ကြက်ဥဟာ ဗီတာမင်၊ သတ္တုဓာတ်၊ ပရိုတိန်း စတဲ့ ကျန်းမာရေးအတွက်လိုအပ်တဲ့ အာဟာရဓာတ်တွေ ကြွယ်၀ပါတယ်။ ဒါပေမဲ့ ဒီအာဟာရဓာတ်တွေကို ကြက်ဥကနေတင်မဟုတ်ဘဲ တခြားအစားအသောက်တွေကနေလည်း ရနိုင်ပါတယ်။ ဘယ်အာဟာရဓာတ်တွေနဲ့ ဘယ်အစားအစာတွေများဖြစ်မလဲ ….. ?
ပရိုတိန်း
ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့ ပရိုတိန်းဓာတ် (Protein) ဟာ ကျန်းမာတဲ့တစ်ရှူးနဲ့ အရေပြားတည်ဆောက်ဖို့တွက် များစွာထောက်အကူပြုပါတယ်။ ပရိုတိန်းကို ကြက်ဥကနေမရနိုင်လို့လည်း မပူပါနဲ့။ အသားငါး၊ ကြက်ဥ၊ နို့နဲ့နို့ထွက်ပစ္စည်း၊ အခွံမာသီး၊ ပဲအမျိုးမျိုး စတာတွေမှာလည်း ပရိုတိန်းဓာတ်ပါဝင်ပါတယ်။
ဗီတာမင် အေ
Retinol လို့ခေါ်တဲ့ ဗီတာမင် အေ (Vitamin A) ဟာ မျက်လုံး အမြင်အာရုံလွှာ အတွက် အရေးပါသလို အရေပြားတွေရဲ့ တင်းရင်းမှု ကြံခိုင်ကျန်းမာမှုအတွက်လည်း မရှိမဖြစ် လိုအပ်ပါတယ်။ ဒါ့ပြင် ဗီတာမင်အေဟာ ကိုယ်ခန္ဓာနဲ့ ဉာဏ်ရည်ဖွံ့ဖြိုးဖို့၊ ကိုယ်ခံအားကောင်းဖို့အတွက်လည်း အထောက်အကူပေးပါတယ်။ ဗီတာမင်အေကြွယ်၀တဲ့အစားအစားတွေကတော့ ဥအမျိုးမျိုးအပြင် အသည်း၊ နို့အမျိုးမျိုး၊ ငါး၊ အစိမ်းရောင်ရှိသည့် ဟင်းရွက်များ၊ အဝါရောင် အစားအစာများ (ဥပမာ ဒိန်ခဲ၊ ရွှေဖရုံသီး)
Choline
ကြက်ဥအနှစ်ဟာ ကိုလင်းဓာတ်ကြွယ်၀ပါတယ်။ ကိုလင်းဓာတ်ကို နို့၊ အမဲသား၊ ပုစွန်၊ ဆယ်လ်မွန်ငါး၊ ဘရိုကိုလီတို့်ကနေလည်း ရနိုင်ပါတယ်။
Lutein and Zeaxanthin
Lutein နဲ့ zeaxanthin ဓာတ်နှစ်မျိုးဟာ မျက်စိကျန်းမာရေးအတွက် အကျိုးပြုတဲ့ဓာတ်တွေဖြစ်ပါတယ်။ ဒီဓာတ်တွေကို ကြက်ဥအပြင် ကိုက်လန်၊ ဟင်းနုနွယ် စတဲ့အစိမ်းရောင်အရွက်တွေအပြင် ပြောင်းဖူး၊ ကန်စွန်းဥ၊ ရွှေဖရုံသီး တို့ကနေလည်း ရနိုင်ပါတယ်။
Selenium
ဆီလီနီယမ်ဓာတ်ဟာ သင့်ရဲ့ဆဲလ်တွေကို ကာကွယ်ပေးဖို့ Antioxidant တွေနဲ့အတူ လုပ်ဆောင်ပါတယ်။ ဇီ၀ဖြစ်ပျက်မှုနဲ့ သိုင်းရွိုက်ကျန်းမာရေး၊ နှလုံးသွေးကြောကျန်းမာရေးနဲ့ မျိုးဆက်ပွားကျန်းမာရေးကို ကောင်းမွန်စေပါတယ်။ ဆီလီနီယမ်ဓာတ်ကို ကြက်ဥအပြင် ဆန်လုံးညို၊ ကြက်သား၊ အမဲသား၊ ဝက်သား၊ တူနာငါး၊ နေကြာစေ့ စတာတွေကနေ ရနိုင်ပါတယ်။
ဖောလစ်အက်ဆစ်
ဖောလစ်အက်ဆစ် (Folic Acid) ဒီဗီတာမင်ဓာတ်ဟာ သွေးနီဥတွေဖြစ်ပေါ်ဖို့ကူညီပေးပြီး သွေးအားနည်းရောဂါဖြစ်ပွားမှုကို ကာကွယ်ပေးပါတယ်။ ဖောလစ်အက်ဆစ်ကို ဟင်းနုနွယ်၊ ကိုက်လန်၊ ဘရိုကိုလီတို့လို အစိမ်းရာင်ဟင်းသီးဟင်းရွက်တွေအပြင် ပဲအမျိုးမျိုးကနေလည်း ရနိုင်ပါတယ်။
Omega-3 Fatty Acids
Omega-3 Fatty Acids ဟာ သင့်ရဲ့ ဦးနှောက်နဲ့ နှလုံးကျန်းမာရေးအတွက် မရှိမဖြစ်လိုအပ်တဲ့ အာဟာရဓာတ်ဖြစ်ပါတယ်။ ကြက်ဥအပြင် ငါးနဲ့ပင်လယ်စာ၊ အစိမ်းရောင်ဟင်းသီးဟင်းရွက်တွေနဲ့ အစေ့အဆန်တွေကနေ ရရှိနိုင်ပါတယ်။
OnDoctor Team