ရနံ့တွေရှူခြင်းက ကောင်းကျိုးတွေ ပေးနိုင်တာကို တွေ့ရတယ်။ အိပ်ပျော်စေခြင်း ၂၀၁၁ ခုနှစ်၌ ပြုလုပ်တဲ့ အရှေ့ပိုင်း စိတ်ပညာဆိုင်ရာ အသင်းအစည်းအဝေးတွင် တင်ပြတဲ့ လေ့လာရေးတစ်ခုတွင် သုတေသီများက လူ ၂၀ ကို စပယ်နံ့၊ လာဗင်ဒါရနံ့နှင့် ဘာရနံ့မှ မရှိတဲ့ အခန်းထဲတွင် အိပ်စေပြီး စစ်ဆေးလေ့လာခဲ့တယ်။
စပယ်ရနံ့ကို ရှူမိတဲ့လူတွေဟာ အိပ်နေစဉ် ရွေ့လျားမှု အနည်းဆုံးဖြစ်ပြီး ပူပင်သောကအဆင့်ဟာ အနိမ့်ဆုံးဖြစ်ကြောင်း တွေ့ရတယ်။ သိမြင်တတ်တဲ့ စမ်းသပ်မှုတွေမှာလည်း ပို ကောင်းစွာ လုပ်ဆောင်နိုင်တယ်။ စာမေးပွဲကြီး ဒါမှမဟုတ် အားကစားပြိုင်ပွဲမတိုင်မီ အိပ်မပျော်တဲ့ ကျောင်းသား တွေနဲ့ အားကစားသမားတွေကို စပယ်ရနံ့က ကူညီနိုင်တယ်လို့ သုတေသီတွေက ဆိုတယ်။ စိတ်ရွှင်ပျစေခြင်း ဂျပန်လေ့လာရေးတစ်ခုမှာ စိတ်ဓါတ်ကျနေတဲ့ လူနာ ၁၅ ဦး နေလေ့ရှိတဲ့ အခန်းမှာ ရှောက်သီးအဆီ အများဆုံးပါဝင်တဲ့ ရှောက်၊ သံပုရာတွေ ရောစပ်ထားတဲ့ အမွှေးအကြိုင်များ ဖြန်းပက်ထားပြီး လေ့လာခဲ့သည်။ ထိုရနံ့သည် ဟော်မုန်းအဆင့်ကို ထိန်းညှိပေးပြီး လူနာတွေသုံးစွဲနေတဲ့ စိတ်ဓါတ်ကျခြင်း သက်သာတဲ့ဆေးကို ထင်ထင်ရှားရှား လျော့စေတာကို တွေ့ရတယ်။ ဆေးလိပ်မသောက်ဖြစ်အောင်ကူညီပေးခြင်း ၂၀၁၃ခုနှစ် ထုတ်ဝေတဲ့ ဆေးပညာဂျာနယ်တစ်ခုတွင်ပါရှိတဲ့ လေ့လာရေးတစ်ခုတွင် ဆေးလိပ် သောက်သူတွေဟာ ငြုပ်ကောင်းဆီ ဒါမှမဟုတ် စမြိတ်မျိုးပင်ပျော့ရနံ့ကို ရှူကြပြီးနောက် ဆေးလိပ်သောက် ချင်တဲ့ စိတ်လျော့နည်းသွားကြောင်း တွေ့ရတယ်။သုတေသီတွေကဒီအဆီကိုဂွမ်းလုံးထဲကိုတစ်စက်ထည့်ပြီး ဆေးလိပ်သောက်ချင်စိတ်ပေါ်လာရင်ရှူဖို့အကြံပြုကြတယ်။အစာစားချင်စိတ်ကို လျော့ကျစေခြင်းအမေရိကန်ပြည်ထောင်စုလေ့လာရေးတစ်ခုတွင် အဝလွန်တဲ့လူ ၃၀၀၀ကျော်ဟာ ဗိုက်ဆာလာရင် ငှက်ပျောရနံ့နဲ့ ပန်းသီးစိမ်းကဲ့သို့သော ရနံ့ကို ရှူကြတာကို တွေ့ရတာကို တွေ့ရတယ်။ ပျမ်းမျှအားဖြင့် ရနံ့စွမ်းအား ကောင်းတဲ့သူတွေဟာ ခြောက်လ လေ့လာရေးတွင်အတိုင်းအချင့်နဲ့စားပြီးကိုယ်အလေးချိန် လျော့ကျသွားကြတယ်။ အချို့ရနံ့တွေဟာ ဗိုက်ပြည့်နေတဲ့ ခံစားချက်ကို ပေးတယ်။ အိပ်မက်ဆိုးမက်ခြင်း ဂျာမနီနိုင်ငံရဲ့ လေ့လာရေးတစ်ခုတွင် နှင်းဆီရနံ့တွင် အခန်းမှာ အိပ်တဲ့ အမျိုးတွေဟာ အိပ်မက်လှလှ မက်ပြီး ဘဲဥပုပ်နံ့ရှူရတဲ့သူတွေဟာ မကောင်းတဲ့ အိပ်မက်တွေ မက်တယ်။ နှင်းဆီလို နှစ်လိုဖွယ်ကောင်းတဲ့ ရနံ့တွေဟာ ပျော်စရာကောင်းတဲ့ မှတ်ဉာဏ်တွေနဲ့ ဆက်စပ်မှုရှိလို့ ရနံ့ဟာ လူတွေရဲ့ စိတ်လှုပ်ရှားဖွယ် တုန့်ပြန်မှုတွေကို အကျိုးသက်ရောက်မှုရှိတယ်လို့ ကျွမ်းကျင်သူတွေက ဆိုတယ်။
AUTHOR – နှင်းအေးဝေ
Credit to Health care (Vol-7, No-17)