fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ကျန်းမာစေသော အစားအစာ

သံဓာတ်စုပ်ယူခြင်းကို လျော့နည်းစေနိုင်သော အစားအစာများ။

162
VIEWS
Share on FacebookShare on TwitterShare on Linkedin
31/12/2020
in ကျန်းမာစေသော အစားအစာ
1 min read
A A

သွေးနီဥများတွင် ပါဝင်သော ဟေမိုဂလိုဘင်ဓာတ်များသည် အဆုတ်များမှနေ၍ အောက်ဆီဂျင်ကို ခန္ဓာကိုယ်အစိတ်အပိုင်းအသီးသီးသို့ သယ်ယူပို့ဆောင်သည့် လုပ်ငန်းကို လုပ်ဆောင်ပေးပါသည်။

သံဓာတ်သည် ၎င်းဟေမိုဂလိုဘင်ဓာတ်များတွင် ပါဝင်သော သတ္တုဓာတ်တစ်မျိုးဖြစ်သောကြောင့်  ခန္ဓာကိုယ်ကျန်းမာရေးလုပ်ငန်းများစွာအတွက် မရှိမဖြစ်အရေးပါသော အာဟာရဓာတ်တစ်မျိုးဖြစ် ကြောင်းတွေ့ရှိရပါသည်။

         

သံဓာတ်၏ ခန္ဓာကိုယ်အတွက် အကျိုးပြုသော ကျန်းမာရေးဆိုင်ရာကောင်းကျိုးများ

သံဓာတ်၏ ခန္ဓာကိုယ်အတွက် အကျိုးပြုသော ကျန်းမာရေးဆိုင်ရာကောင်းကျိုးများမှာ

– သွေးအားနည်းရောဂါကိုကာကွယ်ကုသပေးခြင်း

– မောပန်းနုံးချိခြင်းကို လျော့နည်းစေခြင်း

– ကြွက်သားများကို သန်မာစေခြင်း

– ခုခံအားစနစ်ကိုတိုးတက်စေခြင်း

– အာရုံစူးစိုက်မှု ကောင်းမွန်စေခြင်း

– အရေပြားတွင် သွေးခြည်ဥခြင်းမှ လျော့နည်းသက်သာစေခြင်း

– နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်ခြင်းကို အားပေးခြင်း စသည့်ကောင်းကျိုးများကို ပေးစွမ်းနိုင်ပါသည်။

 

သံဓာတ်ချို့တဲ့သောအခါ တွေ့ရသော ရောဂါလက္ခဏာများ

သံဓာတ်ချို့တဲ့သောအခါ  အောက်ပါရောဂါလက္ခဏာများကို‌ တွေ့ရှိရပါသည်။

– မောပန်းလွယ်ခြင်း

– အားနည်းသည်ဟု ခံစားရခြင်း

– အသားအရေဖြူဖျော့နေခြင်း

– ရင်တုန်ခြင်း

– လျှာနှင့်ပါးစပ်တွင် အနာဖြစ်ခြင်း ၊ ရောင်ရမ်းခြင်း

– အရေပြားခြောက်သွေ့ခြင်း

– ဆံပင်များခြောက်သွေ့၍ ကျွတ်လွယ်ခြင်း

– လက်သည်းများကျွတ်ဆတ်၍ ကျိုးလွယ်ခြင်း စသည့် ရောဂါလက္ခဏာများကို တွေ့ရှိရပါသည်။


သံဓာတ်ချို့တဲ့ခြင်းဖြစ်ရသည့် အကြောင်းရင်းများ

          အောက်ပါအကြောင်းရင်းများသည် သံဓာတ်ချို့တဲ့ခြင်းဖြစ်ရသည့် အကြောင်းရင်းများ ဖြစ်ကြပါသည်။

–  ခန္ဓာကိုယ်မှ သွေးဆုံးရှုံးခြင်း။

            သံဓာတ်သည် သွေးနီဥများရှိဟေမိုဂလိုဘင်ဓာတ်များတွင် အဓိကပါဝင်သော သတ္တုဓာတ်ဖြစ်သောကြောင့် ခန္ဓာကိုယ်မှ သွေးဆုံးရှုံးသည့်အခြေအနေများတွင် သံဓာတ်ချို့တဲ့ခြင်း ဖြစ်လာနိုင်ကြောင်း တွေ့ရှိရပါသည်။

