ကျွန်းငှက်သိုက်ကို လွန်ခဲ့သော နှစ်ပေါင်း ၁၅၀၀ ခန့်မှ စတင်ကာ တရုတ်ပြည်တွင် ဘုရင်နှင့် မှုးမတ်တို့သာ စားသုံးခွင့်ရှိသော တန်ဖိုးကြီးမားသော အစားအစာတစ်မျိုးအဖြစ် စားသုံးခဲ့ကြပါသည်။ ထို အချိန်မှစ၍ ယနေ့ခေတ်အချိန်အထိ တစ်ကမ္ဘာလုံးတွင် ကျွန်းငှက်သိုက်ကို အာဟာရတန်ဖိုးမြင့်မားသော၊ ဆေးဖက်ဝင်ပြီး ကျန်းမာရေးကို များစွာ အထောက်အကူပြုသော အစားအစာတစ်မျိုးအဖြစ် လက်ခံ စားသုံးနေကြပါသည်။ ကျွန်းငှက်သိုက်အမျိုးအစား၊ အရည်အသွေးကောင်းလျှင် ကောင်းသလို ၁ ကီလိုဂရမ်လျှင် ဒေါ်လာ ၆၆၀၀ ခန့်အထိပေါက်စျေးရှိနိုင်ပါသည်။ ကျွန်းငှက်သိုက်သည် သဘာ၀ဆန်၊ အရိုင်းဆန်သောကြောင့် လူအများအနေဖြင့် ပိုကောင်းသည်ဟူ ယူဆကာ စျေးကြီးပေးကာ ဝယ်ယူစားသုံးကြလေ့ရှိကြပါသည်။
အာဟာရပြည့်၀သော ကျွန်းငှက်သိုက်ဆိုတာ ဘာလဲ
ကမ္ဘာပေါ်တွင် ငှက်မျိုးစိတ်ပေါင်း များစွာရှိသည့်အနက်မှ ဇီ၀ဇိုးငှက်ခေါ် မိုးဆွေငှက်များ၏ ငှက်သိုက်များသည် ထူးထူးခြားခြား ဆေးဖက်ဝင်ကာ အာဟာရတန်ဖိုးမြင့်မားစွာ ပါရှိနေခြင်းဖြစ်ပါသည်။ ဇီ၀ဇိုးငှက်ငယ်လေးများသည် တစ်ကိုယ်တည်းနေထိုင်ပါက အသိုက်မဆောက်လုပ်ကြသော်လည်း ဖိုမတွေ့ဆုံခြင်းဖြစ်လျှင် သားပေါက်ငယ်များကို မွေးဖွားရန်အတွက် အသိုက်များကို ဆောက်လုပ်ကြသည်။ ထိုသို့ ဆောက်လုပ်သောအခါ မိမိတို့၏ တံတွေးဂလင်းမှ ပျစ်ချွဲချွဲအရည်တစ်မျိုးကို အန်ထုတ်ကာ ဆောက်လုပ်ကြခြင်းဖြစ်သည်။ ထိုသားပေါက်ငယ်လေးများ ပေါက်လာချိန်မှစ၍ တဖြည်ဖြည်း ကြီးပြင်းလာကာ အပျံသင်တတ်မြောက်ပြီးသောအခါ အသိုက်ကို စွန့်ခွာသွားကြသည်။ ထိုအခါ ထိုငှက်ငယ်လေး၏မိဘများသည်လည်း ထိုအသိုက်ကို စွန့်ခွာသွားတတ်ကြပြန်သည်။ ထိုသို့ ကျန်ရှိနေသော အသိုက်များကို အာဟာရပြည့်၀သော၊ တန်ဖိုးကြီးမားသော အစာအာဟာရတစ်ခုအဖြစ် လူတို့က အမြတ်တနိုးသုံးစွဲနေကြခြင်း ဖြစ်ပါသည်။
မြန်မာနိုင်ငံနှင့် ငှက်သိုက်ထုတ်လုပ်မှု
