အမျိုးသမီးတစ်ယောက်ရဲ့ အလှတရားပြည့်စုံမှုတွင် ရင်သားအလှသည် အဓိကပါဝင်ပါတယ်။ တင် ရင် တင်းရင်းလှပနေမှုသည် အမျိုးသမီးကို ပိုမိုလှပ မိမိကိုယ်မိမိယုံကြည်မှု တိုးစေပါတယ်။ သို့သော်လည်း အမျိုးသမီးတိုင်းသည် မိမိကိုယ်အလေးချိန်၊ အရပ်နှင့်ကိုက်ညီသော ပြည့်စုံသောရင်သားတစ်စုံ မရှိနိုင်ပါ။ အမျိုးသမီးအများစုသည် သေးငယ်သောရင်သားတစ်စုံသာပိုင်ဆိုင်ပြီး မိမိတကိုယ်ရည်အလှအတွက်အားငယ်တတ်ကြပါတယ်။
ရင်သားသေးငယ်ရသော အကြောင်းရင်းသည်တစ်ဦးနှင့်တစ်ဦး အကြောင်းရင်းမတူညီပါ။ ယခုအခါ အမျိုးသမီးများသည် မိမိရင်သားကြီးထွားရန် ခွဲစိတ်မှု ပြုလုပ်ကာ ဆီလီကွန်ထည့်မှုများ ပြုလုပ်လာကြပါတယ်။ သို့သော် ခွဲစိတ်မှုနည်းလမ်းများသည် ကုန်ကျစရိတ်မြင့်မားကာ ဆိုးကျိုးများလည်း အများအပြားရှိပါတယ်။ ထို့ကြောင့် အခြားမည်သည့်နည်းလမ်းများဖြင့် အန္တရာယ်ကင်းစွာ ရင်သားကြီးစေရန် ပြုလုပ်ရသနည်းဆိုသောအဖြေကို ရှာကြပါတယ်။ သဘာဝနည်းလမ်းများဖြင့် ရင်သားတင်းရင်းကြီးထွားစေသောနည်းများရှိပါတယ်။
ရင်သားဖွဲ့စည်းမှု အတွင်းရှိ အသားစိုင်အနေအထားသည် တစ်ဦးနှင့် တစ်ဦးမတူညီပါ။ အချို့အမျိုးသမီးများတွင် ရင်သားအဆီနည်းပြီ အချို့တွင် ရင်သားအဆီများတတ်ပါတယ်။ ကိုယ်အလေးချိန်တိုးလာအောင်လုပ်ခြင်းသည် ရင်သားကြီးထွားစေသောနည်းလမ်းမဟုတ်ပါ။ရင်သားကြီးထွားစေသောနည်းလမ်းများမှာ အောက်ပါတို့ဖြစ်ပါတယ်။
(1) ရင်သားကို နှိပ်နယ်ခြင်း
ရင်သားနှစ်ဘက်ကို ပုံမှန်နှိပ်နယ်ပေးခြင်းသည် ရင်သားသဘာဝနည်းဖြင့် ကြီးထွားဖွံဖြိုးစေရန် အကောင်းဆုံးနည်းလမ်းတစ်ခု ဖြစ်ပါတယ်။ သင်သည် တနေ့လျှင် မိနစ် ၃၀ ခန့်ရင်သားကို ပုံမှန်နှိပ်နယ်ခြင်းသည် တလအတွင်း ခွက်တစ်ခွက်စာ ရင်သားကြီးထွားလာကြောင်း သတိထားမိလာပါလိမ့်မယ်။ ရင်သားနှိပ်နယ်ခြင်းသည် သွေးလည်ပတ်မှုကောင်းစေပြီး ရင်သားကြီးထွားစေသော ဟော်မုန်းများ စေပါတယ်။
(2) ကျန်းမာရေးနှင့် ညီညွတ်သော အဆီများစားပါ
ကျန်းမာရေးနှင့်ညီညွတ်သော အဆီများဖြစ်တဲ့ ဥအမျိုးမျိုး။ အစေ့များ။ ထောပတ်။ ငါးစသည်တို့သည် ရင်သားကြီးထွားစေရန် အထောက်အကူပြုပါတယ်။
(3) အီစထရိုဂျင် ကြွယ်ဝသော အစာအစားပါ
ရင်သားအရွယ်အစားသည် ကိုယ်ခန္ဓာမှထွက်သော ဟော်မုန်းများတွင်လည်း မူတည်ပါတယ်။ အီစထရိုဂျင်ဟော်မုန်း အထွက်နည်းလျှင် ရင်သားကြီးထွားမှု သေးစေပါတယ်။ ထိုအခက်အခဲကို ပြေလည်စေရန် အီစထရိုဂျင်ကြွယ်ဝသော အသီးများ။ နှမ်းစေ့များ။ ကြက်ခေါင်းကိုစွပ်ပြုတ် စသည်တို့ကိုစားသုံးပါ။
(4) ဆေးဘက်ဝင် သစ်ဥသစ်ဖုများ စားသုံးပါ
ရင်သားကြီးထွားရန် အကူအညီပေးသော ဆေးဘက်ဝင် သစ်ဥသစ်ဖုများစွာ ရှိပါတယ်။
စမုံစပါးသည် ရင်သားကြီးထွားစေရန် အထောက်အကူ ပြုပါတယ်။
(5) ရင်သားကြီးထွားစေသော လေ့ကျင့်ခန်းများ ပြုလုပ်ပါ
လေ့ကျင့်ခန်းအချို့သည် ရင်သားကြီးထွားစေရန် အထောက်အကူပြုပါတယ်။
– နံရံတွန်းခြင်း
နံရံရှေ့မတ်တပ်ရပ်ကာလက် ၂ ဘက်ဆန့်ပြီး နံရံကိုတွန်းပေးပါ။ တခါတွန်း ဆယ်စက္ကန့်ဖြင့် တနေ့ ၂၀ ကြိမ်ပြုလုပ်ပါ။
– လက်မောင်းလှည့်ခြင်း
မတ်တပ်ရပ်ပါ။ လက်ကိုဆန့်တန်းကာ နာရီလက်တန်းကဲ့သို့ ၁၀ ကြိမ်ပြုလုပ်ပါ။ တနေ့ ၁၅ မိနစ်ပြုလုပ်လျှင် အချိန်တိုအတွင်း ရင်သားကြီးလာစေပါတယ်။
(6) အိမ်မူကိစ္စများ ပြုလုပ်ပါ
ယခုအခါ အလိုအလျောက် လျှပ်စစ်သုံးကိရိယာများဖြင့် အိမ်မႈကိစ္စပြုလုပ်ခြင်းကို ရှောင်ကာ မိမိလက်အား အသုံးပြုရသောကိစ္စများ ပြုလုပ်ပါ။ ဥပမာ ငရုတ်သီးထောင်းခြင်း။ ကြမ်းတိုက်ခြင်း
အထက်ပါနည်းလမ်းများကို အသုံးပြုပါက ဆိုးကျိူးလုံးဝမရှိဘဲ တင်းရင်းကြီးထွားလှပသော ရင်သားအလှတရားများကို ပိုင်ဆိုင်နိုင်ကြမည်မှာအသေချာပင်ဖြစ်ပါသည်။
Dr.Pyae Shin