Gymသွားချင်အောင် ဒီလိုနေမယ်
Gym ဆော့တဲ့ ပထမဆုံးရက်ဆို ပြုံးပြုံးရွှင်ရွှင်နဲ့ တက်ကြွလန်းဆန်းနေတာပဲ။နောက်ပိုင်းတစ်ဖြည်းဖြည်း အရှိန်တွေမြင့်လာတော့ ကိုယ်လက်တွေနာကျင်လာရင် ဆက်ဆော့ဖို့ကို တွန့်သွားတတ်ကြပါတယ်။ မတွန့်ပါနဲ့။ တစ်လလောက်ဆော့ပြီးတာနဲ့ ဆက်ဆော့နိုင်ဖို့ စိတ်အားမြှင့်တင်ပေးမယ့် အချက်လေးတွေကို စိတ်ထားတတ်ဖိုပါ။
ကိုယ့်မှာလိုအပ်ချက်ရှိလို့ Gym လာဆော့တာလေ။ အရမ်းလှနေရင် ဘယ်သူကပိုက်ဆံအကုန်ခံပြီး ဆော့မှာလဲ ? အခြားသူတွေ ကိုယ့်ရဲ့ခန္ဓာကိုယ်ကိုကြည့်ပြီးလှောင်ပြောင်မှာကို မစိုးရိမ်ပါနဲ့။ ကိုယ့်ဘာသာမှန်ကြည့်ပြီး နည်းပြတွေနဲ့ နည်းစနစ်မှန်ကန်အောင်ဆော့ပါ။ အချိန်က သက်သေပြသွား ပါလိမ့်မယ်။ ပြက္ခဒိန်တစ်ခုချ ။ လေ့ကျင့်ခန်းလုပ်ခဲ့တဲ့ရက်တွေကို သေချာမှတ်ထားပြီး ကိုယ်စိတ်မပါသလိုဖြစ်နေချိန်တိုင်း မှတ်ထားတာကို ပြန်ကောက်ကြည့်။ ငါဒီလောက်ထိဆော့လာပြီးမှ လက်လျော့လိုက်လို့မဖြစ်ဘူး။ ငါလိုချင်တဲ့ ဘော်ဒီတစ်ခုရအောင် ဆက်ကြိုးစားမယ်လို့ အားမွေး။
အချို့သုတေသီတွေက အနီရောင်ဝတ်စုံဟာ အောင်မြင်ခြင်းရဲ့သင်္ကေတတစ်ခုဖြစ်တယ်လို့ ဆိုတယ်။ အနီရောင်အားကစားဝတ်စုံလေးနဲ့ လေ့ကျင့်ခန်းလုပ်ကြည့်ပါလား။ မှန်ထဲမှာအရမ်းလှနေလို့ အခေါက်ရေများများလုပ်ချင်စိတ်တွေ တဖွားဖွားပေါ်လာမယ်။ အိမ်နဲ့နီးတော့ ဘာဆင်ခြင်မှပေးလို့မရဘူး။ ရာသီဥတုကောင်းကောင်း၊ ဆိုးဆိုး အိမ်နဲ့နီးနေတော့ ငါမနက်ဖြန်မှသွားတော့မယ်…. တပတ်ခါမှသွားတော့မယ်ဆိုတဲ့ ဆင်ခြင်တွေပေးလို့မရတော့ဘူးပေါ့။
သင့်ရဲ့စိတ်ကိုလန်းဆန်းတက်ကြွစေမယ့် သီချင်းမျိုးနားထောင်ပါ။ ဂီတက စိတ်ခံစားချက်ကောင်းစေတယ်။ စိတ်ကြည်လင်စွာနဲ့ လေ့ကျင့်ခန်းလုပ်ရင် ၅၀ရာခိုင်နှုန်းလောက်အောင်မြင်ပြီတဲ့။ ဒီနည်းလမ်းလေးကလည်း သင့်ကိုယ်သင် ဆင်ခြင်ပေးလို့မရအောင် တစ်ဖက်လှည့်ဖြတ်လမ်းလေးဖြစ်ပါတယ်။ ပိုက်ဆံတွေပေးထားတာပဲ.. နှမြောစရာကြီး။ သွားကစားဦးမှပါလေလို့တွေးပြီး Gym သို့ရောက်သွားပြန်လေပြီ။
Gym သွားချိန်ကို အချိန်ဇယားဆွဲပါ။ ဘယ်အချိန်မှာ ဘာလုပ်တယ်၊ ဘယ်လိုလုပ်တယ်ဆိုတာကို မှတ်ထားပါ။ နောက်ထပ်ကစားရမယ့်ပုံစံတွေကို သေချာစိစစ်လို့ရတာပေါ့။ ပြန်ကြည့်လိုက်ရင်လည်းငါဘယ်လောက်ထိဆော့ခဲ့တာပဲ ဆိုတာကိုပြန်သိနိုင်တယ်။ Gym မှာ ကြိတ်ကြွေနေရတဲ့ crush လေးရှိတာလည်း စိတ်အတွက် တွန်းအားဖြစ်စေပါတယ်။ Gym သွားဖို့ပျင်းနေရင် ဒီအချက်လေးတွေလိုက်လုပ်ကြည့်နော်။ ကိုယ်လုပ်မှ ကိုယ်လှမှာပါ။
Dr. Lynn