fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ကျန်းမာစေသော အစားအစာ

အနာကျက်မြန်စေမည့် ဗီတာမင်အာဟာရဓာတ်များ

624
VIEWS
Share on FacebookShare on TwitterShare on Linkedin
12/12/2020
in ကျန်းမာစေသော အစားအစာ
1 min read
A A

ခန္ဓာကိုယ်တွင် ဒဏ်ရာ၊ အနာတစ်ခုရရှိသောအခါ အနာကျက်ခြင်း ဖြစ်စဉ်မြန်ဆန်ရန် လိုအပ်ပါသည်။ အနာကျက်နှေးခြင်းသည် မလိုလားအပ်သော နောက်ဆက်တွဲ ပြဿနာရပ်များကို ဖြစ်ပွားစေနိုင်ပါသည်။

အောက်တွင်ဖော်ပြထားသော ဗီတာမင်အာဟာရဓာတ်များသည် အနာကျက်မြန်စေရန်အရေးပါသော အာဟာရဓာတ်များဖြစ်ကြပါသည်။

 

( ၁ )     ဗီတာမင် အေ (vitamin A)

ဗီတာမင် အေ သည် အနာကျက်ခြင်းဖြစ်စဉ်တွင် များစွာအထောက်အကူပြုသော အာဟာရဓာတ်တစ်မျိုးဖြစ်ပါသည်။

၎င်းသည် ရောင်ရမ်းခြင်းကိုလျော့နည်းစေခြင်း၊ ရောဂါကူးစက်ခြင်းကိုလျော့ချပေးခြင်း၊ ဆဲလ်အသစ်များဖြစ်ခြင်းကို လှုံ့ဆော်ပေးခြင်းစသည့်လုပ်ငန်းများကို လုပ်ဆောင်ခြင်းဖြင့် အနာကျက်စေရန် အားပေးကြောင်းတွေ့ရှိရပါသည်။

အောက်ပါအစားအစာများသည် Vitamin A ကြွယ်၀သောအစားအစာများဖြစ်ကြပါသည်။

  • အသည်း
  • ကြက်ဥ၊ ဘဲဥ အနှစ်
  • မုန်လာဥနီ
  • ကန်စွန်းဥ
  • ဘရိုကိုလီ
  • ဟင်းနုနွယ် စသည်တို့ဖြစ်ပါသည်။

 

( ၂ )      ဗီတာမင် ဒီ (vitamin  D)

ဗီတာမင် ဒီ သည် အရိုးများအားသန်မာစေသည့် ကယ်လ်ဆီယမ်နှင့် ဖော့စ်ဖောရပ်စ်ဓာတ်တို့၏ ဇီ၀ရုပ်ဖြစ်ပျက်မှုအတွက် မရှိမဖြစ်လိုအပ်သော ဗီတာမင်တစ်မျိုးဖြစ်ပါသည်။

ထို့ပြင် ခုခံအားစနစ်တိုးတက်ကောင်းမွန်စေခြင်း၊ ရောင်ရမ်းခြင်းကို‌ သက်သာစေခြင်း စသော အာနိသင်များရှိခြင်းကြောင့်လည်း အနာအတွင်းသို့ ရောဂါပိုးဝင်ရောက်ခြင်းကို တားဆီးပေးပါသည်။

ထို့ကြောင့် vitamin D သည် အနာကျက်မြန်စေသော ဗီတာမင်အာဟာရဓာတ်တစ်မျိုး ဖြစ်ပါသည်။

vitamin D ကြွယ်၀သော အစားအစာများမှာ နို့ထွက်ပစ္စည်းများ၊ ဆာဒင်းငါး၊ တူနာငါး၊ ကြက်ဥဘဲဥအနှစ် စသည်တို့ဖြစ်ပါသည်။

 

( ၃ )     ဗီတာမင် အီး ( vitamin  E )

ခန္ဓာကိုယ်ကျန်းမာရေးအတွက် ဗီတာမင် အီး၏ အကျိုးပြုသောလုပ်ငန်းများမှာ

  • ရောင်ရမ်းခြင်းကို လျော့နည်းစေခြင်းဖြင့် အနာကျက်မြန်စေရန်အားပေးခြင်း
  • ခုခံအားစနစ်ကို မြင့်တက်စေခြင်း
  • တွယ်ဆက်တစ်ရှူးများဖြစ်ပေါ်ခြင်းကို အထောက်အကူပြုခြင်းစသည်တို့ဖြစ်ကြပါသည်။

ထို့ပြင် ဗီတာမင် အီး သည် ဓာတ်တိုးဆန့်ကျင်ပစ္စည်း (antioxidant) တစ်မျိုးဖြစ်သောကြောင့် ကင်ဆာရောဂါဖြစ်ပွားခြင်းကိုလည်းကာကွယ်ပေးနိုင်သော အာနိသင်ရှိပါသည်။

နေကြာစေ့၊ ဗာဒံသီး၊ သံလွင်ဆီ၊ မြေပဲထောပတ်နှင့် အစိမ်းရောင်ရှိသော ဟင်းသီးဟင်းရွက်များတွင် vitamin E ကြွယ်၀စွာတွေ့ရှိရပါသည်။

( ၄ )    ဗီတာမင် ကေ ( vitamin K )

