သံဓါတ်နှင့် ပတ်သက်လျှင် ခန္ဓာကိုယ်တွင် သံဓါတ်ချို့တဲ့ခြင်း ပြဿနာကို ဂရုပြုရမည် ဖြစ်သကဲ့သို့ သံဓါတ်လွန်ကဲခြင်းကိုလည်း သတိပြုသင့်ပါသည်။
သံဓါတ်လွန်ကဲခြင်းပြဿနာကို စောစီးစွာသိရှိ၍ နည်းလမ်းမှန်ကန်စွာ ကုသမှုခံယူခဲ့ပါက ပုံမှန်အတိုင်း ကျန်းမာသောဘဝတစ်ခုကို ရရှိနိုင်မည် ဖြစ်ပါသည်။ ထိုသို့ ခန္ဓာကိုယ်တွင် သံဓါတ်ပမာဏများပြားနေခြင်းကို ကုသရန် နည်းလမ်းများစွာ ရှိပါသည်။
သွေးလဲလှယ် ကုသခြင်း
ခန္ဓာကိုယ်အတွင်း သံဓါတ် များပြားနေသော သွေးများအား ဖယ်ရှား၍ ကုသသောနည်းလမ်းတစ်ခု ဖြစ်ပါသည်။
ထိုသို့ ကုသရာတွင် ခန္ဓာကိုယ်အတွင်း သံဓါတ်ပမာဏ ပုံမှန်အတိုင်း ပြန်လည် ရောက်ရှိသွားသည့်တိုင်အောင် အပတ်စဉ် ပုံမှန်သွေးလဲလှယ်ကုသရန် လိုအပ်ပါသည်။
သံဓါတ်ပမာဏ ပုံမှန်ဖြစ်သွားသောကြောင့် ကုသမှုကို ရပ်တန့်နိုင်ပါသည်။ ခန္ဓာကိုယ်တွင် သံဓါတ်ပမာဏ ပြန်လည်များပြားလာပါက ထိုသို့ကုသမှုကို ထပ်မံလုပ်ဆောင်ရန် လိုအပ်ပါသည်။
လဲလှယ်ပြီး သွေးပမာဏနှင့် လဲလှယ်မည့် အကြိမ်အရေအတွက်တို့သည် လူနာတစ်ဦးတစ်ယောက်ချင်းစီ၏ အသက်အရွယ်၊ ကျန်းမာရေး အခြေအနေ၊ သံဓါတ်ပမာဏတို့အပေါ်မူတည်၍ အပြောင်းအလဲ ရှိနိုင်ပါသည်။
အစောပိုင်းကာလ ကုသမှုများတွင် တစ်ပတ်လျှင် သွေးပမာဏ လီတာတစ်ဝက်ခန့် ထုတ်ယူကောင်း ထုတ်ယူနိုင်ပါသည်။ ထို့နောက် တဖြည်းဖြည်းနှင့် နှစ်လလျှင်တစ်ကြိမ် သို့မဟုတ် လေးလလျှင်တစ်ကြိမ် မှသာ ထုတ်ယူမည် ဖြစ်ပါသည်။
ထိုသို့သွေးလဲလှယ်ကုသခြင်းသည် အသည်းခြောက်ခြင်းပြဿနာကို ပြန်လည်ကောင်းမွန်ခြင်း မဖြစ်စေနိုင်တော့သော်လည်း ပျို့အန်ခြင်း၊ ဝမ်းဗိုက်နာကျင်ခြင်းနှင့် အားအင်ကုန်ခန်းခြင်းကဲ့သို့သော ရောဂါလက္ခဏာများကိုမူ တိုးတက်လာစေနိုင်ပါသည်။
ထို့အတူ နှလုံး၏လုပ်ငန်းဆောင်တာများနှင့် အရိုးအဆစ် နာကျင်ခြင်းဝေဒနာများကိုလည်း တိုးတက်စေနိုင်ပါသည်။
သောက်ဆေး၊ ထိုးဆေးဖြင့်ကုသခြင်း
ခန္ဓာကိုယ်တွင် ပိုလျှံနေသော သံဓါတ်များနှင့် ပေါင်းစပ်ဓါတ်ပြုနိုင်သော သောက်ဆေးများပေးခြင်း၊ ထုံဆေးများ ထိုးနှံပေးခြင်း နည်းလမ်းဖြင့် ကုသခြင်း ဖြစ်ပါသည်။
ဤသို့ သောက်ဆေး၊ ထိုးဆေးဖြင့် ကုသခြင်းနည်းလမ်းအား ဆရာဝန်များမှ ပထမဦးစွာ ရွေးချယ်လေ့ မရှိကြသော်လည်း အချို့သူများအတွက်မူ ဤနည်းလမ်းသည် သင့်တော်ကြောင်း တွေ့ရှိရပါသည်။
