fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ကျန်းမာစေသော အစားအစာ

သံဓာတ်၏ ခန္ဓာကိုယ်ကျန်းမာရေးအတွက် အကျိုးပြုသောလုပ်ငန်းများ။

62
VIEWS
Share on FacebookShare on TwitterShare on Linkedin
21/12/2020
in ကျန်းမာစေသော အစားအစာ
1 min read
A A

သံဓာတ်သည် ဇီ၀ကမ္မဆိုင်ရာဖြစ်စဉ်များ၊ ဖွံ့ဖြိုးကြီးထွားမှုနှင့် ခန္ဓာကိုယ်အစိတ်အပိုင်းများသို့ အောက်ဆီဂျင်ဓာတ်သယ်ယူပို့ဆောင်ခြင်းတို့တွင် အလွန်အရေးပါသော အာဟာရသတ္တုဓာတ်တစ်မျိုး ဖြစ်ပါသည်။

သံဓာတ်ကို အမျိုးအစား ၂ မျိုးအနေဖြင့် တွေ့ရှိရပါသည်။

( ၁ )       Heme Iron သတ္တဝါအရင်းအမြစ်မှရရှိသော သံဓာတ်အမျိုးအစား။

၎င်းကို အသား၊ ငါးနှင့် ကြက်ဥဘဲဥများတွင် ကြွယ်၀စွာတွေ့ရှိရပါသည်။

( ၂ )        Non-Heme Iron အပင်အရင်းအမြစ်မှရရှိသော သံဓာတ်အမျိုးအစား။

၎င်းသံဓာတ်အမျိုးအစားကို ပဲအမျိုးမျိုး၊ ဟင်းနုနွယ် ၊ ကန်စွန်းရွက်စသော အစိမ်းရောင်အရွက်ရှိသော ဟင်းသီးဟင်းရွက်များတွင် ကြွယ်၀စွာပါရှိကြောင်း တွေ့ရှိရပါသည်။

 

အောက်ဖော်ပြပါတို့သည် သံဓာတ်၏ ခန္ဓာကိုယ် ကျန်းမာရေးအတွက်  အရေးပါသော လုပ်ငန်းများ ဖြစ်ကြပါသည်။

( ၁ )     ခန္ဓာကိုယ်အစိတ်အပိုင်းအသီးသီးသို့ လိုအပ်သော အောက်ဆီဂျင်ကို ပို့ဆောင်ပေးခြင်း။

            သံဓာတ်သည် သွေးနီဥများတွင်ရှိသည့် ပရိုတင်းဓာတ်တစ်မျိုးဖြစ်သော ဟေမိုဂလိုဘင်ဒြပ်ပေါင်းထဲတွင် တည်ရှိပါသည်။

ဟေမိုဂလိုဘင်သည် အဆုတ်များမှနေ၍အောက်ဆီဂျင်ကို စုဆောင်းပူးပေါင်းပြီး အောက်ဆီဟေမိုဂလိုဘင်ဒြပ်ပေါင်း ဖြစ်လာပါသည်။

ထိုအောက်ဆီဟေမိုဂလိုဘင်ဒြပ်ပေါင်းသည် ခန္ဓာကိုယ်အစိတ်အပိုင်းအသီးသီးသို့ လိုအပ်သော အောက်ဆီဂျင်များကို သယ်ယူပို့ဆောင်ပေးသော လုပ်ငန်းကို လုပ်ဆောင်ပါသည်။

ထို့ကြောင့် ခန္ဓာကိုယ်တွင် သံဓာတ်ချို့တဲ့ခြင်းဖြစ်လာသောအခါ ဟေမိုဂလိုဘင်ဓာတ်များ ကျဆင်းလာပြီး ကျန်းမာရေးပြဿနာများစွာ ဖြစ်ပေါ်လာနိုင်ပါသည်။

 

