fbpx
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor
No Result
View All Result
Home ကျန်းမာစေသော အစားအစာ

ဗီတာမင် (ဘီ) အုပ်စုအကြောင်း

About VitaminB Group
104
VIEWS
Share on FacebookShare on TwitterShare on Linkedin
15/06/2022
in ကျန်းမာစေသော အစားအစာ, ကျန်းမာသော နေထိုင်မှုပုံစံ
1 min read
A A

ဗီတာမင်(ဘီ)အုပ်စုဟာ ရေမှာပျော်ဝင်နိုင်တဲ့ ဗီတာမင်အမျိုးအစားဖြစ်တာကြောင့် ခန္ဓာကိုယ်မှာ သိုလှောင်ထားနိုင်ခြင်းမရှိပါဘူး။ ဒါကြောင့် ဗီတာမင်(ဘီ)အုပ်စုပါဝင်တဲ့အစားအစာတွေကို နေ့စဉ်လုံလုံလောက်လောက်စားသုံးပေးဖို့လိုအပ်ပါတယ်။ ဗီတာမင်(ဘီ)အုပ်စုဟာ ခန္ဓာကိုယ်ရဲ့လုပ်ငန်းဆောင်တာအများစုအတွက်အရေးပါပြီး ကျန်းမာရေးကောင်းကျိုးများစွာလည်းရရှိစေပါတယ်။ ဗီတာမင်ဘီအုပ်စုမှာဆိုရင် B1(thiamine), B2(riboflavin), B3(niacin), B5(pantothenic acid), B6(pyridoxine), B7(biotin), B9(folate), B12(cobalamin) စတာတွေပါဝင်နေပါတယ်။

ဗီတာမင် (ဘီ) အုပ်စုဟာဆိုရင် အာရုံကြောကျန်းမာရေး၊ ကြွက်သားကျန်းမာရေး၊ ဆဲလ်ကျန်းမာရေး စတာတွေအတွက် အထောက်အပံ့ဖြစ်စေသလို ကိုယ်ခံအားကောင်းမွန်စေခြင်း၊ အမြင်အာရုံကောင်းမွန်စေခြင်း စတာတွေအတွက်လည်း အရေးပါပါတယ်။ ဗီတာမင် (ဘီ)အမျိုးအစားတစ်ခုချင်းစီရဲ့ ကျန်းမာရေးကောင်းကျိုးလေးတွေကို ဆက်လက်ဖော်ပြပေးသွားပါမယ်။

ဗီတာမင် B1
ဗီတာမင် B1 ဟာ ခန္ဓာကိုယ်တွင်းဇီဝရုပ်ဖြစ်ပျက်မှုတွေကို ကောင်းစွာလည်ပတ်နိုင်အောင် ထောက်ပံ့ပေးပြီး အစားအစာမှစွမ်းအင်အဖြစ်သို့ ပြောင်းလဲနိုင်အောင် ကူညီပေးပါတယ်။ ဒါ့အပြင် ဦးနှောက်၊ နှလုံးစတဲ့ အရေးကြီးအင်္ဂါအစိတ်အပိုင်းတွေကျန်းမာအောင်လည်း ပံ့ပိုးပေးနိုင်ပါတယ်။ အဓိကအားဖြင့် ဝက်သား၊ နေကြာစေ့ စတာတွေကနေ ဗီတာမင် B1 ကို ရရှိနိုင်ပါတယ်။

ဗီတာမင် B2
ဗီတာမင် B2 ဟာ ခန္ဓာကိုယ်တွင်း အဆီနဲ့ဆေးဝါးတွေကို ခြေဖျက်နိုင်ဖို့ ကူညီပေးပါတယ်။ အမဲသား၊ မှို၊ အသား
စတာတွေကနေ ဗီတာမင် B2ကို ရယူနိုင်ပါတယ်။

ဗီတာမင် B3
ဗီတာမင် B3 ဟာ အာရုံကြောကျန်းမာစေခြင်း၊ အသားအရေကျန်းမာစေခြင်းနဲ့ အစာခြေစနစ်အတွက် အထောက်အပံ့ဖြစ်စေပါတယ်။ ဗီတာမင် B3 ကို ကြက်သား၊ တူနာငါးနဲ့ ပဲအမျိုးမျိုးတို့ စားသုံးခြင်းဖြင့် ရရှိနိုင်ပါတယ်။

ဗီတာမင် B5
ဗီတာမင် B5 ဟာလည်း ဦးနှောက်နဲ့အာရုံကြောကျန်းမာစေဖို့ များစွာအထောက်အပံ့ဖြစ်စေပါတယ်။ ဗီတာမင် B5 ပါဝင်တဲ့ အစားအစာတွေကတော့ အသည်း၊ ငါး၊ ဒိန်ချဉ်နဲ့ ထောပတ်သီး စတာတွေဖြစ်ပါတယ်။

ဗီတာမင် B6
ဗီတာမင် B6 ကတော့ သွေးနီဥအသစ်တွေထုတ်လုပ်နိုင်ဖို့အတွက် များစွာအရေးပါပါတယ်။ ဒါ့အပြင် ခုခံအားစနစ်ကိုလည်း ကောင်းမွန်စေပါတယ်။ ဆယ်လ်မွန်ငါး၊ အာလူး စတာတွေမှာ ဗီတာမင် B6 အများဆုံး ပါဝင်နေပါတယ်။

