fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ကျန်းမာစေသော အစားအစာ

လေပွခြင်းကိုအားပေးတဲ့ အစားအစာများ

610
VIEWS
Share on FacebookShare on TwitterShare on Linkedin
22/11/2021
in ကျန်းမာစေသော အစားအစာ
1 min read
A A

လေပွခြင်းကို လူတိုင်းလိုလိုကြုံဖူးကြမှာပါ။ လေပွခြင်းဖြစ်စေတဲ့အကြောင်းရင်းတွေထဲက အစားအစာကြောင့်ဖြစ်ရတဲ့အကြောင်းရင်းတွေကို ဝေမျှပေးသွားပါမယ်။ ဘယ်အစားအစာတွေက လေပွဲခြင်းဖြစ်စေလဲဆိုရင် –

 

၁။ ပဲ​တောင့်ရှည် (Beans) 

လေပွ​စေ​သောအစားအစာဆိုပြီးစဥ်းစားလိုက်လျှင် ပထမဆုံးအ​တွေးထဲဝင်လာမှာက​တော့ ပဲ​တောင့်ရှည်အုပ်စု​တွေပဲဖြစ်ပါတယ်။  ပဲ​တောင့်ရှည်​တွေဟာ ​လေပွခြင်းကို အား​ပေးပါတယ်။  ဒါဟာဘာ​ကြောင့်လဲဆို​တော့ Raffinose လို့​ခေါ်တဲ့ အစာအိမ်နှင့်အူသိမ်လမ်း​ကြောင်းမှ​ချေဖျက်ရခက်တဲ့ သကြားဓာတ်တစ်မျိုး​ကြောင့်ဖြစ်တယ်။

Raffinose သကြားဓာတ်ဟာ အူမကြီးဆီ​ရောက်မှ အူတွင်းအကျိုးပြုဗက်တီးရီးယား​လေးများက ဖြိုခွဲပါတယ်။ အဲဒီအခါ ​ဟိုက်ဒရိုဂျင်ဓာတ်၊ ကာဗွန်ဒိုင်​အောက်ဆိုဒ်ဓာတ်၊ မီသိန်းဓာတ်တို့ ထွက်လာပြီး ​လေပွခြင်းကိုဖြစ်​စေပါတယ်။

 

၂။ နို့နှင့်နို့ထွက်ပစ္စည်းများ (Diary Products) 

Lactose ဓာတ်ဟာ သကြားဓာတ်တစ်မျိုးဖြစ်ပြီး ချိစ်နဲ့ ​ရေခဲမုန့်အပါအဝင် နို့နဲ့ နို့ထွက်ပစည်းအများစုမှာ​ တွေ့ရ​လေ့ရှိပါတယ်။  လူတစ်​ယောက် Lactose ဓာတ်ကို​ချေဖျက်နိုင်ရန်  Lactase ဆိုတဲ့ အစာ​ချေအင်ဇိုင်းတစ်မျိုးလိုအပ်ပါတယ်။

အ​ကြောင်းအရင်းအမျိုးမျိုး​ကြောင့် Lactase အစာ​ချေအင်ဇိုင်း မရှိတဲ့အခါ/မလုံ​လောက်တဲ့အခါ Lactose Intolerance လို့​ခေါ်တဲ့  Lactose ဓာတ်ကိုမခံနိုင်တဲ့ အ​ခြေအ​နေတစ်ခုကို ဖြစ်​ပေါ်​စေပါတယ်။  Lactose Intolerance ဖြစ်​ပေါ်ခံစားရပါလျှင် နို့နဲ့နို့ထွက်ပစ္စည်းတစ်ခုခုစားသုံးလိုက်ပါက လေပွခြင်း၊ ဗိုက်ကယ်ခြင်း၊ ဝမ်း​လျှောခြင်းတို့ ဖြစ်စေပါလိမ့်မယ်။

 

၃။ ​ကောက်နှံစပါးအုပ်စု (Whole Grains) 

