fbpx
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor
No Result
View All Result
Home အလှအပနှင့်ကျန်းမာရေး

အမာရွတ်တွေကင်းစင်စေမယ့် သဘာ၀နည်းလမ်းများ

145
VIEWS
Share on FacebookShare on TwitterShare on Linkedin
15/01/2022
in အလှအပနှင့်ကျန်းမာရေး
1 min read
A A

အမာရွတ်ကင်းစင်ခြင်းသည် လှပသော အသားအရေကို ပိုင်ဆိုင်နိုင်ရန်အတွက် လိုအပ်ချက်တစ်ခု ဖြစ်ပါသည်။ ဝက်ခြံပေါက်ခြင်းကဲ့သို့သော အကြောင်းများကြောင့် အရေပြားပေါ်တွင် အမာရွတ်များသည် ကျန်ရှိခဲ့ကြလေ့ ရှိပါသည်။ အမာရွတ်တို့၏ သဘာဝအရ သက်သာ ပျောက်ကင်းရန်အတွက် အချိန်များစွာ ယူလေ့ရှိပါသည်။

သို့သော် အမာရွတ်များကို အမြန်ဆုံး ပျောက်ကင်းသက်သာစေရန်အတွက် အထောက်အကူပေးနိုင်သော နည်းလမ်းများလည်း ရှိပါသည်။ အောက်တွင် ဖော်ပြမည့် နည်းလမ်းများသည် အမာရွတ်များ သက်သာပျောက်ကင်းစေရန်အတွက် များစွာ အကူအညီပေးနိုင်သော နည်းလမ်းများ ဖြစ်ကြပါသည်။

 

ရှားစောင်းလက်ပပ်

ရှားစောင်းလက်ပပ်သည် အမာရွတ်များကို ပျောက်အောင် ပြုလုပ်ရန်အတွက် အလွန်အားကိုးရသော ပစ္စည်းတစ်မျိုး ဖြစ်ပါသည်။ ရှားစောင်းလက်ပပ်အပင်၏ အနှစ်ကို ခြစ်ယူ၍သော်လည်းကောင်း၊ အလှကုန်ပစ္စည်းအဖြစ် ရောင်းချသော အနှစ်ထုတ်ပြီးသား ရှားစောင်းလက်ပပ်များကို ဝယ်ယူ၍သော်လည်းကောင်း အရေပြားပေါ်တွင် လိမ်းပေးနိုင်ပါသည်။

ရှားစောင်းလက်ပပ်ကို အရေပြားပေါ်တွင် လိမ်းပြီးနောက် အချိန်ခဏကြာသည့်တိုင်အောင် စက်ဝိုင်းပုံစံအတိုင်း ဖြည်းညင်းစွာ ပွတ်သပ်နှိပ်နယ်ပေးနိုင်ပါသည်။ ထို့နောက် နာရီဝက်ခန့်ကြာအောင် ထားပြီးနောက် ရေအေးဖြင့် ဆေးကြောပေးသင့်ပါသည်။ တစ်နေ့လျှင် မနက်တစ်ကြိမ်၊ ညတစ်ကြိမ် ၂ ကြိမ် ပြုလုပ်ပေးသင့်ပါသည်။

 

သခွားသီး

သခွားသီးတွင် ဓာတ်တိုးခြင်းကို ဆန့်ကျင်နိုင်သော ဂုဏ်သတ္တိနှင့် ရောင်ရမ်းခြင်းကို  သက်သာစေနိုင်သော အစွမ်းသတ္တိများရှိပါသည်။ ထို့ပြင် အမာရွတ်များကို သက်သာပျောက်ကင်း စေနိုင်သော အစွမ်းသတ္တိလည်း ရှိပါသည်။ အသားအရေကိုလည်း ကြည်လင်ဝင်းပစေနိုင်ပါသည်။

သခွားသီးကို အကွင်းလိုက်လှီးကာ အမာရွတ်ပေါ်တွင် ကပ်ပေးခြင်းအားဖြင့်လည်းကောင်း၊ သခွားသီးဖြင့် ထုတ်လုပ်ထားသော ရေဓါတ်ဖြည့် Moisturizer များကို လိမ်းပေးခြင်းအားဖြင့်လည်းကောင်း အမာရွတ်များကို သက်သာပျောက်ကင်းအောင် ပြုလုပ်ပေးနိုင်ပါသည်။

 

Vitamin E

Vitamin E သည် ဆံသားအတွက် ကောင်းမွန်ရုံသာမက အရေပြားအတွက်လည်း ကောင်းကျိုးများစွာ ပေးစွမ်းနိုင်ပါသည်။ အထူးသဖြင့် အမာရွတ်များကို သက်သာပျောက်ကင်းစေနိုင်သော အစွမ်းသတ္တိရှိပါသည်။