မြန်မာနိုင်ငံတွင် ငှက်သိုက်ကို အဓိကအားဖြင့် တနင်္သာရီတိုင်း မြိတ်၊ ကော့သောင်းကျွန်းစုရှိ ကျွန်းများနှင့် ဧရာ၀တီတိုင်းရှိ ကျွန်းအနည်းငယ်တို့တွင် သဘာ၀အတိုင်းတွေ့ရှိရပါသည်။ အချို့နေရာများတွင် လူနေသည့် အိမ်များတွင်လည်း ဇီ၀ဇိုးငှက်ငယ်လေးများက လာရောက် အသိုက်ဆောက်နေထိုင် ကြသည်ကိုလည်း တွေ့ရှိရပါသည်။ ဇီ၀ဇိုးငှက်ငယ်လေးများ လာရောက်နေထိုင်နိုင်သည့် အဆောက်အအုံများဆောက်လုပ်ပြီး ငှက်အော်သံပုံစံတူ အသံများကို စီဒီစက်များဖြင့် ထုတ်လွှတ်အသံပေးကာ ညှို့ငင်ခေါ်ယူသည့် ဖန်တီးငှက်သိုက်အိမ်များလည်း ရှိကြပါသည်။
ထိုသို့ သဘာ၀ကျွန်းငှက်သိုက်နှင့် မွေးမြူရေးငှက်သိုက် ထုတ်လုပ်မှု ၂ ခုရှိသည့်အနက် သဘာ၀ကျွန်းများမှ ထွက်ရှိသော ကျွန်းငှက်သိုက်ကို စျေးကွက်အတွင်း ပိုမိုစျေးကြီးပေးကာ အမြတ်တနိုးတန်ဖိုးထား ဝယ်ယူစားသုံးကြလေ့ရှိပါသည်။ ကျွန်ငှက်သိုက်ထုတ်လုပ်သော ကုမ္ပဏီများရှိသည့် အနက် သက်တမ်း ၁၆ နှစ်ရှိပြီဖြစ်သည့် ပတ္တမြားရောင်ခြည် ကုမ္ပဏီသည် မြိတ်၊ ကော့သောင်းကျွန်းစု ပင်လယ်ပြင်အတွင်းတွင်ရှိသော ငှက်သိုက်ကျွန်းတောင်များမှ ငှက်သိုက်များအား အကောင်းဆုံးသန့်စင်ကာ သဘာ၀ကျွန်းငှက်သိုက်အစစ်များကို အရည်အသွေးမြင့်မားစွာ ထုတ်လုပ်ပြီး စားသုံးသူများထံသို့ ဖြန့်ဖြူးပေးလျက်ရှိသော ကုမ္ပဏီတစ်ခုဖြစ်ပါသည်။ တစ်နည်းအားဖြင့် မြန်မာနိုင်ငံ၏ ဂုဏ်ယူဖွယ်ရာ တန်ဖိုးကြီးမားသောထွက်ကုန်ပစ္စည်းများအနက် တစ်ခုဖြစ်သော ကျွန်းငှက်သိုက်ကို ကမ္ဘာက လေးစားအသိအမှတ်ပြုခြင်းခံရအောင်သာမက မြန်မာနိုင်ငံသူ၊ နိုင်ငံသားအားလုံးအားလည်း စားသုံးမှီဝဲနိုင်အောင် ကြိုးကုတ်အားထုတ်နေသော ရှေ့ဆောင် ကုမ္ပဏီတစ်ခုဖြစ်ပါသည်။
ဘာကြောင့် ကျွန်းငှက်သိုက်ဟာ ဆေးဖက်ဝင်ကာ အာဟာရတန်ဖိုး မြင့်မားနေရသလဲ။
ကျွန်းငှက်သိုက်တွင် ကယ်လိုရီ၊ အသားဓါတ်၊ အမိုင်နိုအက်ဆစ်ပေါင်း ၁၂ မျိုး၊ အဆီဓါတ် အနည်းငယ်၊ ကစီဓါတ်များနှင့် ထုံးဓါတ်၊ သံဓါတ်၊ ဆိုဒီယမ်၊ ပိုတက်ဆီယမ်၊ ဖောစဖိတ်ဓါတ်စသည့် သတ္တုဓါတ်များအပြင် ဗီတာမင် သက်စောင့်ဓါတ်ဖြစ်သည့် B1 များလည်း ပါဝင်ကြောင်းတွေ့ရပါသည်။
ဇီ၀ဇိုးငှက်လေးများ၏ အစာဇီ၀စနစ် သန့်စင်ကောင်းမွန် အရည်အသွေးပြည့်၀မှု ကလည်း ကျွန်းငှက်သိုက်၏ အရည်အသွေးကို ပိုမိုပြည့်စုံစေသည့် အချက်တစ်ချက်လည်း ဖြစ်ပါသည်။
