fbpx
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor
No Result
View All Result
Home အလှအပနှင့်ကျန်းမာရေး

အိမ်တွင်း မျက်နှာပေါင်းတင်နည်း

How to apply face mask at home
131
VIEWS
Share on FacebookShare on TwitterShare on Linkedin
11/06/2022
in အလှအပနှင့်ကျန်းမာရေး
1 min read
A A

အသားအရေကို ထိန်းသိမ်းဂရုစိုက်တဲ့နေရာမှာ အလှကုန်ပစ္စည်း၊ အလှပြင်ဆိုင်၊ အလှအပရေးရာ ဆေးခန်းစတဲ့စိတ်ကြိုက်ရွေးချယ်စရာတွေ အလွန်များပြားလာပါတယ်။ ဒီလိုများပြားလာတဲ့အတွက် မိမိအိမ်မှာပဲ အလွယ်တကူရရှိနိုင်တဲ့ အိမ်တွင်းပစ္စည်းတွေကိုသုံးပြီး မျက်နှာအသားအရေ ထိန်းသိမ်းမှု ပြုလုပ်နိုင်တာကို မေ့လျော့နေတတ်ကြပါတယ်။ အိမ်တွင်းပစ္စည်းတွေကိုသုံးပြီး မျက်နှာပေါင်းတင်တာဟာ နှစ်ပေါင်းများစွာထဲက အသုံးပြုခဲ့ပြီး ငွေကြေးကုန်ကျသက်သာစွာ လုပ်နိုင်တဲ့ အသားအရေထိန်းသိမ်းမှု နည်းလမ်းတစ်ခုလည်းဖြစ်ပါတယ်။ အိမ်မှာအလွယ်တကူ ရရှိနိုင်တဲ့ အချို့သော အသီးအနှံ၊ အိမ်သုံးပစ္စည်းတွေဟာ ထိခိုက်လွယ်သော အသားအရေ sensitive skin ရှိသူတွေအတွက် အသုံးမပြုသင့်တာကို အထူးသတိထားရပါမယ်။

အိမ်တွင်း မျက်နှာပေါင်းတင်နည်းအတွက် လူသုံးများတဲ့ ပစ္စည်းတစ်မျိုးကတော့ ရှားစောင်းလက်ပါတ် အပင်ရဲ့အတွင်းသားအနှစ် aloe vera gel ဖြစ်ပါတယ်။ ရှားစောင်းလက်ပါတ်ကို အသုံးပြုပြီး မျက်နှာပေါင်းတင်ခြင်းဖြင့် အသားအရေ ခြောက်သွေ့ခြင်းကို သက်သာစိုပြေစေပြီး အသားနီရဲ ယောင်ရမ်းတာ၊ နေလောင်တာတွေကို သက်သာစေပါတယ်။ အချို့သူတွေမှာ ရှားစောင်းလက်ပါတ် အစေးနှင့် ဓါတ်မတည့်ခြင်း ဖြစ်တတ်သောကြောင့် သေချာသန့်စင်ပြီးမှသာ အသုံးပြုသင့်ပါတယ်။ သန့်စင်ပြီး သဘာဝပျားရည်ဟာလည်း မျက်နှာအသားအရေနှင့် ဝက်ခြံအတွက် အကျိုးကျေးဇူးများသော အိမ်တွင်းပစ္စည်း တစ်မျိုးဖြစ်ပါတယ်။

ဗီတာမင်ကြွယ်ဝသော အသီးတစ်မျိုးဖြစ်သည့် သခွါးသီးကိုလည်း ခပ်ပါးပါးလှီးပြီး မျက်နှာပေါင်းတင်ရာမှာအသုံးများကြပါတယ်။ အသားအရေကို အေးမြစေပြီး စိုပြေကြည်လင်စေတဲ့အပြင် မျက်ကွင်းညိုခြင်း၊ မျက်အိတ်ဖောင်းခြင်းနှင့် အမည်းစက်တို့ကို သက်သာစေနိုင်ပါတယ်။အာလူးကို ခပ်ပါးပါးလှီး မျက်နှာပေါ်ကပ်ပေးပြီးလည်း ပေါင်းတင်နိုင်ပါတယ်။ နေ့စဉ်စားသုံးနေသော ဆန်မှုန့်ကိုလည်း သန့်စင်သောရေနှင့် ရောစပ်ပြီး မျက်နှာပေါင်းတင်ပေးနိုင်ပါတယ်။ ကြက်ဥအကာကို မျက်နှာပေါ် သုတ်လိမ်းပေးခြင်းဖြင့် မျက်နှာပေါင်းတင်ကပ်ခွာကဲ့သို့ အသုံးပြုနိုင်ပါတယ်။

