fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ကျန်းမာသော နေထိုင်မှုပုံစံ

ကျန်းမာခြင်း နှင့် ယောဂအားကစား

77
VIEWS
Share on FacebookShare on TwitterShare on Linkedin
09/07/2018
in ကျန်းမာသော နေထိုင်မှုပုံစံ
1 min read
A A

က်န္းမာျခင္း ႏွင့္ ေယာဂအားကစား

က်န္းမာၾကံ႔ခိုင္ဖို႔ အတြက္ ကိုယ္လက္လႈပ္ရွားဖို႔ အားကစားတစ္ခုခု လုပ္ဖို ဆရာဝန္ေတြက တိုက္တြန္းတတ္ၾကပါတယ္။
အားကစားလုပ္ၾကတဲ့အခါ နည္းလမ္းအမ်ိဳးမ်ိဳး ရွိပါတယ္။ ကိုယ္ရဲ႔ အသက္အရြယ္ ကိုယ္ခႏၶာဖြဲ႔စည္းပံု အေနအထား နဂိုရွိေနတဲ့ ေရာဂါအခံေတြေပၚ မူတည္ျပီး ဘယ္အားကစားနည္းကို လုပ္သင့္တယ္ ဆိုတာကို ေရြးသင့္ပါတယ္။

လူငယ္လူရြယ္ေတြကေတာ့ ဘယ္ကစားနည္းမ်ိဳးကို မဆို လုပ္လို႔ရတယ္လို႔ ဆိုႏိုင္ပင္မဲ့ အသက္ၾကီးျပီး ေရာဂါၾကီးၾကီးမားမား ရွိေနသူမ်ိဳးေတြ ဆိုရင္ေတာ့ ကိုယ္ျပေနတဲ့ ဆရာဝန္နဲ႔ တိုင္ပင္ျပီးမွသာ အားကစားနည္းကို လုပ္သင့္ပါတယ္။ ဒီကေန႔ ေဆြးေႏြးေပးခ်င္ တာကေတာ့ အားကစားနည္းေတြ အမ်ားၾကီးထဲကမွ ေယာဂအားကစားနည္း အေၾကာင္းပါပဲ ။ ေယာဂအားကစားနည္းဟာ ဘယ္လိုလူမ်ိဳးေတြအတြက္သင့္ေတာ္တယ္ ေယာဂကစားရင္ ဘယ္လိုအက်ိဳးေက်းဇူးေတြ ရႏိုင္မယ္ဆိုတာကို ေျပာျပေပးသြားခ်င္ပါတယ္။ ေယာဂ ဟာ အသက္အရြယ္မေရြး ကစားလို႔ရတဲ့ အားကစားတစ္မိ်ဳးပါပဲ ။

ကေလးေတြဆိုရင္ေတာ့ အသက္ ၁၀ ႏွစ္ေက်ာ္လာတဲ့ အခါမွာ စကစားလို႔ ရျပီးေတာ့ နာတာရွည္ နွလံုးေရာဂါေတြ ဦးေႏွာက္နဲ႔ အာရုံေၾကာဆိုင္ရာ ေရာဂါရွိသူမ်ိဳးေတြကေတာ့ ေယာဂကစားခ်င္တယ္ဆိုရင္ ကစားဖို႔သင့္မသင့္ကို ကိုယ္ျပသေနတဲ့ ဆရာဝန္ကို တိုင္ပင္ၾကည့္သင့္ပါတယ္။

