fbpx

Download OnDoctor App on Google Play

Myanmar (Covid-19 Stats)

😷 6,151 Total Cases
😥 98 Deaths
😇 1,445 Recovered

ထူးခြားသည့် အပြုအမူ

တစ်စုံတစ်ခုကို မလုပ်ရလျှင် မနေနိုင်သော အပြုအမူများ ရှိနေတတ်ကြောင်း စာဖတ်သူများ သတိပြုမိကြမည် ထင်ပါသည်။ ပြင်းပြလွန်းသော ဝါသနာဟု ဆိုနိုင်မည် ထင်ပါသည်။ တချို့လူများသည် ရုပ်ရှင်မကြည့်ရလျှင် မနေနိုင်သူများ ရှိသည်။ ရုပ်ရှင်ကြည့်လိုက်ရမှ နေသာထိုင်သာ ဖြစ်သွားသည်။ ရုပ်ရှင်ဝါသနာကြီးသူများဟု ခေါ်နိုင်သည်။ တချို့မှာ လောင်းကစား ဝါသနာ ကြီးသည်။ ဥပမာ- ဖဲမရိုက်ရလျှင် မနေနိုင်မှုမျိုးဖြစ်သည်။ ဖဲရိုက်နေရလျှင် စိတ်ကျေနပ်နေတတ်သည်။
တချို့ စာဖတ်ဝါသနာ ကြီးသည်။ စာအုပ်စာရွက်တွေ့လျှင် စာဖတ်လိုက်ရမှ ကျေနပ်သည်။ တချို့မှာ သီချင်းဆိုခြင်း၊ စာဖတ်ခြင်း၊ စာရေးခြင်း စသည်တို့တွင် ဆန္ဒပြင်းပြလွန်းကြသည်။ အတင်းမပြောရလျှင် စားမဝင်အိပ်မပျော်သူများ ရှိနေတတ်သည်။ တချို့ အိမ်လည် ဝါသနာပါသည်။ မလည်ရလျှင် မနေနိုင်ကြပေ။ အပြုအမူတစ်ခုကို မလုပ်ရလျှင် မနေနိုင်လောက်အောင် ဖြစ်ပါက ဆေးပညာအရ Compulsive Behavior ဟုေ ခါ်သည်။ ယင်းအပြုအမူူသည် ဝေဒနာအသွင် ဆောင်လာသောအခါ Compulsive Behavioral Disorder ဟုသုံးနှုန်းနိုင်သည်။
လူတချို့မှာ Compulsive Sexual Behavior လိင်ဆက်ဆံမှုတွင် ဆန္ဒပြင်းပြလွန်းခြင်း သို့မဟုတ် ဝါသနာထုံခြင်းရှိကြောင်း တွေ့ရသည်။ လိင်ဆက်ဆံမှု မပြုရလျှင် မနေနိုင်သည့် သဘောဖြစ်သည်။ လူ့ဘောင်လောကတွင် အိမ်ထောင်သားမွေးကိစ္စနှင့် အတူ မလွှဲမရှောင်သာ ပါလာသည့်ကိစ္စမှာ လိင်ဆက်ဆံမှုပင်ဖြစ်သည်။ မကင်းနိုင်သော၊ မရှောင်လွှဲနိုင်သော ကိစ္စဟုလည်း ဆိုနိုင်သည်။ သို့သော် တချို့သည် လိင်ဆက်ဆံမှု ကိစ္စအပေါ် လွန်လွန်ကဲကဲ ဝါသနာကြီးတတ်ကြကြောင်း တွေ့ရသည်။
Compulsive Sexual Behavior လိင်ဆက်ဆံမှု မပြုရလျှင် မနေနိုင်သော အပြုအမူရှိသူတစ်ဦးဟု သတ်မှတ်ရန်အတွက် အောက်တွင် ဖော်ပြထားသော လက္ခဏာများဖြင့် ဆန်းစစ် အကဲဖြတ် သုံးသပ်နိုင်သည်ဟု ဆေးပညာရှင်များက ပြောကြားထားသည်။
လိင်ဆက်ဆံဖော် အများအပြားထားခြင်း
မိမိ၏ ဇနီးမယား၊ ခင်ပွန်းအပြင် အခြားဆက်ဆံဖော် များစွာရှိနေခြင်း
ပြည့်တန်ဆာ Prostitu-tes များနှင့် ကြိမ်ဖန်များစွာ ဆက်ဆံပျော်ပါးခြင်း
လိင်စိတ် ဖြစ်ပေါ်စေသော မီဒီယာအမျိုးမျိုးကို စိတ်ဝင်စားလွန်းခြင်း
မိမိကိုယ်တိုင် အလွန်အကျူး စိတ်ဖြေဖျောက်မှု ပြုခြင်း
သဘာဝမဟုတ်သော လိင်ဆက်ဆံနည်းများကို နှစ်သက်သဘောကျခြင်း
သဘာဝမဟုတ်သော လိင်ဆက်ဆံနည်းများကို အသုံးပြုခြင်း
ညစ်ညမ်းသော စာအုပ်၊ ဓာတ်ပုံနှင့် ရုပ်ရှင်များကို မကြာခဏ ဖတ်ခြင်း၊ ကြည့်ရှုခြင်း
ဖိစီးမှု၊ ပူပန်မှု၊ စိတ်အလိုမကျမှု၊ စိတ်ဓာတ်ကျမှု စသည်တို့ ဖြစ်သည့်အခါတိုင်း လိင်ဆက်ဆံခြင်းဖြင့် ဖြေဖျောက်တတ်ခြင်း
ဆေးပညာတွင် Obsessive Compulsive Behavior orf Disorder ခေါ် စိတ်ဝေဒနာတစ်မျိုးရှိသည်။

