fbpx

Download OnDoctor App on Google Play

Myanmar (Covid-19 Stats)

😷 6,151 Total Cases
😥 98 Deaths
😇 1,445 Recovered

သင်္ကြန်ကဲလို့ ရတဲ့ဝေဒနာ

သၾကၤန္ကဲလို႔ ရတဲ့ေဝဒနာ

ႏွစ္သစ္ကူးတဲ့ အတာသၾကၤန္မွာ စင္ေပၚမွာ စင္ေအာက္မွာ ကခုန္ျမဴးထူးခဲ့သမွ် အခုလိုႏွစ္ဆန္းရက္ေတြမွာ တကိုယ္လုံး ႂကြက္သားမ်ား နာက်င္ကိုက္ခဲတတ္ေနသည္မွာ အေသခ်ာဆုံးပင္ ျဖစ္ပါတယ္။ သၾကၤန္ရက္မ်ားအတြင္း ကဲခဲ့သမွ် အခုခ်ိန္မွာ ညည္းတြားေနသူမ်ားအတြက္ အိမ္တြင္းသက္သာေစေသာ နည္းလမ္းမ်ားကို ျဖန႔္ေဝေပးလိုက္ပါတယ္။

(၁) ေရခဲ သို႔မဟုတ္ ေရေႏြးျဖင့္ ကပ္ျခင္း
ႂကြက္သားေရာင္ရဲ ၿပီးနာက်င္မႈ ေလ်ာ့က်ေစရန္ အဆိုပါေနရာကို ေရေႏြး သို႔မဟုတ္ ေရခဲေလးကပ္ေပးပါ။ အဆိုပါ သဘာဝနည္းက ႂကြက္သားနာက်င္မႈ သက္သာေစရန္ အျမန္ဆုံး သက္သာေစပါတယ္။ ႂကြက္သားနာက်င္ ကိုက္ခဲမႈ ေလ်ာ့ေစရန္ ေရေႏြးႏွင့္ ေရခ်ိဳးေပးပါ။ ႂကြက္သားေရာင္ရဲေနလွ်င္ ေရခဲမိနစ္၂၀ခန႔္ ကပ္ေပးပါက အျမန္ဆုံးအေရာင္ ေလ်ာ့က်ေစပါတယ္။
(၂)လူပ္ရွားမႈျပဳလုပ္ေပးျခင္း
ႂကြက္သားေတာင့္တင္းေန၍ဟု အိမ္တြင္းလဲေလ်ာင္းမေနဘဲ ေတာင့္တင္းမႈ ေလ်ာ့က်ေစရန္ မျပင္းထန္ေသာ လူပ္ရွားမႈမ်ိဳး ျပဳလုပ္ေပးပါ။ ႂကြက္သားေျပေလ်ာ့ကာ နာက်င္မႈ သက္သာေစပါတယ္။
(၃)ေရဓာတ္ျဖည့္တင္းျခင္း
ကိုယ္လက္လူပ္ရွားမႈ မ်ားစြာျပဳလုပ္ခဲ့လွ်င္ ကိုယ္တြင္းေရဓာတ္ဆုံးရႈံးကာ ကိုယ္လက္ကိုက္ခဲေနတတ္ပါတယ္။ ထို႔ေၾကာင့္ ေရဓာတ္မ်ားမ်ား ျပန္လည္ျဖည့္တင္းေပးပါ။
(၄)အနားယူအိပ္စက္ျခင္း
ႂကြက္သားနာက်င္မႈသည္ တခါတရံ ႂကြက္သားမ်ား ဆုတ္ၿပဲေသာေၾကာင့္ ျပန္လည္အနာက်က္ရန္ အခ်ိန္လိုအပ္ေသာေၾကာင့္ ေသခ်ာအခ်ိန္ေပး အိပ္စက္အနားယူပါ။ အိပ္ေနစဥ္ ထြက္ေသာေဟာ္မုန္းမ်ားသည္ ႂကြက္သားျပန္လည္က်န္းမာရန္ လိုအပ္ေသာေၾကာင့္ အိပ္စက္အနားယူသင့္ပါတယ္။
