fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ကျန်းမာစေသော အစားအစာ

မဖြတ်နိုင်သေးခင်  ဘယ်လိုသောက်မလဲ

150
VIEWS
Share on FacebookShare on TwitterShare on Linkedin
13/12/2018
in ကျန်းမာစေသော အစားအစာ, ကျန်းမာသော နေထိုင်မှုပုံစံ
1 min read
A A

မဖြတ်နိုင်သေးခင်  ဘယ်လိုသောက်မလဲ
…………………………………………

ကျနော့်လူနာ တော်တော်များများက အရက်စွဲနေကြတာဗျ
သူတို့ကို အရက်မသောက်ပါနဲ့ပြောရင် မျက်နှာလေးတွေ ငယ်သွားကြပြီး ‘ဆရာရယ် နည်းနည်းလောက်တော့ သောက်လို့မရဘူးလားဗျာ’ တဲ့။ ကဲ… ဘယ်လိုလုပ်ကြမလဲဗျာ။ မခက်ဘူးလား။

ဒီတော့ ကျနော်ဆုံးဖြတ်လိုက်တယ်။ သူတို့ကို အရက်ဖြတ်ဖို့ တိုက်တွန်းနေမယ့်အစား အရက်သောက်နည်းဘဲ ပြောပြတော့မယ်လို့။

တကယ်တန်း လေ့လာကြည့်တော့လည်း အရက်က အများကြီးသောက်ရင်သာ ဘေးဖြစ်ပေမယ့် သောက်တတ်ရင် ဆေးကောင်းဝါးကောင်းတလက်ဘဲဗျ။ တန်ဆေးလွန်ဘေးပေါ့ဗျာ။

၁) အလွန်အကျွံမသောက်ပါနဲ့
……………………………….

ယမကာလုလင်တော်တော်များများက အရက်သောက်မိပြီဆိုရင် တရားလွန်သောက်တတ်ကြတယ်။ ကိုယ့်ကိုယ်ကို မထိန်းကြတော့ဘူး။ ထမင်းလွတ်ကိုသောက်တာ။ အဲ့လောက်သောက်ပြီဆိုရင်တော့ အသည်းထိခိုက်ပြီပေါ့ဗျာ။ အသည်းဆိုတဲ့ကောင်ကလည်း အရက်အပါအဝင် ခန္ဓာကိုယ်အတွက် အဆိပ်အတောက်ဖြစ်စေတဲ့အရာ တော်တော်များများကို ချေဖျက်ဖို့အတွက် မွေးကတည်းက ပါလာတဲ့ကောင်လေဗျာ။ သူ့အလုပ်သူလုပ်တာ တားလို့မှမရဘဲ။ ကျနော်တို့ကဘက်က တတ်နိုင်တာက အရက်ကို ထိန်းသောက်တတ်ဖို့ဘဲဗျ။ ပုံမှန်ဆိုရင်တော့ နိုင်ငံတကာက သတ်မှတ်ထားတာက အရက်ကို တနေ့၄ပတ်ထက် ပိုမသောက်သင့်ဘူးတဲ့ဗျ။ ရေရှည်သောက်ကြမယ်ဆိုရင်တော့ တနေ့၂ပတ်လောက်သောက်တာ အကောင်းဆုံးပဲဗျ။ တခွက်ကို ပတ်ဝက်လောက်ငှဲ့ပြီး တနေ့၄ခွက်လောက်ဆို တော်ပြီပေါ့ဗျာ။

၂) ရေများများသောက်ပါ
………………………..

