Omega-3 Fatty Acids (DHA) ကိုအဆီဓါတ်ကြွယ်ဝသော ငါးများမှ အများအပြားရရှိနိုင်ပါသည်။
ထို အဆီဓါတ်ကြွယ်ဝသော ငါးများနှင့် အခြားသော Omega-3 Fatty Acids (DHA) ကြွယ်ဝသော အစားအစာများမှာ အောက်ပါအတိုင်းဖြစ်ကြပါသည်။
Mackerel ငါး
Mackerel ငါးသည် သေးငယ်ပြီး အဆီကြွယ်ဝသောငါးဖြစ်ကာ ပုံမှန်အားဖြင့် ကျပ်တိုက်၍ စားသုံးလေ့ရှိပါသည်။
Mackerel တွင် DHA 0.59 g, EPA 0.43 g တို့ ပါဝင်ပါသည်။
Mackerel ငါးတွင် Selenium နှင့် ဗီတာမင် B12 တို့လည်းကြွယ်ဝပါသည်။
Salmon ငါး
Salmon ငါးသည် လူသိအများဆုံးနှင့် အာဟာရအပြည့်ဝဆုံး ငါးအမျိုးအစားတွေထဲက တစ်ခုဖြစ်ပါသည်။
သဘာဝအတိုင်းဖမ်းဆီးရရှိသော Salmon ငါးများနှင့် မွေးမြူရေး Salmon ငါးများတွင် Omega-3 ပမာဏ ပါဝင်မှု မတူညီမှုများ ရှိပါသည်။
မွေးမြူရေး Salmon ငါးများတွင် DHA 1.24 g, EPA 0.59 g တို့ပါဝင်ပါသည်။
သဘာဝအတိုင်းဖမ်းဆီးရရှိသော Salmon ငါးများတွင် DHA 1.22 g, EPA 0.35 g တို့ပါဝင်ပါသည်။
ထို့အပြင် Salmon ငါးတွင် အသားဓါတ်၊ မဂ္ဂနီဆီယမ်၊ ပိုတက်ဆီယမ်၊ Selenium နှင့် ဗီတာမင် B တို့လည်း ကြွယ်ဝပါသည်။
Seabass ငါး
Seabass ငါးသည် နာမည်ကြီး ဂျပန်ငါးအမျိုးအစားတစ်ခုဖြစ်ပါသည်။ Seabass ငါးတွင် DHA 0.47 g နှင့် EPA 0.18 g တို့ပါဝင်ပါသည်။ Seabass ငါးတွင် အသားဓါတ်နှင့် Selenium ဓာတ်များလည်းပါဝင်ပါသည်။
ကမာ၊ ယောက်သွား
ကမာ၊ ယောက်သွားသည် စားသောက်ဆိုင်များတွင် လူကြိုက်များသည့် အစားအစာဟင်းလျာတစ်ခု ဖြစ်ပါသည်။
အခြား ငါးကြီးဆီရရှိနိုင်သည့် ပင်လယ်စာများနှင့် မတူသည့်အချက်မှာ ကမာ၊ ယောက်သွားတွင် Omega-3 Fatty Acids အမျိုးအစားများအားလုံး ပါဝင်နေခြင်းဖြစ်ပါသည်။
ကမာ၊ ယောက်သွားတွင် ALA 0.14 g, DHA 0.23 g နှင့် EPA 0.30 g တို့ပါဝင်ပါသည်။
ကမာ၊ ယောက်သွားတွင် ဇင့်ဓါတ် နှင့် ဗီတာမင် B12 တို့လည်းကြွယ်ဝပါသည်။
Sardines ငါး
Sardines ငါးသည် ငါးသေတ္တာဗူးများတွင် အလွယ်တကူတွေ့နိုင်သော သေးငယ်ပြီး အဆီဓါတ်ကြွယ်၀သော ငါးတစ်မျိုးဖြစ်ပါသည်။
Sardines ငါးတွင် DHA 0.74 g နှင့် EPA 0.45 g တို့ ပါဝင်ပါသည်။
Sardines ငါးတွင် Selenium၊ ဗီတာမင် B-12 နှင့် ဗီတာမင် D တို့လည်း ပါဝင်ပါသည်။
ပုဇွန်
ပုဇွန်ကို ကမ္ဘာတစ်ဝန်းတွင် ပုံစံမျိုးစုံဖြင့် စားသုံးကြပါသည်။
ပုဇွန်တွင် DHA 0.12 g နှင့် EPA 0.12 g တို့ပါဝင်ပါသည်။
ပုဇွန်တွင် အသားဓာတ်နှင့် ပိုတက်ဆီယမ်ဓာတ်တို့လည်း ကြွယ်ဝပါသည်။
Trout ငါး
Trout ငါးကို ကျန်းမာရေးနှင့် ညီညွတ်သောငါးအဖြစ် လူသိများလှပါသည်။
Trout ငါးတွင် DHA 0.44 g နှင့် EPA 0.40 g တို့ပါဝင်ပါသည်။
ထို့အပြင် အသားဓါတ် ၊ ပိုတက်ဆီယမ်နှင့် ဗီတာမင် D ဓာတ်များလည်း ကြွယ်ဝပါသည်။
ပင်လယ်ရေညှိ
ပင်လယ်ရေညှိသည် Omega-3 Fatty Acids များဖြစ်သည့် DHA နှင့် EPA တို့ ပါဝင်သည့် အပင်အမျိုးအစားအနည်းငယ်ထဲမှ အချို့ဖြစ်ပါသည်။
ထို့ကြောင့် သက်သတ်လွတ်စားသောလူများအတွက် အရေးပါသည့် Omega-3 Fatty Acids အရင်းအမြစ်တစ်ခုဖြစ်ပါသည်။
ထို့အပြင် ပင်လယ်ရေညှိများတွင် အသားဓာတ် ၊ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများနှင့် သွေးတိုးကျစေသည့် ဂုဏ်သတ္တိများလည်း ရှိပါသည်။
Author : Dr. Kyi