fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ကျန်းမာစေသော အစားအစာ
အုန်းရည် မှာ ဘာတွေ ပါလဲ????
384
VIEWS
Share on FacebookShare on TwitterShare on Linkedin
15/05/2018
in ကျန်းမာစေသော အစားအစာ, ကျန်းမာသော နေထိုင်မှုပုံစံ
1 min read
A A
Zawgyi
  • ကယ်လိုရီ – 45
  • အဆီဓါတ် – 0.5 gram
  • ကိုလက်စထရော – 0 gram
  • ပိုတက်ဆီယမ် – 600 mg
  • ကာဗိုပိာုက်ဒရိတ် – 9 gram
  • အမျှင်ဓါတ် – 2.6 gram
  • အသားဓါတ် – 1.7 gram
  • ကယ်လဆီယမ် (ထုံးဓါတ်)
  •  သံဓါတ်
  •  စီလီနီယမ်
  •  ဗီတာမင် B6
  •  ဗီတာမင် C
  •  မဂ္ဂနိစ်
လေးစားစွာဖြင့်
ဒေါက်တာ ညီညီကျော်
Unicode
အုန်းရည် မှာ ဘာတွေ ပါလဲ????
ရာသီဥတု က တဖြည်းဖြည်း ပူတဲ့ဘက်ကိုရောက်လာတာ နှင့် အမျှ အခုလို အချိန်ဆို တောရော မြို့ပါ မကျန် အုန်းရည်ရောင်းတဲ့ သူတွေ များလာသလို သောက်တဲ့ သူတွေ လည်း တဖြည်းဖြည်း များလာပါတယ်။ ဒါပေမယ့် အုန်းရည် သောက်ရင် ကောင်းလား မကောင်းလားဆိုတဲ့ မေးခွန်းတွေ ကတော့ လူအများကြားမှာ အမြဲ ရှိနေပါတယ်။ တကယ်ကော အုန်းရည် က ဘယ်လို အာနိသင်တွေ ပေးသလဲ????
ပထမဆုံး အုန်းရည်တစ်ခွက် (240 ml) မှာ ပါတဲ့ အာဟာရတန်ဖိုးကို သိထားဖို့လိုပါတယ်။ အုန်းရည် တစ်ခွက်မှာ ဆိုရင်
  • ကယ်လိုရီ – 45
  • အဆီဓါတ် – 0.5 gram
  • ကိုလက်စထရော – 0 gram
  • ဆိုဒီယမ် (ဆားဓါတ်) – 252 mg
  • ပိုတက်ဆီယမ် – 600 mg
  • ကာဗိုပာိုက်ဒရိတ် – 9 gram
  • အမျှင်ဓါတ် – 2.6 gram
  • အသားဓါတ် – 1.7 gram
  • ကယ်လဆီယမ် (ထုံးဓါတ်)
  •  သံဓါတ်
  •  စီလီနီယမ်
  •  ဗီတာမင် B6
  •  ဗီတာမင် C
  •  မဂ္ဂနိစ်
  •  မဂ္ဂနီဆီယမ် ဓါတ် တို့ပါဝင်ပါတယ်။
အုန်းရည် က ကယ်လိုရီနည်းပြီး ကိုလက်စထရော မပါဝင် တဲ့ သဘာဝ အားဖြည့်ရည်လို့ပြောလို့ရပါတယ်။ ဒါပေမယ့် သူ မှာပါတဲ့ ပိုတက်ဆီယမ် ပမာဏ က ပိုတက်ဆီယမ် ကြွယ်ဝ လှပါပြီ ဆိုတဲ့ ငှက်ပျောသီး ထက်တောင် ပိုများပါတယ်။ ဒါကြောင့် သောက်မယ်ဆိုရင် တခွက် (240 ml) ထက်တော့ မပိုသင့်ပါ။ နောက်တခု အရေးကြီးတာ ကတော့ ကျောက်ကပ် မကောင်းတဲ့ သူတွေ ပိုတက်ဆီယမ် တက်နေချိန်မှာ မသောက်သင့်ပါဘူး။ ပုံမှန် ချိန်ဆိုရင်တောင် သက်ဆိုင်ရာ ဆရာဝန်နဲ့ သေချာဆွေးနွေး တိုင်ပင်ပြီးမှ သောက်သင့် မသောက်သင့် သောက်လို့ရတယ် ဆိုရင်လည်း ပမာဏ အတိုင်းအတာ ကို သေချာ ဆွေးနွေးသင့်ပါတယ်။
