fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ကျန်းမာစေသော အစားအစာ

ငှက်ပျောသီးအကြောင်း

858
VIEWS
Share on FacebookShare on TwitterShare on Linkedin
21/04/2018
in ကျန်းမာစေသော အစားအစာ, ကျန်းမာသော နေထိုင်မှုပုံစံ
1 min read
A A

(Zawgyi)

ငွက္ေပ်ာသီးကို အဂၤလိပ္လို Banana လို႔ေခၚပါတယ္။ ျမန္မာႏိုင္ငံသား အကုန္နီးပါး ငွက္ေပ်ာသီးကိုစားဖူးၾက ႀကိဳက္ႏွစ္သက္ၾကလိမ့္မယ္လို႔ ထင္ပါတယ္။ ေရွးယခင္ကတည္းက ခုထိ ကြၽန္ေတာ္တို႔ ျမန္မာေတြဟာ နတ္တို႔ ဘိုးေတာ္တို႔ကို ဆက္သတဲ့ ကန္ေတာ့ပြဲမွာျဖစ္ျဖစ္ လမ္းတံတားေဆာက္တဲ့အခါ သို႔မဟုတ္ သစ္ႀကီးပင္ႀကီးေတြကို ခုတ္တဲ့အခါ လုပ္တဲ့ ပူေဇာ္ပြဲေတြမွာျဖစ္ျဖစ္ အုန္းသီးနဲ႔ငွက္ေပ်ာသီးကို မပါမျဖစ္ ထည့္ေလ့ရွိပါတယ္။ ဒါေၾကာင့္ ကန္ေတာ့ပြဲဆိုတာနဲ႔ အုန္းပြဲငွက္ေပ်ာပြဲကို မ်က္စိထဲတန္း ျမင္ၾကပါတယ္။

နတ္တို႔ဘိုးေတာ္တို႔ကို ဆက္တဲ့ကန္ေတာ့ပြဲမွာ အုန္းသီးနဲ႔ ငွက္ေပ်ာသီး ထည့္ကပ္တာနဲ႔ ပတ္သက္ၿပီးေမးၾကည့္တဲ့အခါမွာ အုန္းခနဲ အျမင့္ကေနက်တဲ့ အခါမ်ိဳးမွာ (စီးပြားက်တဲ့ အခါမ်ိဳးမွာ) အက်မနာေအာင္ ငါ့အတြက္ နတ္ေတြကို ဘိုးေတာ္ေတြကို ေျပာေပးပါဆိုတဲ့ အဓိပၸာယ္နဲ႔ အုန္းသီးနဲ႔ငွက္ေပ်ာသီးကို ကန္ေတာ့ပြဲေတြမွာ မပါမျဖစ္ ထည့္တာလို႔ေတာ့ အထက္ဂိုဏ္း ဆရာႀကီးတစ္ေယာက္က ျပန္ေျပာတာ ၾကားဖူးပါတယ္။

ငွက္ေပ်ာသီးမွာ အမ်ိဳးအစား အမ်ားႀကီးရွိပါတယ္။ အစားမ်ားၿပီး လူတိုင္းသိၾကတာကေတာ့ ဖီးၾကမ္းနဲ႔ သီးေမႊးပါ။ ဖီးၾကမ္းနဲ႔ သီးေမႊးက အလြယ္တကူလည္း ဝယ္လို႔ရသလို ေဈးကလည္း လူတန္းစားမေ႐ြး လက္လွမ္းမီပါတယ္။ ဒီႏွစ္မ်ိဳးအျပင္ ရခိုင္ငွက္ေပ်ာ၊ ေ႐ႊငွက္ေပ်ာ (ေ႐ႊနီ)၊ သူငယ္စာ၊ နံသာပု၊ဆင္အံ၊ မယားမန္ စသျဖင့္လည္း အမ်ားႀကီး ရွိပါေသးတယ္။

ငွက္ေပ်ာသီး တစ္လုံးမွာ ပါတဲ့ အာဟာရဓါတ္ေတြကေတာ့ ေအာက္ပါအတိုင္း ျဖစ္ပါတယ္။

Carbohydrates(ကစီဓါတ္)  22.84 g
Sugars(သၾကားဓါတ္)  12.23 g
Dietary fiber(အမွ်င္ဓါတ္) 2.6 g
Fat(အဆီဓါတ္)  0.33 g
Protein(ပ႐ိုတင္းဓါတ္) 1.09 g
Thiamine (B1) (3%) 0.031 mg
Riboflavin (B2) (6%) 0.073 mg
Niacin (B3) (4%) 0.665 mg
Pantothenic acid (B5) (7%) 0.334 mg
Vitamin B6 (31%) 0.4mg
Folate (B9) (5%) 20 μg
Choline (2%) 9.8 mg
Vitamin C (10%) 8.7 mg
Minerals Iron (2%) 0.26 mg
Magnesium (8%) 27 mg
Manganese (13%) 0.27 mg
Phosphorus (3%) 22 mg
Potassium (8%) 358mg
Sodium (0%) 1 mg
Zinc (2%) 0.15 mg
ေရဓါတ္ 75mg ( >70%)

