fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အထွေထွေရောဂါများအကြောင်း

ဘယ်လိုလူတွေမှာ အသည်းရောဂါအဖြစ်များလဲ?

642
VIEWS
Share on FacebookShare on TwitterShare on Linkedin
16/03/2023
in အထွေထွေရောဂါများအကြောင်း
1 min read
A A

အသည်းဟာ ခန္ဓာကိုယ်ရဲ့ အရေးအကြီးဆုံး ကိုယ်အင်္ဂါအစိတ်အပိုင်းတွေထဲက တစ်ခုဖြစ်ပါတယ်။ ဝမ်းဗိုက်ညာဘက်ခြမ်း အပေါ်ပိုင်း၊ နံရိုးတွေရဲ့ အောက်ဘက်မှာ ရှိပြီး ဘောလုံးတစ်လုံး အရွယ်အစားရှိတဲ့ အသည်းဟာ ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကို စွန့်ထုတ်ဖို့နဲ့ အစာခြေစနစ်မှာ ကူညီဖို့ အဓိက လုပ်ဆောင်ပါတယ်။
အသည်းမှာ ဖြစ်တဲ့ရောဂါပေါင်း များစွာရှိပါတယ်။ အသည်းရောဂါတွေမှာ တချို့က မျိုးရိုးဗီဇကြောင့် ဖြစ်တာရှိပေမယ့် အများစုကတော့ ဗိုင်းရပ်စ်တွေကြောင့်၊ အရက်ကြောင့်နဲ့ အဝလွန်တာတွေကြောင့် ဖြစ်တာပါ။ အသည်းရောဂါတွေကို အချိန်မီ ကုသမှုမခံယူရင် အသည်းခြောက်တာ၊ အသည်းကင်ဆာဖြစ်တာ၊ အသည်းကပျက်စီးပြီး အလုပ်မလုပ်တော့တာထိ ဖြစ်နိုင်ပါတယ်။

ဘယ်သူတွေက အသည်းရောဂါ အဖြစ်များလဲ?

-အရက်အလွန်အကျွံသောက်တဲ့သူတွေ (အသည်းရောင်၊ အသည်းခြောက်၊ အသည်းကင်ဆာတွေ အဖြစ်များပါတယ်)
-အဝလွန်သူတွေ (အဝလွန်သူတွေမှာ အသည်းအဆီဖုံးရာက အသည်းခြောက်၊ အသည်းကင်ဆာ ဖြစ်နိုင်ပါတယ်)
-အမျိုးအစား ၂ ဆီးချိုရှိသူတွေ
– ရောဂါပိုးမွှား ကူးစက်ထားတဲ့ ပစ္စည်းသုံးမိပြီး တက်တူးထိုးသူ၊ နားဖောက်သူတွေ (ရောဂါပိုးရှိသူကို သုံးပြီးသားအပ်နဲ့ အသုံးပြုရာက အသည်းရောင်ဘီပိုး၊ စီပိုး ရောဂါကူးစက်နိုင်ပါတယ်)
-မူးယစ်ဆေးသုံးတဲ့သူတွေ (အပ်ကို မျှဝေသုံးစွဲရာကနေ ကူးနိုင်ပါတယ်)
– ရောဂါပိုးရှိသူနဲ့ ထိတွေ့မှုများသူ ( ကျန်းမာရေးဝန်ထမ်းများ)
-ရောဂါပိုးရှိတဲ့ သွေးသွင်းခံရဖူးသူ
-ရောဂါပိုးရှိသူရဲ့ သွေးနဲ့ ခန္ဓာကိုယ်ကထွက်တဲ့ အရည်တွေနဲ့ ထိတွေ့မိသူတွေ
-အကာအကွယ်မဲ့ လိင်ဆက်ဆံသူတွေ
-တချို့သော ဓာတုပစ္စည်း၊ အဆိပ်အတောက်တွေနဲ့ ထိတွေ့မိသူတွေ (aflatoxin မှိုပါတဲ့ ငရုတ်သီးနဲ့ မြေပဲတွေ စားမိတာ၊ ပါရာစီတမောဆေးကို ပမာဏအများကြီး သောက်မိတာ၊ ပိုးသတ်ဆေး၊ မှိုသတ်ဆေး၊ အိမ်သုတ်ဆေးတချို့နဲ့ ထိတွေ့မိတာ စသည်)
-herbal လို့ခေါ်တဲ့ အချို့ဆေးဖက်ဝင်အပင် ထုတ်ကုန်တွေ သုံးစွဲတာ
-မျိုးရိုးဗီဇရှိသူတွေ (autoimmune လို့ခေါ်တဲ့ ကိုယ်ခံအားစနစ် မူမမှန်တဲ့ ရောဂါရှိသူတွေမှာ ပိုအဖြစ်များပါတယ်) က အသည်းရောဂါ အဖြစ်များတဲ့သူတွေပါ။
အထက်ပါ အုပ်စုထဲမှာ ကိုယ်လည်း ပါဝင်နေပြီဆိုရင် သတိထားပြီး ဆေးစစ်သင့်ပါတယ်။

