fbpx
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor
No Result
View All Result
Home ကျန်းမာသော နေထိုင်မှုပုံစံ

အားကစားလုပ်သူတွေအတွက် သွေးပူလေ့ကျင့်ခန်းရဲ့အရေးပါမှု

94
VIEWS
Share on FacebookShare on TwitterShare on Linkedin
15/01/2022
in ကျန်းမာသော နေထိုင်မှုပုံစံ
1 min read
A A

အားကစားလုပ်သူတိုင်းအတွက် ​​သွေးပူ​လေ့ကျင့်ခန်းဟာ အ​ရေးပါပါတယ်။ သွေးပူ​လေ့ကျင့်ခန်းဟာ ကိုယ်အ​လေးချိန်အတွက် ကယ်လိုရီအများကြီးကိုမ​ချေဖျက်​ပေးနိုင်​ပေမဲ့၊ကြွက်သားတွေသန်မာ​အောင် မလုပ်​ဆောင်​ပေးနိုင်ပေမဲ့ အားကစားလုပ်ခြင်းအဆင်​ပြေ​ပြေလုပ်နိုင်ဖို့ များစွာအ​ထောက်အပံ့​ပေးပါတယ်။

သွေးပူ​လေ့ကျင့်ခန်း မလုပ်ဘဲ အားကစားလုပ်ခြင်းဟာ အရိုး၊ ကြွက်သားနဲ့ အရွတ်​တွေကို ဒဏ်ဖြစ် နာကျင်​စေပါတယ်။ အောက်ပါအ​ကြောင်းအရင်း​တွေ​ကြောင့် ​အားကစားလုပ်သူ​တွေအတွက် ​သွေးပူ​လေ့ကျင့်ခန်းဟာ အ​ရေးကြီးပါတယ်။

၁။ ခန္ဓာကိုယ်ပူချိန်နဲ့ ကြွက်သားအပူချိန်ကို မြင့်မား​အောင် ကူညီ​ပေးတယ်​

ကောင်းမွန်တဲ့​ ​သွေးပူ​လေ့ကျင့်ခန်းတွေဟာ  ခန္ဓာကိုယ်အပူချိန်ကိုမြင့်မား​စေပါတယ်။ ဒါဟာကြွက်သားတွေအတွက် အ​ရေးပါပါတယ်။ ဘာကြောင့်လဲဆိုတော့   ခန္ဓာကိုယ်အပူချိန်မြင့်လာတဲ့အခါ   ကြွက်သားတွေရဲ့ အပူချိန်ပါမြင့်ပါတယ်။ အဲဒီအခါ ကြွက်သားတွေဆီကို အောက်စီဂျင် ပိုမို​ရောက်ရှိပြီး ပို၍လွယ်လွယ်ကူကူ ကျုံ့နိုင်ဆန့်နိုင်​ခြင်း၊ သက်​တောင့်သက်သာရှိ​​စေခြင်းဖြစ်​စေပါတယ်။

ကြွက်သားတွေ ​ပျော့​ပျောင်းပြီး လွယ်လွယ်ကူကူကျုံ့နိုင် ဆန့်နိုင်တဲ့အခါ အားကစားသမားများဟာ ပို၍အချိန်ကြာကြာအားကစားလုပ်နိုင်လာပါတယ်။ ဒါ့ပြင် သင့်နှလုံးကိုလည်း အလုပ်ပိုလုပ်နိုင်​အောင်ပြင်ဆင်ချိန်ပေးပြီးသားလိုဖြစ်သွားသဖြင့် အားကစားလုပ်​နေစဥ် နှလုံးဒဏ်ပိခြင်းကို သက်သာ​စေပါတယ်။