Vitamin K  သည် အောက်ဆီဂျင်နှင့် အာဟာရဓာတ်များကို တစ်ရှူးများဆီသို့ ပို့ဆောင်ပေးခြင်းဖြင့် အနာကျက်မြန်စေရန် အားပေးသော အာဟာရဓာတ်တစ်မျိုးဖြစ်ပါသည်။

ထို့ပြင်အနာရောင်ရမ်းခြင်းကို လျော့နည်းစေခြင်း ၊ အနာသွေးထွက်ခြင်းကို တားဆီးပေးခြင်း စသော အစွမ်းအာနိသင်များရှိကြောင်းလည်းတွေ့ရှိရပါသည်။

vitamin K ကြွယ်၀သော အစားအစာများမှာ ဟင်းနုနွယ်၊ ဂေါ်ဖီထုပ်၊ ဘရိုကိုလီ စသောဟင်းသီးဟင်းရွက်များဖြစ်ကြပါသည်။

 

(၅)       ဗီတာမင် စီ ( vitamin C)

Vitamin C သည် အားကောင်းသော (Antioxidant)  ဓာတ်တိုးဆန့်ကျင်ပစ္စည်းတစ်ခုဖြစ်ပါသည်။

ရောဂါပိုးများကိုတိုက်ခိုက်ရန် ၊ ရောင်ရမ်းခြင်းကို လျော့နည်းစေရန် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ကြောင်းတွေ့ရှိရပါသည်။

ထို့ပြင် ကော်လာဂျင်ဓာတ်ဖွဲ့စည်းဖြစ်ပေါ်ခြင်း၊ သွေးကြောအသစ်များတည်ဆောက်ခြင်းစသည့် လုပ်ငန်းများတွင် ကူညီခြင်းဖြင့် အနာကျက်မြန်ခြင်းကို ဖြစ်စေပါသည်။

ချဉ်သောသစ်သီးများ (ဥပမာ သံပုရာသီး) ၊ခရမ်းချဉ်သီး၊ စတော်ဘယ်ရီသီး၊ ကီဝီသီး၊ မာလကာသီး၊ စပျစ်သီး၊ နာနတ်သီး စသော သစ်သီးအမျိုးမျိုးတွင် ဗီတာမင်စီ ပေါများပြည့်၀စွာတွေ့ ရှိရပါသည်။

 

( ၆ )     ဗီတာမင် ဘီ များ (B Vitamins)

B Vitamins သည် အနာကျက်ခြင်းဖြစ်စဉ်တွင် အရေးပါသော လုပ်ငန်းများဖြစ်သည့် ကော်လဂျင်အမျှင်ဓာတ်များ အသစ်ဖြစ်ပေါ်ခြင်း၊ တစ်ရှူးအသစ်များဖြစ်ပေါ်ခြင်းတို့ကို ကူညီပေးခြင်းဖြင့် အနာကျက်ခြင်းကို မြန်ဆန်စေပါသည်။

 

B Vitamins ‌ ပေါများစွာတွေ့ရသော အစားအစာများမှာ

  • ကြက်သား
  • ဝက်သား
  • ငါး
  • ကြက်ဥဘဲဥ
  • နို့ထွက်ပစ္စည်းများ
  • ပဲတောင့်ရှည်စသည်တို့ဖြစ်ပါသည်။

 

ထို့ကြောင့် အထက်ပါ ဗီတာမင်များသည် အနာကို အမြန်ဆုံးကျက်စေရန် ကူညီပေးသောကြောင့် ပမာဏများစွာ စားသုံးသင့်ပါကြောင့် တင်ပြလိုက်ရပါသည်။

Author : Dr. မွန်

 

Previous Post

အစာမကြေဖြစ်ရသည့်အကြောင်းရင်းများနှင့်သက်သာစေနိုင်သည့်နည်းလမ်းများ

Next Post

သံဓာတ်ချို့တဲ့ခြင်းကြောင့် ဖြစ်တဲ့သွေးအားနည်းရောဂါဆိုတာ။

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

လူကြီးတွေကိုယ်ခံအားကောင်းစေမယ့် အာဟာရဓာတ်များ

3 years ago
461
HMB and prevention of muscle loss

HMB နှင့် ကြွက်သား ဆုံးရှုံးမှုကို ကာကွယ်ခြင်း

3 years ago
207
What vitamins do you need for muscle health?

ကြွက်သားကျန်းမာရေးအတွက် ဘာ vitamins တွေ လိုအပ်လဲ

3 years ago
384
Sugar and cancer

သကြားနှင့် ကင်ဆာ

3 years ago
390
The importance of protein to strengthen the body's muscles

ခန္ဓာကိုယ်ကြွက်သားတွေသန်မာဖို့ ပရိုတင်းရဲ့အရေးပါပုံ

3 years ago
445
I want to eat and not lose my beauty

စားချင်တာစားပြီး အလှမပျက်စေဖို့

3 years ago
327

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

သံဓာတ်ချို့တဲ့ခြင်းကြောင့် ဖြစ်တဲ့သွေးအားနည်းရောဂါဆိုတာ။

နာတာရှည်အစာအိမ်ရောင်ရမ်းခြင်းဆိုတာ

ဝမ်းပျက်ဝမ်းလျှောဖြစ်တဲ့အခါ စားသုံးသင့်သော အစားအစာများ။

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.