ငှက်သိုက်များတွယ်ကပ်တည်ဆောက်ထားသည့် သဘာ၀လှိုင်ဂူများ၏ နံရံများနှင့် သဘာ၀ငှက်သိုက်တို့၏ အချင်းချင်း အပြန်အလှန် သဟဇီ၀စနစ်တည်ဆောက်ထားမှုကလည်း ကျွန်းငှက်သိုက်၏ အာဟာရဓါတ်များကို ပိုမိုပြည့်၀စေသည်။
ထို့အပြင် သဘာ၀ ကျွန်းငှက်သိုက်များသည် ပင်လယ်ပြင်၏ အငွေ့အသက်များ လွှမ်းမိုးမှုကြောင့် အနံ့ အရသာပိုမိုပြည့်စုံကောင်းမွန်ကြောင်းလည်း တွေ့ရှိရပါသည်။
ထို့ပြင် ကျွန်းငှက်သိုက်များသည် သဘာ၀ဂေဟစနစ်တွင် လွတ်လပ်စွာ ကျင်လည်ကျက်စားခွင့်ရကြသော ဇီ၀ဇိုးငှက်လေးများက ပေ့ါပါးပျော်ရွှင်စွာ တည်ဆောက်ထားသော အသိုက်များဖြစ်ခြင်းကြောင့်လည်း အရည်အသွေးပိုင်းဆိုင်ရာကို များစွာတိုးတက်လာစေခြင်း ဖြစ်ပါသည်။
ထိုအချက်များကြောင့်လည်း ကျွန်းငှက်သိုက်များကို စျေးကွက်အတွင်းတွင် စျေးနှုန်းမြင့်မားစွာပေး၍ အမြတ်တနိုး တန်းဖိုးထား ဝယ်ယူစားသုံးနေကြခြင်းဖြစ်ပါသည်။
ကျွန်းငှက်သိုက်က ကျန်းမာရေးအပေါ် ဘယ်လိုကောင်းကျိုးပြုသလဲ
ကျွန်းငှက်သိုက်သည် ကျန်းမာရေးအပေါ်တွင် များစွာ ကောင်းကျိုးပြုပါတယ်။
- ကိုယ်ခံစွမ်းအား
- ကျွန်းငှက်သိုက်မှာ glycoprotein၊ ကြီးထားဖွံ့ဖြိုးမှုကို အထောက်အကူပြုသော Growth factor နှင့် စွမ်းအင်ပြည့်၀ဂုဏ်သတ္တိများ ပါဝင်သောကြောင့် ခန္ဓာကိုယ်ရဲ့ ခုခံအားစနစ်ကို တိုးတက်ကောင်းမွန်စေကြောင်း တွေ့ရှိရပါသည်။
- အလှအပရေးရာ
- ကျွန်းငှက်သိုက်တွင် ပရိုတင်းဓါတ်နှင့် အမိုင်နိုအက်ဆစ်များစွာ ပါဝင်သောကြောင့် ဆဲလ်အသစ်များဖြစ်ပေါ်ခြင်းကို ပိုမိုအထောက်အကူပြုသည့်အတွက် အရွယ်တင်နုပျိုစေခြင်း၊ အသားအရေကို ကြည်လင်လှပစေခြင်းစသည်အတွက် နှစ်ပေါင်းများစွာကတည်းက အသုံးပြုခဲ့ကြပါသည်။
- မကြာသေးမီက ပြုလုပ်သော သုတေသနစာတမ်းများအရ ကျွန်းငှက်သိုက်တွင် အရေပြားနှင့် တစ်ရှုးများ ပြုပြင် ပြင်ဆင်ရာတွင် အရေးကြီးသည့် EFG ဟုခေါ်သည့် Epidermal Growth Factor ပါဝင်ကြောင်းလည်း တွေ့ရှိရပါသည်။
- နာလန်ထခြင်းကို လျင်မြန်စေခြင်း
- ကျွန်းငှက်သိုက်တွင်ပါဝင်သော အသားဓါတ်များနှင့် အာဟာရဓါတ်များစွာတို့က ဖျားနာနေထိုင်မကောင်းဖြစ်ခြင်းနှင့် နာတာရှည်ရောဂါများမှ နာလန်ထခြင်းများကို လျှင်မြန်ကောင်းမွန်စေရန် များစွာ အထောက်အကူပြု ပါသည်။