Vitamin E ဆေးတောင့်ကို ဖောက်ကာ ဆေးတောင့်ထဲမှ ထွက်လာသော အဆီများကို အရေပြားအမာရွတ်ပေါ်တွင် လိမ်းကျံပေးနိုင်ပါသည်။ အသားထဲသို့စိမ့်ဝင်အောင် လက်ဖြင့် ငြင်သာစွာ ပွတ်သပ်နှိပ်နယ်ပေးပါ။ တစ်နေ့လျှင် သုံး၊ လေး၊ ငါးကြိမ်အထိ ပြုလုပ်ပေးနိုင်ပါသည်။

 

ပျားရည်

ပျားရည်သည် ခွန်အားကို ပြည့်စေ၊ ကိုယ်ခံအားကို တိုးတက်စေရုံသာမက အရေပြားကိုလည်း ကောင်းကျိုးများကို ပေးစွမ်းနိုင်ပါသည်။ အရေပြားပေါ်တွင်ရှိသော အမာရွတ်များကိုလည်း သက်သာပျောက်ကင်းစေနိုင်ပါသည်။ ပျားရည်ကို အမာရွတ်ပေါ်တွင် လိမ်းပေးပြီး တစ်နာရီခန့်ထားကာ ရေအေးအေးဖြင့် ဆေးပေးနိုင်ပါသည်။ အကယ်၍ အိပ်ရာ၊ ခေါင်းအုံးစသည်တို့ ပေကျံခြင်းမရှိအောင် စီစဉ်ထားရှိနိုင်ပါက ပျားရည်ကို လိမ်းပြီးနောက် တစ်ညတာထားရှိကာ မနက်ရောက်မှသာ ဆေးကြောပေးသင့်ပါသည်။

 

အုန်းဆီ

အုန်းဆီသည်လည်း အမာရွတ်များကို သက်သာစေသည့် နောက်ထပ် သဘာဝပစ္စည်းတစ်မျိုး ဖြစ်ပါသည်။ အုန်းဆီကို ဆံကေသာအား ကောင်းကျိုးပြုသော သဘာဝပစ္စည်းတစ်ခုအဖြစ် လူသိများကြသော်လည်း အမာရွတ်များကိုလည်း ပျောက်ကင်းသက်သာစေနိုင်သည်ကိုမူ သိသူနည်းလှပါသည်။

အုန်းဆီကို အမာရွတ်ပေါ်တွင် လိမ်းကျံကာ လက်ဖြင့် စက်ဝိုင်းပုံအတိုင်း ငြင်သာစွာ  ၁၀ မိနစ်ခန့် ပွတ်ပြီးနောက် နာရီဝက်ခန့်ထားကာ ရေအေးအေးဖြင့် ဆေးကြောပေးနိုင်ပါသည်။ တစ်နေ့လျှင် အနည်းဆုံး ၁ ခါ ပြုလုပ်ပေးသင့်ပါသည်။

 

သံပရာရည်

သံပုရာရည်သည်လည်း အမာရွတ်များကို ပျောက်ကင်းသက်သာစေသည့် ဆေးကောင်းတစ်လက် ဖြစ်ပါသည်။ သံပုရာရည်တွင် ပါဝင်သော အက်ဆစ်ဓာတ်ကြောင့် အမာရွတ်ပေါ်တွင်ရှိသော ဆဲလ်သေများကို ဖယ်ရှားရှင်းလင်းနိုင်ပြီး အမာရွတ်များကို သက်သာပျောက်ကင်းစေနိုင်ပါသည်။

သံပရာရည်ကို ဖန်ခွက်တစ်ခုအတွင်းသို့ ညှစ်ထည့်ပြီး အဝတ်သန့်သန့်တစ်ခုဖြင့် ဆွတ်ကာ အမာရွတ်ပေါ်တွင် လိမ်းကျံနိုင်ပါသည်။ မိနစ်အနည်းငယ်ထားပြီးနောက် ရေဖြင့် ဆေးကြောနိုင်ပါသည်။

 

ပန်းသီးရှာလကာရည် (Apple Cider Vinegar)

ပန်းသီး ရှာလကာရည်သည်လည်း အမာရွတ်များကို ပျောက်ကင်းစေနိုင်သည့် အစွမ်းသတ္တိရှိပါသည်။ ထို့ပြင် ဗက်တီးရီးယားပိုးများကို သေစေနိုင်သည့် အစွမ်းသတ္တိလည်း ရှိသောကြောင့် ဝက်ခြံများကိုလည်း ရောင်ရမ်းနာကျင်ခြင်းမှ သက်သာစေနိုင်ပါသည်။

ပန်းသီး ရှာလကာရည်ကို အသုံးပြုသောအခါ ရေနှင့် ရောစပ်ပြီး အသုံးပြုသင့်ပါသည်။ ပန်းသီး ရှာလကာရည် တစ်ဆ၊ ရေ လေးဆ ရောစပ်ထားသော အရည်ကို ဂွမ်းလုံး သို့မဟုတ် သန့်ရှင်းသော အဝတ်စဖြင့် တို့ပြီးလျှင် အမာရွတ် သို့မဟုတ် ဝက်ခြံပေါ်တွင် လိမ်းကျံပေးနိုင်ပါသည်။ နာရီဝက်ခန့် ထားပြီးနောက် ရေအေးအေးဖြင့် ဆေးကြောပေးနိုင်ပါသည်။

