ဖန်လုံအိမ်ဓါတ်ငွေ့များ လေထုအတွင်းသို့ ထုတ်လွှတ်မူများလာခြင်းသည် ကမ္ဘာကြီးကို ပိုမိုပူနွေး လာစေခဲ့သည်။စက်မှုဖွွံံံ့ဖြိုးတိုးတက်လာသည်နှင့်အမျှဖန်လုံအိမ်ဓါတ်ငွေ့များလေထုအတွင်း၌ပိုမိုများလာ ကြောင်း တွေ့ရသည်။ဇီဝရုပ်ကြွင်းလောင်စာများ လောင်ကျွမ်းမှုကြောင့်ထွက်သောကာဗွန်ဒိုင်အောက်ဆိုဒ်မှာ အဓိကဖြစ်သည်။ ၂၀၃၀ခုနှစ်တွင် ကမ္ဘာကြီး၏အပူချန်မှာ ၃.၀ စင်တီဂရိတ် ပိုကဲလာဖွယ်ရှိသည်။
၂၀၅၀ ခုနှစ်တွင် ပင်လယ်ရေမျက်နှာပြင်မှာ ဝ.၁ မှ ဝ.၃ မီတာထိမြင့်တက်လာနိုင်သည်။ ကမ္ဘာကြီးပူနွေးလာခြင်း၏ နောက်ဆက်တွဲပြဿနာများအဖြစ် ဆိုက်အလုန်းမုန်တိုင်းတိုက်ခတ်ခြင်း၊ အပူလှိုင်းဖြတ်စီးခြင်း၊ မိုးခေါင်ရေရှားခြင်းနှင့် ငတ်မွတ်ခေါင်ပါးခြင်းတို့ ကြုံတွေ့လာရဖွယ်ရှိသည်။ ကမ္ဘာပေါ်ရှိ သက်ရှိ သတ္တဝါအားလုံးသည် လိုက်လျောညီထွေ ပြုပြင်နေထိုင်နိုင်စွမ်းရှိမည်မဟုတ်ပေ။ ထို့ကြောင့်တချို့ သောသက်ရှိသတ္တ္တဝါများမျိုးတုန်းပျောက်ကွယ်သွားပေလိမ့်မည်။လူတို့၏ကျန်းမာရေးကိုလည်းထိခိုက်မှုများစွာ ဖြစ်ပေါ်စေနိုင်သည်။ကမ္ဘာကြီးပူနွေးလာမှုနှင့် ပြောင်းလဲမှုဖြစ်စဉ်များသည်ကမ္ဘာအဝန်းနေရာဒေသအလိုက် ကွဲပြားကောင်း ကွဲပြားနိုင်သည်။သု့ိသော် ကမ္ဘာကြီးပူနွေးလာမှုဒဏ်ကို အနည်းနှင့်အများခံစားကြရမည်ဖြစ်သည်။
ပင်လယ်ရေ မျက်နှာပြင်နှင့် သမုဒ္ဒရာများ ပြောင်းလဲမှုတို့သည် စိုက်ပျိုးရေး၊ သစ်တောထိန်းသိမ်းရေး၊ ငါးဖမ်းလုပ်ငန်း၊ စက်မှုလက်မှုလုပ်ငန်းများ၊ သွားလာရေး၊ မြို့ပြတည်ဆောက်ရေးစသည်တု့ိအပေါ်ထိခိုက်စေမည်ဖြစ်သည်။ကမ္ဘာကြီးပူနွေးလာမှုကြောင့် ဒေသတချို့တွင် မိုးခေါင်နိုင်ပြီး၊ တချို့တွင်မိုးလွန်ကွဲစွာရွာခြင်း၊ ရေကြီးရေလျှှံခြင်းနှင့် ရေလွှမ်းမိုးခြင်းတို့ ကြုံရစေနိုင်သည်။မိုးခေါင်၍စိုက်ပျိုးထုတ်လုပ်မှုကျဆင်းလျှင်၊ ရေကြီးရေလျှံ၍စိုက်ပျိုးထားသောလယ်ယာများ ပျက်စီးလျှင် အစားအစာပြတ်လပ်၍ ငတ်မွတ်ခေါင်းပါးမှု ကြုံကြိုက်ရပေလိမ့်မည်။ အာဟာရချို့တဲ့မှုပြဿနာများ ဖြစ်ပေါ်လာနိုင်သည်။ကမ္ဘာကြီးပူနွေးလာမှုသည်တချို့သောပိုးမွှားကောင်ငယ်များ ပိုမိုပေါက်ဖွားလာစေပြီး ရောဂါများ ပိုမိုကူးစက်ဖြစ်ပွါးလာနိုင်ပါသည်။
၁၉၇၂ ခုနှစ်မှ ၁၉၉၆ ခုနှစ်အတွင်း ရာသီဥတုပြောင်းလဲမှုနှင့် ဆက်နွယ်၍ နှစ်စဉ် လူပေါင်း၁၂၃၀၀၀ ခန့် သေဆုံးခဲ့ကြရသည်။ အာဖရိကနှင့် အိန္ဒိယနိုင်ငံများတွင် သေဆုံးခဲ့ရမှု အများဆုံး ဖြစ်သည်။ ကမ္ဘာကြီးပူနွေးလာမှုမှာ ဆယ်စုနှစ်သုံးစုအတွင်း ပို၍ ဆိုးဝါးလာနေကြောင်း သိပ္ပံပညာရှင်များက သတိပေးပြောကြားထားသည်။ ဖန်လုံအိမ်ဓာတ်ငွေ့များ ထုတ်လွှတ်မှုလျော့နည်းစေရန် ကမ္ဘာနိုင်ငံအသီးသီးက ဝိုင်းဝန်းကြိုးပမ်းကြဖို့ လိုအပ်မည်ဖြစ်သည်။အထူးသဖြင့်စက်မှုထွန်းကားသော နိုင်ငံများအဖို့ပို၍လိုက်နာ ဆောင်ရွက်ကြရမည်ဖြစ်သည်။ရာသီဥတုပြောင်းလဲလာမှုကိုကမ္ဘာ့နိုင်ငံအားလုံးများအဖို့ပို၍လိုက်နာ ဆောင်ရွက်ကြရမည်ဖြစ်သည်။ ကာဗွန်ဒိုင်အောက်ဆိုဒ် ထွက်ရှိမှုကို လျော့ချရန် မဖြစ်မနေလုပ်ဆောင်ကြရန် လိုအပ်သည်။ ကမ္ဘာကြီးပူနွေးလာမှုကို လျစ်လျူရှုထားလျှင် သဘာဝဘေးအန္တရယ်အမျိုးမျိုး ကြုံတွေ့လာဖွယ်ရာ ရှိသည်။ လူအများအပြား၏ ကျန်းမာရေး ယိုယွင်းလာမည်။ ထိုမှတဆင့် သေဆုံးမှုအရေအတွက် တိုးမြှင့်လာပေ လိမ့်မည်။ လူတိုင်း သက်ရှည်ကျန်းမာစွာ နေထိုင်သွားရန် ကမ္ဘာကြီးပူနွေးလာမှုကို ဝိုင်းဝန်းအဖြေရှာ ကြိုးပမ်း ကာကွယ် သွားကြရမည်ဖြစ်ပေသည်။
Author – ဒေါက်တာဇာနည်