fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ကျန်းမာသော နေထိုင်မှုပုံစံ

လူကြီးတွေ ဆောင်းရာသီမှာ ကျန်းမာလန်းဆန်းဖို့ဆိုရင်

For adults to be healthy and fresh in winter
441
VIEWS
Share on FacebookShare on TwitterShare on Linkedin
28/11/2022
in ကျန်းမာသော နေထိုင်မှုပုံစံ
1 min read
A A

ဆောင်းရာသီသည် အေးမြသောရာသီဥတုကြောင့် နေထိုင်၍ကောင်းသည်ဟု လူအများစု သတ်မှတ်လေ့ရှိကြပါသည်။ အပူချိန်သည် နွေရာသီကဲ့သို့ မြင့်မားမှုမရှိခြင်း၊ ပတ်ဝန်းကျင်သည် မိုးရာသီကဲ့သို့ စိုထိုင်းမှုမရှိခြင်းတို့ကြောင့် ထိုယူဆချက်သည် အကြမ်းဖျင်းအားဖြင့် မှန်ကန်သည်ဟု ယူဆနိုင်ပါသည်။

သို့သော် အေးမြသည့်အခြေအနေသည်လည်း လူသားတို့၏ ကျန်းမာရေးကို အစဉ်အမြဲ အထောက်အကူ ပြုနိုင်သည်တော့ မဟုတ်ပေ။ တစ်ခါတစ်ရံ အေးမြသည့် ပတ်ဝန်းကျင်ကြောင့် ကျန်းမာရေး အခြေအနေ ပိုမို ဆိုးရွားသွားသည်များလည်း ရှိပါသည်။ အထူးသဖြင့် အသက်အရွယ် ကြီးရင့်သော လူကြီးများသည် အေးမြသော ဆောင်းရာသီတွင် ကျန်းမာရေး ပြဿနာများကို အနည်းနှင့် အများဆိုသလို ကြုံတွေ့ရတတ်ပါသည်။ထို့ကြောင့် လူကြီးသူမများ ကျန်းမာစွာဖြင့်၊ လန်းဆန်းစွာဖြင့် ဆောင်းရာသီကို ကျော်ဖြတ်နိုင်ရန်အတွက် အကြံပြုချက်အချို့ကို တင်ပြလိုက်ရပါသည်။

နွေးနွေး ထွေးထွေး နေပါ

အေးမြသော အခြေအနေသည် ခန္ဓာကိုယ်တွင်ရှိသော သွေးကြောများကို ကျဉ်းမြောင်းစေသည့်အတွက် သွေးလှည့်ပတ်မှုကို နည်းပါး နှေးကွေးစေပါသည်။ ထို့ကြောင့် ခန္ဓာကိုယ်၏ အင်္ဂါအစိတ်အပိုင်းများကို သွေးရောက်ရှိမှုနည်းပါးသွားကာ အဆိုပါ အင်္ဂါအစိတ်အပိုင်းများ၏ လုပ်ငန်းဆောင်တာများကို နှေးကွေးလျော့ကျသွားစေပါသည်။ အထူးသဖြင့် ကြွက်သားကဲ့သို့သော အင်္ဂါအစိတ်အပိုင်းများသို့ သွေးရောက်ရှိမှု နည်းပါးသွားသောအခါ ကြွက်သားများ တင်းမာခြင်း၊ နာကျင်ခြင်း၊ ဒဏ်ဖြစ်ခြင်း စသောပြဿနာများကို ကြုံတွေ့ ခံစားရတတ်ပါသည်။

ထို့ကြောင့် နွေးနွေးထွေးထွေး ဖြစ်အောင် ဝတ်စားခြင်း၊ နေထိုင်ခြင်းအားဖြင့် သွေးလှည့်ပတ်မှုကို ကောင်းမွန်စေကာ၊ ခန္ဓာကိုယ်စနစ်များ၏ လုပ်ငန်းဆောင်တာများအား မှန်ကန်စေ၍ ကျန်းမာလန်းဆန်းလာစေမည် ဖြစ်ပါသည်။အထူးသဖြင့် ညဘက် အိပ်စက်သည့်အချိန်တွင် နွေးနွေးထွေးထွေး ဖြစ်အောင် ပိုမိုဂရုစိုက် သင့်ပါသည်။

