fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အလှအပနှင့်ကျန်းမာရေး

အသားအရေထိန်းသိမ်းဖို့ သင့်ခြံထဲမှာစိုက်ထားသင့်တဲ့ ဆေးဖက်ဝင်အပင်လေးတွေ 

193
VIEWS
Share on FacebookShare on TwitterShare on Linkedin
11/01/2022
in အလှအပနှင့်ကျန်းမာရေး
1 min read
A A

“အိမ်နောက်ဖေး စျေးဆိုင်တည်” ဆိုသည့် စကားကို ရှေးလူကြီးများက နောင်လာ၊ နောက်သားများအတွက် ဆုံးမစကားထားရှိခဲ့သည်။ မိမိတို့၏ နေအိမ်တွင် တစ်ပိုင်တစ်နိုင် သီးပင်၊ စားပင်များ စိုက်ပျိုးထားလျှင် မီးဖိုချောင် ကုန်ကျစရိတ်များ သက်သာစေနိုင်ကြောင်း ဆိုလိုရည်ရွယ်ခြင်း ဖြစ်ပါသည်။

သို့သော် သီးပင်၊ စားပင်များသာ မိမိတို့အိမ်တွင် စိုက်ပျိုးနိုင်သည် မဟုတ်ပါ။ အသားအရေ အလှအပနှင့် ကျန်းမာမှုကို အထောက်အကူပြုသော ဆေးဖက်ဝင် အပင်များကိုလည်း စိုက်ပျိုးထားရှိနိုင်ပါသည်။ အထူးသဖြင့် အရေပြားထိန်းသိမ်းခြင်းနှင့် အလှအပဆိုင်ရာ ထုတ်ကုန်ပစ္စည်းများ စျေးကြီးနေသည့် ယနေ့ခေတ်တွင် မိမိတို့ အိမ်တွင် တစ်ပိုင်တစ်နိုင် စိုက်ပျိုးခြင်းမှရရှိသော အသီးအပွင့်များကို အသုံးပြုပြီး အသားအရေကို ထိန်းသိမ်းခြင်းအားဖြင့် ငွေကုန်ကြေးကျ များစွာ သက်သာစေနိုင်ပါသည်။

အောက်ပါတို့သည် မိမိတို့အိမ်တွင် စိုက်ပျိုးရန်လည်း မခက်ခဲဘဲ အသားအရေကို ထိန်းသိမ်းရာတွင်လည်း အစွမ်းထက်မြက်သည့် အပင်များထဲမှ အချို့ဖြစ်ပါသည်။

 

ရှားစောင်းလက်ပပ်ပင် (Aloe Vera)

ရှားစောင်းလက်ပပ်သည် အရေပြားအတွက် အလွန်ကောင်းမွန်သော အပင်တစ်မျိုးဖြစ်ပါသည်။ အရေပြားကို ရေဓာတ်ဖြည့်တင်းပေးနိုင်သည့်အပြင် အရေပြားဆဲလ်များ ရောင်ရမ်းခြင်းများကိုလည်း သက်သာစေနိုင်ပါသည်။ ထို့ပြင် အရေပြားဆဲလ်များ အသစ်လဲလှယ်သည့် နေရာတွင်လည်း အကူအညီများစွာ ပေးလေ့ရှိပါသည်။

ရှားစောင်းလက်ပပ်တွင် ဗီတာမင်၊ သတ္တုဓာတ်နှင့် အရေပြားဆဲလ်များအတွက် သင့်တော်ကောင်းမွန်သော အာဟာရဓာတ်များစွာ ပါဝင်ပါသည်။ ထို့ကြောင့် အရေးအကြောင်းများကို သက်သာစေပြီး အရေပြားကို တင်းရင်းလှပစေကာ အရွယ်တင်နုပျိုစေပါသည်။