ေယာဂ ကစားျခင္းရဲ႔ အက်ိဳးေက်းဇူးေတြ အေနနဲ႔ ကေတာ့
၁။ ကိုယ္စိတ္ က်န္းမာသန္စြမ္းျခင္း
ေယာဂဟာလည္း တျခားအားကစားနည္းေတြလိုဘဲ ေသြးလွည့္ပတ္မႈကိုေကာင္းေစတဲ့ အတြက္ ကိုယ္ခႏၶာကို က်န္းမာသန္စြမ္းေစပါတယ္။ မလႈပ္မရွားဘဲေနတာ ၾကာတဲ့သူတစ္ေယာက္ဟာ ဝလာႏိုင္ေခ်ရွိရုံသာမကဘဲ ကိုယ္တြင္းက ဇီဝျဖစ္စဥ္ေတြပါ ေႏွးေကြးသြားပါတယ္။ ဒီအခါ ခႏၶာကိုယ္ လႈပ္ရွားမႈေႏွးေကြးတာ အိပ္မေပ်ာ္တာေတြ ရွိလာႏိုင္ပါတယ္။ ေယာဂကစားျခင္း အားျဖင့္ ခႏၶာကိုယ္ေပါ့ပါးလာျပီး ႏွစ္ျခိဳက္စြာ အိပ္ေပ်ာ္ေစႏိုင္ပါတယ္။

၂။ ခႏၶာကိုယ္ လႈပ္ရွားမႈ အတြက္ အေရးပါေသာ ၾကြက္သား မ်ားကို ေလ့က်င့္ေပးျခင္း
ေယာဂ အားကစားနည္းမွာ ကစားတဲ့ သက္တမ္းေပၚလိုက္ျပီး လိုက္လုပ္ရတဲ့ အေနအထားေတြ အမ်ိဳးမ်ိဳးရွိၾကပါတယ္။ ေယာဂဟာ စကစားတဲ့သူတစ္ေယာက္အတြက္ ခက္ခဲေနႏိုင္ေပမဲ့ မွန္မွန္ကစားသြားမယ္ဆိုရင္ေတာ့ ခႏၶာကိုယ္အေနအထားကို မွန္ကန္ေအာင္ျပဳျပင္ ေပးႏိုင္တဲ့ အတြက္ ကိုယ္လက္နာက်င္တာေတြကို ေလ်ာ့ခ်ေပးမွာျဖစ္သလုိ လႈပ္ရွားမႈေတြကလည္း ျမန္ဆန္လာတာ ေပ်ာ့ေျပာင္းလာတာကို ေတြ႔ရမွာပါ။

၃။ အရုိးအဆစ္မ်ားကို က်န္းမာသန္စြမ္းေစျခင္း
ေယာဂကို ေလ့က်င့္ၾကတဲ့ အခါတိုင္းမွာ ကၽြန္မတို႔႔ရဲ႔ အရုိးအဆစ္ေတြကို အဆံုးအထိ ဆန္႔ထုတ္ရတဲ့ အေနအထားေတြအထိ လုပ္ၾကရပါတယ္။ ဒီလုိလုပ္ရတဲ့ အတြက္ ပံုမွန္ခႏၶာကိုယ္မွာ မလႈပ္ရွားျဖစ္တဲ့ အရုိးအဆစ္ေတြပါ လႈပ္ရွားျဖစ္သြားပါတယ္။
ကၽြန္မတို႔ရဲ႔ ခႏၶာကိုယ္ဟာလည္း တျခားေသာ ျပင္ပမွာရွိတဲ့ ပစၥည္းေတြ လိုပါပဲ။ မသံုးတာၾကာလာတဲ့ ပစၥည္းေတြဟာ ေဆြးေျမ႔လာႏိုင္သလို ကၽြန္မတို႔ ခႏၶာကိုယ္က အသံုးမျပဳတဲ့ အစိတ္အပိုင္းေတြဟာလည္း အသက္ၾကီးလာတာႏွင့္ အမွ် ပ်က္စီးလာႏိုင္ပါတယ္။
ေယာဂေလ့က်င့္ခန္းဟာ ဒီလုိ ပံုမွန္အသံုးမျပဳျဖစ္တဲ့ ခႏၶာကိုယ္အစိတ္အပိုင္းေတြကို အသံုးျပဳျပီး လႈပ္ရွားမႈလုပ္ရတဲ့အတြက္ အဲလိုေနရာမွာရွိေနတဲ့ အရုိးအဆစ္ေတြရဲ႔ ပ်က္စီးမႈေတြကို ေလ်ာ့ခ်ေပးႏိုင္မွာ အမွန္ပါပဲ။

