fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ကျန်းမာစေသော အစားအစာ

Omega-3 Fatty Acids ရရှိဖို့ စားသုံးသင့်တဲ့အစားအစာများ

498
VIEWS
Share on FacebookShare on TwitterShare on Linkedin
22/06/2021
in ကျန်းမာစေသော အစားအစာ
1 min read
A A

Omega-3 Fatty Acids ဆိုတာ

Omega-3 fatty acids ကို မိမိတို့စားသုံးသောအစားစာတွေနဲ့ ဖြည့်စွက်အားဆေးမှရရှိတဲ့ အာဟာရပဲ ဖြစ်ပါတယ်။ Omega-3 Fatty Acids က ကျန်းမာတဲ့ခန္ဓာကိုယ်ကို ဆောက်တည်ထိန်းသိမ်းပေးနိုင်ပြီး  ကိုယ်တွင်းရှိဆဲလ်နံရံတွေ တည်ဆောက်ရာမှာ အဓိကကျပါတယ်။ ဒါ့ပြင် မိမိရဲ့ခန္ဓာကိုယ် စွမ်းအားအရင်းအမြစ်လည်းဖြစ်သလို နှလုံး၊အဆုတ် ၊ သွေးကြောနဲ့ ကိုယ်ခံအား စနစ်တို့ကို ပုံမှန်မှန်ကန်စွာ လည်ပတ်အောင် ထိန်းသိမ်းပေးထားတာပါ။

Omega-3 Fatty Acids မှာ DHA (Docosahexaenoic Acid)၊ EPA (Ecosapentaenoic Acid) နှင့် ALA (Alpha-linolenic acid) ဆိုပြီး သုံးမျိုးရှိပါတယ်။  ဒါတွေလုံလောက်စွာရှိထားမယ်ဆိုရင် ကိုယ်ခန္ဓာအတွက် အကျိုးကျေးဇူး များစွာ ရရှိမှာပါ။ DHA နဲ့ EPA တို့ကို ငါးတွေမှာ အမြောက်အမြားတွေ့ရှိနိုင်ပါတယ်။ ALA ဟာ အပင်အရင်းအမြစ်တွေဖြစ်တဲ့ အစေ့အဆန်၊ သစ်သီးစေ့တွေကနေ ရရှိနိုင်ပါတယ်။

Omega-3 Fatty Acids အကျိုးကျေးဇူးများ

Omega-3 Fatty Acids က Triglycerides (အဆီဆိပ်) ကိုလျှော့ချပေးနိုင်တာမို့ နှလုံးရောဂါနဲ့ လေဖြတ်ခြင်းတို့မှ ကာကွယ်ပေးနိုင်ပါတယ်။ အဆစ်မြစ်ရောင်ရမ်းခြင်းနဲ့ လေးဘက်နာတွေမှာ ဖြစ်လေ့ရှိတဲ့ တောင့်တင်းခြင်းနဲ့ ကိုက်ခဲဝေဒနာတွေကို တားဆီးပေးနိုင်ပါတယ်။ အရောင်ကျရန်သောက်သုံးလိုက်တဲ့ ဆေးတွေရဲ့ ထိရောက်မှုအားကိုလည်း မြှင့်တင်ပေးပါတယ်။ Omega 3 သုံးစွဲတဲ့သူတွေမှာ ခန္ဓာကိုယ်အတွင်း ရောင်ရမ်းခြင်းကို
လျှော့ချပေးနိုင်တာကြောင့်လည်း ပန်းနာရင်ကျပ်ရှိသူတွေအတွက် အကျိုးသက်ရောက်မှုများစွာရရှိစေနိုင်ပါတယ်။

Omega-3 စားသုံးသောသူတွေမှာ စိတ်ညစ်ခြင်း၊ စိတ်ဓာတ်ကျခြင်းရောဂါတွေကို လျော့ကျစေတာကို လေ့လာတွေ့ရှိထားပါတယ်။ ကလေးတွေ အမြင်အာရုံနဲ့ အတွေးခေါ် ဖွံ့ဖြိုးတိုးတက်မှုအတွက် DHA က အရေးကြီးပါတယ်။ ဒါ့ပြင် ကလေးများကောင်းမွန်စွာ အိပ်စက်နိုင်ဖို့ အတွက်လည်း အထောက်ကူပြုပေးနိုင်ပါတယ်။

ADHD လက္ခဏာများကိုလျော့ချပေးနိုင်ခြင်း
ADHD ဆိုတာ ကလေးတွေမှာအဓိကကြုံတွေ့ရပါတယ်။ သူကတော့ အာရုံစိုက်တဲ့အခါတွင် အခက်ခဲရှိနိုင်ခြင်း၊ သာမန်ထက် စိတ်ပိုတက်ကြွ လေ့ရှိပါတယ်။ Omega-3 သောက်သုံးပေးမယ်ဆိုရင် ဒါတွေကို လျှော့ချနိုင်ပြီး ကလေးရဲ့အာရုံကြောလုပ်ဆောင်တာတွေဖြစ်တဲ့ စဉ်းစားတွေးခေါ်မှု ၊ မှတ်ဉာဏ်၊ သင်ယူမှုနိုင်မှုတို့ကို ပိုမိုဖွံ့ဖြိုးတိုးတက်စေနိုင်ပါတယ်။