- အသက်အရွယ်ကြီးသူများ၏ ကျန်းမာရေးကို အထောက်အကူပြုခြင်း
- ကျွန်းငှက်သိုက်ကို ချွဲသလိပ်များကို ရှင်းလင်းရန် ရှေးအစဉ်အဆက်သုံးစွဲခဲ့ကြသည်။ ထို့အပြင် ကာလရှည် ချောင်းခြောက်ဆိုးခြင်းနှင့် အသက်အရွယ်ကြီးရင့်လာမှုကြောင့် ခြေကုန်လက်ပမ်းကျခြင်းများကိုလည်း လျော့ပါး သက်သာစေနိုင်ပါသည်။ ထို့အပြင် အစာစားချင်စိတ်ကို လှုံ့ဆော်ပေးခြင်း၊ အစာချေစနစ်ကို ကောင်းမွန်စေခြင်းနှင့် အူလှိုင်းထခြင်းများကိုလည်း အထောက်အကူပေးသဖြင့် အစာအိမ်နှင့် အူလမ်းကြောင်းစနစ်ကို များစွာတိုးတက်စေပါသည်။
- ထို့အပြင် ကျွန်းငှက်သိုက်တွင် ကယ်ဆီယမ်ဓါတ် ကြွယ်၀ပါဝင်သောကြောင် အသက်ကြီးသူများတွင် ဖြစ်တတ်သော အရိုးပွရောဂါကိုလည်း ကာကွယ်ပေးနိုင်ပါသည်။
- ထို့ပြင် ကျွန်းငှက်သိုက်သည် ကြီးထွားဖွံ့ဖြိုးနေသော ကလေးငယ်များအတွက် ကောင်းမွန်တဲ့ ဖြည့်စွက် အာဟာရတစ်ခုအဖြစ်လည်း အသုံးပြုနိုင်ပါသည်။
- ကျွန်းငှက်သိုက်တွင် ကြီးထွားဖွံ့ဖြိုးမှုအတွက် မရှိမဖြစ်အရေးပါသော အသားဓါတ်၊ အမိုင်နိုအက်ဆစ် ၁၂ မျိုးပါဝင်ပါသည်။ ထို့ကြောင့် ကြီးထွားဖွံ့ဖြိုးမှုကို အထောက်အကူပြုပြီး ဉာဏ်ရည်ထက်မြက်စေပါသည်။
- ကျွန်းငှက်သိုက်ကို ပုံမှန်စားသုံးခြင်းဖြင့် အအေးမိခြင်းနှင့် တုပ်ကွေးရောဂါများကို ကာကွယ်ပေးနိုင်ပါသည်။
- အဆုတ်နှင့် ကျောက်ကပ်များ၏ လုပ်ငန်းဆောင်တာများကို တိုးတက်စေခြင်းအားဖြင့် ကျွန်းငှက်သိုက်သည် ခန္ဓာကိုယ်၏ ခုခံအား စနစ်ကို တိုးတက်စေပြီး ရာသီဥတုအပြောင်းအလဲဒဏ်များကိုလည်း ခံနိုင်ရည်ရှိစေပါသည်။
- ကိုယ်ဝန်ဆောင်ကာလအတွင်းတွင်လည်း မိခင်ရော ကလေးပါ အာဟာရပြည့်၀ ကျန်းမာစေရန် ကျွန်းငှက်သိုက်ကို စားသုံးလို့ ရပါသည်။
- နိဂုံးချုပ်ဆိုရပါမူ သဘာ၀ရဲ့ ကောင်းခြင်း အဖြာဖြာများထဲကမှ သဘာ၀ရဲ့ တန်ဖိုးကြီးလက်ဆောင် တစ်ခုဖြစ်သည့် ပြည့်၀ဖိုးထိုက် ကျွန်းငှက်သိုက်ကို စားသုံးခြင်းအားဖြင့် ဘ၀တွင် အောင်မြင်မှုအလီလီကို ဆွတ်ခူးနိုင်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ်။
Author : Dr. Kyi