ရှားစောင်းလက်ပပ်ပင်ကို စိုက်ပျိုးသည့်အခါ တယုတယဖြင့် ဂရုစိုက်ရန် မလိုအပ်ပေ။ သို့သော် ရှားစောင်းလက်ပပ်သည် နေရောင်ခြည်၏ အလင်းရောင်ကို နှစ်သက်သော အပင်တစ်မျိုးဖြစ်ပါသည်။ ထို့ကြောင့် စိုက်ပျိုးသည့်အခါ အလင်းရောင် ကောင်းစွာ ရရှိသော နေရာတွင် ထားရှိ စိုက်ပျိုးသင့်ပါသည်။ ရေကိုလောင်းသည့်အခါတွင်လည်း နေ့စဉ်လောင်းရန် မလိုအပ်ဘဲ တစ်ပတ်တစ်ခါခန့်သာ လုံလောက်အောင် လောင်းပေးသင့်ပါသည်။

 

ချာမိုမိုင်းပင် (Chamomile)

ချာမိုမိုင်းကို လက်ဖက်ရည်ကြမ်းအဖြစ် သောက်သုံးနိုင်သကဲ့သို့ အသားအရေ ထိန်းသိမ်းရန်အတွက်လည်း အသုံးပြုနိုင်ပါသည်။ ချာမိုမိုင်းသည် ဝက်ခြံများကို သက်သာစေသည့်အပြင် အသားအရေ အရောင်မညီညာခြင်းအတွက်လည်း ကောင်းမွန်စေနိုင်ပါသည်။ ချာမိုမိုင်းတွင် ပါဝင်သော Alpha-bisabolol သည် ရောင်ရမ်းခြင်းကို သက်သာစေနိုင်သည့် အစွမ်းသတ္တိရှိသောကြောင့် ဝက်ခြံများကိုသာမက အင်ပြင်ကွက်များ၊ နှင်းခူများကိုလည်း သက်သာစေနိုင်ပါသည်။

ထို့ပြင် ချာမိုမိုင်းတွင် အရေပြားကို ဖြူဝင်းလှပစေစေသော အစွမ်းသတ္တိလည်း ရှိသောကြောင့် နေလောင်ခြင်းနှင့် ဝက်ခြံထွက်ခြင်းတို့ကြောင့် ဖြစ်ပေါ်တတ်သော အသားအရောင် မညီညာခြင်းများကို သက်သာစေနိုင်ပါသည်

ချာမိုမိုင်းသည်လည်း အလင်းရောင်ကို နှစ်သက်သော အပင်တစ်မျိုးဖြစ်သည့်အတွက် အလင်းရောင် ကောင်းစွာရသော နေရာတွင် စိုက်ပျိုးသင့်ပါသည်။ အပင်မှ ပန်းပွင့်လာသည့်အခါ ခူးဆွတ်ပြီး အခြောက်ခံကာ ရေနွေးကြမ်းအဖြစ် အသုံးပြုနိုင်သကဲ့သို့ အဆိုပါ ရေနွေးကြမ်းကို အအေးခံကာ အရေပြားနှင့် အသားအရေကို ဆေးကြောပေးနိုင်ပါသည်။ ထို့ပြင် ရေနွေးစိမ်ပြီးသား ပွင့်ခြောက်များကို လက်ဖက်ခြောက်ထုပ်ထည့်သည့် စိမ့်ထွက်နိုင်သည့် အိတ်မျိုးတွင် ထည့်ကာ မျက်လုံးပေါ်တွင်လည်း တင်ပေးထားနိုင်ပါသည်။ ထိုသို့ ပြုလုပ်ပေးခြင်းအားဖြင့် မျက်လုံးမို့မောက်ခြင်း၊ မျက်တွင်းညိုခြင်း၊ မျက်လုံးတစ်ဝိုက်ရှိ အရေးအကြောင်းများကို ပျောက်စေခြင်း စသော အကျိုးကျေးဇူးများကို ရရှိစေနိုင်ပါသည်။

 

ပူဒီနာ (ပူစီနံ) (Mint)

ပူဒီနာသည် ဝက်ခြံကို ပျောက်ကင်းသက်သာစေသည့် အစွမ်းသတ္တိရှိပါသည်။ ပူဒီနာတွင် ပါဝင်သော Salicylic Acid သည် ဝက်ခြံများကို သက်သာစေသကဲ့သို့ အရေပြားရှိ အဆီဂလင်းမှ အဆီများ အလွန်အကျွံထွက်ခြင်းကိုလည်း လျော့နည်းစေနိုင်ပါသည်။