ဒိန်ချဉ်ကို မျက်နှာပေါင်းတင်တဲ့အခါ အသုံးပြုပေးခြင်းဖြင့်လည်း အသားအရေကို ဖြူဖွေးကြည်လင်စေပါတယ်။ သဘာဝ ဝါးမီးသွေးအမှုန့်ကိုရေနဲ့ ခပ်ပျစ်ပျစ် ဖျော်၍ဖြစ်စေ၊ နှစ်သက်ရာ အဆီတစ်မျိုးမျိုးနှင့် ရော၍ဖြစ်စေမျက်နှာပေါ် သုတ်လိမ်းပေးပြီး ပေါင်းတင်ပေးခြင်းဖြင့် အသားအရေကို သန့်စင်ပေးပါတယ်။ ရေနွေးနှင့် အုတ်ဂျုံကိုဖျော်ပြီး ဒိန်ချဉ်၊ ပျားရည်၊ ကြက်ဥအကာတို့ဖြင့်ရောစပ်၍ မျက်နှာပေါင်းတင်ဆေးအဖြစ်လည်း အသုံးပြုနိုင်ပါတယ်။

ကျန်းမာရေးနဲ့ ညီညွတ်ပြီး အရသာရှိတဲ့ ငှက်ပျောသီး၊ ထောပါတ်သီးတို့ကို သံလွင်ဆီ၊ ပျားရည် အသုံးပြုပြီး မျက်နှာပေါင်းတင်ခြင်းဟာ အသားအရေအတွက် ကောင်းကျိုးများစေပါတယ်။ သဘာဝကော်ဖီအမှုန့်ကို ပျားရည်နှင့်ရောစပ်ပြီး မျက်လုံးအောက်ဖက်တွင် ၁၀မိနစ်ခန့်ပေါင်းတင်ပေးခြင်းဖြင့် မျက်လုံးတဝိုက် မို့ဖောင်းခြင်းကို သက်သာစေနိုင်ပါတယ်။ ကော်ဖီဟာ အရေပြားရှိ ဆဲလ်သေများကို ဖယ်ရှားပေးပြီး ကော်ဖီတွင်ပါဝင်သော ကဖင်းဓါတ်ဟာ အရေပြားကိုတောက်ပစေပါတယ်။

အိမ်တွင်းပေါင်းတင်နည်း အနေဖြင့် အချို့အသုံးပြုလျက်ရှိသည့် မုန့်ဖုတ်ဆော်ဒါ၊ သွားတိုက်ဆေး၊ နနွင်း၊ သစ်ကြံပိုးနှင့် ဗီနီကာ၊ သံပုရာရည်ကဲ့သို့ အရေပြားကို ပျက်စီးစေသောအရာများကို မျက်နှာပေါ်တိုက်ရိုက် အသုံးပြုခြင်းဟာ အရေပြားအပေါ်ယံရှိ ကာကွယ်ပေးသော ခံတပ်အလွှာ skin barrier ကို ပျက်စီးစေနိုင်တာကြောင့် ရှောင်ကျဉ်သင့်ပါတယ်။ အိမ်တွင်းပစ္စည်းများဟာ သဘာဝပစ္စည်းများ ဖြစ်သော်လည်း အရေပြားပြဿနာရှိသူများ အနေဖြင့် ခန္ဓာကိုယ် အရေပြားပေါ်တွင် သေချာစမ်းသပ်ပြီးမှသာ မျက်နှာပေါင်းတင်ရန် အသုံးပြုသင့်ပါတယ်။

 

Dr. Yee Mon

Previous Post

လက်ဖက်နှင့် လေထိုးလေအောင့်ခြင်း

Next Post

ဝက်ခြံညှစ်လို့ လက်သည်းအဆိပ်တက်ခြင်း

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

If you are considering breast augmentation for women, read on

အမျိုးသမီးတို့ ရင်သားခွဲစိတ် ပြုပြင်ဖို့ စဉ်းစားထားလျှင် ဒီအချက်တွေကို အရင်ဖတ်ပါ

3 weeks ago
92
To make the skin soft like a baby

ကလေးလေးတစ်ယောက်လို နူးညံ့တဲ့ အသားအရေလေးဖြစ်စေဖို့

3 weeks ago
190
Acne can lead to nail poisoning

ဝက်ခြံညှစ်လို့ လက်သည်းအဆိပ်တက်ခြင်း

3 weeks ago
93
Adolescents and acne problems

ဆယ်​ကျော်သက်နှင့် ဝက်ခြံပြဿနာ

4 weeks ago
99
How does onion benefit the skin?

ကြက်သွန်နီက အသားအရေအတွက် ဘယ်လိုအကျိုးပြုလဲ

1 month ago
96
how to take care of your skin during the rainy season

မိုးရာသီမှာ အသားအရေကို ဘယ်လိုထိန်းသိမ်းသင့်လဲ?

1 month ago
121

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

Health Tips

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • ကြို့ ထိုးတာ မြန်မြန်ပျောက်အောင်

    0 shares
    Share 0 Tweet 0
  • အမျိုးသားများ နဲ့ ကြီး ကြာ ရှည်

    0 shares
    Share 0 Tweet 0
  • ကူးစက်မြန်မျိုးဗီဇပြောင်းကိုဗစ်အကူးခံရလျှင် ဖြစ်တတ်သည့်လက္ခဏာများ

    0 shares
    Share 0 Tweet 0
Next Post
Acne can lead to nail poisoning

ဝက်ခြံညှစ်လို့ လက်သည်းအဆိပ်တက်ခြင်း

About VitaminB Group

ဗီတာမင် (ဘီ) အုပ်စုအကြောင်း

How to control overthinking?

အတွေးလွန်ခြင်းကို ဘယ်လိုထိန်းချုပ်မလဲ?

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2020. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.