(၅)ဆားၾကမ္း
မက္ကနီဆီယမ္ ဆာလဖိတ္ပါေသာ ဆားကို ေရေႏြးထဲသို႔ထည့္ကာ မိနစ္၂၀ခန႔္ ေရေႏြးစိမ္ ခ်ိဳးေပးပါက ႂကြက္သားနာက်င္ကိုက္ခဲမႈကို ေျပေလ်ာ့ေစကာ လန္းဆန္းမႈ ေပးပါတယ္။ တပတ္၃ ႀကိမ္ခန႔္ ျပဳလုပ္ေပးပါက ႂကြက္သားနာက်င္မႈ ေပ်ာက္ေစပါတယ္။
(၆)မက္ဂနီဆီယမ္အဆီ
ေတာင့္တင္းေနေသာ ေပါင္၊ ဒူးေခါင္း ႂကြက္သားမ်ား ေျပေလ်ာ့ေစရန္ မက္ဂနီဆီယမ္အဆီကို လိမ္းေပးပါ။
(၇) ပန္းသီးရွာလကာအရည္
ပန္းသီးရွာလကာ အရည္သည္ ႂကြက္သားနာက်င္ ေရာင္ရမ္းမႈေျပေစေသာ သတၱိရွိပါတယ္။ ေရေႏြးကန္ထဲသို႔ ရွာလကာရည္ ၂ဇြန္းထည့္ ပ်ားရည္ တဇြန္းထည့္ကာ မိနစ္၂၀ခန႔္ စိမ္ေပးပါက ႂကြက္သားေတာင့္တင္းမႈ ေျပေလ်ာ့ေစပါတယ္။
(၈)ခ်ယ္ရီရည္
ခ်ယ္ရီရည္တြင္ ဓာတ္တိုးဆန႔္က်င္ သတၱိရွိေသာေၾကာင့္ ႂကြက္သားနာက်င္မႈ မသက္မသာျဖစ္မႈကို ေလ်ာ့က်ေစပါတယ္။
(၉)ႏွိပ္နယ္မႈ ခံယူျခင္း
ႂကြက္သားမ်ား ေသြးလည္ပတ္မႈ အားေကာင္းေစရန္ ႏွိပ္နယ္မႈ ခံယူပါက ႂကြက္သားေျပေလ်ာ့ေစရန္ အုန္းဆီလိမ္းကာ ႏွိပ္နယ္မႈ ခံယူပါ။
(၁၀)ဂ်င္း
သင့္ မီးဖိုေခ်ာင္ထဲမွာရွိတဲ့ ဂ်င္းလက္တဆစ္ကို ေရေႏြးထဲသို႔စိမ္ကာ ပ်ားရည္တဇြန္း ထည့္ေသာက္ပါက နာက်င္ကိုက္ခဲမႈ ေဝဒနာမ်ား ေပ်ာက္ကင္းေစပါတယ္။
(၁၁)ဆႏြင္း
ဆႏြင္းတဇြန္းႏွင့္ ႏြားႏို႔တခြက္ကို ေရာကာအေအးခံၿပီး ပ်ားရည္ႏွင့္ေရာေသာက္ပါက ႂကြက္သားကိုက္ခဲမႈကို ေျပေလ်ာ့ေစပါတယ္။
(၁၂)ဌက္ေပ်ာသီး
ငွက္ေပ်ာသီး တေန႔ ၃ ႀကိမ္စားေပးပါက ပိုတက္ဆီယမ္ဓာတ္နည္းေသာေၾကာင့္ ႂကြက္သားနာက်င္မႈကို သက္သာေစႏိုင္ပါတယ္။
(၁၃)ပူစီနံ႔အဆီ
ပူစီနံ႔ အဆီ၁၂စက္ကို အုန္းဆီ ၃၀ml ႏွင့္ေရာကာ ေတာင့္တင္းေနေသာ ႂကြက္သားမ်ားကို လိမ္းကာႏွိပ္နယ္ေပးပါ။ မိနစ္၃၀ခန႔္ လိမ္းထားၿပီး ေရခ်ိဳးပါကာ ႂကြက္ေတာင့္တင္း ေရာင္ရမ္းမႈမ်ား သက္သာေစႏိုင္ပါတယ္။
Author : Dr. ျပည့္ရွင္း