( ၂ )        ဗဟိုအာရုံကြောအဖွဲ့အစည်းဆိုင်ရာလုပ်ငန်းများကို လုပ်ဆောင်ပေးခြင်း။

            သံဓာတ်သည် ဗဟိုအာရုံကြောအဖွဲ့အစည်းဆိုင်ရာလုပ်ငန်းများတွင် ဓာတ်ပြုအင်ဇိုင်းများစွာကို ကူညီပေးသော သတ္တုဓာတ်တစ်မျိုးဖြစ်ပါသည်။

ထို့အတူ ကလေးများ၏ မှတ်ဉာဏ်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှုတွင် အလွန်အရေးပါသောအခန်းကဏ္ဍမှ ပါဝင်ကြောင်း တွေ့ရှိရပါသည်။

ထို့ကြောင့် သံဓာတ်ချို့တဲ့သော ကလေးများတွင် မှတ်ဉာဏ်ပိုင်းဆိုင်ရာချို့တဲ့သော လက္ခဏာများကို တွေ့ရှိရပါသည်။

( ၃ )       စွမ်းအင်ဇီ၀ကမ္မဖြစ်စဉ်တွင် အရေးပါသော အခန်းကဏ္ဍ၌ ပါဝင်ခြင်း။

 

ခန္ဓာကိုယ်အတွက် လိုအပ်သော စွမ်းအင်ကိုရရှိရန် လုပ်ဆောင်သော လုပ်ငန်းများအတွက် သံဓာတ်၏အခန်းကဏ္ဍမှာ အလွန်အရေးပါကြောင်း တွေ့ရှိရပါသည်။

ထို့ကြောင့် စားသုံးသော အစားအစာတွင် သံဓာတ်လုံလောက်စွာ ပါဝင်ခြင်းမရှိလျှင် ခန္ဓာကိုယ်အတွက် စွမ်းအင်ထုတ်လုပ်ခြင်းကို လျော့နည်းစေမည်ဖြစ်ပါသည်။

 

( ၄ )       မောပန်းနွမ်းနယ်ခြင်းလက္ခဏာများကို သက်သာလျော့နည်းစေခြင်း။

            သံဓာတ်ချို့တဲ့ခြင်းကြောင့် ဟေမိုဂလိုဘင်အရေအတွက် လျော့နည်းသွားသည့်အတွက် ခန္ဓာကိုယ်အတွက် လိုအပ်သောအောက်ဆီဂျင်ဓာတ်ကို အလုံအလောက် မရရှိသည့်အခါ မောပန်းလွယ်ခြင်း၊ နုံးချိနေခြင်းစသော လက္ခဏာများဖြစ်လာကြောင်း လေ့လာချက်များအရ တွေ့ရှိရပါသည်။

 

( ၅ )       ကိုယ်ဝန်ဆောင်မိခင်များ၏ကျန်းမာရေးအတွက် အထောက်အကူပြုခြင်း။

            သံဓာတ်ကို ကိုယ်ဝန်ဆောင်မိခင်များကျန်းမာရေးကောင်းစေရန်အတွက် လိုအပ်သော အာဟာရဓာတ်များမှ တစ်မျိုးအဖြစ်လက်ခံထားကြပါသည်။

သံဓာတ်နှင့်  ဖောလစ်အက်ဆစ်ဓာတ် ချို့တဲ့သော ကိုယ်ဝန်ဆောင်မိခင်များတွင် မိခင်များ၏ကျန်းမာရေးသာမက သန္ဓေသား၏ ဖွံ့ဖြိုးမှုကိုပါ ထိခိုက်နိုင်ကြောင်းတွေ့ရှိရပါသည်။

ထို့ပြင်ကိုယ်ဝန်ဆောင်စဉ်ကာလတွင် သံဓာတ်သည် သန္ဓေသား၏ ဦးနှောက်ဉာဏ်ရည်ဖွံ့ဖြိုးမှု အခန်းကဏ္ဍ၌လည်း များစွာအရေးကြီးကြောင်း တွေ့ရှိရပါသည်။

 

