fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ကျန်းမာသော နေထိုင်မှုပုံစံ

အရိုးပွရောဂါအတွက်ဆောင်ရန် ရှောင်ရန်များ

76
VIEWS
Share on FacebookShare on TwitterShare on Linkedin
26/09/2018
in ကျန်းမာသော နေထိုင်မှုပုံစံ
1 min read
A A

 

အရိုးပွတယ်ဆိုတာက ကျွန်တော်တို့ရဲ့အရိုးတွေထဲမှာ အပေါက်ကလေးတွေဖြစ်လာတာပါ။

ဒီလိုအပေါက်ကလေးတွေအများကြီးဖြစ်လာရင် အရိုးရဲ့သိပ်သည်းဆလျော့နည်းလာပြီး အရိုးတွေကြွပ်ဆတ်လာကာ အရိုးကျိုးလွယ်လာပါတယ်။အရိုးပွခြင်းကိုဖြစ်စေနိုင်တဲ့အကြောင်းတွေကတော့

မျိုးရိုးဗီဇရှိတာ၊အသက်ကြီးလာတာ၊အမျိုးသမီးတွေဆိုရင် သွေးဆုံးပြီးနောက်ပိုင်း အီစတိုဂျင်ဟော်မုန်းပမာဏလျော့နည်းလာတာ၊ကျောက်ကပ်ရောဂါရှိတာ၊စတီးရွိုက်ဆေးစွဲသောက်နေရတာ၊သိုင်းရွက်ဟော်မုန်းလွန်ကဲပြီးလည်ပင်းကြီးရောဂါရှိတာ၊အစာအိမ်နဲ့အူလမ်းကြောင်းမှာရောဂါရှိလို့စားတဲ့အာဟာရဓါတ်တွေကိုအကုန်မစုပ်ယူနိုင်တာ၊အစာအာဟာရချို့တဲ့တာ၊ကိုယ်လက်လှုပ်ရှားမှုနည်းတာ၊ဆေးလိပ်သောက်တာ စသဖြင့် အကြောင်းတွေအများကြီးရှိပါတယ်။

အရိုးပွတာကို ဆေးပညာအရတော့ Osteoporosis (အော်စတီရို ပရိုးစစ်) လို့ခေါ်ပါတယ်။ကမ္ဘာနဲ့အဝှမ်း လူဦးရေ သန်း၅၀ကျော်ဟာ ဒီအရိုးပွရောဂါကို ခံစားနေရကာ အသက်၅၀ကျော်အမျိုးသမီး၃ယောက်မှာ၁ယောက်၊အသက်၅၀ကျော်အမျိုးသား၅ယောက်မှာ ၁ယောက်ဟာ ဒီအရိုးပွရောဂါကြောင့်အရိုးကျိုးမှု ဖြစ်နေရပါတယ်။

ဒါ့ကြောင့်ဒီတပတ်မှာ အရိုးပွခြင်းဖြစ်ပွားနိုင်ခြေကို နည်းအောင် ဆောင်ရမယ့်အချက်တွေ ရှောင်ရမယ့်အချက်တွေကို သိသလောက်ရေးသားတင်ပြလိုပါတယ်။

ဆောင်ရမယ့်အချက်တွေကတော့

၁။ကယ်လ်ဆီယမ်ဓါတ်ကြွယ်ဝသော သဘာဝအစားအစာများ(ဥပမာ- နို့နဲ့နို့ထွက်ပစ္စည်းများ၊ဟင်းနုနွယ်ရွက်)ကို နေ့စဉ်နေ့တိုင်းစားသုံးပေးပါ။

၂။ဗီတာမင်ဒီဓါတ်လုံလောက်စွာရအောင်ဂရုစိုက်ပါ။မနက်ခင်း နေရောင်နုနုနဲ့ အရေပြားနဲ့ နေ့တိုင်း၁၀မိနစ်လောက်ထိတွေ့ပေးပါ။

ဗီတာမင်ဒီဟာ ကယ်ဆီယမ်ဓါတ်ကို ကိုယ်ခန္ဓာက ပိုမိုစုပ်ယူနိုင်အောင်ကူညီအားပေးတဲ့ဗီတာမင်ပါ။ အဆီများတဲ့ငါးများ(ဆော်လမွန်၊ဆာဒင်း၊တူနာ)၊နို့နဲ့နို့ထွက်ပစ္စည်းများ၊ငါးကြီးဆီ၊ကွေကာာစတဲ့အစားအစာများသည် ဗီတာမင်ဒီကြွယ်ဝသောအစားအစာများဖြစ်သည်။