အစားအသောက်ကို ဂရုပြုပါ

အေးမြသော ရာသီဥတုသည် ခန္ဓာကိုယ်တွင် ဖြစ်ပွားနေသော ဇီဝဖြစ်စဉ်များ ဖြစ်ပွားမှုနှုန်းကို နှေးကွေးစေပါသည်။ ထိုသို့ ဇီဝဖြစ်စဉ်များ နှေးကွေးလာသောအခါ အစာခြေသည့်စနစ်သည်လည်း လိုက်ပါ နှေးကွေးလာပါတော့သည်။ ထို့ကြောင့် ဆောင်းရာသီအချိန်အခါတွင် အစာမကြေခြင်း ဖြစ်စဉ်များ ပိုမို ဖြစ်ပွားရခြင်း ဖြစ်ပါသည်။ ထိုသို့ မဖြစ်စေရန်အတွက် စားသောက်သော အစားအစာများကို ပိုမို ဂရုစိုက်ရန် လိုအပ်ပါသည်။

အစားအစာများစားသောက်သောအခါ တတ်နိုင်သမျှ ပူပူနွေးနွေး စားသောက်ခြင်းဖြင့် နွေးထွေးမှုကို ရရှိစေသည့်အပြင် သွေးလှည့်ပတ်မှုကိုလည်း ပိုမို မြန်ဆန်လာစေရန် အထောက်အကူ ပြုပေးနိုင်ပါသည်။ ကြက်စွပ်ပြုတ်ကဲ့သို့ စွပ်ပြုတ် ပူပူနွေးနွေးလေးကို သောက်ပေးခြင်းအားဖြင့်လည်း နွေးထွေးမှုအပြင် လူကြီးများ လိုအပ်သော အာဟာရဓာတ်များကိုလည်း ရရှိစေနိုင်ပါသည်။ ထို့အပြင် ခေါက်ဆွဲပြုတ်၊ မြူစွမ်ပြုတ် စသည်တို့ကို မိမိတို့ နှစ်သက်သော အသား၊ ငါးများဖြင့် ချက်ပြုတ်ကာ ပူပူနွေးနွေး သောက်သုံးပေးနိုင်ပါသည်။ ဟင်းရည်ပူပူနွေးနွေးလေးကို ထမင်း၊ ဟင်းတို့နှင့်လည်း တွဲဖက် စားသုံးနိုင်ပါသည်။

ထို့အပြင် ချက်ပြုတ်စားသောက်သော ဟင်းလျာများတွင် ဂျင်း၊ ကြက်သွန်၊ ငရုပ်သီး၊ နနွင်း စသည့် ခန္ဓာကိုယ်အတွင်း အပူဓာတ်များကို ပေးစွမ်းနိုင်သည့် အရာများကို ထည့်သွင်းချက်ပြုတ်ခြင်းအားဖြင့်လည်း အနွေးဓာတ်ကို ရယူနိုင်ပါသည်။ အထက်ပါ အစားအစာများသည် ခန္ဓာကိုယ်ကို အပူဓာတ်ကို ပေးစွမ်းနိုင်သည့်အပြင် လည်ပင်းနာခြင်းကို သက်သာစေခြင်း၊ အရိုးအဆစ်များနှင့် ကြွက်သားများ နာကျင်မှု၊ ညောင်းညာမှုများကို သက်သာစေခြင်း၊ ကိုယ်ခံအားကို တိုးတက်စေခြင်း စသော ဂုဏ်သတ္တိများလည်း ရှိကြောင်းတွေ့ရှိရပါသည်။

လူကြီးများ ဆောင်းရာသီတွင် ကျန်းကျန်းမာမာ လန်းလန်းဆန်းဆန်း နေနိုင်စေနိုင်သည့် နောက်ထပ် အစားအသောက်တစ်မျိုးမှာ ချဉ်သော အရသာရှိသော အသီးအနှံများ ဖြစ်ပါသည်။ ထိုအသီးအနှံတို့တွင် ဗီတာမင် စီ ကြွယ်ဝစွာ ပါဝင်သောကြောင့် ကိုယ်ခံအားကို တိုးတက်စေနိုင်ပါသည်။ ထို့ကြောင့် ဆောင်းရာသီတွင် အအေးမိကာ ဖျားနာခြင်း မဖြစ်စေရန် ကာကွယ်ပေးနိုင်ပါသည်။သို့သော် အစာအိမ်နှင့် အူလမ်းကြောင်းဆိုင်ရာ ရောဂါ၊ ပြဿနာများရှိသော သူများတွင်မူ ထိုသို့ ပူစပ်သော အစားအစာများ၊ ချဉ်သော အစားအစာများကို စားသုံးသည့်အခါ အလွန်အကျွံ မဖြစ်စေရန် ချင့်ချိန်၍ စားသုံးရမည် ဖြစ်ပါသည်။