ရေမရောရင် အသေစောတယ်ဆိုတဲ့ စကားပုံရှိတယ်ဗျ။ အဲ့စကားပုံကို ကျနော်တော့ ထောက်ခံတယ်။ တခွက်မော့ပြီးတိုင်း ရေနှစ်ခွက်လောက်သောက်ဗျာ။ ဖြစ်နိုင်ရင် ရေကိုတတ်နိုင်သလောက်များများရောသောက်လေ အရက်ရဲ့အဆိပ်ကို ဖြေနိုင်လေပဲဗျ။

၃) အရက်မသောက်ခင် အစာများများစားထားပါ
…………………………………………………

တချို့ကပြောကြတယ်ဗျ။ အစာစားထားရင် အရက်သောက်လို့မရဘူး။ အံတတ်တယ်တဲ့ဗျ။ အဲ့ဒါ လုံးဝမှားတယ်ဗျ။ အရက်သောက်ပြီးအန်လေ့ရှိတဲ့လူက စားစားမစားစား အန်မှာပဲဗျ။ အရက်မသောက်ခင် အစာစားထားလိုက်ရင် အစာအိမ်က အရက်ကို သိပ်မစုပ်ယူနိုင်တော့ဘူးဗျ။ အဲ့လိုဆိုတော့ အရက်နာကျခြင်း(အရက်အဆိပ်သင့်ခြင်း)ဘေးက ကင်းဝေးနိုင်ကြတာပေါ့ဗျာ။ အရက်သောက်ရင်းနဲ့လည်း အမြည်းများများစားကြဗျ။ တချို့က အရက်ကို မရမ်းပြားလေးလောက်နဲ့မြည်းကြတယ်။ အဲ့ဒါ မကောင်ဘူးဗျ။ အမြည်းကို တတ်နိုင်သလောက် ဖွယ်ဖွယ်ရာရာလေးလုပ်ပြီး အရက်နဲ့ မြည်းကြဗျာ။

၄) အချိုရည်တွေ ရောမသောက်နဲ့
…………………………………..

တချို့က အရက်မူးတဲ့အရသာကိုကြိုက်တယ်။ အရက်ရဲ့အရသာကိုမကြိုက်ဘူး။ အဲ့တော့ အချိုရည်တွေ ရောသောက်ကြတာပေါ့ဗျာ။ အချိုရည်ရောလိုက်တော့ အူထဲရောက်သွားတဲ့အခါ အချိုရည်က အစာအိမ်ကနေတဆင့် ခန္ဓာကိုယ်ကအရည်ဓာတ်ကို စုပ်ယူလိုက်ရော။ အဲ့တော့ ခန္ဓာကိုယ် ရေဓာတ်ခမ်းခြောက်တတ်တယ်ဗျ။ နောက်တခုက အချိုရည်နဲ့ရေသောက်တော့ အရက်က သောက်လို့ကောင်းလာပြီး အလွန်အကျွံသောက်မိတတ်တယ်ဗျ။ မကောင်းဘူး။

၅) တယောက်တည်းလည်းမသောက်နဲ့ အုပ်စုနဲ့လည်းမသောက်နဲ့
……………………………………………………………..

အရက်ကို တယောက်တည်းသောက်ရင် တဖြည်းဖြည်းမူးလာတာနဲ့အမျှ ကိုယ်ဘယ်လောက်သောက်ထားမိမှန်း မသိတော့ဘဲ ကိုယ့်လစ်မစ်ကို ကျော်သောက်မိတတ်တယ်ဗျ။ အုပ်စုဖွဲ့သောက်ပြန်ရင်လည်း အပျော်လွန်ပြီး အလွန်အကျွံသောက်မိပြန်ရော။ အာ့ကြောင့် စိတ်တူကိုယ်တူ ၂ယောက်ယောက်တွဲသောက်ရင် ရပါပြီဗျာ။ အသောက်မများအောင် အပြန်အလှန် သတိပေးလို့ရတာပေါ့ဗျာ။

၆) အရက်ရွေးသောက်ကြပါ
…………………………….