အကျိုးကျေးဇူးတွေ သိရှိထားတာမို့ Omega-3 Fatty Acids ရရှိနိုင်မယ့် အစားစာတွေ ကိုဖော်ပြပေးပါမယ်။
ကျန်းမာတဲ့လူကြီးတစ်ယောက်အနေနဲ့ တစ်နေ့ကို Omega-3 fatty acids (DHA+EPA)  ၂၅၀-၅၀၀ မီလီဂရမ်ထိသောက်သုံးသင့်ပါတယ်။ ကလေးငယ်တစ်ယောက်ကတော့ ၅၀-၁၀၀ မီလီဂရမ်ထိ သောက်သုံးသင့်ပါတယ်။ **ကိုယ်ဝန်ဆောင်၊ နို့တိုက်မိခင်တွေ၊ ကုသမှုဆိုင်ရာဆေးဝါးစွဲသောက်သူတွေအနေနဲ့တော့ မသောက်သုံးမီ ဆရာဝန်နဲ့ သေချာဆွေးနွေး တိုင်ပင်ပြီးမှ သောက်သုံးသင့်ပါတယ်။ ***

Omega-3 Fatty Acids ရဖို့ဆို အားဆေးတွေသောက်သုံးခြင်းထက် နေ့စဉ်စားတဲ့အစားစာတွေကရရှိအောင် စားသုံးသင့်ပါတယ်။ Omega-3 ပါဝင်တဲ့အစားစာတွေကို တစ်ပတ်လျှင် အနည်းဆုံး နှစ်ကြိမ် စားသုံးပေးသင့်ပါတယ်။
Omega-3 fatty Acids ရရှိနိုင်သောအစားစာတွေကတော့-

ငါးများနှင့် ပင်လယ်စာများ

• ငါးနီတူး
• ဆော်လမွန်ငါး
• ငါးသေတ္တာ
• တူနာငါး
• မက်ခရယ်ငါး
• ခရု

 

အစေ့ဆန် နှင့် သစ်သီးအစေ့များ

• ပဲနို့
• သစ်ကြာသီး
• Flax Seed
• Chia seed
• အပင်ကရသော ဆီများ ( ပဲဆီ ၊ Canola oil)
• အစိမ်းရောင်အသီးရွက်များ ၊ ဘယ်ရီသီးများ၊ ဖရုံသီး အမျိုးမျိုး

Omega-3 ရရန်အတွက် သီးခြားထုတ်လုပ်ထားတဲ့ အစားစာတွေကတော့ ကြက်ဥ ၊ ဒိန်ချဉ်၊ အသီးဖျော်ရည်၊ နွားနို့ နဲ့ ပဲနို့ထုတ်ကုန် ၊ ကလေးနို့မှုန့် တို့ပဲ ဖြစ်ပါတယ်။

Omega-3 Fatty Acids လုံလောက်တဲ့ပမာဏ ပြည့်ဝပြီး ကျန်းမာသန်စွမ်းတဲ့ခန္ဓာကိုယ်ကို ပိုင်ဆိုင်နိုင်ကြပါစေ။

Author: Dr. Win

Previous Post

အမာရွတ်ကင်းစင်ပြီး ကြည်လင်လှပတဲ့အသားအရေ ရရှိဖို့ဆိုရင်

Next Post

ချွေးပေါက်ကျဉ်းပြီး ဝက်ခြံကင်းစင်တဲ့အသားအရေပိုင်ဆိုင်ဖို့

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

လူကြီးတွေကိုယ်ခံအားကောင်းစေမယ့် အာဟာရဓာတ်များ

2 years ago
454
HMB and prevention of muscle loss

HMB နှင့် ကြွက်သား ဆုံးရှုံးမှုကို ကာကွယ်ခြင်း

2 years ago
206
What vitamins do you need for muscle health?

ကြွက်သားကျန်းမာရေးအတွက် ဘာ vitamins တွေ လိုအပ်လဲ

3 years ago
383
Sugar and cancer

သကြားနှင့် ကင်ဆာ

3 years ago
382
The importance of protein to strengthen the body's muscles

ခန္ဓာကိုယ်ကြွက်သားတွေသန်မာဖို့ ပရိုတင်းရဲ့အရေးပါပုံ

3 years ago
442
I want to eat and not lose my beauty

စားချင်တာစားပြီး အလှမပျက်စေဖို့

3 years ago
327

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ချွေးပေါက်ကျဉ်းပြီး ဝက်ခြံကင်းစင်တဲ့အသားအရေပိုင်ဆိုင်ဖို့

ရေဓာတ်ပြည့်ဝတဲ့ အသားအရေပိုင်ဆိုင်ဖို့

DHA ချို့တဲ့လျှင် တွေ့ရသောလက္ခဏာများ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.