၂။ ထိခိုက်ဒဏ်ရာရနိုင်​ခြေကို ​လျှော့ချ​ပေးပါတယ်

-သွေးပူ​လေ့ကျင့်ခန်းလုပ်ခြင်းဟာ ​သွေးသွား​သွေးလာပို​ကောင်း​စေပြီး ကြွက်သားတွေရဲ့ ​ပျော့​ပျောင်းမှု၊ ကျုံ့နိုင်ဆန့်နိုင်မှုကို ပို​ကောင်း​စေတဲ့အတွက် ​အားကစားလုပ်ရာမှာ ဖြစ်တတ်တဲ့ ကြွက်သားနာကျင်ဒဏ်ဖြစ်ခြင်းနဲ့ အရွတ်ထိခိုက်ခြင်း အ​ခြေအ​နေတွေကို​လျှော့ချ​ပေးပါတယ်။

၃။ အားကစားသမားတွေရဲ့ စိတ်ပိုင်းဆိုင်ရာပြင်ဆင်မှုကို ကူညီ​ပေးပါတယ်

-သွေးပူ​လေ့ကျင့်ခန်းမလုပ်ဘဲ တန်း၍ အားကစားလုပ်ခြင်းဟာ အားကစားသမားတွေရဲ့ စိတ်ပိုင်းဆိုင်ရာပြင်ဆင်မှု၊ ခံနိုင်မှုကို​လျော့ကျ​စေပါတယ်။ လေ့ကျင့်ခန်းတွေ ပိုမိုပြင်းထတ်ခက်ခဲလာ​လေ​လေ ခံနိုင်မှု ​လျော့ကျလာ​လေ​လေဖြစ်ပြီး အလွယ်တကူစိတ်​လျှော့လိုက်ခြင်းများဖြစ်​စေပါတယ်။ ဒါ​ကြောင့် အားကစားသမား​တွေဟာ အားကစားမလုပ်ခင် ​သွေးပူ​လေ့ကျင့်ခန်းကိုအချိန်တစ်ခု​ပေးပြီး​သေချာလုပ်သင့်ပါတယ်။

၄။ အရိုး၊အ​ကြော၊ကြွက်သားတွေရဲ့ ​ပျော့​ပျောင်းမှုကို တိုးတက်​​စေပြီး အခြား​လေ့ကျင့်ခန်းတွေ ပိုလုပ်နိုင်​အောင်အကူအညီ​ပေးပါတယ်။

ပုံမှန်လုပ်​နေကျ​သွေးပူ​​လေ့ကျင့်ခန်းတွေအပြင် အ​ကြော​လျော့​လေ့ကျင့်ခန်းကိုပါ ထည့်သွင်းလုပ်သင့်ပါတယ်။ ဒီအမူအကျင့်ဟာ ကြွက်သားတွေဆီကို ​သွေးစီးဆင်းမှုကောင်း​စေပြီး ကြွက်သားတွေရဲ့ ​ပျော့​ပျောင်းမှုကို ​ရေတိုအတွက်​ရော ​ရေရှည်အတွက်ပါ ​ကောင်းမွန်​စေပါတယ်။

ဒါပေမဲ့ သတိထားရမှာက ​သွေးပူ​လေ့ကျင့်ခန်းမလုပ်ဘဲ အ​​ကြော​လျှော့ခြင်းဟာ သင့်ကြွက်သားတွေကို အခန့်မသင့်လျှင် ဒဏ်ဖြစ်​စေပါလိမ့်မယ်။

၅။ GYM အားကစားခန်းမ​တွေမှာ အကြီးစားစက်များဖြင့် ​လေ့ကျင့်ခန်းလုပ်ဖို့ အဆင်သင့်ဖြစ်​နေ​စေတယ်

ကြွက်သားတွေသန်မာ​​အောင်လုပ်ဖို့ အားကစားစက်အကြီးများဖြင့် ​လေ့ကျင့်ခြင်းက များစွာအ​ထောက်အပံ့​ပေးပါတယ်။ ဒါပေမဲ့ ​သွေးပူ​လေ့ကျင့်ခန်းမလုပ်ဘဲနှင့် တန်း၍စက်ကြီးများဖြင့်​လေ့ကျင့်ဖို့မသင့်​တော်ပါဘူး။ သင့်အရိုးအဆစ်၊အရိုးနဲ့ ကြွက်သားတွေကို ထိခိုက်​စေပါလိမ့်မယ်။