ထို့ပြင် အရေပြား ယားယံခြင်းကိုလည်း သက်သာစေနိုင်သဖြင့် ယားယံမှုကို ကုတ်ခြစ်ခြင်းကြောင့် အမာရွတ်များဖြစ်လာနိုင်ခြင်း၊ အရေပြားအတွင်းသို့ ပိုးဝင်ခြင်းများကိုလည်း လျော့နည်းစေပါသည်။

ဝက်ခြံများ သက်သာစေရန်အတွက် ပူဒီနာအရွက်ကို ကြိတ်ခြေကာ ဝက်ခြံပေါက်သည့်နေရာတွင် အုံပေးထားနိုင်ပါသည်။ နောက်တစ်နည်းမှာ ကြိတ်ခြေထားသော ပူဒီနာအရွက်များကို ပျားရည်၊ Oat Meal တို့ဖြင့် ရောစပ်ကာ မျက်နှာကို လိမ်းပေးပြီးနောက် နာရီဝက်ခန့်ထားကာ ရေအေးအေးဖြင့် ဆေးကြောပေးနိုင်ပါသည်။ ထို့ပြင် ပူဒီနာအရွက်များကို ပြုတ်ထားသော ရေခပ်နွေးနွေးလေးထဲတွင် ခြေထောက်ကို စိမ်ပေးခြင်းအားဖြင့်လည်း ခြေထောက်ကွဲခြင်းများကို သက်သာစေနိုင်ပါသည်။

ပူဒီနာအပင်ကို စိုက်ပျိုးသည့်အခါ ရေပုံမှန်လောင်းရန် မမေ့သင့်သည်မှလွှဲ၍ အခြားထူးခြားစွာ ဂရုစိုက်ရန် မလိုအပ်ပါ။

ကလျာဏီပင် (Sage)

ကလျာဏီတွင် အစွမ်းထက် ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ ပါဝင်သောကြောင့် အရွယ်မတိုင်မီ အိုမင်းရင့်ရော်မှုများကို ကာကွယ်ပေးနိုင်ပါသည်။ ထို့ပြင် အဆီပြန်၍ ဝက်ခြံထွက်တတ်သော အသားအရေ အမျိုးအစားအတွက်လည်း အထူးသင့်တော်ပါသည်။ ထို့ပြင် ဗီတာမင်အေ နှင့် ကယ်လ်ဆီယမ်ဓာတ်ကြွယ်ဝသော ကလျာဏီသည် ဆဲလ်အသစ်များ ပြန်လည်ထုတ်လုပ် ဖြည့်တင်းရာတွင်လည်း အရေးပါလှပါသည်။

ကလျာဏီအရွက်များကို ပြုတ်လိုက်ပါက အလွန်မွှေးသော ရနံ့ရရှိပေလိမ့်မည်။ ထိုပြုတ်ရည်ကို အရေပြား၏ချွေးပေါက်များကို ကျဉ်းစေသော Toner အဖြစ် အသုံးပြုနိုင်ပါသည်။ ထို့ပြင် ကလျာဏီရွက်ပြုတ်ရည်ဖြင့် ခေါင်းလျှော်ပေးခြင်းအားဖြင့် ဆံသားနှင့် ဦးရေပြားကို ကောင်းမွန် သန်စွမ်းစေနိုင်ပါသည်။

ကလျာဏီပင်၏ အကိုင်းကိုချိုင်ကာ ပြန်လည်စိုက်ပျိုးခြင်းအားဖြင့် အပင်သစ်တစ်ပင် ရရှိနိုင်ပါသည်။ ကလျာဏီပင်ကို အပင်မှိုစွဲခြင်းရောဂါက ဒုက္ခများစွာ ပေးတတ်သဖြင့် များစွာ ဂရုစိုက်သင့်ပါသည်။

 

ထပ်တစ်ရာပင် (Calendula)

