fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ကျန်းမာစေသော အစားအစာ

သံဓာတ်စုပ်ယူမှုကိုအတားအဆီးဖြစ်စေတဲ့ အစားအစာများ

283
VIEWS
Share on FacebookShare on TwitterShare on Linkedin
16/02/2022
in ကျန်းမာစေသော အစားအစာ
1 min read
A A

သွေးနီဥဆဲလ်​တွေထဲမှာ ပါရှိတဲ့ ​ဟေမိုဂလိုဘင်ဖွဲ့စည်းတည်​ဆောက်နိုင်ဖို့အတွက် သံဓာတ်မရှိမဖြစ်လိုအပ်ပါတယ်။ ခန္ဓာကိုယ်မှသံဓာတ်လုံလောက်စွာမရရှိရင် ​​ဟေမိုဂလိုဘင်​ကောင်းစွာမဖွဲ့စည်းနိုင်​တော့ဘဲ ​သွေးအားနည်းခြင်းကို ဖြစ်​ပေါ်လာ​စေနိုင်ပါတယ်။ ဒီလို သံဓါတ်ချို့တဲ့လို့ ​သွေးအားနည်း​ရောဂါဖြစ်​ပေါ်လာပြီဆိုရင် ​မောပန်းခြင်း၊ အသက်ရှူကျပ်ခြင်း၊ နှလုံးခုန်မြန်ခြင်း၊ အသားအ​ရောင်ဖြူ​​ဖျော့ခြင်း၊ ​ခြေသည်းလက်သည်း​တွေကြွပ်ဆတ်ခြင်း၊ ​ခြေလက်​တွေ​အေး​နေခြင်း စတာ​တွေခံစားလာရတတ်ပါတယ်။

 

သံဓာတ်ချို့တဲ့ခြင်း အဖြစ်များတဲ့သူ​တွေက​တော့-

  • ကိုယ်ဝန်​ဆောင်မိခင်တွေ
  • လစဥ်ဓမ္မတာလာတာများတဲ့သူ​တွေ
  • ခွဲစိတ်မှုပြုလုပ်ပြီး​သွေးဆုံးရှုံးမှုများထားတဲ့သူ​တွေ
  • လိပ်​ခေါင်း​ရောဂါခံစား​နေရသူ​တွေ
  • သံဓါတ်ပါဝင်တဲ့ အစားအစာ​တွေ လုံ​လောက်စွာ မစားသုံးသူ​တွေ စတာ​တွေပဲဖြစ်ပါတယ်။

 

သံဓာတ်ရရှိနိုင်တဲ့အစားအ​သောက်​တွေက​တော့ အသား၊ ငါး၊ ဟင်းသီးဟင်းရွက်များ၊ အသီးအနှံများ၊ ​မြေပဲစတာ​တွေဖြစ်ပါတယ်။ မိမိတို့ဟာ ဒီအစားအစာ​တွေကို ​နေ့စဥ်စား​နေပါလျက်နဲ့ သံဓာတ်ချို့တဲ့​နေပြီဆိုရင်​တော့ သံဓာတ်စုပ်ယူမှုကို အ​နှောင့်အယှက်ဖြစ်​စေနိုင်တဲ့ အစားအစာ​တွေကိုပါ တွဲပြီး စားမိ​နေတာမျိုး ဖြစ်နိုင်ပါတယ်။ သံဓာတ်စုပ်ယူမှုကို အတားအဆီးဖြစ်​စေနိုင်တဲ့ အစားအစာ​တွေကို သိပ်သတိမပြုမိတတ်ကြပါဘူး။ ​​အဲဒီအစားအစာ​​တွေက​တော့-

 

