fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အလှအပနှင့်ကျန်းမာရေး

ဝက်ခြံပေါက်သူတွေ သတိထားသင့်တဲ့အမှားများ

Mistakes that people with acne should be aware of
331
VIEWS
Share on FacebookShare on TwitterShare on Linkedin
23/12/2022
in အလှအပနှင့်ကျန်းမာရေး
1 min read
A A

အရွယ်ရောက်လာရင် ဝက်ခြံမပေါက်ဖူးတဲ့သူရယ်လို့ ရှိမယ်မထင်ပါဘူး။ အထူးသဖြင့် အဆီပြန်တဲ့ အသားအရေနဲ့ ထိခိုက်လွယ်တဲ့ အသားအရေ ပိုင်ရှင်တွေဟာ ဝက်ခြံနဲ့ အတူယဉ်တွဲ နေထိုင်ရတာ များပါတယ်။ ဒါ့အပြင် ဝက်ခြံပေါက်နေချိန်မှာ အသားအရေကို ဂရုစိုက်ပုံ လွဲမှားတာကြောင့် ဝက်ခြံလည်း မပျောက်တဲ့အပြင် အသားအရေပိုဆိုးသွားတတ်တဲ့ အကြောင်းလေးတွေကို ပြောပြပေးသွားပါမယ်။

(၁) ဝက်ခြံကို ထိနေဆွနေတာ
ဒါကတော့ လူတိုင်းသိပြီးသားပေမယ့် လိုက်နာဖို့ ခက်ခဲတဲ့အရာပါ။ သေချာဆေးကြော မထားတဲ့လက်နဲ့ ဝက်ခြံကို ထိကိုင်နေတာ၊ ညှစ်နေတာဟာ ရောဂါပိုးဝင်ပြီး ယောင်ရမ်းဖို့ အခွင့်အလမ်း အရမ်းများပါတယ်။ ဒါ့အပြင် အမာရွတ်နဲ့ အမဲစက်တွေဖြစ်နိုင်ပြီး ပျောက်ကင်းအောင် ကုသဖို့ ကာလကြာနိုင်လို့ ဝက်ခြံပေါက်နေချိန်မှာ လက်ကို ဝက်ခြံနဲ့ အဝေးဆုံးမှာ ထားသင့်ပါတယ်။

(၂) မျက်နှာမကြာခဏ သစ်တာ
မျက်နှာပေါ်က ချွေးတွေ၊ မိတ်ကပ်တွေ၊ လေထုညစ်ညမ်းမှုဖြစ်တဲ့ ဖုန်မှုန့်တွေနဲ့ ကပ်ငြိနေတတ်တဲ့ ဘက်တီးရီးယားတွေဟာ မွေးညင်းပေါက်တွေထဲ ပိတ်ဆို့ပြီး ဝက်ခြံကို ပိုဆိုးစေလို့ သန့်ရှင်းရေးက မရှိမဖြစ်လိုအပ်ပါတယ်။ ဒါပေမယ့် အလွန်အကျွံ သန့်ရှင်းရေးလုပ်တာ၊ မကြာခဏ မျက်နှာသစ်တာတွေက မျက်နှာပေါ်က သဘာဝအဆီတွေနဲ့ အကျိုးပြုဘက်တီးရီးယားတွေကို ဖယ်ရှားပစ်တဲ့အပြင် အသားအရေကိုလည်း ခြောက်သွေ့ယားယံစေပါတယ်။ တစ်နေ့ကို နှစ်ကြိမ်မျက်နှာသစ်ရင် လုံလောက်ပြီး အိပ်ယာမဝင်ခင် မျက်နှာသစ်တဲ့အခါ double cleansing လုပ်ဖို့ လိုအပ်နိုင်ပါတယ်။

GNC LAC taut White

(၃) မျက်နှာကို တဘက်သီးသန့်မထားတာ
ရေချိုးခန်းသုံး တဘက်တွေဟာ စိုလိုက်ခြောက်လိုက်နဲ့မို့ ဘက်တီးရီးယားတွေ ကပ်ငြိနေနိုင်ပါတယ်။ ဒီတဘက်တွေနဲ့ မျက်နှာကို သုတ်လိုက်တဲ့အခါ ဝက်ခြံတွေက ပိုဆိုးသွားတတ်ပါတယ်။

(၄) အသားအရေထိန်းသိမ်းမှု Skin care လုပ်ရင် အစိုဓါတ်ထိန်း moisturizer မသုံးတာ
အဆီပြန်တဲ့ အသားအရေမို့ moisturizer မလိုဘူးလို့ လွဲမှားစွာ ထင်တတ်ကြပါတယ်။ တကယ်တော့ moisturizer က မျက်နှာပေါ်က ပိုနေတဲ့အဆီတွေကို ဖယ်ရှားပြီး အဆီထုတ်လုပ်မှုကိုလည်း လျှော့ချပေးတာပါ။ မျက်နှာမှာ အစိုဓာတ်မရှိရင် အသားအရေ ခြောက်သွေ့နေတယ်ထင်ပြီး အဆီဂလင်းတွေက အဆီတွေ အလွန်အကျွံ ထုတ်ပေးပါလိမ့်မယ်။