အစားအစာများကို ကြေညက်လွယ်စေသည့် နောက်ထပ် နည်းလမ်းကောင်းတစ်ခုမှာ အစားအစာများကို ပမာဏ နည်းနည်းဖြင့် မကြာခဏ စားသောက်ခြင်း ဖြစ်ပါသည်။ ထိုသို့ စားသောက်ခြင်းဖြင့် အစာခြေဖျက်ခြင်း လုပ်ငန်းစဉ်များကို ပိုမို အဆင်ပြေ ချောမွေ့လွယ်ကူစေရန် ကူညီပေးနိုင်ပါသည်။

ရေများများသောက်ပါ

ဆောင်းရာသီတွင် အေးမြသော ပတ်ဝန်းကျင်ကြောင့် ခြေလက်များဆီသို့ သွေးများကို ပို့ဆောင်ပေးသော သွေးကြောများ ကျဉ်းလာလေ့ရှိပါသည်။ ထို့ကြောင့် ခြေလက်များဆီသို့ သွေးစီးဆင်းမှု နည်းပါးလာကာ ခြေဖျား၊ လက်ဖျားများ အေးစက်လာလေ့ရှိပါသည်။

ထိုသို့ ခြေလက်များဆီသို့ လှည့်ပတ်သော သွေးပမာဏလျော့ကျသွားသောအခါ ခန္ဓာကိုယ်၏ အတွင်းဘက်ခြမ်းတွင် သွေးပမာဏများ ပိုမိုများပြားစုဝေးနေတတ်ပါသည်။ ထိုသို့ စုဝေးနေခြင်းကြောင့် ခန္ဓာကိုယ်တွင် ရေဓာတ်ပြည့်ဝနေသည်ဟု ဦးနှောက်သည် ထင်မှတ်မှားကာ ရေငတ်ခြင်းကို ဖြစ်စေသော လှုံ့ဆော်မှုတို့ကို ပြုလုပ်တော့မည် မဟုတ်ပေ။ ထို့ကြောင့် ဆောင်းရာသီ အေးမြသောအခါတွင် ခန္ဓာကိုယ်တွင် ရေဓာတ်လျော့နည်းနေသော်လည်း ရေငတ်သည့် ခံစားချက် ဖြစ်ခဲပေလိမ့်မည်။

ထို့အပြင် ကျောက်ကပ်မှ ရေဓာတ်များကို ထိန်းသိမ်းရန်အတွက် ဟော်မုန်းများ၏ ထိန်းချုပ်မှုမှာလည်း နည်းပါးနေမည် ဖြစ်သောကြောင့် ကျောက်ကပ်သည် ဆီးပမာဏ များစွာကို စွန့်ထုတ်ပေးလိမ့်မည်။ထိုသို့ ရေဓာတ်လျော့နည်းနေသော်လည်း ရေငတ်ခြင်းဖြစ်ခဲသောကြောင့် ရေသောက်ရန် မေ့လျော့နေခြင်းနှင့် ဆီးပမာဏများစွာ စွန့်ထုတ်ခြင်းတို့ကြောင့် ခန္ဓာကိုယ်တွင် ရေဓာတ်ပိုမို လျော့နည်း လာတတ်ပါသည်။ ထို့ကြောင့် အေးမြသော ဆောင်းရာသီတွင် သတိပြု၍ ဂရုတစိုက်နှင့် ရေသောက်ပေးရန် လိုအပ်ပါသည်။ထိုသို့ သောက်သုံးသောအခါ ရိုးရိုးရေသာမက ရေနွေး၊ ရေနွေးကြမ်းတို့ကိုလည်း သောက်သုံးပေးနိုင်ပါသည်။ ရေနွေး၊ ရေနွေးကြမ်းတို့ကို သောက်သုံးပေးခြင်းအားဖြင့် ရေဓာတ်အပြင် အနွေးဓာတ်ကိုလည်း ခန္ဓာကိုယ်မှ ရရှိနိုင်မည် ဖြစ်ပါသည်။

လေ့ကျင့်ခန်း ပြုလုပ်ပါ

ဆောင်းရာသီတွင် ကျန်းမာလန်းဆန်းစေရန်အတွက် လူကြီးများ မဖြစ်မနေပြုလုပ်သင့်သည့် နောက်ထပ် အချက်တစ်ခုမှာ လေ့ကျင့်ခန်း ပြုလုပ်ခြင်းပင် ဖြစ်ပါသည်။