ကျနော့်လူနာ တော်တော်များများကတော့ အရက်ဖြူသမားတွေဗျ။ ဇေ၊ ဇေယျဝတီ၊ ဆင်အရက် စသည်ဖြင့်ပေါ့ဗျာ သူတို့သောက်ကြတာ။ ကျနော်မြည်းကြည့်တော့လည်း အုန်းစိမ်းရည်နံ့လေးနဲ့ တော်တော်သောက်လို့ကောင်းတာဗျ။ အာ့ကြောင့် ဒီဘဲတွေ အဲ့အရက်တွေကို တမ်းတမ်းဆွဲပြီး တိုင်ပါတ်နေကြတာ။ ခက်တာက အဲ့အရက်တွေကို ဘယ်လိုထုတ်လုပ်ထားလဲမသိတာဘဲ။ သူတို့ဈေးတွေကလည်း ၁လုံးမှ ၅၀၀လောက်ဘဲ ရှိတာဗျ။ ကျနော် အရက်ချက်တတ်တဲ့သူတယောက်ကို မေးကြည့်ဖူးတယ်။ အရက်တခါရဖို့က စိမ်ရည်ကို ၇ရက်ပေါင်းပြီး ရေနဲ့အချိုဓာတ်နဲ့ရောပြီးမှ ရတာဗျ။ အဲ့လိုဆိုရင် အရက်ရောင်းတဲ့လူတွေ စီးပွားပျက်မှာ။ အာ့ကြောင့် သူတို့က ဘယ်လိုထွင်လိုက်သလဲဆိုတော့ စိမ်ရည်ထဲကို ဖော်မလင်ရောထည့်လိုက်တယ်တဲ့ဗျ။ အာ့ဆိုရင် တနေ့တည်းနဲ့ အရက်များများ ချက်လို့ရတယ်တဲ့။ မခက်ဘူးလားဗျာ။ အာ့ကြောင့် အရက်ဖြူသမားတွေ အသက်တိုတာဗျ။ အရက်ဖြူတွေက ၅၀၀။ အရောင်လေးနဲ့ Grand Royal တို့ Royal Club တို့ High Class တို့က ၂ထောင်နဲ့ ၃ထောင်ကြားလောက်။ နည်းနည်းမြှင့်လိုက်ရင် Johnnie Wolker တို့ Ballentine တို့က သောင်းဂဏန်း။ အဲ့တော့ အဖြူသောက်မယ့်အစား ပိုက်ဆံနည်းနည်းထပ်စုပြီး Brand ကောင်းတဲ့ အရက်လေးတွေကို တနေ့ ၂ပတ်နဲ့ ၄ပတ်ကြား သောက်ခြင်းဖြင့် အရက်သောက်ရင်းအသက်ရှည်ကြပါစေလို့ ဆုတောင်းပေးလိုက်ရင်း…..

အေ့…
လေပြိုလာပြီဗျာ တခွက်လောက်သွားမော့လိုက်ဦးမယ်။

လေးစားစွာဖြင့်
#ဒေါက်ပြည့်

 

Previous Post

ရာသီလာနေချိန် လစဉ်သုံးပစ္စည်းကို တနေ့တာလုံလောက်အောင်မလဲရင် ဘာတွေဖြစ်မလဲ

Next Post

သည်းခြေအိတ်ထုတ်လိုက်ရရင် ရူးသွားတတ်သလား         

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

About the main vitamins needed to strengthen the immune system

ကိုယ်ခံအားကောင်းစေဖို့ အဓိကလိုအပ်သော ဗီတာမင်များအကြောင်း

1 year ago
1.2k
Health factors that should be prepared before traveling in summer

နွေရာသီမှာ ခရီးမသွားခင်ပြင်ဆင်ထားသင့်သော ကျန်းမာရေးဆိုင်ရာအချက်များ

1 year ago
127

ဆယ်ကျော်သက်အရွယ်ကျော်သွားရင် အရပ်ရှည်နိုင်သေးလား?

2 years ago
2.3k

အရပ်ပုခြင်း၊ ရှည်ခြင်းဟာမိဘမျိုးရိုးနဲ့ဆိုင်လား?

2 years ago
1.5k

အလွှာခြားတာကောင်းလား?

2 years ago
1.1k
In the summer, when the air conditioner and fan are used too much

နွေရာသီမှာ အဲကွန်း၊ပန်ကာ အလွန်အကျွံသုံးမိတဲ့အခါ

2 years ago
613

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

သည်းခြေအိတ်ထုတ်လိုက်ရရင် ရူးသွားတတ်သလား         

သွေးမလှုခင် မသိမဖြစ် သိထားရမဲ့အချက်များ

လည်ပင်းအကျိတ်ကင်ဆာရဲ့  လက္ခဏာများ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.