ေရဓါတ္မ်ားတဲ့အတြက္ အသားအေရ စိုျပည္မႈနဲ႔ ဆံေကသာအတြက္ အေထာက္အကူ ျပဳပါတယ္။ အမွ်င္ဓါတ္လည္း ႂကြယ္ဝစြာ ပါဝင္ေသာေၾကာင့္ ဝမ္းခ်ဳပ္ျခင္းကိုမျဖစ္ေစဘဲ ဝမ္းမွန္ေစကာ အူမႀကီးကင္ဆာျဖစ္ႏိုင္ေျခကို ေလ်ာ့နည္းေစပါတယ္။ ဒါ့အျပင္ အစာအိမ္နဲ႔ အူလမ္းေၾကာင္းမွာရွိတဲ့ အခြၽဲေျမႇးလႊာပ်က္စီးမႈကို ကာကြယ္ေပးတဲ့အတြက္ အစာအိမ္နာတာ ေရာင္တာေတြကိုလည္း သက္သာေစပါတယ္။

ငွက္ေပ်ာသီးမွာ ပိုတက္ဆီယံဓါတ္ ႂကြယ္ဝစြာ ပါတဲ့အတြက္ အရက္ေရရွည္ေသာက္လာသူေတြမွာ ျဖစ္တဲ့ ေအာက္ပိုင္းေတြ အားနည္းၿပီး မလႈပ္ခ်င္ မကိုင္ခ်င္ျဖစ္တာေတြ၊ အရက္နာက်တာေတြ အတြက္လည္း အသုံးတည့္ပါတယ္။ အရက္ေသာက္တဲ့သူေတြဆို ငွက္ေပ်ာသီး စားေပးသင့္ပါတယ္။

သို႔ေသာ္ တစ္ခုရွိတာက ပိုတက္ဆီယံဓါတ္ ႂကြယ္ဝစြာပါေသာေၾကာင့္ ေက်ာက္ကပ္မေကာင္းတဲ့သူေတြဆို မစားသင့္ပါဘူး။ ပုံမွန္လူေတြမွာ ပိုတက္ဆီယံဓါတ္ ေသြးထဲမွာမ်ားလာရင္ ဆီးကေနတဆင့္ စြန႔္ထုတ္ႏိုင္ေပမယ့္ ေက်ာက္ကပ္မေကာင္းတဲ့လူေတြမွာ မစြန႔္ထုတ္ႏိုင္လို႔ပါ။

ငွက္ေပ်ာသီးမွာပါတဲ့ ဗီတာမင္စီဓါတ္ကလည္း ကိုယ္ခံအားကို ေကာင္းေစကာ ေရာဂါပိုးေတြ ဝင္ေရာက္ျခင္းမွ ကာကြယ္ေပးပါတယ္။ ငွက္ေပ်ာသီးကို အမ်ိဳးမ်ိဳး လုပ္စားၾကပါတယ္။ အမွည့္ကို ဒီအတိုင္းစားသလို၊ ေၾကာ္စားတာ၊ အေျခာက္လွမ္းၿပီး ငွက္ေပ်ာေျခာက္ေၾကာ္ လုပ္စားတာ၊ ေဖ်ာ္ရည္လုပ္ေသာက္တာ စသျဖင့္လည္း ရွိပါတယ္။

အဆုံးသတ္အေနနဲ႔ကေတာ့  ငွက္ေပ်ာသီးဟာ လြယ္လင့္တကူ ရရွိႏိုင္တဲ့ အသီးျဖစ္တဲ့အျပင္ ေဈးလည္းမႀကီးဘဲ လက္လွမ္းမီကာ အာဟာရဓါတ္ ႂကြယ္ဝစြာပါဝင္တာေၾကာင့္ တစ္ေန႔တစ္လုံး ပုံမွန္စားသင့္ပါတယ္။ ဘယ္အခ်ိန္စားစား ရပါတယ္။ သို႔ေသာ္ မနက္သေဘၤာ ၊ ညငွက္ေပ်ာ ဆိုၿပီးေတာ့စကားပုံရွိတဲ့အတြက္ ေရွးထုံးမပယ္ခ်င္တဲ့သူမ်ားဆိုရင္ေတာ့ ညဘက္စားပါလို႔ အႀကံျပဳလိုက္ရပါတယ္။

Author: Dr. 528

(Unicode)