အစာစားသည့် အလေ့အထကို ပြောင်းလဲခြင်း
စားသောက်သည့် အစားအစာများတွင် သံဓါတ်ပါဝင်မှုပမာဏကို ကန့်သတ်ထိန်းချုပ်ခြင်းကလည်း သံဓါတ်များပြားသည့် ရောဂါလက္ခဏာများကို လျှော့ချနိုင်ကြောင်း တွေ့ရှိရပါသည်။
ထို့ကြောင့် အောက်ပါအတိုင်း အစာစားသောက်ပုံ အလေ့အထများကို ပြောင်းလဲ ပြင်ဆင်သင့်ပါသည်။
– သံဓါတ်ပါဝင်သော ဖြည့်စွက်အာဟာရများကို ရှောင်ကြဉ်ခြင်း
– ဗီတာမင်-စီသည် သံဓါတ်စုပ်ယူမှုကိုအားပေးသဖြင့် ဗီတာမင်-စီ ပါဝင်သော ဖြည့်စွက်အာဟာရများကို ရှောင်ကြဉ်ခြင်း
– သံဓါတ်ကြွယ်ဝသော သို့မဟုတ် သံဓါတ်ဖြည့်တင်းထားသော အစားအစာများကို လျှော့ချစားသုံးခြင်း
– မချက်ပြုတ်ရသေးသော ငါး သို့မဟုတ် ဂုံးငါးများကို ရှောင်ကြဉ်ခြင်း
– အသည်းကိုပျက်စီးစေနိုင်သည့် အရက်သောက်သုံးမှုကို ကန့်သတ်ခြင်း စသည်တို့ကို ပြုလုပ်သင့်ပါသည်။
သံဓါတ်များပြားမှုကို ကောင်းမွန်စွာကုသမှုမခံယူခဲ့ပါက နောက်ဆက်တွဲအနေနှင့် အောက်ပါကျန်းမာရေးပြဿနာများ ဖြစ်ပွားလာနိုင်ပါသည်။
– အသည်းခြောက်ခြင်း
– အသည်းကင်ဆာဖြစ်ပွားနိုင်မှု ပိုမိုများပြားလာခြင်း
– ဆီးချိုရောဂါနှင့် ဆက်စပ်လျက်ရှိသော နောက်ဆက်တွဲပြဿနာများ ဖြစ်ပွားခြင်း
– အကယ်၍ နှလုံးတွင် သံဓါတ်အများအပြား စုစည်းမိပါက နှလုံးနှင့်ဆက်စပ်သည့် ရောဂါများဖြစ်ပွား၍ ခန္ဓာကိုယ်တွင် လုံလောက်သော သွေးပမာဏကို လဲလှယ်ခြင်း မပြုလုပ်နိုင်တော့ခြင်း
– နှလုံးစည်းချက် မမှန်ခြင်း
– ရင်ဘက်အောင့်ခြင်း၊ ရင်တုန်ခြင်းနှင့် ခေါင်းမူးခြင်း
– သိုင်းရွိုက်ဟော်မုန်းပမာဏ နည်းပါးခြင်းကဲ့သို့သော ဟော်မုန်းဆိုင်ရာ ပြဿနာများဖြစ်ခြင်း
– အဆစ်ရောင်ခြင်း
– အရိုးပွခြင်း
– အရေပြားဆဲလ်များတွင် သံဓါတ်များစုဝေးလာခြင်းကြောင့် အရေပြား၏အရောင်သည် ကြေးရောင် သို့မဟုတ် အညိုရောင်ဖြစ်နေခြင်း စသည်တို့ဖြစ်ပါသည်။
အခြားနောက်ဆက်တွဲပြဿနာများမှာ စိတ်ကျခြင်း၊ သည်းခြေနှင့်သက်ဆိုင်သည့် ရောဂါများဖြစ်ခြင်းနှင့် အချို့သော ကင်ဆာရောဂါများဖြစ်ပေါ်ခြင်း စသည်တို့ ဖြစ်ပါသည်။
ထိုသို့ နောက်ဆက်တွဲ ပြဿနာများကို မဖြစ်ပေါ်စေရန် ဘဝတစ်လျှောက်လုံးတွင် သွေးထဲတွင် သံဓါတ်အား ပုံမှန်စစ်ဆေးခြင်းများကို ပြုလုပ်ဆောင်ရွက်သွားရမည် ဖြစ်ပါသည်။