အထက်တွင် တင်ပြခဲ့သည့်အတိုင်း ဆောင်းရာသီတွင် အေးမြသော ရာသီဥတုကြောင့် သွေးကြောများ ကျဉ်းမြောင်းကာ ခြေလက်များတွင် သွေးလှည့်ပတ်မှု နည်းပါးနေမည် ဖြစ်ပါသည်။ ထို့ကြောင့် လေ့ကျင့်ခန်းများကို ပြုလုပ်ခြင်းအားဖြင့် ခြေလက်များတွင် သွေးလှည့်ပတ်မှုကို မြှင့်တင်နိုင်မည် ဖြစ်ပါသည်။ထို့အပြင် ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းပြုလုပ်သည့်နေရာတွင် အသုံးပြုရန်အတွက် ခန္ဓာကိုယ်မှ စွမ်းအင်များကို ထုတ်လုပ်သည့် ဖြစ်စဉ်တွင် စွမ်းအင်နှင့် အတူတကွ ထွက်ပေါ်လာသည့် အပူဓာတ်ကြောင့်လည်း ခန္ဓာကိုယ်ကို ပိုမို နွေးထွေးစေပါသည်။

လေ့ကျင့်ခန်းများ ပြုလုပ်ရာတွင် သတိပြုရမည့်အချက်တစ်ခုမှာ ဆောင်းရာသီတွင် ကြွက်သားများသည် လုပ်ငန်းဆောင်တာများကို လုပ်ဆောင်နိုင်စွမ်း ကျဆင်းနေတတ်သောကြောင့် လူကြီးများအနေဖြင့် လမ်းလျှောက်ခြင်း၊ ယောဂပြုလုပ်ခြင်း စသော အပေ့ါစားလေ့ကျင့်ခန်းများကိုသာ ဖြည်းဖြည်းမှန်မှန် ပြုလုပ်ပေးသင့်ပါသည်။ အကယ်၍ ပြင်းထန်သော လေ့ကျင့်ခန်းများ ပြုလုပ်မည်ဆိုပါက သွေးပူလေ့ကျင့်ခန်း ပြုလုပ်ပြီးမှသာလျှင် အဆိုပါ လေ့ကျင့်ခန်းများကို ပြုလုပ်ပေးသင့်ပါသည်။

လေ့ကျင့်ခန်းများ ပြုလုပ်ခြင်းသည် ဆောင်းရာသီတွင် လူကြီးများအား ခန္ဓာကိုယ်၏ ဇီဝဖြစ်စဉ်များကို ထိန်းညှိခြင်းတွင် ကူညီနိုင်သကဲ့သို့ စိတ်ပိုင်းဆိုင်ရာကိုလည်း ပိုမို လန်းဆန်း ကြည်လင်စေပါသည်။ ထိုသို့ ကိုယ်ချမ်းသာ၊ စိတ်ကျန်းမာခြင်းသည် ကိုယ်ခံစွမ်းအားကိုလည်း တိုးတက်စေရန် တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုနိုင်ကြောင်း တင်ပြအပ်ပါသည်။

ဒေါက်တာမိုး (ဆေး ၁)

Previous Post

အမျိုးသားများ အရွယ်မတိုင်ခင် လိင်စိတ်နည်းပါးလာရခြင်းအကြောင်း

Next Post

သွေးဆုံးချိန်မှာ ပုံမှန်အတိုင်းဖြတ်သန်းနိုင်ဖို့

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

ဆယ်ကျော်သက်အရွယ်ကျော်သွားရင် အရပ်ရှည်နိုင်သေးလား?

1 month ago
447

အရပ်ပုခြင်း၊ ရှည်ခြင်းဟာမိဘမျိုးရိုးနဲ့ဆိုင်လား?

2 months ago
447

အလွှာခြားတာကောင်းလား?

4 months ago
401
In the summer, when the air conditioner and fan are used too much

နွေရာသီမှာ အဲကွန်း၊ပန်ကာ အလွန်အကျွံသုံးမိတဲ့အခါ

6 months ago
304

ပန်ဒါမျက်ဝန်းလေး မဖြစ်စေဖို့

6 months ago
421

Screen Time တွေကြောင့် ညအိပ်မပျော်ခြင်း

6 months ago
359

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • အမျိုးသားများ နဲ့ ကြီး ကြာ ရှည်

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post
To go through menopause normally

သွေးဆုံးချိန်မှာ ပုံမှန်အတိုင်းဖြတ်သန်းနိုင်ဖို့

to be used with bleaching agents things to avoid

အသားဖြူဆေးနှင့် ဆောင်ရန်၊ ရှောင်ရန်များ

causes of acne

ဝက်ခြံပေါက်ရခြင်း အကြောင်းအရင်းများ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2020. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.