( ၆ )     သက်ကြီးရွယ်အိုများ မှတ်ဉာဏ်ကျဆင်းခြင်းရောဂါမှ ကာကွယ်ပေးခြင်း။

သံဓာတ်၏ နောက်ထပ်ကောင်းကျိုးလုပ်ငန်းတစ်ခုမှာ သက်ကြီးရွယ်အိုများအား မှတ်ဉာဏ်ပိုင်းဆိုင်ရာ အားနည်းလာခြင်းရောဂါမှ ကာကွယ်ပေးနိုင်ခြင်းပင်ဖြစ်ပါသည်။

ထို့ပြင် သံဓာတ်ချို့တဲ့ခြင်းကြောင့်ဖြစ်သော သွေးအားနည်းရောဂါသည် သက်ကြီးရွယ်အိုများ မှတ်ဉာဏ်ကျဆင်းသောရောဂါ ( Dementia ) ၏  အကြောင်းရင်းတစ်ရပ်တွင် ပါဝင်ပါသည်။

ထို့ကြောင့် သက်ကြီးရွယ်အိုများ ( Dementia ) ရောဂါမှကာကွယ်ရန် သံဓာတ်ကြွယ်၀သော အစားအစာများကို စားသုံးသင့်ကြောင်းတွေ့ရှိရပါသည်။

 

( ၇ )       အားကစားသမားများအတွက် အားကစားလှုပ်ရှားမှုများကို တိုးတက်ကောင်းမွန်စေခြင်း။

သံဓာတ်သည် ခန္ဓာကိုယ်၌ အောက်ဆီဂျင်ကို သယ်ယူပို့ဆောင်သောလုပ်ငန်းတွင် အရေးပါသောကြောင့် အားကစားလှုပ်ရှားမှုများလုပ်ဆောင်ရာတွင် အလွန်အထောက်အကူပြုကြောင်း တွေ့ရှိရပါသည်။

ထို့ကြောင့် အားကစားသမားများအနေနှင့် အားကစားကောင်းစွာ လေ့ကျင့်လုပ်ဆောင်နိုင်ရန် သံဓာတ်ပြည့်၀သော အစားအစာများစားသုံးခြင်း (သို့မဟုတ်) သံဓာတ်ကြွယ်၀သော အားဆေးများ သောက်သုံးမှီဝဲကြရန်လိုအပ်ကြောင်း အကြံပြုအပ်ပါသည်။

Author : Dr. မိုး (ဆေး ၁)

Previous Post

ချောင်းဆိုးချွဲကျပ်နေသလား

Next Post

မျက်နှာအရေပြားတွန့်ခြင်းမှ ကာကွယ်ဖို့ဆိုရင်

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

လူကြီးတွေကိုယ်ခံအားကောင်းစေမယ့် အာဟာရဓာတ်များ

3 years ago
461
HMB and prevention of muscle loss

HMB နှင့် ကြွက်သား ဆုံးရှုံးမှုကို ကာကွယ်ခြင်း

3 years ago
207
What vitamins do you need for muscle health?

ကြွက်သားကျန်းမာရေးအတွက် ဘာ vitamins တွေ လိုအပ်လဲ

3 years ago
384
Sugar and cancer

သကြားနှင့် ကင်ဆာ

3 years ago
390
The importance of protein to strengthen the body's muscles

ခန္ဓာကိုယ်ကြွက်သားတွေသန်မာဖို့ ပရိုတင်းရဲ့အရေးပါပုံ

3 years ago
445
I want to eat and not lose my beauty

စားချင်တာစားပြီး အလှမပျက်စေဖို့

3 years ago
327

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

မျက်နှာအရေပြားတွန့်ခြင်းမှ ကာကွယ်ဖို့ဆိုရင်

လူငယ်လူရွယ်များ အရပ်ရှည်ထွက်ခြင်းကို လွှမ်းမိုးသော အချက်များနှင့် Mega Teen

ဝက်ခြံကင်းစင်၍ ကြည်လင်လှပတဲ့အသားအရေဖြစ်ဖို့ ဘယ်လိုစားသောက်သင့်သလဲ။

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.