– စားသုံးသော အစားအစာများတွင် သံဓာတ်ပါဝင်မှုမလုံလောက်ခြင်း။

          အစားအစာများတွင် သံဓာတ်ပါဝင်မှုနည်းပါးခြင်း သို့မဟုတ် ပါဝင်မှုမရှိခြင်းတို့ကြောင့်လည်း သံဓာတ်ချို့တဲ့ခြင်း ဖြစ်လာနိုင်ပါသည်။

ထို့ကြောင့် အောက်ပါသံဓာတ်ကြွယ်၀သော အစားအစာများကို စားသုံးခြင်းဖြင့် သံဓာတ်ချို့တဲ့ ခြင်းမှကာကွယ်နိုင်ပါသည်။

– ကြက်ဥဘဲဥများ

– အမဲသား

– ကြက်အသည်း၊ ဘဲအသည်း၊ ဝက်အသည်း ၊ ဆိတ်အသည်း

– ပင်လယ်စာ

– ဟင်းနုနွယ်

– ကန်စွန်းရွက်

– ဘရိုကိုလီ စသော အစိမ်းရောင်ရှိသော ဟင်းသီးဟင်းရွက်များ

– ပဲအမျိုးမျိုး

– တိုဖူး

– ဗာဒံသီး

– သီဟိုဠ်စေ့

– နေကြာစေ့

– အခွံမာသီးများ

– မြေပဲ

– ခရမ်းချဉ်သီး

– အာလူး

– မှို

– သံလွင်သီး

– ဘယ်ရီသီး

– အုန်းနို့

– ချောကလက်အမည်း စသည့်အစားအစာများဖြစ်ကြပါသည်။

 

သံဓာတ်စုပ်ယူမှုကို တားဆီးနိုင်သောအကြောင်းရင်းအချက်များ။

          အစာအာဟာရများတွင် သံဓာတ်လုံလောက်စွာပါရှိသော်လည်း သံဓာတ်စုပ်ယူရာတွင် နှောင့်နှေးစေနိုင်သော အကြောင်းရင်းအချို့ကြောင့်လည်း သံဓာတ်ချို့တဲ့နိုင်ပါသည်။

          (  Celiac Disease ) ဟုခေါ်သော အူလမ်းကြောင်းရောဂါရှိသောသူများ နှင့် အူလမ်းကြောင်းဆိုင်ရာ ခွဲစိတ်မှုအချို့ကြောင့် သံဓာတ်စုပ်ယူခြင်းကိုထိခိုက်ပြီး သံဓာတ်ချို့တဲ့ခြင်း အကြောင်းရင်း ဖြစ်လာပါသည်။

ထို့ပြင် အချို့သော အစားအစာများသည်လည်း သံဓာတ်စုပ်ယူခြင်းကို လျော့နည်းစေနိုင်သဖြင့် သံဓာတ်ချို့တဲ့ခြင်းမှ ကာကွယ်ရန် ၎င်းအစားအစာများကို သံဓာတ်ပြည့်၀သော အစားအစာများနှင့်တွဲ၍ စားခြင်းမှ ရှောင်ကြဉ်သင့်ပါသည်။

 

သံဓာတ်စုပ်ယူခြင်းကို လျော့နည်းစေနိုင်သော အစားအစာများ

အောက်ပါတို့သည် သံဓာတ်စုပ်ယူခြင်းကို လျော့နည်းစေနိုင်သော အစားအစာများ ဖြစ်ကြပါသည်။

 

– ကြက်ဥဘဲဥအနှစ်

ကြက်ဥဘဲဥအနှစ်သည် သံဓာတ်စုပ်ယူခြင်းကို တားဆီးနိုင်သော အစားအစာတစ်မျိုး ဖြစ်ပါသည်။

ကြက်ဥဘဲဥများ၏အနှစ်တွင် ပါဝင်သော Phosvitin ဟုခေါ်သော ပရိုတင်းဒြပ်ပေါင်းသည် သံဓာတ်မော်လီကျူးများနှင့် ပူးပေါင်းပြီး အစားအစာများမှ သံဓာတ်အား စုပ်ယူခြင်းကို တားဆီးကြောင်း လေ့လာချက်များအရတွေ့ရှိရပါသည်။

 