၁။ လက်ဖက်

လက်ဖက်ကို ဓမ္မတာလာချိန်မှာ မစားရဘူး၊ သံဓာတ်ချို့တဲ့​စေတယ်ဆိုပြီး လူသိများကြပါတယ်။ သံဓာတ်မှာ Oxalates လို့​ခေါ်တဲ့ အက်စစ်ဓာတ်တစ်မျိုးပါဝင်ပါတယ်။ Oxalates ဟာ သံဓာတ်စုပ်ယူမှုကို အတားအဆီးဖြစ်​စေပါတယ်။ ဒါ​ကြောင့် ထမင်းစားပြီးရင် လက်ဖက်ရည်​​သောက်တာ၊ လက်ဖက်သုပ်စားတာမျိုး မလုပ်သင့်ပါဘူး။ အသား၊ ငါး ၊ အသီးအရွက်စတာ​တွေစားသုံးခြင်းမှ ရရှိလာတဲ့ သံဓာတ်​တွေဟာ လက်ဖက်​ကြောင့် ခန္ဓာကိုယ်ထဲ လုံ​လောက်စွာ မရှိနိုင်​တော့ပါဘူး။ ဒါ​ကြောင့် သံဓာတ်လုံ​လောက်စွာ ရရှိဖို့ဆိုရင် လက်ဖက်ကို ထမင်းမစားခင် ၂နာရီနဲ့ စားပြီး ၂နာရီ​လောက်အထိ ​ရှောင်ရှား​ပေးသင့်ပါတယ်။

 

၂။ ​ကော်ဖီ

​ကော်ဖီတစ်ခွက်​သောက်ခြင်းဟာ သံဓာတ်စုပ်ယူခြင်းကို ၆၀ရာခိုင်နှုန်းအထိ ​​လျော့ကျ​စေပါတယ်။ ​ကော်ဖီမှာပါဝင်တဲ့ Polyphenol ဟာ ခန္ဓာကိုယ်မှ သံဓာတ်စုပ်ယူခြင်းကို အတားအဆီးဖြစ်​စေပါတယ်။ ဒါ​ကြောင့် သံဓာတ်လုံ​လောက်စွာ ရရှိ​နိုင်ဖို့ဆိုရင်​တော့ အခြားသံဓာတ်ရရှိ​စေမယ့်အစားအစာ​တွေနဲ့ ​ကော်ဖီတွဲ​သောက်တာမျိုးကို ဆင်ခြင်​ရှောင်ရှားသင့်ပါတယ်။

၃။ နွားနို့

နွားနို့မှာ သံဓာတ်များစွာ ပါဝင်တယ်လို့ အထင်မှားတတ်ကြပါတယ်။ နွားနို့မှာ အရိုးကျန်းမာ​စေတဲ့ ကယ်လ်ဆီယမ်များစွာ ပါဝင်​နေပါတယ်။ နွားနို့တစ်ခွက်မှာ ကယ်လ်ဆီယမ် ၃၀၀ မီလီဂရမ်​လောက်ပါဝင်ပါတယ်။ ကယ်လ်ဆီယမ်ဓာတ်ဟာ ၅၀ မီလီဂရမ်​ကျော်​လောက် စားသုံးမိမှသာ သံဓာတ်စုပ်ယူခြင်းကို အတားအဆီးဖြစ်​စေတာ ဖြစ်ပါတယ်။ ဒါ​ကြောင့် နွားနို့တစ်ခွက်လုံး ​သောက်မိမယ်ဆိုရင်​တော့ သံဓာတ်စုပ်ယူမှုကို ​လျော့ကျသွား​စေမှာဖြစ်ပါတယ်။ အခြားကယ်လ်ဆီယမ်ပါဝင်တဲ့အစားအစာ​တွေက​တော့ ဒိန်ချဥ်၊ ချိစ်၊ တို့ဖူး စတာ​တွေဖြစ်ပါတယ်။

 

၄။ ကြက်ဥ

ကြက်ဥအကာမှာ ပရိုတင်းများစွာပါဝင်လို့ ခွန်အားဖြစ်​စေတဲ့ အစားအစာအဖြစ် သတ်မှတ်စားသုံးကြပါတယ်။ ဒါပေမဲ့လည်း သံဓာတ်ချို့တဲ့​နေသူဆိုရင်​တော့ ကြက်ဥကို အခြားသံဓာတ်ပါဝင်တဲ့ အစားအစာ​တွေနဲ့ အချိန်နည်းနည်းခြားပြီးမှသာ စားသုံးသင့်ပါတယ်။ ကြက်ဥမှာ ပါဝင်တဲ့ phosvitin ဆိုတဲ့ ကွန်​ပေါင်းဟာ သံဓာတ်စုပ်ယူမှုကို အ​နှောင့်အယှက်ဖြစ်​စေပါတယ်။ ကြက်ဥပြုတ်တစ်လုံးဟာ သံဓာတ်စုပ်ယူမှုကို ၂၈ ရာခိုင်နှုန်း​လောက်အထိ ​လျော့ကျသွား​စေနိုင်ပါတယ်။

 

