fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ကျန်းမာသော နေထိုင်မှုပုံစံ

ဆောင်းရာသီနှင့် သတိပြုရမယ့်ကြွက်သားပြဿနာများ

Winter and muscle problems to watch out for
4.3k
VIEWS
Share on FacebookShare on TwitterShare on Linkedin
25/11/2022
in ကျန်းမာသော နေထိုင်မှုပုံစံ
1 min read
A A

ဆောင်းရာသီဟု ဆိုလိုက်သည်နှင့် အေးမြသော ပတ်ဝန်းကျင် အခြေအနေကြောင့် ပိုမိုနေထိုင်လို့ ကောင်းမွန်ကြောင်း လူအများစုက လက်ခံထားကြပါသည်။ ချမ်းချမ်းစီးစီးဖြင့် အိပ်ရာတွင် ကွေးနေရသည့်အရသာ၊ ချမ်းအေးသည့်အချိန်တွင် ကော်ဖီပူပူလေး၊ ဟင်းရည်နွေးနွေးလေးကို သောက်ရသည့် အရသာများသည် လူအများကြိုက်နှစ်သက်သည့် ဆောင်းရာသီ၏ ချစ်စရာအချက်လေးများ ဖြစ်ပါသည်။ထို့အပြင် အေးမြသည့် ဆောင်းတွင်းမနက်ခင်းတွင် ကိုယ်လက်လေ့ကျင့်ခန်းများ ပြုလုပ်ရသည်ကိုလည်း လူအများစု ကြိုက်နှစ်သက်လေ့ရှိကြပါသည်။ အေးမြသော လေပြေများအကြား၊ မြူနှင်းများအကြားတွင် လေ့ကျင့်ခန်းများ ပြုလုပ်သောအခါ ချွေးထွက်မှု၊ ပင်ပန်းမှု နည်းပါးစွာဖြင့် လေ့ကျင့်ခန်းများ ပြုလုပ်နိုင်ခြင်းကြောင့် နှစ်သက်ကြခြင်း ဖြစ်ကြပါသည်။

သို့သော် အေးမြသော ရာသီဥတုသည် ခြေလက်များ၏ ကြွက်သားများအတွက်မူ နှစ်လိုစရာကောင်းသည့် အခြေအနေတစ်ရပ်မဟုတ်မှန်းကို လူအများစု သတိမထားမိတတ်ပေ။ ထို့သို့ သတိမပြုမိခြင်းကြောင့် ကြွက်သားနာကျင်ခြင်း၊ ကြွက်သားများ ရောင်ရမ်းခြင်းစသည့် မလိုလားအပ်သော ပြဿနာများကို ဆောင်းရာသီအချိန်အခါတွင် ပိုမိုကြုံတွေ့ ခံစားကြရတတ်ပါသည်။ယခုဆောင်းပါးတွင် ရာသီဥတုအေးမြနေသောအချိန်၌ ကြွက်သားများနှင့် သွေးကြောများအတွင်းတွင် ဖြစ်ပွားနေတတ်သော ဇီဝဖြစ်စဉ်များအကြောင်းကို တင်ပြပေးသွားမည် ဖြစ်ပါသည်။ အဆိုပါ ဇီဝဖြစ်စဉ်များကို သိရှိနားလည်ခြင်းအားဖြင့် လုပ်သင့်လုပ်ထိုက်သည့် အချက်များကို လုပ်ဆောင်နိုင်မည်ဖြစ်သည့်အပြင် ရှောင်ရှားသင့် ရှောင်ရှားထိုက်သော အချက်များကိုလည်း ရှောင်ရှားခြင်းအားဖြင့် ကြွက်သားပြဿနာများကို ရှောင်ရှားနိုင်စေရန် ရည်ရွယ်ပါသည်။