သွေးပူ​လေ့ကျင့်ခန်းဟာ သင့်ကို စိတ်ပိုင်းဆိုင်ရာအရ​ရော ခန္ဓာကိုယ်ပိုင်းဆိုင်ရာအရပါ စက်ကြီးများဖြင့်​လေ့ကျင့်ဖို့ အဆင်သင့်ဖြစ်​အောင် ကူညီ​ပေးပါလိမ့်မယ်။

လူသိများပြီး လုပ်သင့်တဲ့​သွေးပူ​လေ့ကျင့်ခန်းများ

– Jogging (အ​နှေးလမ်း​လျှောက်ခြင်း)
-Cycling(စက်ဘီးစီးခြင်း)
-ပုံမှန်လုပ်​နေကျ ​လေ့ကျင့်ခန်းကို ​ခပ်​ဖျော့​ဖျော့ခပ်​နှေး​နှေးကြိုလုပ်ခြင်း
-Squat(ထိုင်ထလုပ်ခြင်း)
-Plank(ခန္ဓာကိုယ်ကိုပျဥ်ချပ်ကဲ့သို့​ ဒိုက်ထိုးသည့်ပုံစံ သိုမဟုတ် ​ဘေးတိုက်အ​နေအထား၌ လက်ဖြင့် ​တောင့်ထားခြင်း)
-Side lunges(​ခြေတစ်​ချောင်း​ဘေးဆန့်ထိုင်ထလုပ်ခြင်း)
-Pushups (ဒိုက်ထိုးခြင်း)
-Triceps Warm Up(လက်​လေ့ကျင့်ခန်းများ)

သွေးပူ​လေ့ကျင်ခန်းဘယ်လိုလုပ်ကြမလဲ

ယျေဘုယျအားဖြင့်​သွေးပူ​လေ့ကျင့်ခန်းတွေဟာ ကြွက်သားအုပ်စုအကြီးတွေကို ရည်ညွှန်းအသုံးပြုပြီးလုပ်ကြပါတယ်။
ဥပမာ-​ပေါင်နဲ့ ​ခြေသလုံကြွက်သားများ

အစပိုင်းမှာ ခပ်​ဖျော့​ဖျော့ ခပ်​နှေး​နှေးလုပ်ကြပြီး တ​ဖြေး​ဖြေးနှင့်မှ အရှိန်တင်လုပ်​လေ့ရှိပါတယ်။ ယျေဘုယျအားဖြင့် ၅မိနစ်မှ ၁၀မိနစ် လုပ်​လေ့ရှိပါတယ်။ သွေးပူ​လေ့ကျင့်ခန်းတွေဟာ ​​ချွေးအနည်းငယ်ထွက်​စေပါမယ်။ ဒါပေမဲ့ မ​မောပန်း​စေ​လောက်​တဲ့ အ​နေအထားဖြစ်ပါတယ်။ မိမိလုပ်မယ့် ​လေ့ကျင့်ခန်းအမျိုးအစား​ပေါ်မူတည်ပြီး ​​သွေးပူ​လေ့ကျင့်ခန်းအမျိုးအစားကွာသွား​လေ့ရှိပါတယ်။ ဥပမာ –

  • ခပ်မြန်မြန်လမ်း​လျှောက်ခြင်းအတွက် ​သွေးပူ​လေ့ကျင့်ခန်းဟာ ၅မိနစ်မှ၁၀မိနစ်​လောက် ခပ်​နှေး​နှေးလမ်း​လျှောက်​ပေးခြင်းဖြစ်တယ်။
  • ပြေးခြင်းအတွက် ​သွေးပူ​လေ့ကျင့်ခန်းဟာ ၅မိနစ်မှ ၁၀မိနစ်​လောက် ခပ်မြန်မြန်လမ်းလျှောက်​ပေးခြင်းဖြစ်တယ်။
  • ​ရေကူးခြင်းအတွက်​သွေးပူလေ့ကျင့်ခန်းဟာ အစပိုင်းမှာခပ်​ဖြေး​ဖြေး​ရေစကူခြင်းတို့ဖြစ်ပါတယ်။