ဓာတ်တိုးဆန့်ကျင်ပစ္စည်းများဖြစ်သော Carotenoids နှင့် Flavonoids များ ကြွယ်ဝလှသော ထပ်တစ်ရာပန်းပွင့်သည် နှုတ်ခမ်းကွဲခြင်းမှအစ အရွယ်မတိုင်မီ အရေးအကြောင်းများ ဖြစ်ပေါ်ခြင်းအထိ ကောင်းကျိုးများစွာ ပေးစွမ်းနိုင်ပါသည်။ ထို့ပြင် ရောင်ရမ်းနာကျင်မှုများကို သက်သာစေနိုင်ပါသည်။ အနာဒဏ်ရာများကိုလည်း အလျင်အမြန် ကျက်စေနိုင်ပါသည်။ အရေပြားတွင် သွေးလှည့်ပတ်မှုကောင်းစေသဖြင့် ရေဓာတ်ပြည့်ဝစေရန်လည်း အထောက်အကူပေးပါသည်။

ထပ်တစ်ရာပန်းပွင့်များကို ရေချိုးဇလုံထဲတွင်ထည့်၍ ရေစိမ်ပေးခြင်းအားဖြင့် ကောင်းမွန်လှပသော အရေပြားကို ရရှိရန် အထောက်အကူပြုနိုင်ပါသည်။ ထပ်တစ်ရာပင်ကို စိုက်ပျိုးသည့်အခါ များစွာဂရုစိုက်ရန် မလိုအပ်ပါ။ သို့သော် ထပ်တစ်ရာပင်သည် အပူချိန် မြင့်မားမှုကို မကြိုက်နှစ်သက်သည့်အတွက် အရိပ်ရသော နေရာတွင်သာ စိုက်ပျိုးပေးသင့်ပါသည်။

Author: ဒေါက်တာမိုး (ဆေး ၁)

Previous Post

ရိုးရိုးမွေးမယ့်မေမေလောင်းတို့ သိထားသင့်တဲ့အချက်တွေ 

Next Post

အမာရွတ်တွေကင်းစင်စေမယ့် သဘာ၀နည်းလမ်းများ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

If you are considering breast augmentation for women, read on

အမျိုးသမီးတို့ ရင်သားခွဲစိတ် ပြုပြင်ဖို့ စဉ်းစားထားလျှင် ဒီအချက်တွေကို အရင်ဖတ်ပါ

2 months ago
375
To make the skin soft like a baby

ကလေးလေးတစ်ယောက်လို နူးညံ့တဲ့ အသားအရေလေးဖြစ်စေဖို့

2 months ago
414
Acne can lead to nail poisoning

ဝက်ခြံညှစ်လို့ လက်သည်းအဆိပ်တက်ခြင်း

2 months ago
239
How to apply face mask at home

အိမ်တွင်း မျက်နှာပေါင်းတင်နည်း

2 months ago
583
Adolescents and acne problems

ဆယ်​ကျော်သက်နှင့် ဝက်ခြံပြဿနာ

2 months ago
227
How does onion benefit the skin?

ကြက်သွန်နီက အသားအရေအတွက် ဘယ်လိုအကျိုးပြုလဲ

3 months ago
260

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • ကြို့ ထိုးတာ မြန်မြန်ပျောက်အောင်

    0 shares
    Share 0 Tweet 0
  • အမျိုးသားများ နဲ့ ကြီး ကြာ ရှည်

    0 shares
    Share 0 Tweet 0
  • ကူးစက်မြန်မျိုးဗီဇပြောင်းကိုဗစ်အကူးခံရလျှင် ဖြစ်တတ်သည့်လက္ခဏာများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

အမာရွတ်တွေကင်းစင်စေမယ့် သဘာ၀နည်းလမ်းများ

ဆောင်းရာသီမှာ အရေပြားခြောက်သွေ့ကွဲအက်တာကို ကာကွယ်နိုင်ဖို့

အားကစားလုပ်သူတွေအတွက် သွေးပူလေ့ကျင့်ခန်းရဲ့အရေးပါမှု

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2020. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.