ကလေးတွေသိပ်သဘောကျတဲ့ Nursery Rhyme သီချင်းလေးတစ်ပုဒ်ရှိတယ်။
Do you like broccoli?(ပန်းဂေါ်ဖီစိမ်းကြိုက်လား) လို့မေးတော့ ကလေးလေးက ပြုံးပြီးပြန်ဖြေတာ Yes I do (ကြိုက်တယ်..ကြိုက်တယ်)ပေါ့။
Do you like ice cream(ရေခဲမုန့်ကြိုက်လား)ဆိုတော့လည်း ပြုံးပြုံးလေးပြန်ဖြေသေးတယ် Yes I do ပဲပေါ့။
ရေခဲမုန့် မကြိုက်တဲ့ကလေးဆိုတာ ဒီကမ္ဘာမှာ ရှားပါးပစ္စည်းမဟုတ်လား။
Do you like broccoli ice cream? (ပန်းဂေါ်ဖီစိမ်းရေခဲမုန့် ကြိုက်လား) လည်းဆိုရော ချက်ချင်းရှုံ့မဲ့ပြီး လက်ကာတယ်။
No I don’t, yucky! (မကြိုက်ဘူး..အော့အော့)ပေါ့။
မှန်ပါတယ်။
ဘယ်လိုပဲ ကိုယ်ကြိုက်တဲ့ အရသာရှိတဲ့ အစားအသောက်နှစ်ခုဖြစ်ပါစေ ဘယ်လိုမှ အဆက်အစပ်မရှိတဲ့အခါမှာ ပေါင်းစပ်ပစ်လိုက်လို့ မဖြစ်တာတွေရှိပါတယ်။
ဒီလိုပါပဲ ကျန်းမာရေးကို အရမ်းအထောက်အကူဖြစ်စေမဲ့ တချို့ဓာတ်စာတွေမှာလည်း ပေါင်းစပ်စားသုံးလိုက်တဲ့အခါမှာ တစ်ခုတည်းစားသောက်တာထက် အဆပေါင်းမြောက်များစွာ အကျိုးရှိစေပေမဲ့ အစားအသောက်အနေနဲ့ ဘယ်လိုမှတွဲစားလို့မရတာ..တွေးကြည့်တာနဲ့တောင် ကြက်သီးထသွားလောက်တဲ့ အတွဲအစပ်မျိုးတွေရှိပါတယ်။
ဥပမာတစ်ခုပေးပါမယ်။
ခုနက ပန်းဂေါ်ဖီစိမ်း(Brocoli) ကို လက်ဖက်စိမ်း(Green Tea) ၊ နနွင်း(Tumeric) ၊ သလဲသီး (Pomegrenate) တို့နဲ့ ပေါင်းပြီး စားစရာတစ်ခုလုပ်ကြည့်ပါ။
စားကြည့်ဖို့ အတွေးနဲ့တင် အသည်းယားသွားတယ်မဟုတ်လား။
ဒါပေမဲ့ Super food လို့ခေါ်နိုင်တဲ့ ဒီဓာတ်စာ(၄)မျိုးကိုပဲ ဆေးတောင့်လေးတစ်ခုထဲမှာ ပေါင်းစပ်ထည့်ကြည့်လိုက်ရင်တော့ ခန္ဓာကိုယ်အတွက် အံ့အားသင့်စရာ အာနိသင်တွေရနိုင်တာတွေ့ရပါတယ်။
ပေါင်းစပ်လိုက်လို့ ဖြစ်သွားမဲ့ စူပါပါဝါတွေအကြောင်း မပြောခင် တစ်ခုချင်းစီရဲ့ ချစ်ဖို့ကောင်းတဲ့ အစွမ်းသတ္တိလေးတွေကို နည်းနည်းလေ့လာကြည့်ရအောင်။
နနွင်း(Tumeric)
- နနွင်းကို ဂျင်းအနွယ်ဝင် Tumeric အမြစ်ကနေ ထုတ်လုပ်ပြီး ရောင်ရမ်းမှုတွေကို လျော့ပါးစေတဲ့ Curcuminoid ပါဝင်မှုကြောင့် ဆေးဖက်ဝင် ဓာတ်စာတစ်ခုအနေနဲ့ရော ဟင်းခတ်အမွေးအကြိုင်တစ်ခုအနေနဲ့ပါ လွန်ခဲ့တဲ့ ရာစုနှစ်ပေါင်းများစွာကတည်းက အသုံးပြုခဲ့ကြပါတယ်။
