fbpx

Download OnDoctor App on Google Play

Myanmar (Covid-19 Stats)

😷 6,151 Total Cases
😥 98 Deaths
😇 1,445 Recovered

ဘယ်အချိန်မှာ ဘာစားသင့်သလဲ

ဘယ်အချိန်မှာ ဘာစားသင့်သလဲ

ကျန်းမာရေး ကောင်းမွန်စေရန် လိုအပ်သော အစာအစား ရွေးချယ်စားသုံးမှုသည် အလွန်အရေးကြီးသော ကိစ္စတစ်ရပ်ဖြစ်ပါလိမ့်မယ်။ သင့်တော်သော အာဟာရရရှိရန် စားပေးခြင်းဖြင် ကိုယ်ခန္ဓာအတွက် လိုအပ်သော အားအင်များ ဖြစ်စေနိုင်ပါလိမ့်မယ်။ သို့သော် အဆိုပါ အာဟာရ ပြည့်ဝသောအစာအစားများ စားသုံးသည့်အချိန် မှားယွင်းပါက ကိုယ်ခန္ဓာအတွက်ဆိုးကျိုးဖြစ်စေသည်အထိ ဖြစ်နိုင်ပါတယ်။ ထိုကြောင့် အစာစားချိန် မှန်ကန်မှုသည်လည်း ကျန်းမာသော ကိုယ်ခန္ဓာရရှိရန် အလွန်အရေးကြီးသည်ကို သတိပြုဆင်ခြင် စားသုံးသင့်ပါတယ်။

(၁)ထမင်း

ထမင်းသည် ကိုယ်ခန္ဓာအတွက် အဓိကစားသုံးသော အစာအစားတစ်ခု ဖြစ်ပါတယ်။ ထမင်းသည် ကစီဓာတ်များသောကြောင့် ညဘက်စားသုံးခြင်း ရှောင်သင့်ပါတယ်။ ညဘက်ထမင်းစားပါက အစာမကြေ ရင်ပြည့်ရင်ကယ်ဖြစ်ကာ အိပ်မပျော်နိုင်ပါ။ ညဘက်စားပါက အစာကြေရန် အချိန်ကြာသောကြောင့် ကိုယ်အလေးချိန်တက်စေပါတယ်။ ထမင်းကို နေ့ဘက်တွင်သာစားရန် အဓိက သင့်လျော်ပါတယ်။

(၂)နို့

နို့တွင် အသားဓာတ်နှင့် အခြားသော အာဟာရဓာတ် များပြည့်ဝစွာပါဝင်ပါတယ်။ ထို့ကြောင့်ကျန်းမာရေးအတွက် သောက်သုံးသင့်သည်ဟု သတ်မှတ်ထားပါတယ်။ သို့သော် နို့ကို နေ့ဘက်သောက်သုံးခြင်းသည် အစာကြေရန် အချိန်ကြာသောကြောင့် မအီမသာ ခံစားရတတ်ပါတယ်။ နို့သောက်ရန် အကောင်းဆုံးအချိန်သည် ညဘက်ဖြစ်ပါတယ်။ အာဟာရဓာတ်များ စုပ်ယူမှု ပိုမိုစေသောအချိန်ကောင်း ဖြစ်ပါတယ်။

(၃)ဒိန်ခဲ

ဒိန်ခဲကို ညဘက်စားသုံးခြင်းသည် ကိုယ်ခန္ဓာအတွင်း ပူစေပြီး အက်ဆစ်ဓာတ်ဖြစ်စေပြီး အစာမကြေမှုကို ဖြစ်စေပါတယ်။ ချွဲသလိပ်ကို ဖြစ်စေပါတယ်။ နေ့ဘက်စားသုံးခြင်းသည် ကိုယ်ခန္ဓာအတွက် သင့်တော်ပြီး အစာကြေမှုအားကောင်းပြီ အူအတွက် ကောင်းမွန်စေပါတယ်။

(၄)ရေနွေးကြမ်း

ရေနွေးကြမ်း သောက်သုံးခြင်းသည် ကျန်းမာရေးအတွက် များစွာအကျိုးရှိသော်လည်း မနက်စောစောသောက်လျှင် အက်ဓာတ်ဓာတ်ဖြစ်စေကာ ရေဓာတ်ခမ်းခြောက်တတ်ပါတယ်။ မနက်စောစောမှလွဲ၍ ကျန်အချိန်များ သောက်သုံးနိုင်ပါတယ်။

(၅)ပန်းသီး

ပန်းသီးစားပေးခြင်းသည် ကိုယ်ခန္ဓာအတွက် အထူးကောင်းမွန်ပါတယ်။ သို့သော် ညဘက်စားပေးခြင်းသည် အက်ဆစ်ပြန်တက်စေနိုင်ပါတယ်။ ပန်းသီးတွင် ပါဝင်သော Pectin သည် အူလမ်းကြောင်းကောင်းမွန်စေပြီး ကင်ဆာဖြစ်စေသော ဓာတ်များကို ဖယ်ရှားပေးသောကြောင့် နေ့ဘက်တွင် စားခြင်းသည် ပိုမိုကောင်းမွန်သင့်တော်ပါတယ်။

(၆)ငှက်ပျောသီး

ဌက်ပျောသီးကို ညဘက်စားခြင်းသည် အအေးမိခြင်း ချွဲသလိပ်ထခြင်း ဖြစ်စေပါတယ်။ အစာမရှိပဲ စားခြင်းလည်း ရှောင်ပါ။ ငှက်ပျောသီးတွင် အမျှင်ဓာတ်များ ပါဝင်ခြင်းကြောင့် အစာချေဖျက်မှုကိုအားပေးပြီး ရင်ပူခြင်းသက်သာစေပါတယ်။ နေ့ဘက်စားပေးခြင်းသည် တနေ့လုံး အားအင်ပြည့်ဝစေနိုင်ပါတယ်။

ထို့ကြောင့် အစားလည်းဆေး ဆေးလည်းအစာဆိုသကဲ့သို့ ကျန်းမာရေးအတွက် သင့်တော်သော အစာအစားများ ဆိုစေကာမူ မှန်ကန်သောအချိန်တွင်သာ သေချာရွေးချယ် စားသုံးသင့်ပါတယ်။

Author : Dr. ပြည့်ရှင်း

 

ဆက်စပ် ဆောင်းပါးများ