ပိန်ချင်တယ် ဆိုသော်ငြားလည်း ပိန်ဆေးသောက်ရန်လည်းကြောက်ပါတယ် ဟုဆိုသောအမျိုးသမီးများအတွက် ကျန်းမာရေးနှင့်လည်းညီညွတ်ရျ် ဝိတ်ကျစေသောနည်းလမ်းများကို ရေးသားပေးလိုက်ပါတယ်။
အိပ်ရာဝင်ခါနီး ရိုးရှင်းသောဖျော်ရည်တစ်ခွက်သောက်ရုံဖြင့် ကိုယ်အလေးချိန်ကျနိုင်သည်မှာ မယုံကြည်နိုင်လောက်အောင်အံ့သြနေပါလိမ့်မယ်။ညအိပ်ချိန်ဆိုသည်မှာ ကိုယ်ခန္ဓာအတွက် အနားယူရန်အကောင်းဆုံးအချိန်ဖြစ်ပါတယ်။သို့သော် ညအချ်န်သည် အဆီများလောင်ကျွမ်းနေသောအချိန်လည်းဖြစ်ပါတယ်။အဆီများလောင်ကျွမ်းစေနိုင်သောအရည်များကို ပြောပြပေးပါမယ်။အိပ်စက်မူပုံစံသည်လည်း ကိုယ်ခန္ဓာရဲ့ဇီဝဖြစ်ပျက်မူကိုလွှမ်းမိုးပါတယ်။ကောင်းမွန်စွာအိပ်စက်မူမရှိလျှင် အဝလွန်ခြင်းကိုဖြစ်စေပါတယ်။ထို့ကြောင့်အိပ်စက်ခြင်းသည် ကိုယ်အလေးချ်န်ထိန်းပေးပါတယ်။ကောင်းမွန်စွာအိပ်စက်ရန်လိုအပ်ပါတယ်။နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်စေပြီး ကိုယ်အလေးချိန်ကျစေသော အောက်ဖော်ပြပါ ဖျော်ရည်တစ်ခွက်ကို သင်နေ့စဉ်မှန်မှန်သောက်ခြင်းဖြင့် ကိုယ်အလေးချိန်ထိန်းရန် အထောက်အကူပြုပါလိမ့်မယ်။
(1)နွားနို့
သင့်မိခင်သည် သင့်အားအိပ်ရာဝင်ခါနီးတိုင်း နွားနို့တစ်ခွက်သောက်ရန် သတိပေးသည်ကိုသင်ကြုံဖူးပါလိမ့်မယ်။သတိပေးရသောအကြောင်းရင်းမှာ နွားနို့တွင် ဗီတာမင်ဒီအုပ်စုပါဝင်ခြင်းအပြင် ကိုယ်အလေးချိန်ကျစေသော အကြောင်းပြချက်ကြောင့်ပင်ဖြစ်ပါတယ်။ဗီတာမင်ဒီကိုနေရောင်ခြည်မှသင်ရနိုင်သော်လည်းကိုယ်အလေးချိန်ကျစေသောအချက်ကိုတော့သင်လက်လွှတ်မခံပါနဲ့။ကယ်လ်စီယမ်အပြည့်ပါသောနွားနို့သည် ကိုယ်အလေးချိန်အမှန်တကယ်ကျစေသလား ဆိုသောမေးခွန်းသင်မေးကောင်းမေးနိုင်ပါတယ်။နွားနို့မည်မျှသောက်လျှင်ကိုယ်အလေးချိန်ကျဆင်းစေသလဲဟူရျ် အတိအကျမပြောနိုင်သော် သီအိုရီများအရ ကယ်လ်စီယမ်သည် အဆီကို မစင်မှတဆင့်ဖယ်ရှားပေးပါတယ်။ထို့ကြောင့် အဆီလျော့ကျစေရန် သင်မအိပ်မှီ နွားနို့တစ်ခွက်တော့ သင်သောက်သင့်ပါတဟ်။
(2)ဒိန်ချဉ်