(၅) ပျောက်ချင်ဇောနဲ့ အလွန်အကျွံဂျီးချွတ်တာ
ဝက်ခြံတွေ မြန်မြန်ပျောက်ချင်ဇောနဲ့ exfoliation လို့ခေါ်တဲ့ ဂျီးချွတ်တာတွေ အလွန်အကျွံလုပ်တာကလည်း ပိုဆိုးစေပါတယ်။ Exfoliate လုပ်လိုက်တဲ့အခါ အရေပြားရဲ့အပေါ်ယံ အကာအကွယ်အလွှာ skin barrier ပျက်စီးသွားပြီး ရောဂါပိုးဝင်ကာ ဝက်ခြံတွေ ပိုဆိုးလာတာပါ။

(၆) ဝက်ခြံကိုပဲ ကုနေတာ
ဝက်ခြံပေါက်ရင် ဝက်ခြံပျောက်စေတဲ့ skin care တွေ သုံးတာ၊ ဆေးတွေသောက်တာချည်းပဲ လုပ်နေလို့ မရပါဘူး။ Life style လို့ခေါ်တဲ့ နေထိုင်စားသောက်မှု ပုံစံကိုလည်း ပြောင်းသင့်ပါတယ်။ ခေါင်းအုံးစွပ်ကို တစ်ပတ်တစ်ကြိမ် လဲတာ၊ အဆီအစိမ့်နဲ့ အပူအစပ်တွေ ရှောင်တာ၊ အသီးအရွက်တွေ များများစားတာ၊ အိပ်ရေးဝအောင်အိပ်တာတွေက ဝက်ခြံပျောက်ဖို့ အထောက်အကူ ဖြစ်စေပါတယ်။

(၇) ခေါင်းလျှော်ရင်း ရေပန်းအောက်မှာ မျက်နှာသစ်တာ
ရေပန်းက ရေပူတွေက အသားအရေကို ခြောက်သွေ့ယားယံစေသလို စီးကျလာတဲ့ ခေါင်းလျှော်ရည် အကြွင်းအကျန်တွေကလည်း ဓာတ်မတည့်တာ၊ ယားယံတာ ဖြစ်စေနိုင်လို့ ခေါင်းလျှော်ရည်တွေ သေချာဆေးချပြီးမှ မျက်နှာကို သစ်သင့်ပါတယ်။

GNC LAC taut White

(၈) အသုံးအဆောင်တွေကို ပုံမှန် သန့်ရှင်းရေးမလုပ်တာ
Skin care တွေတော့ သုံးပါရဲ့၊ အမြဲသုံးနေကျ ပါဝါမျက်မှန်၊ နေကာမျက်မှန်၊ ဖုန်းမျက်နှာပြင်တွေကို သန့်ရှင်းရေးမလုပ်ဘူးဆိုရင် ဘက်တီးရီးယားတွေ ကပ်နေနိုင်လို့ ပုံမှန် သန့်ရှင်းရေးလုပ်ဖို့ လိုပါတယ်။

အခုဖော်ပြထားတဲ့ အမှားတွေကို သေချာရှောင်နိုင်ပြီး အသားအရေကို ဂရုစိုက်နိုင်ရင် မျက်နှာလေးက ဝက်ခြံကင်းစင်လာမှာ မလွဲပါဘူး။

Author: Dr.Yee Mon

Previous Post

ကော်လာဂျင်နဲ့ ဂလူတာရဲ့ကွာခြားချက်အကြောင်း

Next Post

အရေပြားလျော့ရဲစေတဲ့ အကြောင်းအရင်းများ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

The type of skin whitening medicine that makes the skin white and beautiful without side effects

ဘေးထွက်ဆိုးကျိုးမရှိဘဲ အသားအရေ ဖြူစင်ဝင်းပစေမယ့် အသားဖြူဆေးအမျိုးအစား

3 weeks ago
335
When is the best time to take collagen

ကော်လာဂျင်သောက်ဖို့ အကောင်းဆုံးအချိန်

1 month ago
499

အရေပြားလျော့ရဲစေတဲ့ အကြောင်းအရင်းများ

1 month ago
395
About the difference between collagen and glutamate

ကော်လာဂျင်နဲ့ ဂလူတာရဲ့ကွာခြားချက်အကြောင်း

1 month ago
315
A type of whitening medicine that can be taken by people with acne

ဝက်ခြံရှိသူတွေပါသောက်လို့ရတဲ့ အသားဖြူဆေးအမျိုးအစား

2 months ago
299
causes of acne

ဝက်ခြံပေါက်ရခြင်း အကြောင်းအရင်းများ

2 months ago
358

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • အစာအိမ်နှင့် အူလမ်းကြောင်းဆိုင်ရာပြဿနာ ဖြစ်ပွားရသည့် အကြောင်းအရင်းများ

    0 shares
    Share 0 Tweet 0
  • အမျိုးသားများ နဲ့ ကြီး ကြာ ရှည်

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0

Health Tips

Next Post

အရေပြားလျော့ရဲစေတဲ့ အကြောင်းအရင်းများ

When is the best time to take collagen

ကော်လာဂျင်သောက်ဖို့ အကောင်းဆုံးအချိန်

အမျိုးသမီးနှင့် မီးယပ်သွေးဆုံးဝေဒနာ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2020. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.