ဘယ်လိုကောင်းကျိုးတွေ ရှိနိုင်လဲ။
  1. ချွေးအရမ်းထွက်သွားရင် ချွေးနဲ့ အတူ သတ္တု ဓါတ်တွေ ပါဆုံးရှုံးသွားတတ်ပါတယ်။ အဓိက ဆိုဒီယမ် လိုမျိုး ဆားဓါတ်တွေ ဆုံးရှုံးသွားရင် စိတ်တွေရှုပ်ထွေးပြီး နုံးလာတတ်ပါတယ်။ အဲ့လို အချိန်ဆိုရင်တော့ အုန်းရေ သောက်ပေးလို့ရပါတယ်။ ဒါပေမယ့် တစ်ခွက်ထက်တော့ မပိုပါစေနှင့်။
  2. ထုံးစံ အတိုင်း အုန်းရည်မှာလည်း ဓါတ်တိုးဆန့်ကျင် သတ္တိရှိတဲ့ ဗီတာမင် နှင့် သတ္တု ဓါတ်များစွာ ပါဝင်တဲ့ အတွက် အိုမင်းရင့်ရော်မှု့ ကို တဖက်တလမ်းကနေ ကာကွယ်ပေးပြန်ပါတယ်။
  3. ခန္ဓာ ကိုယ်အတွင်းရှိ ဓါတ်တိုးပစ္စည်းများ ကို လျှော့ချပေးတဲ့ အတွက် ဓါတ်တိုးပစ္စည်း တွေ များလာရင် ဖြစ်နိုင်တဲ့ သွေးတိုးရောဂါ၊ နှလုံးသွေးကြောကျဉ်းရောဂါ၊ သွေးတွင်း ကိုလက်စထရောတက်ခြင်း (Triglycerides) စတာတွေ ကို လည်းကာကွယ်ပေးနိုင်ပါတယ်။
  4. ထို့အတူ ဓါတ်တိုးဆန့်ကျင် သတ္တိ ရှိတဲ့ အတွက် ခန္ဓာကိုယ်ရှိ ဆဲလ်များ ဓါတ်တိုးပစ္စည်းများကြောင့် ပျက်ဆီး အသွင်း ပြောင်းပြီး နောက်ဆက်တွဲ ဖြစ်လာနိုင်တဲ့ အလွန် အန္တရာယ်များတဲ့ ကင်ဆာ ရောဂါ ဖြစ်ပွားမှု့ကို လည်း တဖက်တလမ်း ကနေ ကာကွယ်ပေးနိုင်ပါတယ်။
  5. ဆီးချို ဝေဒနာရှင်တွေ အတွက်လည်း မဂ္ဂနီဆီယမ် ပါဝင်တဲ့ အတွက်ကြောင့် အင်ဆူလင် ရဲ့ လုပ်နိုင်စွမ်းအား ကို မြှင့်တင်ပေးနိုင်တဲ့အတွက် ဆီးချိုပမာဏ ကို ထိန်းညှိပေးနိုင်ပါတယ်။ Fasting Blood Glucose level ကိုလျှော့ချပေးတဲ့ အပြင် HbA1c ကိုပါ လျှော့ချပေးနိုင်ပါတယ်။
  6. အမျှင်ဓါတ် ကြွယ်ဝ တဲ့ အတွက် သွေးတွင်း ကိုလက်စထရော ကို ကျစေနိုင်ပါတယ်။
  7. Triglycerides ကျစေတဲ့ အတွက် နှလုံးသွေးကြောကျဉ်းရောဂါ၊ အသည်းအဆီဖုံးတာဂတွေ ကို လည်း ကာကွယ်ပေးနိုင်ပါတယ်။
  8. အုန်းရည် တစ်ခွက် (240 ml) မှာ ပိုတက်ဆီယမ် 600 mg ပါတဲ့အတွက် သွေးတိုး ရောဂါ ဝေဒနာရှင်တွေ အတွက် သင့်လျော်ပါတယ်။ သွေးပေါင်ကျစေပါတယ်။
  9. ဆိုဒီယမ်၊ ပိုတက်ဆီယမ်၊ ကယ်လဆီယမ် နှင့် မဂ္ဂနီဆီယမ် တို့ ပါဝင်တဲ့ အတွက်ကြောင့် တာဝေး အပြေးသမားများ၊ အချိန် အကြာကြီး လေ့ကျင့်ခန်း လုပ်တတ်တဲ့ သူတွေ အတွက် သင့်တော်ပါတယ်။
  10.  ရေဓါတ် ကိုလည်း ပြန်လည်ဖြည့်တင်းပေးတဲ့ အပြင် သတ္တု ဓါတ်များကိုပါ ဖြည့်တင်းပေးနိုင်ပါတယ်။
