ကလေးများအတွက် မိခင်နို့သည်သာ အကောင်းဆုံးဖြစ်ပါသည်။ သို့သော် အကြောင်းကြောင်းကြောင့် မိခင်နို့ရည် လုံလုံလောက်လောက် ပြည့်ဝအောင် တိုက်ကျွေးနိုင်ခြင်းမရှိပါက နို့မှုန့်များကို မဖြစ်မနေ ရွေးချယ်ရတော့မည် ဖြစ်ပါသည်။
ထို့အပြင် နို့မှုန့်များသည် ကလေးများကို မိခင်နို့ဖြတ်ပြီးသည့်အချိန်နောက်ပိုင်းတွင်လည်း ဖြည့်စွက် အာဟာရအနေဖြင့် ဆက်လက်တိုက်ကျွေးနိုင်ပါသေးသည်။
ထို့ကြောင့် နို့မှုန့်များကို ရွေးချယ်သည့်အခါ ကလေးများနှင့် အဆင်ပြေ သင့်တော်ကောင်းမွန်သည့် နို့မှုန့်များကို သတိပြု၍ ရွေးချယ်သင့်ပါသည်။
ထိုသို့ နို့မှုန့်များကို ရွေးချယ်စဉ်းစားသည့်အခါ ကလေးများအတွက် လုံလောက်ပြည့်စုံသည့် အာဟာရဓာတ်များ ပါဝင်မှုရှိစေရန် သတိပြုရွေးချယ်ရပါမည်။
ကလေးတစ်ယောက်အတွက် အဓိကလိုအပ်သော အာဟာရဓာတ်များမှာ ကစီဓာတ်၊ အသားဓာတ်၊ အဆီဓာတ်၊ သက်စောင့်ဓာတ်၊ သတ္တုဓာတ်၊ အမျှင်ဓာတ်တို့ဖြစ်ကြပါသည်။
ထို့ပြင် နို့မှုန့်များကို ရွေးချယ်ရာတွင် ကလေးများ၏ အသက်အရွယ်အလိုက် လုံလောက်ပြည့်မီမှန်ကန်သော အချိုးအဆများဖြင့် ဖော်စပ်ထားသော နို့မှုန့်များကိုသာ မေမေတို့အနေနှင့် ရွေးချယ်သင့်ပါသည်။
ထို့အပြင် နို့မှုန့်များကို ရွေးချယ်ရာ၌ ထိုအာဟာရများ ပါဝင်ရုံမျှနှင့် မပြီးသေးပါ။
ဦးနှောက်၏ ဖွံ့ဖြိုးတိုးတက်မှုကို များစွာ အထောက်အကူပြုသော DHA ကဲ့သို့ အာဟာရဓာတ်များနှင့် အစာခြေစနစ်ကို အထောက်အကူပြု အားပေးကူညီသည့် LcFOS ကဲ့သို့သော အာဟာရဓာတ်များကိုလည်း ပါဝင်အောင် ဂရုစိုက်ရွေးချယ်သင့်ပါသည်။
ထို့အပြင် အစာမကြေခြင်း၊ လေထိုး လေပွခြင်း၊ ရင်ပြည့်ရင်ကယ် ဖြစ်ခြင်းများသည်လည်း ကလေးများတွင် အဖြစ်များသည့် ပြဿနာများ ဖြစ်ပါသည်။ ထိုသို့ ပြဿနာများ ဖြစ်ပွားသည့်အခါ ကလေးများသည် အစာစားချင်စိတ် လျော့နည်းလာတတ်ပါသည်။ ထိုသို့ အစာစားချင်စိတ် လျော့နည်းလာသည့်အခါ ကလေးများအား အာဟာရဓာတ်ချို့တဲ့ခြင်းများကို ဖြစ်စေနိုင်ပါသည်။
LcFos သည် ကလေးများတွင် ဖြစ်ပေါ်သည့် အစာမကြေ ရင်ပြည့် ရင်ကယ်ဖြစ်ခြင်းများကိုလည်း တားဆီးကာကွယ်ပေးနိုင်ပါသည်။
ယခုနောက်ပိုင်းတွင် သိပ္ပံပညာထွန်းကားလာပြီး နည်းပညာမြင့်မားလာသည်နှင့်အမျှ ကလေးများ၏ အသက်အရွယ်အလိုက် ကလေးများ လိုအပ်သော အာဟာရဓာတ်များကို ပြည့်ဝစွာ ဖော်စပ်ထားသော ဖော်မြူလာများဖြင့် ထုတ်လုပ်ထားသည့် နို့မှုန့်များ ဈေးကွက်အတွင်းတွင် ရရှိနေပြီဖြစ်ပါသည်။
ထို့ကြောင့် ထိုနို့မှုန့်များထဲမှ ကလေးများအတွက် သင့်တော်သည့် နို့မှုန့်များကို ရွေးချယ်ဝယ်ယူနိုင်ပါသည်။
ထိုသို့ရွေးချယ်ရန် နောက်ထပ်သတိထား စောင့်ကြည့်ရမည့် အချက်တစ်ချက်မှာ ထပ်ဆောင်းသကြားပါဝင်မှုရှိမရှိ ကြည့်ရှုရန်ဖြစ်ပါသည်။
ထိုသို့ ထပ်ဆောင်းသကြား ဖြည့်စွက်ထားသော နို့မှုန့်များသည် ကလေးများကို အဝလွန်စေခြင်း၊ ဆီးချိုရောဂါဖြစ်စေခြင်း၊ ကလေးများ၏ သွားများကို ပျက်စီးစေခြင်း၊ ဂနာမငြိမ်ဖြစ်စေခြင်းနှင့် အားအင်မရှိသကဲ့သို့ဖြစ်ခြင်းများကို ဖြစ်စေနိုင်ပါသည်။
ထို့ကြောင့် အာဟာရဓါတ်စုံလင်စွာ ပါဝင်ပြီး DHA, LcFos ကဲ့သို့သော ခန္ဓာကိုယ်အကျိုးပြု ဓါတ်များပါဝင်သော နို့မှုန့်များကို ဖေဖေမေမေတို့အနေဖြင့် သားသားမီးမီးတို့အတွက် ရွေးချယ်ဝယ်ယူသင့်ပါကြောင်း တင်ပြလိုက်ရပါသည်။