စတော်ဘယ်ရီသီးအကြောင်း
စတော်ဘယ်ရီဆိုသော နာမည်သည် အင်္ဂလိပ်အသံထွက် Strawberry ကို တိုက်ရိုက်ခေါ်ဆိုကာခေါ်သောနာမည်ဖြစ်သည်။
စတော်ဘယ်ရီသီးရဲ့မူလအစက ပြင်သစ် နိုင်ငံကဖြစ်သည်။
ကျွန်တော်တို့တွေ ခုစားနေသော စတော်ဘယ်ရီသီးဟာ Garden Strawberry ခေါ် စတော်ဘယ်ရီအယဉ်အမျိုးအစားဖြစ်ပါတယ်။
ထိုအမျိုးအစားကို ၁၈ရာစုနှောင်းပိုင်းလောက်တွင် ပြင်သစ်နိုင်ငံ ဘရစ်တီနီမြို့မှာ စတော်ဘယ်ရီအရိုင်းအမျိုးအစားကနေစတင်မျိုးပွားစိုက်ပျိုးနိုင်ခဲ့ပါတယ်။
စတော်ဘယ်ရီရဲ့ရုက္ခဗေဒနာမည်ကတော့ Fragaria ananassa ဖြစ်ပါတယ်။မျိုးရင်းကတော့ Fragaria ပါ။
Garden Strawberry အပင်က မြေလျှောက်ပင်အမျိုးအစားဖြစ်ပါတယ်။ကျွန်တော်တို့မြန်မာနိုင်ငံက အအေးပိုင်းဒေသတွေမှာ စိုက်ပျိုးကြပါတယ်။
စတေ်ာဘယ်ရီသီးရဲ့အရောင်က ပန်းနီရောင်ရှိပြီး သူ့ရဲ့အသားက အရည်ရွှမ်းကာ အနံကလည်းမွှေးပါတယ်။အခွံခွာစရာမလိုဘဲရေဆေးပြီး စားလို့ရပါတယ်။အစေ့အနေနဲ့ကတော့ သရက်သီး၊ဆီးသီးစတဲ့အသီးတွေလို အတွင်းထဲမှာပါတာမဟုတ်ဘဲ စတော်ဘယ်ရီသီးရဲ့အပေါ်မှာပဲ နှမ်းစေ့လိုမျိုးအစေ့လေးတွေအနေနဲ့ပါပါတယ်။ထိုအစေ့လေးတွေကနေပဲ အပင်ဖြစ်အောင်ပြန်စိုက်လို့ရပါတယ်။စတော်ဘယ်ရီသီးတလုံးတိုင်းရဲ့မျက်နှာပြင်အပေါ်မှာ ပျှမ်းမျှအားဖြင့် အစေ့ ၂၀၀ခန့်ပါဝင်ပါတယ်။
စတော်ဘယ်ရီသီးကို အချိုပွဲအဖြစ်ဒီအတိုင်းစားတာလည်းရှိသလို ဖျော်ရည်ဖျော်သောက်တာ၊ဒိန်ချဉ်နဲ့ရောသောက်တာမျိုးလည်းရှိပါတယ်။
ဒါ့အပြင် ဟင်းချက်တဲ့အခါမှာ ထည့်သုံးတာမျိုးလည်းရှိပါတယ်။
စတော်ဘယ်ရီသီးမှာ ကာဘိုဟိုက်ဒရိတ်၊ပက်တင်၊အမျှင်ဓါတ်၊ဗီတာမင် ဘီ၊စီ၊ကယ်လ်ဆီယမ်၊မီးစုန်းဓါတ်၊သံဓါတ် စတဲ့အကျိုးပြုဓါတ်တွေအများကြီးပါဝင်ပါတယ်။
စတော်ဘယ်ရီသီးမှာပါတဲ့အမျှင်ဓါတ်က ဝမ်းချုပ်ခြင်းကိုကင်းစေပြီး ဝမ်းမှန်စေကာ အူမကြီးကင်ဆာဖြစ်ပွားနိုင်ခြေနည်းစေပါတယ်။
ပက်တင်နဲ့ဗီတာမင်စီဓါတ်တို့ကလည်း ကိုယ်ခံအားကိုကောင်းစပြေီး အရွယ်မတိုင်ခင် အိုမင်းရင့်ရော်ခြင်းကို တားဆီးပေးနိုင်ပါတယ်။
စတော်ဘယ်ရီသီးသည် မှတ်ဉာဏ်အားကိုပိုကောင်းမွန်စေဖို့အတွက် အထောက်အကူပြုသလို မျက်စိကျန်းမာရေးအတွက်လည်းအထောက်အကူပြုပါတယ်။
ဒါ့အပြင် နှလုံးကျန်းမာရေးအတွက်လည်းအထောက်အကူပြုပြီး ကိုယ်အလေးချိန်ကိုထိန်းညှိရာမှာလည်း အထောက်အကူပြုတယ်လို့ သုတေသနပညာရှင်တွေကဆိုထားပါတယ်။
စတော်ဘယ်ရီကို နွေရာသီမှာ အပူများပြီး နှုတ်ခမ်းပါးစပ်တွေခြောက်တတ်သူတွေ၊ချောင်းခြောက်မကြာခဏဆိုးလေ့ရှိသူတွေ၊ဝမ်းမကြာမကြာကိုက်တတ်သူတွေ၊ဝမ်းချုပ်တတ်သူတွေ ဆိုရင် ပိုပြီးစားသုံးသင့်ပါတယ်လို့ အကြံပြုရင်း ဆောင်းပါးကို အဆုံးသတ်လိုက်ရပါတယ်။
Dr. သီတာနွယ်(အမရပူရ)