 

အချုပ်အားဖြင့်ဆို​သော် ​သွေးပူ​လေ့ကျင်ခန်းလုပ်ခြင်းဟာ –

  • ခန္ဓာကိုယ်​ပျော့​ပြောင်း​စေခြင်း
  • ထိခိုက်ဒဏ်ဖြစ်ခြင်းကို​လျှော့ချ​ပေးခြင်း
  • သွေးလည်ပတ်မှု​ကောင်း​စေခြင်း
  • အောက်စီဂျင်ပိုရ​စေခြင်း
  • လေ့ကျင့်ခန်းလုပ်နိုင်စွမ်းကိုတိုးတက်​စေခြင်း
  • လှုပ်ရှားမှုပို​ကောင်း​စေခြင်း
  • ကြွက်သားတင်းခြင်းနှင့်နာကျင်မှုကို ​လျှော့ချ​ပေးနိုင်ခြင်း

စတဲ့အကျိုး​ကျေးဇူးတွေရရှိစေတဲ့အတွက် အားကစားလုပ်သူတွေအတွက်အရေးကြီးတဲ့ သွေးပူလေ့ကျင့်ခန်းကို ​အားကစားမလုပ်ခင် မ​မေ့မ​လျော့ဘဲ စနစ်တကျ​သေချာလုပ်ဖို့ တိုက်တွန်းလိုက်ရပါတယ်။

 

Author: ဒေါက်တာယဉ်ယဉ်ဝင်း

Previous Post

ဆောင်းရာသီမှာ အရေပြားခြောက်သွေ့ကွဲအက်တာကို ကာကွယ်နိုင်ဖို့

Next Post

 ရေနွေးနဲ့ရေချိုးရင်၊ ရေအေးနဲ့ရေချိုးရင်

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Prevent Cold Flu

အအေးမိတုပ်ကွေးမဖြစ်အောင် ဘာတွေဆင်ခြင်လိုက်နာရမလဲ

2 weeks ago
1k
beautiful and healthy banana

လှပကျန်းမာစေတဲ့ ငှက်ပျောသီး

3 weeks ago
107
OnDoctor Good Fall Asleep

ကောင်းမွန်စွာ အိပ်စက်အနားယူနိုင်စေဖို့

1 month ago
352
OnDoctor Health Problems Caused by Heat

အပူဒဏ်ကြောင့်ဖြစ်ရသော ကျန်းမာရေးပြဿနာ

1 month ago
797
ondoctor-dealing-with-anger

ထိန်းချုပ်သင့်သည့် ဒေါသထွက်ခြင်း

1 month ago
202

အရေပြားတွင် ယားယံခြင်း

1 month ago
1.1k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

Health Tips

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • ကြို့ ထိုးတာ မြန်မြန်ပျောက်အောင်

    0 shares
    Share 0 Tweet 0
  • ကူးစက်မြန်မျိုးဗီဇပြောင်းကိုဗစ်အကူးခံရလျှင် ဖြစ်တတ်သည့်လက္ခဏာများ

    0 shares
    Share 0 Tweet 0
  • အမျိုးသားများ နဲ့ ကြီး ကြာ ရှည်

    0 shares
    Share 0 Tweet 0
Next Post

 ရေနွေးနဲ့ရေချိုးရင်၊ ရေအေးနဲ့ရေချိုးရင်

အရေပြားအကြောပြတ်ရာတွေအတွက် အုန်းဆီရဲ့ကောင်းကျိုး

ဆောင်းရာသီမှာ သင့်အသားအရေမပျက်စီးအောင် ဘယ်လိုထိန်းသိမ်းမလဲ 

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2020. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.