၄။ ေယာဂဟာ သင့္ရဲ႔ နွလံုးက်န္းမာေရးအတြက္လည္း အေထာက္အကူျပဳပါတယ္။
ေယာဂကစားတာကို ပံုမွန္လုပ္ေပးသြားမယ္ ဆိုရင္ေတာ့ ကိုယ္ရဲ႔ ခံႏိုင္ရည္စြမ္း ျမင့္တက္လာမွာ အမွန္ပါပဲ။ ေယာဂကို တျဖည္းျဖည္းခ်င္း ကစားသြားသူတစ္ေယာက္မွာ နွလံုးခုန္ႏႈန္းေတြဟာ တည္ျငိမ္လာပါတယ္။ ေယာဂဟာ ေသြးတိုးေရာဂါ ျဖစ္ပြားမႈကိုလည္း ေလ်ာ့ခ်ေပးႏိုင္ပါတယ္။

၅။ ေယာဂဟာ စိတ္က်န္းမာေရး အတြက္လည္း အေထာက္အကူျဖစ္ေစျပီး စိတ္ဓာတ္က်မႈကို ေလ်ာ့ခ်ေပးပါတယ္။
ေယာဂ ကစားတာဟာ တျခားအားကစားနည္းေတြနဲ႔ နႈိင္းယွဥ္ရင္ စိတ္တည္ျငိမ္မႈကို ပိုျပီးေတာ့ လုိုအပ္ပါတယ္။ ဒါေၾကာင့္ ပံုမွန္ကစားသူတစ္ေယာက္ဟာ ကစားေနခ်ိန္မွာ စိတ္ကျငိမ္းခ်မ္းေနမွာ အမွန္ပါပဲ။ ဒါေၾကာင့္ စိတ္ဖိစီးမႈေတြ မ်ားတဲ့ အလုပ္ခ်ိန္ျပီးတဲ့ အခါမွာ ေယာဂကစားတာကို စိတ္အပန္းေျဖစရာ အခ်ိန္အျဖစ္ အသံုးခ်ႏိုင္ပါတယ္။

ေယာဂကစားတဲ့ အေနအထားေတြကို မွန္မွန္လိုက္လုပ္ဖို႔ စိတ္ဓာတ္ၾကံ႔ခိုင္မႈလဲရွိရမွာျဖစ္တဲ့ အတြက္ ေယာဂကစားသူေတြဟာ တျခားေသာ အခက္အခဲေတြကိုေျဖရွင္းဖို႔ အတြက္လည္း စိတ္ၾက႔ံခိုင္မႈကို ေလ့က်င့္ေပးရာ ေရာက္ပါတယ္။
ေနာက္တစ္ခုက ေယာဂကစားတာဟာ အမ်ားနဲ႔ ထိေတြ႔ျပီး ကစားရတာမ်ိဳးျဖစ္တဲ့အတြက္ ကိုယ္ရဲ႔ ေပါင္းသင္းဆက္ဆံေရး အရည္အခ်င္းကို တိုးတက္ေစႏိုင္သလို စိတ္ဓာတ္က်တာေတြကို လည္း သက္သာေစႏိုင္ပါတယ္။

ဒီေန႔ေတာ့ ေယာဂကစားတာရဲ႔ အက်ိဳးေက်းဇူးေလး တစ္ခ်ိဳ႔ကို ေျပာေပးသြားပါတယ္။ ဒါကိုဖတ္ျပီး ေယာဂကစားတာဟာ ကိုယ္နဲ႔သင့္ေတာ္တဲ့ ကစားနည္း ဟုတ္မဟုတ္သိၾကျပီး ကစားဖို႔ ဆံုးျဖတ္ႏိုင္ၾကမယ္ လို႔ေမွ်ာ္လင့္ပါတယ္.

