fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ကျန်းမာစေသော အစားအစာ

ချောကလက် စားခြင်းဖြင့် ရရှိနိုင်တဲ့ ကျန်းမာရေးအကျိုးကျေးဇူးများ

1.1k
VIEWS
Share on FacebookShare on TwitterShare on Linkedin
11/06/2018
in ကျန်းမာစေသော အစားအစာ, ကျန်းမာသော နေထိုင်မှုပုံစံ
1 min read
A A

(Zawgyi)




















1. ရင်တုန်ခြင်း


3. ဝမ်းလျှောခြင်း



လေးစားစွာဖြင့်

ဒေါက်တာ ညီညီကျော်

(Unicode)

ချောကလက် စားခြင်းဖြင့် ရရှိနိုင်တဲ့ ကျန်းမာရေးအကျိုးကျေးဇူးများ

ပထမဆုံး ချောကလက် 30 gram မှာ ပါဝင်တဲ့ အာပာာရတန်ဖိုးတွေ ကို ဖော်ပြချင်ပါတယ်။

1. ၁၄၀-၂၇၀ ကယ်လိုရီ အထိပါဝင်နိုင်ပါတယ်။ အချိုပမာဏ ပေါ်မူတည်ပြီး ကယ်လိုရီ ပြောင်းလဲနိုင်ပါတယ်။ Dark Chocolate ကတော့ ကယ်လိုရီ အနည်းဆုံးပါ။

2. အဆီဓါတ် ၁၄ – ၁၇ ဂရမ် အထိပါဝင်ပါတယ်။

3. ပြည့်ဝဆီ ၉ – ၁၀ ဂရမ် ပါဝင်ပါတယ်။ (နို့အရသာ အချိုအရသာ များလေလေ ပြည့်ဝဆီ များလေလေ ဖြစ်ပါတယ်)

4. အမျှင်ဓါတ် ၄ – ၁၀ ဂရမ် အထိ ပါဝင်ပါတယ်။

ကျန်းမာရေး အကျိုးကျေးဇူးတွေ ကတော့

1. ဓါတ်တိုးဆန့်ကျင် သတ္တိရှိတဲ့ ဗီတာမင်၊ သတ္တုဓါတ် နှင့် ဖိုက်တိုကမ်မီကယ် (Phytochemicals) များစွာပါဝင်ပါတယ်။ ချောကလက်မှာပါဝင်တဲ့ flavonoids နှင့် Phytochemical ပမာဏ ပာာ ဝိုင်မှာပါဝင်တဲ့ ပမာဏ ထက် များတဲ့ အတွက် ကျန်းမာရေး အတွက် ဝိုင်သောက်မယ့် အစား Dark Chocolate စားပေးလို့ရပါတယ်။

2. ကင်ဆာရောဂါများ ကာကွယ်ပေးခြင်း – flavonoids နှင့် Phytochemical ကဲ့သို့သော ဓါတ်တိုးဆန့်ကျင် သတ္တိ ရှိသည့် အာပာာရ ဓါတ်များပါဝင်တဲ့ အတွက် ကင်ဆာရောဂါ ကို ကာကွယ်ပေးနိုင်တယ်လို့ တချို့သော သုတေသန စာတမ်းတွေ မှာ ဖော်ပြထားပါတယ်။

3. နှလုံးကျန်းမာရေး အတွက် အထူးကောင်းမွန်ခြင်း- ချောကလက် မှာ ပါဝင်တဲ့ ဖလေဗနော (flavanols) ဓါတ်က သွေးစီးဆင်းမှု့ကို အားပေးပါတယ်။ ဒီအပြင် သွေးပေါင်ကျစေပါတယ်။ ဒါကြောင့် သွေးတိုး ရှိတဲ့ သူတွေ အနေနဲ့ တနေ့ ကို dark chocolate လက်နှစ်ဆစ် အရွယ်လောက် စားပေးရင် အပေါ် သွေး မတက်အောင် ထိန်းပေးနိုင်ပါတယ်။

4. သွေးတွင်း ကိုလက်စထရော ကို ကျစေပါတယ်။ ချောကလက်မှာ ပါတဲ့ Cocoa butter မှာ oleic Acid ပါတဲ့ အတွက် မကောင်းတဲ့ ကိုလက်စထရော တွေ ဖြစ်တဲ့ LDL, Triglycerides (TG) တွေ ကို ကျစေတဲ့ အတွက် ကြောင့် ၎င်း တို့ များရင် ဖြစ်တတ်တဲ့ သွေးတိုးရောဂါ ၊ နှလုံးသွေးကြောကျဉ်းရောဂါ၊ အသည်း အဆီဖုံးရောဂါ၊ ဆီးချိုရောဂါ၊ လေဖြတ်လေငန်း ရောဂါတွေ ကို ပါ ကာကွယ်ပေးပြီးသား ဖြစ်သွားပါတယ်။