ဆောင်းရာသီတွင် ရာသီဥတုအေးမြသောအခါ သွေးကြောများသည် ပုံမှန်ထက် ပိုမို ကျဉ်းသွားလေ့ရှိပါသည်။ ထိုသို့ ကျဉ်းသွားသောအခါ ကြွက်သားဆဲလ်များဆီသို့ သွေးပေးပို့ ထောက်ပံ့မှု နည်းပါးသွားပါသည်။ ထိုအခါ သွေးကြောများက သယ်ဆောင်လာပေးသော အောက်ဆီဂျင်၊ သကြားဓာတ်နှင့် အခြား အာဟာရဓာတ်များကို ကြွက်သားဆဲလ်များ၏ ရရှိနိုင်စွမ်းသည် ပုံမှန်ထက် နည်းပါးသွားပါသည်။
ထို့ကြောင့် ဆောင်းရာသီတွင် ကြွက်သားများသည် ၎င်းတို့၏ လုပ်ငန်းဆောင်တာများကို လုပ်ဆောင်ရာတွင် ပုံမှန်ထက် စွမ်းဆောင်ရည် ပိုမိုနည်းပါးနေတတ်ပါသည်။ ပုံမှန် လှုပ်ရှားဆောင်ရွက်မှုများကို လုပ်ဆောင်ရန်အတွက်ပင် အားစိုက်ထုတ်မှု ပြုလုပ်ရန် ပိုမို လိုအပ်နေတတ်ပါသည်။ ထို့ကြောင့် သွေးပေးပို့ ထောက်ပံ့မှုကို ပိုမို ရရှိရန်လိုအပ်လာပါတော့သည်။

သွေးကြောများကျဉ်း၍ သွေးစီးဆင်းမှု နည်းပါးနေသည့်အချိန်တွင် သွေးထောက်ပံ့မှု ပိုမိုလိုအပ်လာခြင်းသည် ကြွက်သားဆဲလ်များကို ပုံမှန်ထက် ပိုမို ထိလွယ်ခိုက်လွယ် ရှိလာစေပါတော့သည်။ ကြွက်သားနာကျင်ခြင်း၊ ကြွက်သားရောင်ရမ်းခြင်း စသည့် ကြွက်သားဆိုင်ရာ ပြဿနာများကိုလည်း မကြာခဏ၊ အလွယ်တကူဖြစ်ပွားလာစေပါတော့သည်။ထိုသို့မဖြစ်စေရန်အတွက် အပေါ့စား သွေးပူလေ့ကျင့်ခန်းများ၊ အကြောလျှော့ လေ့ကျင့်ခန်းများကို မကြာခဏ ပြုလုပ်ပေးခြင်းအားဖြင့် ကြွက်သားများအတွင်း သွေးလှည့်ပတ်မှု ကောင်းမွန်စေရန် လုပ်ဆောင်ပေးသင့်ပါသည်။ ကြွက်သားများ သွေးပူလာသည့်အခါမှ လှုပ်ရှားဆောင်ရွက်မှုများကို ပြုလုပ်ခြင်းအားဖြင့် ကြွက်သားဆိုင်ရာ ပြဿနာများကို နည်းပါးအောင် လုပ်ဆောင်သင့်ပါသည်။

ဆောင်းရာသီတွင် အေးမြမှုကြောင့် သွေးကြောများသာ ကျဉ်းသည်မဟုတ်ပါ။ ကြွက်သား အတွင်းပါဝင်ဖွဲ့စည်းထားသော ကြွက်သားမျှင်များသည်လည်း မူလအလျားထက်ပိုမို တိုတောင်းနေတတ်ပါသည်။ထို့ကြောင့် ခါးကွေး၍ တစ်စုံတစ်ရာကို ငုံ့၍ ကောက်ခြင်း၊ လှေကားများကို တက်ခြင်း စသည့် သာမန် ပုံမှန်လှုပ်ရှားမှုများကို ပြုလုပ်ရန်အတွက် ယခင်ကထက်ပို၍ ကြွက်သားမျှင်များ၏ အလျားကို ဆန့်ထုတ်ရတတ်ပါသည်။ အခန့်မသင့်ပါက အဆိုပါ လှုပ်ရှားမှုများပြုလုပ်ရင်း ကြွက်သားမျှင်ငယ်များ ပြတ်တောက်ခြင်း၊ ရောင်ရမ်းခြင်း၊ နာကျင်ခြင်းများ ဖြစ်ပေါ်တတ်ပါသည်။ထို့ကြောင့် ဆောင်းရာသီတွင် သာမန်လှုပ်ရှားမှုများကို ပြုလုပ်သည့်အခါတွင်ပင် ဂရုပြု၍ ဖြည်းညင်းစွာ လုပ်ဆောင်သင့်ပါသည်။ ဖြစ်နိုင်ပါက ကြွက်သားများကို သွေးလှည့်ပတ်မှု ကောင်းလာစေရန် သွေးပူလေ့ကျင့်ခန်း ခဏတာ လုပ်ဆောင်ပြီးမှ လှုပ်ရှားမှုများကို လုပ်ဆောင်သင့်ပါသည်။ကြွက်သားပြဿနာများကို ဖြစ်ပွားစေသော နောက်ထပ် ပြဿနာတစ်ရပ်မှာ အေးမြသော ဆောင်းရာသီကြောင့် အအေးပတ် ဖျားနာခြင်း ဖြစ်ပါသည်။