- နနွင်းမှာ ခွန်အားဖြစ်စေတဲ့ ကယ်လိုရီ၊ အသားဓာတ်၊ သကြားဓာတ်အနည်းငယ်၊ အမျှင်ဓာတ်၊ အဆီဓာတ်နဲ့ ကစီဓာတ်တွေပါဝင်ပါတယ်။
- စိတ်ကျရောဂါ ၊ ဆီးချိုရောဂါ၊ တုပ်ကွေးနဲ့ အခြားသော ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်သော ရောဂါများ၊ ရာသီမလာခင်ဖြစ်တတ်သည့် ကျန်းမာရေးပြဿနာများ ၊ ကိုလက်စထရောလ်များခြင်း ၊ အလ်ဇိုင်းမားရောဂါ ၊ အဆစ်အမြစ်ရောင်ရောဂါ ၊ Irritable bowel syndrome ရောဂါ ၊ ခေါင်းကိုက်ခြင်း ၊ ဝက်ခြံပြဿနာ စတဲ့ ကျန်းမာရေးပြဿနာတွေကို လျော့ပါးသက်သာစေနိုင်တဲ့အစွမ်းသတ္တိရှိပါတယ်။
- ဒါ့အပြင် ကင်ဆာဆဲလ်တွေရဲ့ ပွားနှုန်းကိုလျှော့ချပေးနိုင်ပြီး ကိုယ်တွင်းအဆိပ်အတောက်ဖယ်ရှားပေးမဲ့ အင်ဇိုင်းတွေရဲ့ လုပ်ဆောင်မှုကိုလည်း မြှင့်တင်ပေးနိုင်တယ်လို့ ဓာတ်ခွဲခန်းတွင်းစမ်းသပ်မှုတွေမှာ တွေ့ရပါတယ်။
ပန်းဂေါ်ဖီစိမ်း(Broccoli)
- ပန်းဂေါ်ဖီစိမ်းကို လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀၀၀ ကျော်ကတည်းက အီတလီနိုင်ငံမှာ စတင် စားသုံးခဲ့ကြပါတယ်။
- ဗိုက်တာမင် စီ၊ ဗိုက်တာမင်ကေ ၊ ဖောလစ်အက်ဆစ်စတဲ့ ဗိုက်တာမင်တွေကြွယ်ဝစွာပါဝင်ပါတယ်။
- အမျှင်ဓာတ်နဲ့ ပိုတက်စီယမ်လည်း ကြွယ်ဝစွာပါဝင်ပါတယ်။
- ဗိုက်တာမင်စီကြောင့် ကိုယ်ခံအားတက်စေသလို ကော်လာဂျင် ထုတ်လုပ်မှုကိုလည်း အားပေးပါတယ်။
ဗိုက်တာမင်စီရဲ့ antioxidant ဂုဏ်သတ္တိကြောင့် ကင်ဆာလိုရောဂါမျိုးတွေကို ကာကွယ်ပေးနိုင်ပါတယ်။
လက်ဖက်စိမ်း(Green Tea)
- လက်ဖက်စိမ်းကို လွန်ခဲ့နှစ်ရာပေါင်းများစွာကတည်းက တရုတ်ပြည်မှာ စတင်သောက်သုံးခဲ့ကြပြီး ယနေ့ခေတ်မှာတော့ တစ်ကမ္ဘာလုံးမှာ အနှစ်ခြိုက်ဆုံးအစားအသောက်တွေထဲက တစ်ခုအဖြစ် ရပ်တည်နေပါတယ်။
- ကျန်းမာစေတဲ့ Bioactive compounds တွေပါဝင်တဲ့အပြင် Antioxidants ကြွယ်ဝစွာပါဝင်မှုကြောင့် ကင်ဆာတွေမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။
- ဦးနှောက်စွမ်းရည်ကို မြှင့်တင်ပေးပြီး လူကိုတက်ကြွရွှင်လန်းစေပါတယ်။
