နဲတာကောင်းလား များတာကောင်းလား
နဲလွန်းခြင်း များလွန်းခြင်း ဟာ ဘယ်နေရာမှမကောင်းသလို လူသားတို့ရဲ့ ခန္တာကိုယ် မှာလည်း ထို့ အတူပါပဲ ပြီးခဲ့တဲ့ အပတ်က ရေးခဲ့တဲ့ ခြေတွေလက်တွေ မသယ်ချင်တဲ့ အကြောင်းမှာ ပိုတက်ဆီယမ် ဓာတ်နဲခြင်း အကြောင်း အဓိက ရေးသားခဲ့ပါတယ်။ ဒီ အပတ်မှာတော့ ပိုတက်ဆီယမ်ဓာတ် များရင်ရော ကောင်းသလား ဆိုးသလား ဆိုတာကို ဆက်လက်တင်ပြပါမယ်။ အလယ်အလတ် လမ်းစဉ်ဟာ အကောင်းဆုံးလို့ အများစု လက်ခံထားတဲ့ အတိုင်း အစွန်း နှစ်ဖက်ကို ရှောင်တာ အကောင်းဆုံးပါ။
ပိုတက်ဆီယမ်ဓာတ်ဟာ ကြွက်သားတွေရဲ့ လုပ်ငန်းဆောင်တာမှာ အဓိက ပါဝင်နေပြီး ခြေသလုံး လက်မောင်း ကြွက်သား တွေအပြင် ၊ အထူးသဖြင့် နှလုံး ကြွက်သားရဲ့ လုပ်ငန်းမှာလည်း ပါဝင်နေပါတယ်။ ဒါ့ကြောင့်လဲ ပိုတက်ဆီယမ်(K) ပမာဏဟာ အမှားအယွင်း အတိမ်းအစောင်း မခံပါဘူး ။ K ပမာဏ လို့ဆိုရင် သွေးထဲက ပမာဏ အဓိက ထားပြောကြပါတာပါ ပုံမှန်က 3.5 မှ 5.5 အထိ ဆိုရင် ကောင်းပါတယ်။ ပုံမှန် အတွင်းဝင်နေတယ် လူနာ မှာလည်း ရင်တုန်ခြင်း ၊ ပျို့အံလိုခြင်း၊ သတိမကောင်းခြင်း၊ နှလုံးခုန်နှေးလာခြင်း နောက်ဆုံး နှလုံး ခုန် ရပ်ခြင်း တို့သော လက္ခဏာ တွေ မရှိရင် ကောင်းတယ်လို့ပြောနိုင်ပါတယ်။
ဘယ်လိုလူတွေမှာ ဖြစ်လေ့ရှိလဲ ဆိုရင် အဓိက ကတော့ ပိုတက်ဆီယမ် K ကို စွန့်ထုတ်ပေးတဲ့ ကျောက်ကပ်မကောင်းတဲ့ လူနာတွေ ၊ အချို့သောဆီးဆေးတွေ ကို အချိန်ကြာကြာသောက်နေရတဲ့သူတွေ၊ adrenal ဂလင်း ရောဂါရှင်တွေပဲ ဖြစ်ပါတယ် ။ ခန္တာကိုယ်ထဲမှာ လိုအပ်တဲ့ ပမာဏ ထက် ပိုနေတာ က ဖြေးဖြေးချင်း ဖြစ်နိုင်သလို၊ ရုတ်တရပ်လည်း ခဏလေး အတွင်းမှာ ဖြစ်နိုင်ပါတယ်။ အချိန်ခဏ အတွင်း ချက်ချင်း များလာတာက ပိုပြီး ဆိုးပါတယ် အထက်မှာ ပြောထားတဲ့ ရောဂါ လက္ခဏာတွေ ဖြစ်ပေါ်လာပါတယ်။ ချက်ချင်း အရေးပေါ် ဆေးထိုး ဆေးရှူတာတွေ လုပ်ပြီး အရေးပေါ် ကျောက်ကပ်ဆေးလို့ရရင် ချက်ချင်း ဆေးရပါတယ်။
ကျောက်ကပ် ဝေဒနာရှင်တွေမှာတော့ နှစ်ရှည် လများ ခံစားနေရတာ ဖြစ်ပြီး K ပမာဏက များသောအားဖြင့် အမြင့်နေရာမှာ ရှိကြတာများပါတယ်။ အဲလို လူနာတွေမှာ သတိထားရတာက K ပမာဏ များနေပေမယ့် တော်ရုံ ရောဂါ လက္ခဏာ မပြတာပါ။ သတိထားပြီး သံသယထားပြီး ကုရပါတယ်။ နှလုံး စက် ECG ဆွဲကြည့်ုပြီး အမြန် ခန့်မှန်းနိုင်ပါတယ်။ များတာနဲ့ တူရင် ချက်ချင်း သွေးဖောက်ပြီး အဖြေသေချာရင် ချက်ချင်း ကုသမှုပေးရပါတယ်။ မဟုတ်ရင် လူနာက အထက်မှာ ပြောခဲ့သလို မောလာမယ်၊ နှလုံးခုန်နှေးလာမယ် ၊ နှလုံးခုန်နှုံး မမှန်တော့ပဲ နှလုံးရပ်သွားတတ်ပါကြောင်း
ကျန်းမာကြပါစေ
Dr. Lynn