ကံကောင်းလို့ ကိုယ့်မှာ ရောဂါမရှိသေးဘူးဆိုရင် အသည်းရောဂါမဖြစ်အောင် ကာကွယ်ဖို့…
* အရက်ကို အသင့်အတင့် ပမာဏသာ သောက်သုံးပါ။
* အကာအကွယ်မဲ့ လိင်ဆက်ဆံခြင်းမှ ရှောင်ပါ။
* အသည်းရောင်အသားဝါ အေပိုးနဲ့ဘီပိုး ကာကွယ်ဆေးထိုးပါ။
* ဆရာဝန်မညွှန်ကြားဘဲ ဆေးအလွယ်တကူသောက်ခြင်းမှ ရှောင်ပါ။
* တက်တူးထိုးရာ၊ နားဖောက်ရာမှာ ပစ္စည်းကိရိယာများ သန့်ရှင်းမှု ရှိရန်၊ တစ်ခါသုံးအပ် အသုံးပြုရန် ဂရုစိုက်ပါ။
* တခြားသူတွေရဲ့ သွေး၊ ခန္ဓာကိုယ်က ထွက်တဲ့အရည်တွေ (ချွေး၊ တံတွေးစသည်) နဲ့ ထိတွေ့ခြင်းမှ ရှောင်ပါ။
* မှိုတက်နေတဲ့ မြေပဲနဲ့ ငရုတ်သီးခြောက်များ စားသုံးခြင်းမှ ရှောင်ပါ။
* အင်းဆက်သတ်တဲ့ဆေးတွေ ဖျန်းတဲ့အခါ mask တပ်ဖို့၊ လက်အိတ်ဝတ်ဖို့နဲ့ လေဝင်လေထွက်ကောင်းတဲ့နေရာ ဖြစ်ဖို့ သတိပြုပါ။
* ကိုယ်အလေးချိန်ချပါ၊ ဆီကြော်များ၊ အဆီအစိမ့်များ ရှောင်ပါ။

ပျက်စီးသွားပြီးသား အသည်းဟာ ခန္ဓာကိုယ်ရဲ့ ကျန်းမာရေးကို ထိခိုက်မှုများစွာ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် အသည်းထိခိုက်ပျက်စီးစေတဲ့ ရောဂါတွေ မဖြစ်အောင် ဂရုပြုပြီး အသည်း ကျန်းမာရေးကို အလေးထားဂရုစိုက်သင့်ပါတယ်။

Author: Dr.Yee Mon

Previous Post

အစာမကြေဖြစ်စေတဲ့ အဓိကအကြောင်းအရင်းများ

Next Post

ညဘက်အိပ်မပျော်ခြင်းနှင့် နောက်ဆက်တွဲဆိုးကျိုးများအကြောင်း

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

အိပ်စက်ချိန်မပြည့်ဝခြင်းနှင့် အသည်းကျန်းမာရေး

3 days ago
65

ညဘက်အိပ်မပျော်ခြင်းနှင့် နောက်ဆက်တွဲဆိုးကျိုးများအကြောင်း

1 week ago
329

ဇင့်အာဟာရချို့တဲ့လျှင်ဖြစ်တတ်တဲ့ရောဂါများအကြောင်း

1 month ago
715

အရိုးနှင့်သွားများကျန်းမာကြံ့ခိုင်သူတစ်ယောက်ဖြစ်ဖို့

1 month ago
230

လည်ပင်းကျီးပေါင်းရောဂါအကြောင်း သိကောင်းစရာ

1 month ago
727

အနာကျက်မြန်စေမယ့် ဗီတာမင် C အကြောင်း

2 months ago
279

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • အမျိုးသားများ နဲ့ ကြီး ကြာ ရှည်

    0 shares
    Share 0 Tweet 0
  • အစာအိမ်နှင့် အူလမ်းကြောင်းဆိုင်ရာပြဿနာ ဖြစ်ပွားရသည့် အကြောင်းအရင်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ညဘက်အိပ်မပျော်ခြင်းနှင့် နောက်ဆက်တွဲဆိုးကျိုးများအကြောင်း

အသည်းကင်ဆာရဲ့ ရှေ့ပြေးလက္ခဏာများ

အိပ်စက်ချိန်မပြည့်ဝခြင်းနှင့် အသည်းကျန်းမာရေး

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2020. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.