- ကိုယ်တွင်းက မကောင်းတဲ့အဆီတွေကို ပိုလောင်ကျွမ်းစေပြီး အဝလွန်ခြင်း၊ ဆီးချိုနဲ့ နှလုံးရောဂါတွေ မဖြစ်အောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။
သလဲသီး (Pomegrenate)
သလဲသီးဟာ အရသာရှိတဲ့ အသီးအနှံတစ်ခုဖြစ်ရုံမကဘဲ တကယ့်ကိုဆေးဖက်ဝင် အသီးတစ်ခုလို့ပါဆိုရပါမယ်။
- အမျှင်ဓာတ်၊ ပရိုတင်းဓာတ်၊ ဗိုက်တာမင်စီ၊ ဗိုက်တာမင်ကေ၊ ဖောလစ်အက်ဆစ်၊ သကြားဓာတ်၊ ခွန်အားဖြစ်စေတဲ့ ကယ်လိုရီ စတဲ့ တန်ဖိုးရှိအာဟာရဓာတ်တွေ ကြွယ်ဝစွာပါဝင်ပါတယ်။
- Puniclagin ဆိုတဲ့ စွမ်းရည်အမြင့်ဆုံး Antioxidant ပါဝင်တဲ့အတွက် ဆီးကျိတ်ကင်ဆာ၊ ရင်သားကင်ဆာစတဲ့ ကင်ဆာအမျိုးမျိုးကို ကာကွယ်ပေးနိုင်ပါတယ်။
- ရောင်ရမ်းခြင်းကိုလည်း လျှော့ချပေးနိုင်ပြီး အဆစ်အမြစ်ရောင်ခြင်း၊ ဆီးချိုရောဂါ၊ နှလုံးရောဂါ၊ အဝလွန်ခြင်း၊ ပန်းသေပန်းညှိုး နဲ့ အလ်ဇိုင်းမားလိုရောဂါတွေကိုလည်း ကာကွယ်ပေးပါတယ်။
ဝါ၊စိမ်း၊နီ တပ်ပေါင်းစုကို ဆေးတောင့်တစ်ခုထဲ ထည့်သွင်းခြင်း(သို့မဟုတ်) POMI T
- ကုန်ကြမ်းတွေအားလုံးကို မျှတတဲ့မြေထဲပင်လယ်ရာသီဥတုရှိတဲ့ အီတလီနိုင်ငံစိုက်ခင်းတွေက ရယူထားပြီး အီတလီနိုင်ငံမှာပဲ ထုတ်လုပ်ထားတဲ့အတွက် အာဟာရဓာတ်ပါဝင်မှု ပြည့်ဝဖို့ သေချာပါတယ်။
- နနွင်း၊ပန်းဂေါ်ဖီစိမ်း၊လက်ဖက်စိမ်း နဲ့ သလဲသီးတို့ရဲ့ အစွမ်းထက် အာနိသင်တစ်ခုချင်းစီအပြင် ပေါင်းစပ်ခြင်းကြောင့် Antioxidant အာနိသင်တွေ ပိုမိုစွမ်းရည်အဆတိုး မြင့်မားသွားပါတယ်။
ဒါ့ကြောင့် ကင်ဆာကာကွယ်နိုင်စွမ်း ပိုမြင့်သွားစေပါတယ်။ - လူကြီးမိဘတွေအတွက် မှတ်ဉာဏ်နဲ့ ကိုယ်ခံအားပိုမိုမြင့်တက်လာစေပါတယ်။
- နာတာရှည်ရောဂါတွေရဲ့ ရိုက်ခတ်မှုဒဏ်ကို ပိုခံနိုင်ရည်ရှိလာစေပါတယ်။
- ကင်ဆာရောဂါကိုကာကွယ်နိုင်ခြင်း၊ နှလုံးကျန်းမာရေးကို အားပေးခြင်း၊ အသက်ရှည်စေခြင်း၊ ကိုယ်ခံအားကို ကောင်းမွန်စေခြင်း စတဲ့ အာနိသင်တွေနဲ့ ပြည့်ဝတာကြောင့် မဖြစ်မနေ ဆွဲကိုင်ထားရမယ့် ဓာတ်စာတစ်ခုဖြစ်ပါတယ်။
- ဓာတ်စာဖြစ်တဲ့ အတွက် ဆေးသောက်ဖို့ဆို ဝန်လေးတတ်တဲ့ ကြောက်တတ်တဲ့ လူကြီးတွေအတွက် စိတ်ဖိစီးမှုမရှိဘဲ သောက်သုံးနိုင်ပါတယ်။
POMI T နဲ့ တူတူ ကျန်းမာပျော်ရွှင်အားရှိကြပါစို့..
Author: Dr Phyo