ဒိန်ချဉ်တစ်ခွက်တွင် အစာကောင်းမွန်စွာချေဖျက်ပေးနိုင်သော ပရိုဘိုင်အိုတစ်ပါဝင်ပါတယ်။ထို့ကြောင့် ဒိန်ချဉ်သည် ကယ်လိုရီများအမြန်လောင်ကျွမ်းစေနိုင်သောအစွမ်းရှိပါတယ်။အဆီများကိုဖယ်ရှားပေးပါတယ်။ဒိန်ချဉ်သည် ဗီတာမင်နှင့် သတ္တုဓာတ်များကို စုပ်ယူမူအားကောင်းစေပါတယ်။ထို့ကြောင့် သက် မအိပ်မှီ ဒိန်ချဉ်တစ်ခွက်တော့သောက်ကြည့်ပါ။
(3)ပဲနို့ရည်
ပဲနို့တွင် ကိုယ်ခန္ဓာအတွက် လိုအပ်သောအမိုင်နိုအက်ဆစ်များပါဝင်ပြီး ၎င်းတို့သည် စိတ်ပျော်ရွှင်မူပေးသောဟော်မုန်ူနှင့်ကောင်းမွန်စွာအိပ်စက်စေသောဟော်မုန်းများထွက်အောင်ကူညီပေးပါတယ်။အဆီလောင်ကျွမ်းမူကိုအားပေးပါတယ်။ထို့ကြောင့်ပဲနို့ရည်တစ်ခွက်ဖျော်သောက်ကြည့်ပါ ကောင်းကျိုးအစွမ်းသိရပါလိမ့်မယ်။
(4)ကမ်းမိုမိုအရွက်အခြောက်ဖြင့်ပြုလုပ်သော အဖန်ရည်
ဆေးဘက်ဝင်ကမ်မိုမိုအရွက်သည် စိတ်ဖိဆီးမူလျော့စေပြီး စိတ်ချမ်းသာမူကိုပေးနိုင်သောအစွမ်းရှိပါတယ်။ထို့အပြင် အာရုံကြောများအနားယူစိတ်ဖိဆီးမူသက်သာစေသောglycineပမာဏကိုတိုးစေပါတယ်။အချိုဓာတ်ကိုထိန်းပေးပြီး ကိုယ်အလေးချိန်လျော့ကျစေပါတယ်။ထို့ကြောင့်မအိပ်ခင် တစ်ခွက်လောက်သောက်ကြည့်ပါ။
(5)စပျစ်သီးဖျော်ရည်
စပျစ်သီးဖျော်ရည်သည် အဆီများလောင်ကျွမ်းမူကိုအားပေးပါတယ်။သကြားမပါသော စပျစ်ဖျော်ရည်တစ်ခွက်သည် ပိုနေသောအဆီများ ဖယ်ရှားရာတွင်အလွန်အရေးပါပါတယ်။စပျစ်ဖျော်ရည်တွင်ဓာတ်တိုးဆန့်ကျင်ပစ္စည်းများသည် မကောင်းသောအဆီများ ကို ကောင်းသောအဆီများအဖြစ်ပြောင်းလဲပေးနိုင်ပါတယ်။
(6)ချယ်သီးအရည်
ညဘက်အိပ်ရေးဝဝမအိပ်ရလျှင် အဆီလောင်ကျွမ်းမူဖြစ်စဉ်မရှိဘဲ သင်သည်တနေကုန် မောပန်းနွမ်းလျနေတတ်ပါတယ်။ထို့ကြောင့်ကောင်းစွာအိပ်စက်အနားယူရန် ချယ်ရီသီးဖျော်ရည်တစ်ခွက် ညအိပ်ရာမဝင်ခင်သောက်သုံးပါက အဆီလောင်ကျွမ်းမူကိုအားပေးကာ နှစ်ခြိုက်စွာအိပ်ပျော်စေပါတယ်။
အထက်ပါအရည်တစ်မျိုးမျိုး သောက်ခြင်းဖြင့် နှစ်ခြိုက်စွာအိပ်ပျော်စေကာ အဆီလောင်ကျွမ်းမူအားကောင်းပြီး ကိုယ်အလေးချိန်လျော့ကျစေပါတယ်။