 

ရေများများ သောက်ပါ

ရေဓာတ်သည် အသားအရေ၏ မိတ်ဆွေဖြစ်ပါသည်။ ကျန်းမာသော အရေပြားနှင့် အသားအရေဟု သတ်မှတ်ရန်အတွက် ရေဓာတ်ပြည့်ဝနေရန် လိုအပ်ပါသည်။ ထို့ပြင် အမာရွတ်များ လျင်မြန်စွာ ပျောက်ကင်းစေရန်အတွက်လည်း ရေဓာတ်သည် များစွာ အထောက်အကူပြုပါသည်။ ထို့ကြောင့် နေ့စဉ် အနည်းဆုံး ရေ ၃ လီတာမှ ၄ လီတာခန့် သောက်သုံးဖြစ်အောင် ဂရုပြုသင့်ပါသည်။

အထက်တွင် ဖော်ပြခဲ့သော နည်းလမ်းများအနက် အဆင်ပြေသင့်တော်မည့် နည်းလမ်း တစ်မျိုးမျိုးကို ပြုလုပ်ဆောင်ရွက်ပေးနိုင်ပါသည်။ ထိုသို့ ပြုလုပ်ဆောင်ရွက်သည့်အခါ သတိပြုရမည့် အချက်တစ်ခုမှာ စွဲမြဲစွာ ဆောင်ရွက်ရန် ဖြစ်ပါသည်။ ဇွဲရှိရှိဖြင့် အချိန်ကြာမြင့်စွာ စွဲစွဲမြဲမြဲ လုပ်ဆောင်ပေးမှသာလျှင် သိသာထင်ရှားသည့် ရလဒ်ကို တွေ့ရမည် ဖြစ်ပါသည်။ ထို့ကြောင့် မိမိနှင့် အဆင်ပြေသည့် နည်းလမ်းများကို စွဲစွဲမြဲမြဲလုပ်ဆောင်ပေးခြင်းအားဖြင့် အမာရွတ်များ ကင်းစင်ပပျောက်နိုင်ပါစေကြောင်း ရေးသားလိုက်ရပါသည်။

 

Author: ဒေါက်တာမိုး (ဆေး ၁)

Previous Post

အသားအရေထိန်းသိမ်းဖို့ သင့်ခြံထဲမှာစိုက်ထားသင့်တဲ့ ဆေးဖက်ဝင်အပင်လေးတွေ 

Next Post

ဆောင်းရာသီမှာ အရေပြားခြောက်သွေ့ကွဲအက်တာကို ကာကွယ်နိုင်ဖို့

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

how to take care of your skin during the rainy season

မိုးရာသီမှာ အသားအရေကို ဘယ်လိုထိန်းသိမ်းသင့်လဲ?

2 hours ago
7
what causes dark spots on the face

မျက်နှာပေါ်မှာ အမဲစက်တွေ ဘာကြောင့်ဖြစ်တာလဲ?

5 days ago
144
natural oils to care for your skin

သင့်အသားအရေ ထိန်းသိမ်းဖို့အတွက် သဘာဝအဆီများ

1 week ago
81
why do facial massage

မျက်နှာနှိပ်နယ်ခြင်း ဘာကြောင့်လုပ်သင့်တာလဲ?

2 weeks ago
132
benefits of collagen

Collagen ရဲ့အကျိုးကျေးဇူးများ

2 weeks ago
147
Skin problems caused by intense sunlight

ပြင်းထန်တဲ့ နေရောင်ခြည်ကြောင့်ဖြစ်သော အရေပြားပြဿနာများ

3 weeks ago
119

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

Health Tips

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • ကြို့ ထိုးတာ မြန်မြန်ပျောက်အောင်

    0 shares
    Share 0 Tweet 0
  • ကူးစက်မြန်မျိုးဗီဇပြောင်းကိုဗစ်အကူးခံရလျှင် ဖြစ်တတ်သည့်လက္ခဏာများ

    0 shares
    Share 0 Tweet 0
  • အမျိုးသားများ နဲ့ ကြီး ကြာ ရှည်

    0 shares
    Share 0 Tweet 0
Next Post

ဆောင်းရာသီမှာ အရေပြားခြောက်သွေ့ကွဲအက်တာကို ကာကွယ်နိုင်ဖို့

အားကစားလုပ်သူတွေအတွက် သွေးပူလေ့ကျင့်ခန်းရဲ့အရေးပါမှု

 ရေနွေးနဲ့ရေချိုးရင်၊ ရေအေးနဲ့ရေချိုးရင်

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2020. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.