သင်္ကြန်ကဲလို့ ရတဲ့ဝေဒနာ

နှစ်သစ်ကူးတဲ့ အတာသင်္ကြန်မှာ စင်ပေါ်မှာ စင်အောက်မှာ ကခုန်မြူးထူးခဲ့သမျှ အခုလိုနှစ်ဆန်းရက်တွေမှာ တကိုယ်လုံး ကြွက်သားများ နာကျင်ကိုက်ခဲတတ်နေသည်မှာ အသေချာဆုံးပင် ဖြစ်ပါတယ်။ သင်္ကြန်ရက်များအတွင်း ကဲခဲ့သမျှ အခုချိန်မှာ ညည်းတွားနေသူများအတွက် အိမ်တွင်းသက်သာစေသော နည်းလမ်းများကို ဖြန့်ဝေပေးလိုက်ပါတယ်။

(၁) ရေခဲ သို့မဟုတ် ရေနွေးဖြင့် ကပ်ခြင်း
ကြွက်သားရောင်ရဲ ပြီးနာကျင်မှု လျော့ကျစေရန် အဆိုပါနေရာကို ရေနွေး သို့မဟုတ် ရေခဲလေးကပ်ပေးပါ။ အဆိုပါ သဘာဝနည်းက ကြွက်သားနာကျင်မှု သက်သာစေရန် အမြန်ဆုံး သက်သာစေပါတယ်။ ကြွက်သားနာကျင် ကိုက်ခဲမှု လျော့စေရန် ရေနွေးနှင့် ရေချိုးပေးပါ။ ကြွက်သားရောင်ရဲနေလျှင် ရေခဲမိနစ်၂၀ခန့် ကပ်ပေးပါက အမြန်ဆုံးအရောင် လျော့ကျစေပါတယ်။
(၂)လူပ်ရှားမှုပြုလုပ်ပေးခြင်း
ကြွက်သားတောင့်တင်းနေ၍ဟု အိမ်တွင်းလဲလျောင်းမနေဘဲ တောင့်တင်းမှု လျော့ကျစေရန် မပြင်းထန်သော လူပ်ရှားမှုမျိုး ပြုလုပ်ပေးပါ။ ကြွက်သားပြေလျော့ကာ နာကျင်မှု သက်သာစေပါတယ်။
(၃)ရေဓာတ်ဖြည့်တင်းခြင်း
ကိုယ်လက်လူပ်ရှားမှု များစွာပြုလုပ်ခဲ့လျှင် ကိုယ်တွင်းရေဓာတ်ဆုံးရှုံးကာ ကိုယ်လက်ကိုက်ခဲနေတတ်ပါတယ်။ ထို့ကြောင့် ရေဓာတ်များများ ပြန်လည်ဖြည့်တင်းပေးပါ။
(၄)အနားယူအိပ်စက်ခြင်း
ကြွက်သားနာကျင်မှုသည် တခါတရံ ကြွက်သားများ ဆုတ်ပြဲသောကြောင့် ပြန်လည်အနာကျက်ရန် အချိန်လိုအပ်သောကြောင့် သေချာအချိန်ပေး အိပ်စက်အနားယူပါ။ အိပ်နေစဉ် ထွက်သောဟော်မုန်းများသည် ကြွက်သားပြန်လည်ကျန်းမာရန် လိုအပ်သောကြောင့် အိပ်စက်အနားယူသင့်ပါတယ်။
(၅)ဆားကြမ်း