၅။ သစ်ကြားသီး

သစ်ကြားသီးမှာ သံဓာတ်စုပ်ယူခြင်းကို အ​နှောင့်အယှက်ဖြစ်​စေနိုင်တဲ့ Phytates ဆိုတဲ့ ကွန်​ပေါင်းတစ်မျိုး ပါဝင်​နေပါတယ်။ Phytates ဟာ သံဓာတ်စုပ်ယူမှုကို ၆၅ ရာခိုင်နှုန်း​လောက်အထိ သိသိသာသာ​လျော့ကျသွား​စေပါတယ်။ အခြား Phytates ပါဝင်​လေ့ရှိတဲ့အစားအစာ​တွေက​တော့ ဗာဒံ​စေ့၊ နှမ်း၊ ပဲအမျိုးမျိုးနဲ့ အ​စေ့အဆန်​တွေပဲ ဖြစ်ပါတယ်။

 

၆။ ​ဆေးဝါးများ

အစားအစာ​တွေသာမက အချို့​သော​ဆေးဝါး​တွေကလည်း သံဓာတ်စုပ်ယူမှုကို အ​နှောင့်အယှက်ဖြစ်​စေပါတယ်။ အဓိကအားဖြင့် အစာအိမ်အက်စစ်ဓာတ်ကို ​​​လျှော့ချ​ပေးနိုင်တဲ့ Antacids, PPI, H2 Blockers စတာ​တွေဟာ သံဓာတ်စုပ်ယူမှုကိုလည်း အတားအဆီးဖြစ်​စေနိုင်ပါတယ်။

ခန္ဓာကိုယ်မှ သံဓာတ်စုပ်ယူမှုအား​ကောင်း​စေဖို့အတွက် အထက်ပါအစားအစာ​တွေကို အခြားအသား၊ ငါးများနဲ့အတူတွဲစားခြင်းကို တတ်နိုင်သလောက် ဆင်ခြင်​ပေးသင့်ပါတယ်။ ဟင်းချက်တဲ့အခါ ရှောင်လွှဲလို့မရဘူးဆိုရင်​တော့ သံဓာတ်စုပ်ယူမှုကို အား​ကောင်း​စေတဲ့ Vitamin C ရရှိ​စေမယ့် အစားအစာ​တွေပါ တွဲပြီးစားသုံး​ပေးရမှာ ဖြစ်ပါတယ်။ အစားအစာတိုင်းမှာ အာဟာရအမျိုးမျိုးပါရှိတာဖြစ်လို့ မိမိလိုအပ်တဲ့ဓာတ်​တွေစုံလင်စွာ ရရှိ​အောင် ဥာဏ်နှင့်ယှဥ်ပြီး ချင့်ချိန်စားသုံး​ပေးရမှာဖြစ်ပါတယ်။

Author: Dr. Aye Myat

Previous Post

အသားအရေမညီညာခြင်းကို သက်သာစေမယ့်ထိရောက်တဲ့နည်းလမ်း

Next Post

အကုတ်လွန်ပြီးလက်သည်းပူလောင်လို့ အနာဖြစ်တဲ့အခါ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

လူကြီးတွေကိုယ်ခံအားကောင်းစေမယ့် အာဟာရဓာတ်များ

3 years ago
461
HMB and prevention of muscle loss

HMB နှင့် ကြွက်သား ဆုံးရှုံးမှုကို ကာကွယ်ခြင်း

3 years ago
207
What vitamins do you need for muscle health?

ကြွက်သားကျန်းမာရေးအတွက် ဘာ vitamins တွေ လိုအပ်လဲ

3 years ago
384
Sugar and cancer

သကြားနှင့် ကင်ဆာ

3 years ago
391
The importance of protein to strengthen the body's muscles

ခန္ဓာကိုယ်ကြွက်သားတွေသန်မာဖို့ ပရိုတင်းရဲ့အရေးပါပုံ

3 years ago
446
I want to eat and not lose my beauty

စားချင်တာစားပြီး အလှမပျက်စေဖို့

3 years ago
327

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

အကုတ်လွန်ပြီးလက်သည်းပူလောင်လို့ အနာဖြစ်တဲ့အခါ

ဇက်ကြောတက်ရင် ဒါလေးတွေမမေ့ပါနဲ့

သတိလက်လွတ်ဖြစ်တတ်တဲ့ အရေပြားကိုထိခိုက်စေတဲ့ နေ့စဉ်အမူအကျင့်များ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.