှင့် အသည်းကျန်းမာရေး

3 days ago
65

ဘယ်လိုလူတွေမှာ အသည်းရောဂါအဖြစ်များလဲ?

2 weeks ago
642

ဇင့်အာဟာရချို့တဲ့လျှင်ဖြစ်တတ်တဲ့ရောဂါများအကြောင်း

1 month ago
715

အရိုးနှင့်သွားများကျန်းမာကြံ့ခိုင်သူတစ်ယောက်ဖြစ်ဖို့

1 month ago
230

လည်ပင်းကျီးပေါင်းရောဂါအကြောင်း သိကောင်းစရာ

1 month ago
727

အနာကျက်မြန်စေမယ့် ဗီတာမင် C အကြောင်း

2 months ago
279

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • အမျိုးသားများ နဲ့ ကြီး ကြာ ရှည်

    0 shares
    Share 0 Tweet 0
  • အစာအိမ်နှင့် အူလမ်းကြောင်းဆိုင်ရာပြဿနာ ဖြစ်ပွားရသည့် အကြောင်းအရင်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0

Health Tips

Next Post

အသည်းကင်ဆာရဲ့ ရှေ့ပြေးလက္ခဏာများ

အိပ်စက်ချိန်မပြည့်ဝခြင်းနှင့် အသည်းကျန်းမာရေး

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2020. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.