ဗီတာမင် B7
ဗီတာမင် B7 (ခေါ်) biotin ဟာ ဆံပင်နဲ့လက်သည်းခြေသည်းတွေ ကျန်းမာလှပဖို့ ကူညီပေးနိုင်ပါတယ်။ ဆယ်လ်မွန်ငါး၊ အသည်း၊ ကြက်ဥ၊ ချိစ် စတာတွေကနေ biotin ကို ရရှိနိုင်ပါတယ်။

ဗီတာမင် B9
ဗီတာမင် B9 (ခေါ်) folic acid ဟာ DNA နဲ့ genes တွေ ဖွဲ့စည်းတည်ဆောက်ဖို့အတွက်အရေးပါပါတယ်။ အထူးသဖြင့် ကိုယ်ဝန်ဆောင်ကာလမှာ folic acid ကို အထူးလိုအပ်ပြီး မွေးလာတဲ့ကလေးမှာ ချို့ယွင်းချက်တွေရှိမလာစေဖို့ ကာကွယ်ပေးပါတယ်။ အစိမ်းရောင်အသီးအရွက်များ၊ ပဲအမျိုးမျိုးနဲ့ အသည်းစတာတွေမှာ ဗီတာမင် B9 ပါရှိနေပါတယ်။

ဗီတာမင် B12
သွေးတွင်းဆဲလ်တွေနဲ့ အာရုံကြောစနစ်ကျန်းမာစေဖို့ ဗီတာမင် B12လိုအပ်ပါတယ်။ ဗီတာမင် B12 လုံလောက်စွာစားသုံးရင် သွေးအားနည်းခြင်းကိုလည်း ကာကွယ်ပေးနိုင်မှာဖြစ်ပါတယ်။ အသား၊ ပင်လယ်စာ၊ ကြက်ဥ၊ နို့ထွက်ပစ္စည်း စတာတွေကနေ ဗီတာမင် B12 ကို ရရှိနိုင်ပါတယ်။

ဗီတာမင် (ဘီ) အုပ်စုကို နေ့စဉ်အစားအစာတွေကနေ လုံလုံလောက်လောက်ရရှိအောင်စားသုံးသင့်ပါတယ်။ အထူးသဖြင့် ကိုယ်ဝန်ဆောင်မိခင်တွေ၊ သတ်သတ်လွတ်စားသူတွေ၊ အစာအိမ်နဲ့အူလမ်းကြောင်းမှာ ခွဲစိတ်ဖြတ်ထုတ်ဖူးသူတွေ၊ အသက်အရွယ်ကြီးမြင့်သူတွေ၊ ရောဂါအခံရှိသူတွေ စတာတွေကတော့ ဗီတာမင် (ဘီ) အုပ်စုကို အခြားသူတွေထက် ပိုမိုလိုအပ်တာကြောင့် ဗီတာမင် B complex အားဆေးလေးတွေကို သောက်သုံးပေးရမှာဖြစ်ပါတယ်။

Author : Dr. Aye Myat Mon

Previous Post

ဝက်ခြံညှစ်လို့ လက်သည်းအဆိပ်တက်ခြင်း

Next Post

အတွေးလွန်ခြင်းကို ဘယ်လိုထိန်းချုပ်မလဲ?

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Cough due to high temperature

အပူများလို့​ ချောင်းဆိုးတာ

10 hours ago
36
Unlock Scientific secrets of Healthy Lifestyle with alternative protein for Muscle strengthen and immunity

ကျန်းမာတဲ့ ဘဝနေထိုင်မှု ပုံစံအတွက် ကြွက်သားအားနဲ့ ကိုယ်ခံစွမ်းအားတက်လာဖို့ ပရိုတင်း ရင်းမြစ်တွေနဲ့အတူ သိပ္ပံနည်းကျ လျှို့ဝှက်ချက်တစ်ခုကို ဖော်ထုတ်ကြည့်ခြင်း

1 day ago
171
Potato Nutrition and Benefits

အာလူး အာဟာရများနဲ့ အကျိုးကျေးဇူးများ

1 week ago
794
Why are people taking Type 1 collagen?

ဘာကြောင့် Type 1 collagen သောက်သုံး လာကြတာလဲ?

2 weeks ago
115
How to control overthinking?

အတွေးလွန်ခြင်းကို ဘယ်လိုထိန်းချုပ်မလဲ?

3 weeks ago
165
Tea and flatulence

လက်ဖက်နှင့် လေထိုးလေအောင့်ခြင်း

4 weeks ago
75

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

Health Tips

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • ကြို့ ထိုးတာ မြန်မြန်ပျောက်အောင်

    0 shares
    Share 0 Tweet 0
  • အမျိုးသားများ နဲ့ ကြီး ကြာ ရှည်

    0 shares
    Share 0 Tweet 0
  • ကူးစက်မြန်မျိုးဗီဇပြောင်းကိုဗစ်အကူးခံရလျှင် ဖြစ်တတ်သည့်လက္ခဏာများ

    0 shares
    Share 0 Tweet 0
Next Post
How to control overthinking?

အတွေးလွန်ခြင်းကို ဘယ်လိုထိန်းချုပ်မလဲ?

To make the skin soft like a baby

ကလေးလေးတစ်ယောက်လို နူးညံ့တဲ့ အသားအရေလေးဖြစ်စေဖို့

If you are considering breast augmentation for women, read on

အမျိုးသမီးတို့ ရင်သားခွဲစိတ် ပြုပြင်ဖို့ စဉ်းစားထားလျှင် ဒီအချက်တွေကို အရင်ဖတ်ပါ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2020. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.