အနောက်တိုင်း ယဉ်ကျေးမှုတွေ အရှေ့တိုင်း ကိုရောက်လာတာနဲ့ အမျှ နေထိုင်မှုပုံစံတွေဟာ ပြောင်းလဲလာကြပါတယ်။ အများစုက အဆီများတာ ကယ်လိုရီ များတာတွေ ပိုပြီး စားလာတယ် နောက်ပြီး အထိုင်များလာကြပါတယ် ။ တီဗွီ ကြည့်တယ်၊ ဂိမ်းဆော့တယ်၊ facebook သုံးတယ် စတာတွေမှာ အာရုံပိုလာကြပါတယ်။ လှုပ်ရှားမှုနည်းလာပြီး ခန္ဓာတာကိုယ်က အဆီ တွေ စုစု လာပါတော့တယ်။ နောက်ပြီး အစားအစာ ဖျော်ရည် ကော်ဖီ သောက်သုံးမှုဟာ နဂိုထက်ပိုမိုလာပြီး ယဉ်ကျေးမှုတစ် ခုလို တောင် ဖြစ် နေပါ ပြီ။ ခန္ဓာတာကိုယ်က လိုတာထက် ပိုပြီး ကယ်လိုရီတွေ ဝင် လာတဲ့ အခါ အဆီတွေ စုမယ် ၊ တစ်ဖြေးဖြေး ဝ လာပါတော့ တယ် ။ အဓိက အဆီစ စု နေစဉ် မှာ သိပ်ပြီး မသိသာ တဲ့ နေရာတွေက စပါတယ် ။ အဲဒီ အချိန်မှာ ဝ နေပြီ ဆိုတာ မသိပဲ စားကောင်း သောက်ကောင်း ပြီး လေ့ကျင့်ခန်းလုပ်ဖို့ကို အာရုံ မရသေးပါဘူး။
အခုနောက်ပိုင်းမှာတော့ ပညာပေး အစီ အစဉ်တွေ ၊ အားကစား လေ့လာ လိုက်စားအောင် လှုံ့ဆော်တာ တွေများလာပါတယ် ။ အဓိက ဝ လာပြီလား ၊ အဝ လွန်နေပြီလား ဆိုတာ အကြမ်းဖျင်း အားဖြင့် BMI body mass index ဆိုတာနဲ့ တိုင်းတာ နိုင်ပါတယ် ။ ဘယ်လို တိုင်းလဲဆိုတော့ အရမ်း လွယ်ပါတယ် ကိုယ် အလေးချိန်ကို အရပ် နဲ့ စားပြီး ရတဲ့ နံ ပါတ် ကို BMI အဖြစ် သတ်မှတ်ပါတယ် ။ (kg/m²). BMI 25 ထက် ပိုများ နေတယ် ဆိုရင် overweight အဖြစ်သတ်မှတ် ပြီး 30 ထက်ကျော်ရင်တော့ obese အဖြစ်သတ်မှတ် နိုင်ပါပြီ။ အဝလွန် ရင် ဘာတွေ ဖြစ်နိုင် လဲ ဆိုရင် သွေးတိုး ဆီးချို နှလုံး စတဲ့ ရောဂါတွေ ပို ဖြစ်လာနိုင်ပါတယ် ။ နဂို ရောဂါ ရှိသူဆိုရင် ပိုဆိုးလာနိုင်ပါတယ်။
ဒါ့ကြောင့် ကိုယ်လက်လှုပ်ရှား ပုံမှန်လုပ်ခြင်း၊ အစားအသောက်စားသောက်မှု ထိန်းသိမ်းခြင်း၊ ကယ်လိုရီ သေချာ တွက်ချက် စားသောက်သင့်ပါတယ်။ အစဉ်ပြေရင် အကောင်းဆုံးက အစားအသောက်ပညာရှင် နဲ့ သေချာ တွက်ချက်စားသောက်နိုင်ရန်လိုပါတယ်။ ယနေ့ ခေတ်မှာ gym တွေမှာလည်း အဆီချ ကိုယ်လုံး လှ အောင် အစားအသောက်ပါ ထိန်းပေးတာတွေ၊ ရက်တို ရက်ရှည် လေ့ကျင့်ခန်းလုပ်တာတွေ၊ ယောဂ ကျင့် တာတွေ စတာတွေ့ အများကြီးလုပ်လို့ရပါတယ်။ သွက်လက် ပြီး ကျော့ရှင်းစွာနေထိုင်နိုင်ဖို့ အရေးကြီးပါတယ်။ ယနေ့ခေတ် ပျိုမေများ အတွက် ကိုယ်အလေးချိန်ကျအောင် လုပ်ဆောင်နိုင်ဖို့ အတွက် နည်းလမ်းတွေ အများကြီးရှိပါတယ်။ အလွယ်လမ်း မလိုက်မိအောင် ထိန်းသင့် ပါတယ်။ အမြန် ဝိတ်ကျ အောင် ဆေးသောက်တာတွေ၊ ဆေးထိုးတာ၊ အစားလုံးဝ နည်းပါး မစားတာတွေဟာ ကျန်းမာရေးနဲ့ မသင့်လျော်တာကြောင့် ရှောင်သင့်ပါတယ်။ နည်းမှန် လမ်းမှန် တတ်ကျွမ်းသူများနဲ့ သေချာ ဆွေးနွေးပြီး မိမိနဲ့ သင့်တော်တဲ့ နည်းလမ်းကို ရွေးချယ်သင့်ပါကြောင်း ။
Author : Dr Lynn