fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အလှအပနှင့်ကျန်းမာရေး

ဆောင်းရာသီနှင့် အသားအရေထိန်းသိမ်းနည်း

Winter and skin care
221
VIEWS
Share on FacebookShare on TwitterShare on Linkedin
24/11/2022
in အလှအပနှင့်ကျန်းမာရေး
1 min read
A A

ဆောင်းရာသီလို အအေးဓါတ်ကဲတဲ့ ရာသီမှာ အရေပြားခြောက်သွေ့အက်ကွဲတာ၊ အရေပြားယားယံတာ၊ နီရဲတာ roscea၊ နှင်းခူ eczema၊ ဂျွတ်ပွေးနာ ဆိုရီရေးစစ် psoriasis အရေပြားရောဂါ၊ ဓါတ်မတည့်တာတွေပိုဖြစ်တတ်ပါတယ်။ ဒါကြောင့် ဆောင်းရာသီမှာ အရေပြားအလှအပ ထိန်းသိမ်းမှု သေချာပြုလုပ်ဖို့ လိုအပ်ပါတယ်။ မျက်နှာသန့်စင်ဆေး ရွေးချယ်ရာမှာ အစိုဓါတ်ဖြည့်ပေးပြီး မွှေးရနံ့မပါတဲ့ fragrance-free hydrating cleanser အပျော့စား မျက်နှာသစ်ဆေး အသုံးပြုပေးခြင်းဖြင့် မျက်နှာအရေပြားရဲ့ သဘာဝအစိုဓါတ်များ မဆုံးရှုံးအောင် ကာကွယ်ပေးနိုင်ပါတယ်။

အသားအရေ ထိန်းသိမ်းတဲ့အလှကုန် ရွေးချယ်ရာမှာ ပြင်းထန်ဓါတုပစ္စည်းများ မပါတဲ့ အမျိုးအစားများ၊ အမွှေးနံ့မပါသော အလှကုန်များကို ရွေးချယ်သင့်ပါတယ်။ မျက်နှာသန့်စင်ပြီးတိုင်း Ceramides၊ hyaluronic acid၊ Petrolatum စတဲ့ အစိုဓါတ်ဖြည့် ဒြပ်ပေါင်းများပါဝင်တဲ့ moisturizer ကို ရွေးချယ်လိမ်းပေးသင့်ပါတယ်။ အရေပြား အစိုဓာတ်ထိန်းပေးသော အလှဆီ၊ cream ခရင်မ်များ၊ Body butter၊ လိုးရှင်း Body Lotion၊ Body Oil လို အဆီတစ်မျိုးမျိုးကို မျက်နှာသန့်စင်၊ရေချိုးပြီးတိုင်း ပုံမှန်လိမ်းပေးသင့်ပါတယ်။

ဆောင်းရာသီမှာ အအေးဓါတ်ကြောင့် ရေနွေးဖြင့် ရေချိုးခြင်း၊ ရေနွေးစိမ်ခြင်းတို့ကြောင့် အသားအရေ ပိုခြောက်သွေ့တတ်ပါတယ်။ ထို့ကြောင့်ရေကို ကြက်သီးနွေးခန့် အပူချိန်ဖြင့် ၅-၁၀ မိနစ်ခန့်သာ အချိန်ယူချိုးသင့်ပါတယ်။ နေရောင်မပြင်းသော်လည်း နေရောင်ခြည်တွင် ပါဝင်သော ခရမ်းလွန်ရောင်ခြည်ဒါဏ်မှ ကာကွယ်ပေးသည့် Sun Protection Factor- SPF ၃၀ ပါဝင်သော နေရောင်ကာလိမ်းဆေးကို အမြဲပုံမှန်လိမ်းပေးခြင်းဖြင့် အရေပြားခြောက်သွေ့ ပျက်စီးမှု ကာကွယ်မှုပေးနိုင်ပါတယ်။

အသားအရေခြောက်သွေ့လို့အရေပြားချေးချွတ်တာ မပြုလုပ်ပဲနေတာဟာလည်း အစိုဖြည့် အလှဆီများကို မစိမ့်ဝင်စေဘဲ ပိုခြောက်သွေ့စေနိုင်ပါတယ်။ ကြမ်းတမ်းသော ချေးချွတ်ဆေး scrubs များကို ရှောင်ကျဉ်ပြီး အပျော့စား ချေးချွတ်ဆေး၊ လက်တစ်အက်ဆစ် lactic acid ပါ ချေးချွတ်ဆေး၊ အလှကုန်များ အသုံးပြုပြီး light exfoliation ပြုလုပ်ပေးသင့်ပါတယ်။ အသားအရေကို ခြောက်သွေ့စေနိုင်တဲ့ ရက်တီနော retinols၊ ရက်တီနွိုက် retinoids၊ အရေပြားချေးချွတ်သော အက်ဆစ်များ exfoliating acids၊ ဗီတာမင်စီ vitamin C ပါဝင်သော အလှကုန်များ အသုံးပြုခြင်း၊ ဓါတုနည်းဖြင့် အရေပြား အပေါ်ယံလွှာ ချေးချွတ်ခြင်းတို့ကို သတိထားသင့်ပါတယ်။