– ကယ်လ်ဆီယမ်ကြွယ်၀သော အစားအစာများ။

နို့တွင် ပေါများစွာပါဝင်သော ကယ်လ်ဆီယမ်ဓာတ်သည် သံဓာတ်စုပ်ယူခြင်းကို လျော့နည်းစေသော အာဟာရသတ္တုဓာတ်တစ်မျိုးဖြစ်ပါသည်။

ကယ်လ်ဆီယမ်ပေါကြွယ်၀စွာ ပါဝင်သော အစားအစာများမှာ

– ဒိန်ချဉ်

– ချိစ်

– ဆာဒင်းငါး

– ဆယ်လ်မွန်ငါး

– နို့ စသည့်အစားအစာများ ဖြစ်ကြပါသည်။

 

– Polyphenol ကြွယ်၀သော အစားအစာများ။

Polyphenol သို့မဟုတ် phenolic acid ဒြပ်ပေါင်းသည် သံဓာတ်စုပ်ယူမှုကို ဟန့်တားသော အစားအစာတစ်မျိုးဖြစ်ကြောင်း လေ့လာချက်များအရ တွေ့ရှိရပါသည်။

ထို့ကြောင့် ၎င်းဓာတ်ပေါကြွယ်၀သော အစားအစာများကို သံဓာတ်ကြွယ်၀သော အစားအစာများနှင့် တွဲ၍ မစားသုံးသင့်ပါ။

ကော်ဖီ၊ လက်ဖက် ၊ ပန်းသီး ၊ ငရုတ်ကောင်း နှင့် အချို့သော ဆေးဖက်ဝင်သဘာ၀ လက်ဖက်ခြောက်ရည်များတွင် Polyphenol ဓာတ်များပါဝင်ကြောင်းတွေ့ရှိရပါသည်။

 

– Phytate ကြွယ်၀သော အစားအစာများ။

Phytate ကြွယ်၀သော အစားအစာများသည် သံဓာတ်စုပ်ယူခြင်းကို ၅၀ မှ ၆၅ ရာခိုင်နှုန်းအထိ လျော့ကျစေနိုင်ကြောင်း လေ့လာတွေ့ရှိရပါသည်။

၎င်းဓာတ်များသည် ဗာဒံသီး၊ ပဲနီလေးနှင့်  နှံစားသီးနှံများတွင် ပါဝင်ကြောင်းတွေ့ရှိရပါသည်။

 

အထက်တွင်ဖော်ပြခဲ့သော သံဓါတ်စုပ်ယူခြင်းကို လျော့နည်းစေနိုင်သော အစားအစာများကို သတိပြုစားသောက်ခြင်းအားဖြင့် ခန္ဓာကိုယ်အတွက် လိုအပ်သော သံဓါတ်များကို လုံလောက်စွာရရှိရန် လုပ်ဆောင်နိုင်ပါသည်။

Author : Dr. မွန်

Previous Post

ကလေးများတွင်တွေ့ရများသော ချောင်းဆိုးရောဂါအမျိုးအစားများ

Next Post

ကိုယ်ခံစွမ်းအားအတွက် သံဓါတ်ရဲ့ အရေးပါပုံများ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

လူကြီးတွေကိုယ်ခံအားကောင်းစေမယ့် အာဟာရဓာတ်များ

3 years ago
461
HMB and prevention of muscle loss

HMB နှင့် ကြွက်သား ဆုံးရှုံးမှုကို ကာကွယ်ခြင်း

3 years ago
207
What vitamins do you need for muscle health?

ကြွက်သားကျန်းမာရေးအတွက် ဘာ vitamins တွေ လိုအပ်လဲ

3 years ago
384
Sugar and cancer

သကြားနှင့် ကင်ဆာ

3 years ago
390
The importance of protein to strengthen the body's muscles

ခန္ဓာကိုယ်ကြွက်သားတွေသန်မာဖို့ ပရိုတင်းရဲ့အရေးပါပုံ

3 years ago
445
I want to eat and not lose my beauty

စားချင်တာစားပြီး အလှမပျက်စေဖို့

3 years ago
327

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ကိုယ်ခံစွမ်းအားအတွက် သံဓါတ်ရဲ့ အရေးပါပုံများ

ချောင်းခြောက်ဆိုးခြင်း သက်သာစေဖို့ ဘာလုပ်သင့်သလဲ

ဒဏ်ရာနာကျင်မှုကိုသက်သာစေနိုင်တဲ့ သဘာဝနည်းလမ်းများ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.