မက်ကနီဆီယမ် ဆာလဖိတ်ပါသော ဆားကို ရေနွေးထဲသို့ထည့်ကာ မိနစ်၂၀ခန့် ရေနွေးစိမ် ချိုးပေးပါက ကြွက်သားနာကျင်ကိုက်ခဲမှုကို ပြေလျော့စေကာ လန်းဆန်းမှု ပေးပါတယ်။ တပတ်၃ ကြိမ်ခန့် ပြုလုပ်ပေးပါက ကြွက်သားနာကျင်မှု ပျောက်စေပါတယ်။
(၆)မက်ဂနီဆီယမ်အဆီ
တောင့်တင်းနေသော ပေါင်၊ ဒူးခေါင်း ကြွက်သားများ ပြေလျော့စေရန် မက်ဂနီဆီယမ်အဆီကို လိမ်းပေးပါ။
(၇) ပန်းသီးရှာလကာအရည်
ပန်းသီးရှာလကာ အရည်သည် ကြွက်သားနာကျင် ရောင်ရမ်းမှုပြေစေသော သတ္တိရှိပါတယ်။ ရေနွေးကန်ထဲသို့ ရှာလကာရည် ၂ဇွန်းထည့် ပျားရည် တဇွန်းထည့်ကာ မိနစ်၂၀ခန့် စိမ်ပေးပါက ကြွက်သားတောင့်တင်းမှု ပြေလျော့စေပါတယ်။
(၈)ချယ်ရီရည်
ချယ်ရီရည်တွင် ဓာတ်တိုးဆန့်ကျင် သတ္တိရှိသောကြောင့် ကြွက်သားနာကျင်မှု မသက်မသာဖြစ်မှုကို လျော့ကျစေပါတယ်။
(၉)နှိပ်နယ်မှု ခံယူခြင်း
ကြွက်သားများ သွေးလည်ပတ်မှု အားကောင်းစေရန် နှိပ်နယ်မှု ခံယူပါက ကြွက်သားပြေလျော့စေရန် အုန်းဆီလိမ်းကာ နှိပ်နယ်မှု ခံယူပါ။
(၁၀)ဂျင်း
သင့် မီးဖိုချောင်ထဲမှာရှိတဲ့ ဂျင်းလက်တဆစ်ကို ရေနွေးထဲသို့စိမ်ကာ ပျားရည်တဇွန်း ထည့်သောက်ပါက နာကျင်ကိုက်ခဲမှု ဝေဒနာများ ပျောက်ကင်းစေပါတယ်။
(၁၁)ဆနွင်း
ဆနွင်းတဇွန်းနှင့် နွားနို့တခွက်ကို ရောကာအအေးခံပြီး ပျားရည်နှင့်ရောသောက်ပါက ကြွက်သားကိုက်ခဲမှုကို ပြေလျော့စေပါတယ်။
(၁၂)ဌက်ပျောသီး
ငှက်ပျောသီး တနေ့ ၃ ကြိမ်စားပေးပါက ပိုတက်ဆီယမ်ဓာတ်နည်းသောကြောင့် ကြွက်သားနာကျင်မှုကို သက်သာစေနိုင်ပါတယ်။
(၁၃)ပူစီနံ့အဆီ
ပူစီနံ့ အဆီ၁၂စက်ကို အုန်းဆီ ၃၀ml နှင့်ရောကာ တောင့်တင်းနေသော ကြွက်သားများကို လိမ်းကာနှိပ်နယ်ပေးပါ။ မိနစ်၃၀ခန့် လိမ်းထားပြီး ရေချိုးပါကာ ကြွက်တောင့်တင်း ရောင်ရမ်းမှုများ သက်သာစေနိုင်ပါတယ်။

Author : Dr. ပြည့်ရှင်း

ဆက်စပ် ဆောင်းပါးများ