Dr.ေမႊး

(Unicode)

ကျန်းမာခြင်း နှင့် ယောဂအားကစား

ကျန်းမာကြံ့ခိုင်ဖို့ အတွက် ကိုယ်လက်လှုပ်ရှားဖို့ အားကစားတစ်ခုခု လုပ်ဖို ဆရာဝန်တွေက တိုက်တွန်းတတ်ကြပါတယ်။
အားကစားလုပ်ကြတဲ့အခါ နည်းလမ်းအမျိုးမျိုး ရှိပါတယ်။ ကိုယ်ရဲ့ အသက်အရွယ် ကိုယ်ခန္ဓာဖွဲ့စည်းပုံ အနေအထား နဂိုရှိနေတဲ့ ရောဂါအခံတွေပေါ် မူတည်ပြီး ဘယ်အားကစားနည်းကို လုပ်သင့်တယ် ဆိုတာကို ရွေးသင့်ပါတယ်။

လူငယ်လူရွယ်တွေကတော့ ဘယ်ကစားနည်းမျိုးကို မဆို လုပ်လို့ရတယ်လို့ ဆိုနိုင်ပင်မဲ့ အသက်ကြီးပြီး ရောဂါကြီးကြီးမားမား ရှိနေသူမျိုးတွေ ဆိုရင်တော့ ကိုယ်ပြနေတဲ့ ဆရာဝန်နဲ့ တိုင်ပင်ပြီးမှသာ အားကစားနည်းကို လုပ်သင့်ပါတယ်။ ဒီကနေ့ ဆွေးနွေးပေးချင် တာကတော့ အားကစားနည်းတွေ အများကြီးထဲကမှ ယောဂအားကစားနည်း အကြောင်းပါပဲ ။ ယောဂအားကစားနည်းဟာ ဘယ်လိုလူမျိုးတွေအတွက်သင့်တော်တယ် ယောဂကစားရင် ဘယ်လိုအကျိုးကျေးဇူးတွေ ရနိုင်မယ်ဆိုတာကို ပြောပြပေးသွားချင်ပါတယ်။ ယောဂ ဟာ အသက်အရွယ်မရွေး ကစားလို့ရတဲ့ အားကစားတစ်မျိုးပါပဲ ။

ကလေးတွေဆိုရင်တော့ အသက် ၁၀ နှစ်ကျော်လာတဲ့ အခါမှာ စကစားလို့ ရပြီးတော့ နာတာရှည် နှလုံးရောဂါတွေ ဦးနှောက်နဲ့ အာရုံကြောဆိုင်ရာ ရောဂါရှိသူမျိုးတွေကတော့ ယောဂကစားချင်တယ်ဆိုရင် ကစားဖို့သင့်မသင့်ကို ကိုယ်ပြသနေတဲ့ ဆရာဝန်ကို တိုင်ပင်ကြည့်သင့်ပါတယ်။

ယောဂ ကစားခြင်းရဲ့ အကျိုးကျေးဇူးတွေ အနေနဲ့ ကတော့
၁။ ကိုယ်စိတ် ကျန်းမာသန်စွမ်းခြင်း
ယောဂဟာလည်း တခြားအားကစားနည်းတွေလိုဘဲ သွေးလှည့်ပတ်မှုကိုကောင်းစေတဲ့ အတွက် ကိုယ်ခန္ဓာကို ကျန်းမာသန်စွမ်းစေပါတယ်။ မလှုပ်မရှားဘဲနေတာ ကြာတဲ့သူတစ်ယောက်ဟာ ဝလာနိုင်ချေရှိရုံသာမကဘဲ ကိုယ်တွင်းက ဇီဝဖြစ်စဉ်တွေပါ နှေးကွေးသွားပါတယ်။ ဒီအခါ ခန္ဓာကိုယ် လှုပ်ရှားမှုနှေးကွေးတာ အိပ်မပျော်တာတွေ ရှိလာနိုင်ပါတယ်။ ယောဂကစားခြင်း အားဖြင့် ခန္ဓာကိုယ်ပေါ့ပါးလာပြီး နှစ်ခြိုက်စွာ အိပ်ပျော်စေနိုင်ပါတယ်။