အုန်းရည်သောက်ရင် ကောင်းတယ်ဆိုပေမယ့် တခွက် (240 ml) ထက်တော့ မပိုသင့်ပါဘူး။ ဒီ့အပြင် အုန်းရည် ဆိုပြီး အုန်းနို့ တော့ မသောက်သင့်ပါဘူး။ ကိုလက်စထရော နှင့် triglycerides များစွာပါဝင်တဲ့ အတွက် ကျန်းမာရေး အတွက် မကောင်းပါဘူး။
လေးစားစွာဖြင့်
ဒေါက်တာ ညီညီကျော်
Previous Post
အသက်ရှူလမ်းကြောင်း အစာပိတ်မိခြင်း
Next Post
စိတ်ခံစားမှုတွေကို မြိုသိပ်ပါများလာရင် ဘာတွေဖြစ်နိုင်လဲ
Share on FacebookShare on TwitterShare on Linkedin
ဆက်စပ် ဆောင်းပါးများ
About the main vitamins needed to strengthen the immune system
ကိုယ်ခံအားကောင်းစေဖို့ အဓိကလိုအပ်သော ဗီတာမင်များအကြောင်း
1 year ago
1.2k
Health factors that should be prepared before traveling in summer
နွေရာသီမှာ ခရီးမသွားခင်ပြင်ဆင်ထားသင့်သော ကျန်းမာရေးဆိုင်ရာအချက်များ
1 year ago
127
ဆယ်ကျော်သက်အရွယ်ကျော်သွားရင် အရပ်ရှည်နိုင်သေးလား?
2 years ago
2.3k
အရပ်ပုခြင်း၊ ရှည်ခြင်းဟာမိဘမျိုးရိုးနဲ့ဆိုင်လား?
2 years ago
1.5k
အလွှာခြားတာကောင်းလား?
2 years ago
1.1k
In the summer, when the air conditioner and fan are used too much
နွေရာသီမှာ အဲကွန်း၊ပန်ကာ အလွန်အကျွံသုံးမိတဲ့အခါ
2 years ago
609
ကျန်းမာရေး ဆောင်းပါးများ
  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ
လူဖတ်အများဆုံး ဆောင်းပါးများ
  • တစ်ကိုယ်ရည်အာသာဖြေခြင်း
    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ
    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method
    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်
    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ
    0 shares
    Share 0 Tweet 0
Health Tips
Next Post
စိတ်ခံစားမှုတွေကို မြိုသိပ်ပါများလာရင် ဘာတွေဖြစ်နိုင်လဲ
စိတ်ခံစားမှုတွေကို မြိုသိပ်ပါများလာရင် ဘာတွေဖြစ်နိုင်လဲ။အပိုင်း(၂)
သုတ်ရည်သွေးပါခြင်း
OnDoctor App OnDoctor App OnDoctor App
Get Our App for Your Healthcare Partner
  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in
OnDoctor Company Limited © 2017 – 2025. All Rights Reserved.
No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
© 2020 OnDoctor Company Limited - All Rights Reserved.
This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.