ရာသီဥတု အေးမြလာသည်နှင့်အမျှ အအေးပတ်ခြင်း၊ ဖျားနာခြင်း၊ ချောင်းဆိုးခြင်း စသည့် ပြဿနာများ ပိုမို ဖြစ်ပွားလာလေ့ရှိပါသည်။ ထိုသို့ ဖျားနာသောအခါ ခေါင်းကိုက်ခြင်း၊ အဆစ်အမြစ်များ ကိုက်ခဲခြင်းများ ဖြစ်ပွားသကဲ့သို့ ကြွက်သားများ နာကျင်ကိုက်ခဲခြင်းလည်း ဖြစ်ပွားတတ်ပါသည်။ထို့ကြောင့် အေးမြသော ဆောင်းရာသီတွင် ကိုယ်လက် လှုပ်ရှားလေ့ကျင့်ခန်းများ ပြုလုပ်ခြင်း၊ အိပ်ရေးဝအောင် အိပ်စက်ခြင်း၊ အာဟာရပြည့်ဝအောင် စားသောက်ခြင်း၊ ရေများများ သောက်ပေးခြင်း စသည်တို့ကို လုပ်ဆောင်၍ ကိုယ်ခံအား တိုးတက်စေရန် ဆောင်ရွက်ခြင်းအားဖြင့် ဖျားနာခြင်းမှ ကင်းဝေးကာ ကြွက်သားများ နာကျင်ခြင်း ပြဿနာများကိုလည်း ရှောင်လွှဲနိုင်မည် ဖြစ်ပါသည်။အထက်ပါနည်းလမ်းများကို အတတ်နိုင်ဆုံး ပြုလုပ်ဆောင်ရွက်ခြင်းအားဖြင့် ကြွက်သားပြဿနာများ ကင်းဝေးကာ အေးမြသော ဆောင်းရာသီကို အကောင်းဆုံး ကျော်ဖြတ်နိုင်မည် ဖြစ်ပါတော့သည်။

ဒေါက်တာမိုး (ဆေး ၁)

Previous Post

ဆောင်းရာသီနှင့် အသားအရေထိန်းသိမ်းနည်း

Next Post

အမျိုးသားများ အရွယ်မတိုင်ခင် လိင်စိတ်နည်းပါးလာရခြင်းအကြောင်း

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

ဆယ်ကျော်သက်အရွယ်ကျော်သွားရင် အရပ်ရှည်နိုင်သေးလား?

1 month ago
447

အရပ်ပုခြင်း၊ ရှည်ခြင်းဟာမိဘမျိုးရိုးနဲ့ဆိုင်လား?

2 months ago
447

အလွှာခြားတာကောင်းလား?

4 months ago
401
In the summer, when the air conditioner and fan are used too much

နွေရာသီမှာ အဲကွန်း၊ပန်ကာ အလွန်အကျွံသုံးမိတဲ့အခါ

6 months ago
304

ပန်ဒါမျက်ဝန်းလေး မဖြစ်စေဖို့

6 months ago
421

Screen Time တွေကြောင့် ညအိပ်မပျော်ခြင်း

6 months ago
359

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • အမျိုးသားများ နဲ့ ကြီး ကြာ ရှည်

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post
Why men lose their sexuality prematurelyuality -prematurely

အမျိုးသားများ အရွယ်မတိုင်ခင် လိင်စိတ်နည်းပါးလာရခြင်းအကြောင်း

For adults to be healthy and fresh in winter

လူကြီးတွေ ဆောင်းရာသီမှာ ကျန်းမာလန်းဆန်းဖို့ဆိုရင်

To go through menopause normally

သွေးဆုံးချိန်မှာ ပုံမှန်အတိုင်းဖြတ်သန်းနိုင်ဖို့

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2020. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.