ကောက်နှံစပါးအုပ်စုဝင်​တွေဖြစ်တဲ့ ဂျုံ( Wheat)နှင့် မြင်းစားဂျုံ(Oats)  ​တွေမှာ အမျှင်ဓာတ်(fiber)၊ Raffinose သကြားဓာတ်နဲ့ ကစီဓာတ်(Starch)တို့ ပါဝင်ပါတယ်။

၎င်းဓာတ်​တွေဟာ အစာအိမ်နဲ့အူသိမ်တစ်​လျှောက် ​မ​ချေဖျက်နိုင်ဘဲ အူမကြီး​ရောက်မှ အူမကြီးအတွင်းရှိအကျိုးပြု ဗက်တီးရီးယားပိုးများက ဖြိုခွဲ​ချေဖျက်​ပေးပါတယ်။ အဲဒီအခါ ​လေပွခြင်းကိုဖြစ်​စေပါတယ်။

 

၄။ ဟင်းသီးဟင်းရွက်များ(Vegetables) 

အချို့ဟင်းသီးဟင်းရွက်များ၊ ကွမ်းသီး​ဂေါ်ဖီထုပ်(Brussels Sprouts)၊ ပန်း​ဂေါ်ဖီစိမ်း၊​ ဂေါ်ဖီထုပ်၊ ကညွတ်နဲ့ ပန်း​ဂေါ်ဖီထုပ်​တွေမှာ ပဲ​တောင့်ရှည်များမှာပါဝင်တဲ့ Raffinose သကြားဓာတ်များပါရှိတဲ့အတွက် ​လေပွ​စေပါတယ်။

 

၅။ ဆိုဒါ (Sodas) 

ဆိုဒါနဲ့ ဂက်စ်ပါ​တဲ့ အချိုရည်​တွေက အစားအ​သောက်စားရင်း သင်တို့မျိုချမိ​တဲ့ လေပမာဏကို များ​စေပါတယ်။  ဒါ​ကြောင့် ​လေတက်ခြင်း၊​ လေပွခြင်းကို ပိုဖြစ်​စေပါတယ်။

 

၆။ အသီးအနှံများ (Fruits) 

Sorbitol ဓာတ်နဲ့အမျှင်ဓာတ်များတဲ့အသီးအနှံ​တွေဟာ အူမကြီးသို့​ရောက်မှ အူမကြီးအတွင်းရှိ ဗက်တီးရီးယား​လေးများဖြိုခွဲ​ချေဖျက်​ပေးရတဲ့အတွက် ​လေပွခြင်းကို ဖြစ်​စေပါတယ်။

ပန်းသီး၊မက်မွန်သီး၊သစ်​တော်သီး နှင့် ဆီးသီး​တွေဟာ Sorbitol ဓာတ်နဲ့ အမျှင်ဓာတ်ကြွယ်ဝတဲ့ အသီးအနှံ​တွေဖြစ်ပါတယ်။

 

၇။ ကြက်သွန်နီ (Onions)

ကြက်သွန်နီမှာပါဝင်တဲ့ Fructose ဆိုတဲ့သကြားဓာတ်ကို အူလမ်း​ကြောင်းမှ ​ချေဖျက်တဲ့အခါ ဂက်စ်တွေထွက်လာ​လေ့ရှိပါတယ်။အဲဒီအခါ ​လေပွခြင်းကိုဖြစ်​စေပါတယ်။

၈။ ဆီးချိုသကြား/သကြားတု(Sugar Alcohols) 

Sugar Alcohol လို့​ခေါ်တဲ့ သကြားအစားထိုး သကြားတု​တွေဟာ အစာအိမ်နဲ့ အူသိမ်များမှ​ချေဖျက်ဖို့ ခက်ခဲတာ​ကြောင့် အူမကြီးဆီ​ရောက်မှ အူလမ်း​ကြောင်းအကျိုးပြု ဗက်တီးရီးယား​လေးတွေက ​ချေဖျက်ရပါတယ်။