5. မှတ်ဉာဏ် စွမ်းအားကို တက်စေပါတယ်။ ချောကလက်မှာ ပါတဲ့ flavanols က ဦးနှောက် ဘက် ကို သွေးစီးဆင်းမှု ကို အားပေးတဲ့ အတွက် ကြောင့် မှတ်ဉာဏ် စွမ်းအား ကိုပိုကောင်းစေပါတယ်။ ဒါကြောင့် စာမေးပွဲ ဖြေနေတဲ့ ကလေး တွေ အတွက် ကို Dark Chocolate စားပေးသင့်ပါတယ်။ ဒီအပြင် ခေါင်းလည်းကြည်စေပါတယ်။

6. ဆီးချို ရောဂါ ဝေဒနာရှင်တွေ အနေနဲ့လည်း Dark Chocolate စားပေးခြင်းဖြင့် insulin sensitivity တက်စေပြီး ဆီးချို ပမာဏ ကို ထိန်းပေးပါတယ်။ တနေ့ ကို ချောကလက် ၂၅ ဂရမ် စားပေးခြင်းဖြင့် ၈ ပါတ် အကြာ မှာ မနက် အစော ဘာမှ မစားသေးဘဲ တိုင်းတဲ့ ဆီးချို ပမာဏ (Fasting Blood Glucose) level ကို သိသိသာသာ လျှော့ကျပေးနိုင်တယ်လို့ လေ့လာတွေ့ရှိချက် တွေ မှာ ဖော်ပြထားပါတယ်။

 

အခုဖော်ပြပေးထားတဲ့ ကျန်းမာရေး ကောင်းကျိုးတွေ ပာာ Dark Chocolate အတွက်သာ ရည်ညွှန်းပါတယ်။ ကလေး အများ လူအများ စားနေတဲ့ milk chocolate တွေ ကတော့ အခုဖော်ပြထားတဲ့ ကျန်းမာရေးဂအကျိုးကျေးဇူးအပြည့်အဝ မရနိုင်ပါ။

 

အထူးသဖြင့် ဆီးချိုဝေဒနာရှင် များ အနေ နဲ့ အချို များတဲ့ Milk Chocolate တွေ စားမိရင် ဆီးချို ပမာဏ မကျတဲ့ အပြင် ဆီးချိုပမာဏ ပိုတောင် ဆိုးပြီးတက်လာနိုင်ပါတယ်။

 

သွေးတွင်း ကိုလက်စထရော များနေတဲ့ သူတွေ အနေနဲ့လဲ Milk Chocolate တွေ သွားစားရင်တော့ ကိုလက်စထရော ပိုတက်လာနိုင်ပါတယ်။

 

ဒါဆိုရင် ဘယ်လို ချောကလက် မျိုးကို စားသင့်သလဲ????

Cocoa 60 % အနည်းဆုံးပါတဲ့ ချောကလက်မျိုးကို ရွေးစားပေးဖို့တော့လိုပါတယ်။

 

စားရင်လည်း ၂၅ ဂရမ် ထက်ပို မစားသင့်ပါဘူး။ အများကြီးစားလိုက်ရင်

1. ရင်တုန်ခြင်း

2. စိတ်လှုပ်ရှားလာခြင်း

3. ဝမ်းလျှောခြင်း

4. ရေဓါတ် ခမ်းခြောက်ခြင်းတို့ ဖြစ်တတ်ပါတယ်။

 

ဒါကြောင့် စားသင့်တဲ့ ပမာဏ ကိုပဲ ချင့်ချိန်ပြီးစားသင့်ပါတယ်။

 

လေးစားစွာဖြင့်

ဒေါက်တာ ညီညီကျော်

Previous Post

အမျိုးသမီးတွေ အသက်ကြီးလာရင် ဖြစ်တတ်တဲ့ သားအိမ်ကျွံခြင်

Next Post

သွေးလွန်တုပ်ကွေးအကြောင်းသိကောင်းစရာ အပိုင်း (၂)

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

About the main vitamins needed to strengthen the immune system

ကိုယ်ခံအားကောင်းစေဖို့ အဓိကလိုအပ်သော ဗီတာမင်များအကြောင်း

1 year ago
1.2k
Health factors that should be prepared before traveling in summer

နွေရာသီမှာ ခရီးမသွားခင်ပြင်ဆင်ထားသင့်သော ကျန်းမာရေးဆိုင်ရာအချက်များ

1 year ago
125

ဆယ်ကျော်သက်အရွယ်ကျော်သွားရင် အရပ်ရှည်နိုင်သေးလား?

2 years ago
2.3k

အရပ်ပုခြင်း၊ ရှည်ခြင်းဟာမိဘမျိုးရိုးနဲ့ဆိုင်လား?

2 years ago
1.4k

အလွှာခြားတာကောင်းလား?

2 years ago
1k
In the summer, when the air conditioner and fan are used too much

နွေရာသီမှာ အဲကွန်း၊ပန်ကာ အလွန်အကျွံသုံးမိတဲ့အခါ

2 years ago
603

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

သွေးလွန်တုပ်ကွေးအကြောင်းသိကောင်းစရာ အပိုင်း (၂)

ပန်းနာရင်ကျပ် ရောဂါ

အခုလိုခဏခဏ နေမကောင်းဖြစ်နေရင်

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.