fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ကျန်းမာစေသော အစားအစာ

Vitamin C နှင့် ကလေးများ၏ ကျန်းမာရေး

54
VIEWS
Share on FacebookShare on TwitterShare on Linkedin
16/10/2020
in ကျန်းမာစေသော အစားအစာ, ကျန်းမာရေးသတင်းများ, ကျန်းမာသော နေထိုင်မှုပုံစံ, ကျန်းမာသောစိတ်
1 min read
A A

Vitamin C သည် အအေးမိနှာစေးရောဂါများကို ကာကွယ်ရာတွင် အလွန်အစွမ်းထက်ကြောင်း လက်ခံထား ကြပါသည်။ ထို့ကြောင့်  ဖျားနာခြင်း၊ နေထိုင်မကောင်းဖြစ်ခြင်း   ကြုံတွေ့ရသောအခါတွင် Vitamin C ကို ပိုမိုစားသုံးရန် အကြံပြုတတ်ကြပါသည်။  သို့သော် Vitamin C  သည် ကလေးတို့၏ ကျန်းမာရေးနှင့်ဖွံ့ဖြိုးမှု အတွက်လည်း အရေးကြီးကြောင်းကိုမူ   သိရှိသူ  နည်းပါးလှပေသည်။

ယခုဆောင်းပါးတွင်   Vitamin C  သည် ကလေးတို့၏ ကျန်းမာရေးအတွက် မည်သို့မည်ပုံ အကျိုးပြုနိုင်ကြောင်း ဖော်ပြပေးသွားမည်ဖြစ်ပါသည်။

 

Vitamin C   ခန္ဓာကိုယ်ကို ဘယ်လို ကူညီသလဲ။

Ascorbic acid    ဟုသိကြသော  Vitamin C  ကို ချဉ်သော အသီးအနှံများ၊ ပန်းသီး၊ ဘယ်ရီသီး၊ အာလူးနှင့် ငရုတ်ကောင်း စသည့်နေ့စဉ် စားသုံးနေသော အစားအစာများတွင် အများအပြားတွေ့ရှိရပါသည်။

Vitamin C   သည် ခန္ဓာကိုယ်တွင်  ကော်လာဂျင်၊ သွေးကြော၊ အရိုးနုနှင့် ကြွက်သားများ တည်ဆောက်ဖြစ်ပေါ်ခြင်း တွင်  အရေးကြီးပါသည်။

ထို့ပြင် အရေပြားကဲ့သို့သော ခန္ဓာကိုယ် တစ်ရှူးများ  ကို ထိန်းသိမ်းပြုပြင်ရာတွင်လည်း  Vitamin C  က  များစွာ ကူညီပေးပါသည်။

Vitamin C   သည် တွယ်ဆက်တစ်ရှူးများ ထိန်းသိမ်းပြုပြင်ခြင်းနှင့် အနာကျက်ခြင်းတွင်လည်း ပါဝင်ကူညီပေးကြောင်း သုတေသနပြုချက်အထောက်အထားများအရ သိရှိရပါသည်။

ထို့ပြင် Vitamin C   သည် ကလေးတို့၏ ခုခံအားစနစ် တိုးတက်ကောင်းမွန်စေရေးအတွက်လည်း အရေးကြီးသည့် အခန်းမှ ပါဝင်နေကြောင်းတွေ့ရှိရပါသည်။

Vitamin C  သည် ဓာတ်တိုးဆန့်ကျင်ပစ္စည်းတစ်ခုဖြစ်သည့်အတွက်  ကလေးတို့၏ ကျန်းမာရေး ကောင်းမွန်စေရန် ကူညီပေးနိုင်သကဲ့သို့  ခုခံအားစနစ်တိုးတက်စေရန် အထောက်အကူပြုနိုင် ကြောင်းတွေ့ရှိရပါသည်။

သို့သော်  Vitamin C   ကို ကလေးတို့၏ ခန္ဓာကိုယ်အတွင်းတွင် ထုတ်လုပ်နိုင်ခြင်းမရှိပါ။ ထို့ကြောင့် မိဘများအနေနှင့် ကလေးများအား နေ့စဉ် အသီးအနှံများကို စုံစုံလင်လင် ကျွေးမွေးရန် အရေးကြီးပါသည်။

ထိုသို့ ကျွေးမွေးရန်မှာ အပြောလွယ်သလောက် အလုပ်ခက်ပါသည်။

အကယ်၍ မိမိ၏ ကလေးသည် အစားအစာဂျီးများသော ကလေးဖြစ်နေပါက မိဘများအတွက်

Vitamin C   လုံလောက်သော ပမာဏရရှိအောင် ကျွေးမွေးခြင်းသည် ခေါင်းခဲစရာကိစ္စတစ်ခုဖြစ်လာပါသည်။