အဲဒီအခါ ဂက်စ်တွေထွက်လာပြီး ​လေပွခြင်းကိုဖြစ်​စေပါတယ်။

 

၉။ ဘီယာ (Beer) 

ဘီယာဟာ ဂက်စ်ပါတဲ့အရည်တစ်မျိုးဖြစ်ပြီး စပါး/ဂျုံများကို က​စော်​ဖောက်ခြင်းဖြင့်ရရှိပါတယ်။ က​စော်​ဖောက်ထားတဲ့ ကစီဓာတ် နဲ့ ပါဝင်​တဲ့ဂက်စ်​တွေဟာ ​လေပွခြင်းကို အား​ပေးပါတယ်။

 

၁၀။ ပီ​ကေဝါးခြင်း(​Chewing gum) 

ပီ​ကေဝါးခြင်းဟာ ​လေအပို​တွေကိုမျိုချမိ​စေပါတယ်။  ဒါ့ပြင် တစ်ချို့ ပီ​ကေတွေမှာ သကြားအစားထိုး Sugar Alcohol တွေပါဝင်​နေတတ်ပါ​သေးတယ်။  ဒါ​တွေဟာ ​လေပွခြင်းကို အား​ပေးတဲ့အ​ကြောင်းအရာ​တွေဖြစ်ပါတယ်။

 

၁၁။ သကြားလုံးအမာစုပ်ခြင်း(Hard Candy) 

ပီ​ကေဝါးခြင်းကဲ့သို့ သကြားလုံအမာစုပ်ခြင်းကလည်း ​လေအပိုများမျိုချမိခြင်း၊ သကြားအစားထိုး Sugar Alcohol များပါခြင်း​ကြောင့် ​လေပွခြင်းဖြစ်​စေပါတယ်။

 

၁၂။ ဆီများ​တဲ့အစားအစာများ(Fatty Foods) 

ဆီများ​တဲ့အစားအစာ​တွေဟာလည်း အူလမ်း​ကြောင်းမှ​ချေဖျက်ရခက်တာ​ကြောင့် ​လေပွခြင်းကို ဖြစ်​စေပါတယ်။

 

Author: Dr. Yin Yin Win

Previous Post

ရာသီအကူးအပြောင်းမှာ ချောင်းဆိုးချွဲကျပ်မဖြစ်ရအောင်

Next Post

ချွဲကျပ်ခြင်းသက်သာပျောက်ကင်းစေမယ့် သဘာ၀နည်းလမ်းများ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

လူကြီးတွေကိုယ်ခံအားကောင်းစေမယ့် အာဟာရဓာတ်များ

3 years ago
461
HMB and prevention of muscle loss

HMB နှင့် ကြွက်သား ဆုံးရှုံးမှုကို ကာကွယ်ခြင်း

3 years ago
207
What vitamins do you need for muscle health?

ကြွက်သားကျန်းမာရေးအတွက် ဘာ vitamins တွေ လိုအပ်လဲ

3 years ago
384
Sugar and cancer

သကြားနှင့် ကင်ဆာ

3 years ago
389
The importance of protein to strengthen the body's muscles

ခန္ဓာကိုယ်ကြွက်သားတွေသန်မာဖို့ ပရိုတင်းရဲ့အရေးပါပုံ

3 years ago
445
I want to eat and not lose my beauty

စားချင်တာစားပြီး အလှမပျက်စေဖို့

3 years ago
327

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ချွဲကျပ်ခြင်းသက်သာပျောက်ကင်းစေမယ့် သဘာ၀နည်းလမ်းများ

ထိပ်ကပ်နာဖြစ်နေရင် ဒါတွေဆောင်၊ ဒါတွေရှောင်ပါ

လူ့ခန္ဓာကိုယ်အတွက် သံဓာတ်က ဘာကြောင့်အရေးပါလဲ 

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.