fbpx

Download OnDoctor App on Google Play

Myanmar (Covid-19 Stats)

😷 11,631 Total Cases
😥 256 Deaths
😇 3,073 Recovered

ဆေးလိပ်ဖြတ်ရခက်တဲ့ အကြောင်းအရင်းများ

ဆေးလိပ်ဖြတ်ရခက်တဲ့ အကြောင်းအရင်းများ

ဆေးလိပ်သောက်ခြင်းသည် ကျန်းမာရေးကို ဆိုးရွားစွာထိခိုက်စေကြောင်းကို ကျန်းမာရေးဝန်ကြီးဌာနက တီဗီ၊ ဂျာနယ်၊ စာစောင်၊ လက်ကမ်းစာစောင် တွေကတဆင့် မကြာခဏဆိုသလို ပညာပေးသောကြောင့် လူအတော်များများဟာဆေးလိပ်ရဲ့အန္တရာယ်နဲ့ ဆိုးကျိုးတွေကို သိနေကြပါပြီ။

သို့သော် ဒီလိုသိနေသော်လည်း ဆေးလိပ်ကို ဖြတ်မရဘဲ ဆက်လက်သောက်သုံးနေကြသူတွေအများကြီးရှိနေဆဲပင်ဖြစ်သည်။

ထိုသူတွေသည် ဆေးလိပ်ရဲ့မကောင်းကျိုးတွေ၊ နောက်ဆက်တွဲ ဆိုးကျိုးတွေကို မသိလို့မဟုတ်ဘဲ သိရက်နဲ့ပင် ဆေးလိပ်ကို တအားစွဲလန်းနေသောကြောင့် ဆေးလိပ်ရဲ့ လွှမ်းမိုးမှုကို မလွန်ဆန်နိုင်သောကြောင့် ဆက်သောက်နေကြခြင်း ဖြစ်ပါတယ်။

ဒီလိုဖြစ်တဲ့အကြောင်းကတော့ ဆေးလိပ်သောက်သူရဲ့ ဦးနှောက်နဲ့ ခန္ဓာကိုယ်ဟာ ဆေးလိပ်မှာပါတဲ့ နီကိုတင်းဓါတ်အား စွဲလမ်းနေခြင်းကြောင့် ဖြစ်ပါတယ်။

အဆိုပါ နီကိုတင်း (Nicotine) ဓါတ်ဟာ ဆေးလိပ်ထဲက ပါဝင်ပစ္စည်းတမျိုးဖြစ်တဲ့ ဆေးရွက်ကြီးမှာ အဓိကပါဝင်ပါတယ်။

ဆေးလိပ်သောက်တဲ့အခါ ဆေးလိပ်ငွေ့မှာ ပါဝင်လာတဲ့ နီကိုတင်းဓါတ်ဟာ ဆေးလိပ်သောက်သူရဲ့ ဦးနှောက်ထဲသို့ သွေးကြောများမှ တဆင့် လျင်မြန်စွာ ရောက်ရှိသွားပါတယ်။

ဦးနှောက်ထဲရောက်တဲ့အခါမှာ ဦးနှောက်ထဲက Dopaminergic System ကို လှုံ့ဆော်ကာ စိတ်သာယာမှုကိုဖြစ်စေသော စိတ်ဖိစီးမှုကို လျော့နည်းစေသော ဟော်မုန်းဖြစ်တဲ့ ဒိုပါမင်း (Dopamine) ဟော်မုန်းကို ထွက်စေပါတယ်။

ဒါကြောင့် ဆေးလိပ်သောက်တဲ့အခါ ခေတ္တခဏ စိတ်သာယာမှုရရှိပြီး စိတ်ဖိစီးမှုလျော့ပါးသလို ခံစားရတာပါ။

သို့သော် ဒီလိုဆေးလိပ်သောက်ခြင်းနဲ့ ရလာတဲ့ စိတ်သာယာမှုဟာ ဆေးလိပ်သောက်နေတုန်း နီကိုတင်းဓါတ်ရှိနေတဲ့ အခိုက်အတန့် ခဏအချိန်လေးပဲဖြစ်ပြီး ဆေးလိပ်သောက်တာ ရပ်လိုက်လို့ နီကိုတင်း ဓါတ်လျော့ပါးသွားတဲ့အခါမှာတော့ စိတ်သာယာမှု ပျောက်ဆုံးသွားပါတယ်။

ဒီအခါမှာ စိတ်သာယာမှု ပြန်ရဖို့အတွက် ဆေးလိပ်ကို ပြန်သောက်ရပြန်ပါတယ်။

ခြုံပြောရရင် ဆေးလိပ်သောက်သူတွေဟာ နီကိုတင်းဓါတ်မှဖြစ်ပေါ်လာသော စိတ်သာယာမှုအတွက် ဆေးလိပ်ကို မကြာခဏဖြစ်စေ၊ ဆက်တိုက်ဖြစ်စေ သောက်မိလာပြီး နောက်ဆုံးမှာ ဆေးလိပ်စွဲခြင်း သို့မဟုတ် နီကိုတင်းအားစွဲလမ်းခြင်း ဆိုတာ ဖြစ်လာပါတယ်။

ဒါကြောင့် ဆေးလိပ်ကို စွဲလမ်းခြင်းဟာ အခြားမူးယစ်ဆေးဝါးမျာကို စွဲလမ်းတာနဲ့ ပုံစံတူတယ်လို့ ပညာရှင်တွေက မှတ်ချက်ပေးကြပါတယ်။

ဆေးလိပ်သောက်တာကြာလာတာနဲ့အမျှ လူရဲ့ဦးနှောက်က ဆေးလိပ်မှာပါတဲ့နီကိုတင်းကို ပိုပိုစွဲလန်းလာပြီး မသိစိတ်က ခေတ္တခဏ စိတ်သာယာပေါ့ပါးမှုကို ပိုမိုသဘောကျလာပါတယ်။

အဆုံးသတ်အနေနဲ့ပြောရရင် ဆေးလိပ်ဆိုတာ လုံးဝအစပြုမသောက်သင့်တဲ့အရာပါ။

သောက်မိပြီဆိုရင်လည်း သောက်တဲ့သက်တမ်းသိပ်မကြာခင် စောစောစီးစီး ဖြတ်ဖို့လိုပါတယ်။ ဆေးလိပ်သောက်တဲ့သက်တမ်း တအားကြာသွားမှ ဖြတ်ရင်ကျ ဖြတ်ဖို့ခက်လို့ပါ။

Dr. 528

ဆက်စပ် ဆောင်းပါးများ