ထိုသို့သော အခြေအနေများတွင် Vitamin C ဖြည့်စွက်အာဟာရဓာတ်များကို တွဲဖက် ကျွေးမွေးနိုင်ပါသည်။

 

ကလေးများ  Vitamin C  ချို့တဲ့နေလျှင် မည်သို့သိနိုင်သနည်း။

ကလေးများ  Vitamin C  ချို့တဲ့လျှင် Scurvy   ဟုခေါ်သည့်သွားဖုံးသွေးယိုသည့် ပြဿနာဖြစ်နိုင်ပါသည်။

ထိုသို့    Scurvy  ရောဂါ ရှိခဲ့လျှင်

  • အရေပြားပေါ်တွင် အညိုရောင်အစက်အပြောက်များ ပေါ်ပေါက်လာခြင်း
  • အ‌ရေပြားကြမ်းတမ်းလာခြင်း
  • သွားဖုံးများထူထဲလာခြင်း
  • ခန္ဓာကိုယ်၏ နုနယ်သော အမြှေးပါးများမှ သွေးများထွက်လာခြင်းစသည့် လက္ခဏာများ ကို တွေ့ကြရပါသည်။

ထို့ပြင် ကလေးများသည် အားမရှိသကဲ့သို့ ခံစားနေရကြောင်း သို့မဟုတ် နေထိုင်ရသည်မှာ မအီမသာ ဖြစ်နေကြောင်း ပြောပြတတ်ကြပါသည်။ အနာကျက်နှေးခြင်းနှင့် အရိုးအဆစ်နာခြင်းတို့လည်း ဖြစ်တတ်ပါသည်။ ကလေးများ၏ စိတ်အခြေအနေသည်လည်း အလွန်အပြောင်းအလဲ မြန်တတ်ကြောင်း တွေ့ရပါသည်။

အလွန်ဆိုးရွားသော Vitamin C  ချို့တဲ့မှု အခြေအနေတွင် အရေပြားနှင့် မျက်လုံးများဝါခြင်း နှင့် အာရုံကြောထိခိုက်မှုရှိခြင်းတို့ကို တွေ့ရှိရပါသည်။

ထို့ကြောင့် ကလေးတို့၏ ကျန်းမာရေးအတွက် ဤမျှအရေးကြီးသော Vitamin C ကို မချို့တဲ့စေရန် ဖေဖေ မေမေတို့မှ ဂရုတစိုက်ကျွေးမွေးသင့်ပါကြောင်း အကြံပြုတင်ပြလိုက်ရပါသည်။

Dr. CK

Previous Post

ခွေးကိုက်သည့် ဒဏ်ရာရောဂါပိုး ဝင်ခဲ့လျှင်

Next Post

ကလေးတွေမှာ vitamin D ချို့တဲ့လျှင်  ဘာတွေဖြစ်မလဲ။

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

About the main vitamins needed to strengthen the immune system

ကိုယ်ခံအားကောင်းစေဖို့ အဓိကလိုအပ်သော ဗီတာမင်များအကြောင်း

1 year ago
1.2k
Health factors that should be prepared before traveling in summer

နွေရာသီမှာ ခရီးမသွားခင်ပြင်ဆင်ထားသင့်သော ကျန်းမာရေးဆိုင်ရာအချက်များ

1 year ago
125

ဆယ်ကျော်သက်အရွယ်ကျော်သွားရင် အရပ်ရှည်နိုင်သေးလား?

2 years ago
2.3k

အရပ်ပုခြင်း၊ ရှည်ခြင်းဟာမိဘမျိုးရိုးနဲ့ဆိုင်လား?

2 years ago
1.5k

အလွှာခြားတာကောင်းလား?

2 years ago
1k
In the summer, when the air conditioner and fan are used too much

နွေရာသီမှာ အဲကွန်း၊ပန်ကာ အလွန်အကျွံသုံးမိတဲ့အခါ

2 years ago
606

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ကလေးတွေမှာ vitamin D ချို့တဲ့လျှင်  ဘာတွေဖြစ်မလဲ။

ကလေးများတွင် Calcium ဓာတ်၏ အရေးပါပုံ

ကလေးငယ်များ ပုံမှန် ကြီးထွားဖွံ့ဖို့ဆိုရင် …..

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.