ညအိပ်ယာဝင်တိုင်း overnight treatment မျက်နှာနှင့် ခန္ဓာကိုယ်အရေပြား၊ နှုတ်ခမ်းတို့ကို အစိုဓါတ် လုံလောက်အောင် ဖြည့်ပေးခြင်းဖြင့် အရေပြားအစိုဓါတ်ပြည့်ဝစေပြီး ခြောက်သွေ့အက်ကွဲတာ ကာကွယ်နိုင်ပါတယ်။ အရေပြားခြောက်သွေ့အက်ကွဲမှု သက်သာစေမယ့် အဆီဓါတ်ပြည့်ဝသော အစေ့အဆန်မှရသည့် shea butter, cocoa butter၊ sweet almond oil ၊ အဆီအနှစ်များ၊ သဘာဝအဆီများ rosehip oil၊ jojoba oil၊ သံလွင်ဆီ olive oil ၊ petroleum jelly အခြေခံသော အသားလှခရမ်များကို ဆောင်းရာသီမှာ ဖြည့်စွက်အသုံးပြုပေးသင့်ပါတယ်။

အအေးဓါတ်ကြောင့် ဆောင်းတွင်းမှာ ရေသောက်နည်းပြီး ရေဓါတ်ခမ်းခြောက်တာ ဖြစ်တတ်ပါတယ်။ ခန္ဓာကိုယ်ကို ရေဓါတ်လုံလောက်အောင် ဖြည့်ပေးပြီး ပုံမှန်ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ပေးခြင်းဖြင့် သွေးလည်ပါတ်မှုကောင်းစေပြီး အသားအရေကို စိုပြေတောက်အစေနိုင်ပါတယ်။ ဆောင်းရာသီမှာ အစိုဓါတ်လုံလောက်အောင် ဖြည့်ပေးဖို့အရေးကြီးသလို အရေပြားအက်ကွဲခြောက်သွေ့မှု ဆိုးလာလျှင် အရေပြားအထူးကုနှင့် တိုင်ပင်ဆွေးနွေး ကုသပြီး ကျန်းမာလှပသော အရေပြားကို ထိန်းသိမ်းနိုင်ပါတယ်။

Author: Dr.Yee Mon

Previous Post

အမျိုးသားတွေရော ကော်လာဂျင်သောက်လို့ရလား

Next Post

ဆောင်းရာသီနှင့် သတိပြုရမယ့်ကြွက်သားပြဿနာများ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

မိန်းကလေးများ ပြုလုပ်သင့်သော kegel လေ့ကျင့်ခန်း

2 months ago
253

ဆံပင်တွေအရမ်းကျွတ်နေရင်

3 months ago
225
To make the skin clear and white from the inside

အသားအရေ အတွင်းပိုင်းထိ ကြည်လင်ဖြူစင် ဝင်းပစေဖို့

3 months ago
501
The type of skin whitening medicine that makes the skin white and beautiful without side effects

ဘေးထွက်ဆိုးကျိုးမရှိဘဲ အသားအရေ ဖြူစင်ဝင်းပစေမယ့် အသားဖြူဆေးအမျိုးအစား

5 months ago
596
When is the best time to take collagen

ကော်လာဂျင်သောက်ဖို့ အကောင်းဆုံးအချိန်

5 months ago
988

အရေပြားလျော့ရဲစေတဲ့ အကြောင်းအရင်းများ

5 months ago
581

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • အမျိုးသားများ နဲ့ ကြီး ကြာ ရှည်

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အစာအိမ်နှင့် အူလမ်းကြောင်းဆိုင်ရာပြဿနာ ဖြစ်ပွားရသည့် အကြောင်းအရင်းများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post
Winter and muscle problems to watch out for

ဆောင်းရာသီနှင့် သတိပြုရမယ့်ကြွက်သားပြဿနာများ

Why men lose their sexuality prematurelyuality -prematurely

အမျိုးသားများ အရွယ်မတိုင်ခင် လိင်စိတ်နည်းပါးလာရခြင်းအကြောင်း

For adults to be healthy and fresh in winter

လူကြီးတွေ ဆောင်းရာသီမှာ ကျန်းမာလန်းဆန်းဖို့ဆိုရင်

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2020. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.