၂။ ခန္ဓာကိုယ် လှုပ်ရှားမှု အတွက် အရေးပါသော ကြွက်သား များကို လေ့ကျင့်ပေးခြင်း
ယောဂ အားကစားနည်းမှာ ကစားတဲ့ သက်တမ်းပေါ်လိုက်ပြီး လိုက်လုပ်ရတဲ့ အနေအထားတွေ အမျိုးမျိုးရှိကြပါတယ်။ ယောဂဟာ စကစားတဲ့သူတစ်ယောက်အတွက် ခက်ခဲနေနိုင်ပေမဲ့ မှန်မှန်ကစားသွားမယ်ဆိုရင်တော့ ခန္ဓာကိုယ်အနေအထားကို မှန်ကန်အောင်ပြုပြင် ပေးနိုင်တဲ့ အတွက် ကိုယ်လက်နာကျင်တာတွေကို လျော့ချပေးမှာဖြစ်သလို လှုပ်ရှားမှုတွေကလည်း မြန်ဆန်လာတာ ပျော့ပြောင်းလာတာကို တွေ့ရမှာပါ။

၃။ အရိုးအဆစ်များကို ကျန်းမာသန်စွမ်းစေခြင်း
ယောဂကို လေ့ကျင့်ကြတဲ့ အခါတိုင်းမှာ ကျွန်မတို့ရဲ့ အရိုးအဆစ်တွေကို အဆုံးအထိ ဆန့်ထုတ်ရတဲ့ အနေအထားတွေအထိ လုပ်ကြရပါတယ်။ ဒီလိုလုပ်ရတဲ့ အတွက် ပုံမှန်ခန္ဓာကိုယ်မှာ မလှုပ်ရှားဖြစ်တဲ့ အရိုးအဆစ်တွေပါ လှုပ်ရှားဖြစ်သွားပါတယ်။
ကျွန်မတို့ရဲ့ ခန္ဓာကိုယ်ဟာလည်း တခြားသော ပြင်ပမှာရှိတဲ့ ပစ္စည်းတွေ လိုပါပဲ။ မသုံးတာကြာလာတဲ့ ပစ္စည်းတွေဟာ ဆွေးမြေ့လာနိုင်သလို ကျွန်မတို့ ခန္ဓာကိုယ်က အသုံးမပြုတဲ့ အစိတ်အပိုင်းတွေဟာလည်း အသက်ကြီးလာတာနှင့် အမျှ ပျက်စီးလာနိုင်ပါတယ်။
ယောဂလေ့ကျင့်ခန်းဟာ ဒီလို ပုံမှန်အသုံးမပြုဖြစ်တဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို အသုံးပြုပြီး လှုပ်ရှားမှုလုပ်ရတဲ့အတွက် အဲလိုနေရာမှာရှိနေတဲ့ အရိုးအဆစ်တွေရဲ့ ပျက်စီးမှုတွေကို လျော့ချပေးနိုင်မှာ အမှန်ပါပဲ။

၄။ ယောဂဟာ သင့်ရဲ့ နှလုံးကျန်းမာရေးအတွက်လည်း အထောက်အကူပြုပါတယ်။
ယောဂကစားတာကို ပုံမှန်လုပ်ပေးသွားမယ် ဆိုရင်တော့ ကိုယ်ရဲ့ ခံနိုင်ရည်စွမ်း မြင့်တက်လာမှာ အမှန်ပါပဲ။ ယောဂကို တဖြည်းဖြည်းချင်း ကစားသွားသူတစ်ယောက်မှာ နှလုံးခုန်နှုန်းတွေဟာ တည်ငြိမ်လာပါတယ်။ ယောဂဟာ သွေးတိုးရောဂါ ဖြစ်ပွားမှုကိုလည်း လျော့ချပေးနိုင်ပါတယ်။