တခုထူးခြားတာက ဗီတာမင်ဒီကို အစားသောက်ကနေပဲရနိုင်တာမဟုတ်ဘဲ ကျွန်တော်တို့ခန္ဓာကိုယ်ကလည်း ထုတ်လုပ်ပေးနိုင်ပါတယ်။ တနေ့ကို ၁၀မိနစ်ကနေ ၁၅မိနစ်လောက် နေခြည်နုနုနဲ့မိမိရဲ့အရေပြားနဲ့ထိတွေ့ခြင်းဖြင့် တနေ့တာလိုအပ်တဲ့ ဗီတာမင်ဒီပမာဏကို ရရှိစေနိုင်ပါတယ်။ဒါကြောင့်ဗီတာမင်ဒီကို ဆန်းရှိုင်းဗီတာမင်(Sunshine vitamin)ဟုလည်းခေါ်သည်။

၃။အခွံမာအစေ့အဆံနဲ့Phytoestrogen ဓါတ်များများပါသောအစားစာတွေဖြစ်တဲ့(ပဲမျိုးစုံ၊ကြက်သွန်ဖြူ၊ကြက်သွန်နီ၊မုန်လာဥနီ)တွေကို နေ့စဉ် သို့မဟုတ် မကြာခဏစားပေးပါ။

၄။မပြင်းထန်သော ကိုယ်လက်လှုပ်ရှားမှုများကို သင့်တင့်သလောက်ပြုလုပ်ပေးပါ။

၅။အသား ငါး ဟင်းသီးဟင်းရွက် မျှတစုံလင်အောင် စားပါ။

၆။အသက်၅၀လောက်ရောက်ရင် အရိုးသိပ်သည်းဆကို တနှစ်တခါလောက်စစ်ဆေးပါ။

ရှောင်ရမယ့်အချက်တွေကတော့

၁။ဆေးလိပ်သောက်နေတယ်ဆိုပါက ဆေးလိပ်ဖြတ်ပါ။

အရက်သောက်နေတယ်ဆိုပါက အလွန်အကျွံမသောက်မိအောင်ဂရုစိုက်ပါ။

၂။ရယ်ဒီမိတ်အစားအစာများ၊ကြာရှည်ခံအောင်စီရင်ထားသောအစားစာများ(ဥပမာ ခေါက်ဆွဲခြောက်၊စည်သွပ်ဗူး)မကြာခဏစားသုံးခြင်းကိုရှောင်ပါ။

၃။ပြင်းပြင်းထန်ထန်ကိုယ်လက်လေ့ကျင့်ခန်းလုပ်တာ၊အလေးအရမ်းမတာ တွေရှောင်ပါ။

၄။အဆီအဆိမ့်အငန်လျှော့စားပါ။

၅။အစာအိမ်ရောဂါဆေးများကို မိမိသဘောနဲ့မိမိရေရှည်စွဲစားတာမျိုးကိုရှောင်ပါ။

Dr. 528

 

Previous Post

ပါးစပ်ထဲမှာ ဘာလို့ ချဉ်

Next Post

ဂယက်ထခဲ့သောHIVနောက်ဆက်တွဲ PCP

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

About the main vitamins needed to strengthen the immune system

ကိုယ်ခံအားကောင်းစေဖို့ အဓိကလိုအပ်သော ဗီတာမင်များအကြောင်း

1 year ago
1.2k
Health factors that should be prepared before traveling in summer

နွေရာသီမှာ ခရီးမသွားခင်ပြင်ဆင်ထားသင့်သော ကျန်းမာရေးဆိုင်ရာအချက်များ

1 year ago
124

ဆယ်ကျော်သက်အရွယ်ကျော်သွားရင် အရပ်ရှည်နိုင်သေးလား?

2 years ago
2.2k

အရပ်ပုခြင်း၊ ရှည်ခြင်းဟာမိဘမျိုးရိုးနဲ့ဆိုင်လား?

2 years ago
1.4k

အလွှာခြားတာကောင်းလား?

2 years ago
1k
In the summer, when the air conditioner and fan are used too much

နွေရာသီမှာ အဲကွန်း၊ပန်ကာ အလွန်အကျွံသုံးမိတဲ့အခါ

2 years ago
600

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ဂယက်ထခဲ့သောHIVနောက်ဆက်တွဲ PCP

ရာသီပန်းရဲ့ဒုက္ခ REPRO

အစာအိမ်ရောင်တာလား အစာအိမ်ကင်ဆာလား ?

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.