ငှက်ပျောသီးကို အင်္ဂလိပ်လို Banana လို့ခေါ်ပါတယ်။ မြန်မာနိုင်ငံသား အကုန်နီးပါး ငှက်ပျောသီးကိုစားဖူးကြ ကြိုက်နှစ်သက်ကြလိမ့်မယ်လို့ ထင်ပါတယ်။ ရှေးယခင်ကတည်းက ခုထိ ကျွန်တော်တို့ မြန်မာတွေဟာ နတ်တို့ ဘိုးတော်တို့ကို ဆက်သတဲ့ ကန်တော့ပွဲမှာဖြစ်ဖြစ် လမ်းတံတားဆောက်တဲ့အခါ သို့မဟုတ် သစ်ကြီးပင်ကြီးတွေကို ခုတ်တဲ့အခါ လုပ်တဲ့ ပူဇော်ပွဲတွေမှာဖြစ်ဖြစ် အုန်းသီးနဲ့ငှက်ပျောသီးကို မပါမဖြစ် ထည့်လေ့ရှိပါတယ်။ ဒါကြောင့် ကန်တော့ပွဲဆိုတာနဲ့ အုန်းပွဲငှက်ပျောပွဲကို မျက်စိထဲတန်း မြင်ကြပါတယ်။

နတ်တို့ဘိုးတော်တို့ကို ဆက်တဲ့ကန်တော့ပွဲမှာ အုန်းသီးနဲ့ ငှက်ပျောသီး ထည့်ကပ်တာနဲ့ ပတ်သက်ပြီးမေးကြည့်တဲ့အခါမှာ အုန်းခနဲ အမြင့်ကနေကျတဲ့ အခါမျိုးမှာ (စီးပွားကျတဲ့ အခါမျိုးမှာ) အကျမနာအောင် ငါ့အတွက် နတ်တွေကို ဘိုးတော်တွေကို ပြောပေးပါဆိုတဲ့ အဓိပ္ပာယ်နဲ့ အုန်းသီးနဲ့ငှက်ပျောသီးကို ကန်တော့ပွဲတွေမှာ မပါမဖြစ် ထည့်တာလို့တော့ အထက်ဂိုဏ်း ဆရာကြီးတစ်ယောက်က ပြန်ပြောတာ ကြားဖူးပါတယ်။

ငှက်ပျောသီးမှာ အမျိုးအစား အများကြီးရှိပါတယ်။ အစားများပြီး လူတိုင်းသိကြတာကတော့ ဖီးကြမ်းနဲ့ သီးမွှေးပါ။ ဖီးကြမ်းနဲ့ သီးမွှေးက အလွယ်တကူလည်း ဝယ်လို့ရသလို ဈေးကလည်း လူတန်းစားမရွေး လက်လှမ်းမီပါတယ်။ ဒီနှစ်မျိုးအပြင် ရခိုင်ငှက်ပျော၊ ရွှေငှက်ပျော (ရွှေနီ)၊ သူငယ်စာ၊ နံသာပု၊ဆင်အံ၊ မယားမန် စသဖြင့်လည်း အများကြီး ရှိပါသေးတယ်။

ငှက်ပျောသီး တစ်လုံးမှာ ပါတဲ့ အာဟာရဓါတ်တွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

Carbohydrates(ကစီဓါတ်) 22.84 g
Sugars(သကြားဓါတ်) 12.23 g
Dietary fiber(အမျှင်ဓါတ်) 2.6 g
Fat(အဆီဓါတ်) 0.33 g
Protein(ပရိုတင်းဓါတ်) 1.09 g
Thiamine (B1) (3%) 0.031 mg
Riboflavin (B2) (6%) 0.073 mg
Niacin (B3) (4%) 0.665 mg
Pantothenic acid (B5) (7%) 0.334 mg
Vitamin B6 (31%) 0.4mg
Folate (B9) (5%) 20 μg
Choline (2%) 9.8 mg
Vitamin C (10%) 8.7 mg
Minerals Iron (2%) 0.26 mg
Magnesium (8%) 27 mg
Manganese (13%) 0.27 mg
Phosphorus (3%) 22 mg
Potassium (8%) 358mg
Sodium (0%) 1 mg
Zinc (2%) 0.15 mg
ရေဓါတ် 75mg ( >70%)

ရေဓါတ်များတဲ့အတွက် အသားအရေ စိုပြည်မှုနဲ့ ဆံကေသာအတွက် အထောက်အကူ ပြုပါတယ်။ အမျှင်ဓါတ်လည်း ကြွယ်ဝစွာ ပါဝင်သောကြောင့် ဝမ်းချုပ်ခြင်းကိုမဖြစ်စေဘဲ ဝမ်းမှန်စေကာ အူမကြီးကင်ဆာဖြစ်နိုင်ခြေကို လျော့နည်းစေပါတယ်။ ဒါ့အပြင် အစာအိမ်နဲ့ အူလမ်းကြောင်းမှာရှိတဲ့ အချွဲမြှေးလွှာပျက်စီးမှုကို ကာကွယ်ပေးတဲ့အတွက် အစာအိမ်နာတာ ရောင်တာတွေကိုလည်း သက်သာစေပါတယ်။