၅။ ယောဂဟာ စိတ်ကျန်းမာရေး အတွက်လည်း အထောက်အကူဖြစ်စေပြီး စိတ်ဓာတ်ကျမှုကို လျော့ချပေးပါတယ်။
ယောဂ ကစားတာဟာ တခြားအားကစားနည်းတွေနဲ့ နှိုင်းယှဉ်ရင် စိတ်တည်ငြိမ်မှုကို ပိုပြီးတော့ လိုအပ်ပါတယ်။ ဒါကြောင့် ပုံမှန်ကစားသူတစ်ယောက်ဟာ ကစားနေချိန်မှာ စိတ်ကငြိမ်းချမ်းနေမှာ အမှန်ပါပဲ။ ဒါကြောင့် စိတ်ဖိစီးမှုတွေ များတဲ့ အလုပ်ချိန်ပြီးတဲ့ အခါမှာ ယောဂကစားတာကို စိတ်အပန်းဖြေစရာ အချိန်အဖြစ် အသုံးချနိုင်ပါတယ်။

ယောဂကစားတဲ့ အနေအထားတွေကို မှန်မှန်လိုက်လုပ်ဖို့ စိတ်ဓာတ်ကြံ့ခိုင်မှုလဲရှိရမှာဖြစ်တဲ့ အတွက် ယောဂကစားသူတွေဟာ တခြားသော အခက်အခဲတွေကိုဖြေရှင်းဖို့ အတွက်လည်း စိတ်ကြံ့ခိုင်မှုကို လေ့ကျင့်ပေးရာ ရောက်ပါတယ်။
နောက်တစ်ခုက ယောဂကစားတာဟာ အများနဲ့ ထိတွေ့ပြီး ကစားရတာမျိုးဖြစ်တဲ့အတွက် ကိုယ်ရဲ့ ပေါင်းသင်းဆက်ဆံရေး အရည်အချင်းကို တိုးတက်စေနိုင်သလို စိတ်ဓာတ်ကျတာတွေကို လည်း သက်သာစေနိုင်ပါတယ်။

ဒီနေ့တော့ ယောဂကစားတာရဲ့ အကျိုးကျေးဇူးလေး တစ်ချို့ကို ပြောပေးသွားပါတယ်။ ဒါကိုဖတ်ပြီး ယောဂကစားတာဟာ ကိုယ်နဲ့သင့်တော်တဲ့ ကစားနည်း ဟုတ်မဟုတ်သိကြပြီး ကစားဖို့ ဆုံးဖြတ်နိုင်ကြမယ် လို့မျှော်လင့်ပါတယ်.

 

Previous Post

ကလေးများနှင့်မိုးရာသီ

Next Post

​ေနပူမိုး႐ြာ လည္​​ေခ်ာင္​းနာ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

About the main vitamins needed to strengthen the immune system

ကိုယ်ခံအားကောင်းစေဖို့ အဓိကလိုအပ်သော ဗီတာမင်များအကြောင်း

1 year ago
1.2k
Health factors that should be prepared before traveling in summer

နွေရာသီမှာ ခရီးမသွားခင်ပြင်ဆင်ထားသင့်သော ကျန်းမာရေးဆိုင်ရာအချက်များ

1 year ago
125

ဆယ်ကျော်သက်အရွယ်ကျော်သွားရင် အရပ်ရှည်နိုင်သေးလား?

2 years ago
2.3k

အရပ်ပုခြင်း၊ ရှည်ခြင်းဟာမိဘမျိုးရိုးနဲ့ဆိုင်လား?

2 years ago
1.5k

အလွှာခြားတာကောင်းလား?

2 years ago
1k
In the summer, when the air conditioner and fan are used too much

နွေရာသီမှာ အဲကွန်း၊ပန်ကာ အလွန်အကျွံသုံးမိတဲ့အခါ

2 years ago
606

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

​ေနပူမိုး႐ြာ လည္​​ေခ်ာင္​းနာ

လက်မောင်းအတွင်းထည့်မြှပ်ရသော သန္ဓေတားပစ္စည်းအကြောင်း

သိုက်ရွက်ဟော်မုန်းနည်းခြင်း

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.