ငှက်ပျောသီးမှာ ပိုတက်ဆီယံဓါတ် ကြွယ်ဝစွာ ပါတဲ့အတွက် အရက်ရေရှည်သောက်လာသူတွေမှာ ဖြစ်တဲ့ အောက်ပိုင်းတွေ အားနည်းပြီး မလှုပ်ချင် မကိုင်ချင်ဖြစ်တာတွေ၊ အရက်နာကျတာတွေ အတွက်လည်း အသုံးတည့်ပါတယ်။ အရက်သောက်တဲ့သူတွေဆို ငှက်ပျောသီး စားပေးသင့်ပါတယ်။

သို့သော် တစ်ခုရှိတာက ပိုတက်ဆီယံဓါတ် ကြွယ်ဝစွာပါသောကြောင့် ကျောက်ကပ်မကောင်းတဲ့သူတွေဆို မစားသင့်ပါဘူး။ ပုံမှန်လူတွေမှာ ပိုတက်ဆီယံဓါတ် သွေးထဲမှာများလာရင် ဆီးကနေတဆင့် စွန့်ထုတ်နိုင်ပေမယ့် ကျောက်ကပ်မကောင်းတဲ့လူတွေမှာ မစွန့်ထုတ်နိုင်လို့ပါ။

ငှက်ပျောသီးမှာပါတဲ့ ဗီတာမင်စီဓါတ်ကလည်း ကိုယ်ခံအားကို ကောင်းစေကာ ရောဂါပိုးတွေ ဝင်ရောက်ခြင်းမှ ကာကွယ်ပေးပါတယ်။ ငှက်ပျောသီးကို အမျိုးမျိုး လုပ်စားကြပါတယ်။ အမှည့်ကို ဒီအတိုင်းစားသလို၊ ကြော်စားတာ၊ အခြောက်လှမ်းပြီး ငှက်ပျောခြောက်ကြော် လုပ်စားတာ၊ ဖျော်ရည်လုပ်သောက်တာ စသဖြင့်လည်း ရှိပါတယ်။

အဆုံးသတ်အနေနဲ့ကတော့ ငှက်ပျောသီးဟာ လွယ်လင့်တကူ ရရှိနိုင်တဲ့ အသီးဖြစ်တဲ့အပြင် ဈေးလည်းမကြီးဘဲ လက်လှမ်းမီကာ အာဟာရဓါတ် ကြွယ်ဝစွာပါဝင်တာကြောင့် တစ်နေ့တစ်လုံး ပုံမှန်စားသင့်ပါတယ်။ ဘယ်အချိန်စားစား ရပါတယ်။ သို့သော် မနက်သင်္ဘော ၊ ညငှက်ပျော ဆိုပြီးတော့စကားပုံရှိတဲ့အတွက် ရှေးထုံးမပယ်ချင်တဲ့သူများဆိုရင်တော့ ညဘက်စားပါလို့ အကြံပြုလိုက်ရပါတယ်။

Author: Dr. 528

Previous Post

ဝိတ်ချရင်းနဲ့ ဝိတ်မကျဖြစ်နေပြီလား?

Next Post

တစ်နေ့ ကို ဆားဘယ်လောက် စားလို့ရလဲ?

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

About the main vitamins needed to strengthen the immune system

ကိုယ်ခံအားကောင်းစေဖို့ အဓိကလိုအပ်သော ဗီတာမင်များအကြောင်း

1 year ago
1.2k
Health factors that should be prepared before traveling in summer

နွေရာသီမှာ ခရီးမသွားခင်ပြင်ဆင်ထားသင့်သော ကျန်းမာရေးဆိုင်ရာအချက်များ

1 year ago
125

ဆယ်ကျော်သက်အရွယ်ကျော်သွားရင် အရပ်ရှည်နိုင်သေးလား?

2 years ago
2.3k

အရပ်ပုခြင်း၊ ရှည်ခြင်းဟာမိဘမျိုးရိုးနဲ့ဆိုင်လား?

2 years ago
1.5k

အလွှာခြားတာကောင်းလား?

2 years ago
1k
In the summer, when the air conditioner and fan are used too much

နွေရာသီမှာ အဲကွန်း၊ပန်ကာ အလွန်အကျွံသုံးမိတဲ့အခါ

2 years ago
603

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

တစ်နေ့ ကို ဆားဘယ်လောက် စားလို့ရလဲ?

သင်္ကြန်ကဲလို့ ရတဲ့ဝေဒနာ

ပိုလီယိုရောဂါအကြောင်း

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.