စိတ်အာရုံ၌ ပယ်ဖျောက်၍မရနိုင်သော ထင်မှု၊ ယုံကြည်မှု၊ ခံစားမှုတစ်ခု ဖြစ်ပေါ်ခြင်း Obsessive ကြောင့် တစ်စုံတစ်ခုကို မလုပ်ရ မနေနိုင်သဖြင့် အကြိမ်ကြိမ်ပြုမှု လုပ်ဆောင်ခြင်း၊ Compulsive Behavior ဖြစ်စေခြင်း ဖြစ်သည်။ ဥပမာ မိမိ၏ လက်သည် အမှန်တကယ် ညစ်ပေမှု မရှိသော်လည်း ညစ်ပေနေသည်ဟု စိတ်၌ စွဲထင်နေသဖြင့် အကြိမ်ကြိမ်လက်ဆေးတတ်သည့် အပြုအမူမျိုးဖြစ်သည်။ အထက်တွင် ဖော်ပြခဲ့သော Compulsive Sexual Behavior မှာလည်း လိင်ကိစ္စတွင် စိတ်အာရုံ၌ ထင်မြင်မူ၊ ယုံကြည်မှု၊ ခံစားမှုတစ်ခုကြောင့် လိင်ဆက်ဆံမှုကို မပြုရလျှင် မနေနိုင်သည့် စိတ်ဝေဒနာဟု ဆိုနိုင်သည်။
ဤသို့သော အပြုအမူ ဖြစ်ရခြင်းနှင့် ပတ်သတ်၍  ကျွမ်းကျင်သူများက လေ့လာခဲ့ရာတွင် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးယိုယွင်းမှု၏ လက္ခဏာ တစ်ရပ်ဖြစ်သည်ဟု လက်ခံခဲ့ကြသည်။ စိတ်မတည်ငြိမ်မှုနှင့် ကိုယ်ရည်ကိုယ်သွေး ယိုယွင်းမှုအပေါ် ထိန်းချုပ်နိုင်စွမ်းမရှိမှုတို့သည် တစ်စုံတစ်ခုကို မဆောင်ရွက်ရလျှင် မနေနိုင်သည့် အပြုအမူမျိုး ပြုလာတတ်ကြသည်။ ကလေးဘဝတွင် လိင်ပိုင်းဆိုင်ရာ သို့မဟုတ် စိတ်ပိုင်းဆိုင်ရာ သို့မဟုတ် ရုပ်ပိုင်းဆိုင်ရာ စော်ကားခံခဲ့ရမှုကြောင့် ကျန်းမာခြင်းနှင့် ညီညွတ်မှုမရှိသော သဘောထားများနှင့် မှားယွင်းသော အယူအဆများ ဖြစ်ပေါ်လာစေနိုင်သည်။ အထီးကျန်ဆန်စွာ နေထိုင်ရခြင်းနှင့် စိတ်ကျဝေဒနာ ခံစားရခြင်းတို့သည်လည်း လိင်ဆန္ဒလွန်ကဲမှုကို ဖြစ်စေသောကြောင်းရင်း ဇစ်မြစ်များ ဖြစ်နိုင်ပါသည်။ ဦးနှောက်နှင့် အာရုံကြောဆိုင်ရာ ပြဿနာများနှင့် ရောဂါများကြောင့် လိင်ဆန္ဒလွန်ကဲမှု ဖြစ်နိုင်ကြောင်းလည်း သုတေသန တချို့က ဖော်ထုတ်တင်ပြခဲ့ကြသည်။ ဥပမာအားဖြင့် ဝက်ရူးပြန်ရောဂါ Epilepsy နှင့် ရူးသွပ်ခြင်း Dementia တို့ကြောင့် လိင်ဆန္ဒလွန်ကဲမှု ဖြစ်နိုင်သည်ဟု ဆိုပါသည်။
လိင်ဆန္ဒလွန်ကဲမှု ရှိလာပါက ကုသရန် လိုအပ်မည်ဖြစ်ပါသည်။ ဆန္ဒနည်းမှုနှင့် အခြားပြဿာနာများကိုသာ အလေးထားကုသတတ်ကြသော်လည်း ဆန္ဒလွန်ကဲမှုကို ကုသကြခြင်း မရှိကြပေ။ ဤပြဿနာမှာ မိမိကိုယ်မိမိ ထိန်းချုပ်နိုင်စွမ်းမရှိ၍ ဖြစ်သော ပြဿနာဖြစ်သဖြင့်၊ ကိုယ်တိုင်ဂရုစိုက်ကုသရန် မဖြစ်နိုင်ပေ။ အထူးကျွမ်းကျင်သော ဆရာဝန်များ သို့မဟုတ် လိင်ပိုင်းဆိုင်ရာ ကျွမ်းကျင်သူ ကုထုံးပညာရှင်များနှင့် ပြသ၍ ကုသမှု ခံယူရမည်ဖြစ်သည်။
လိင်ဆန္ဒလွန်ကဲမှု၏ နောက်ဆက်တွဲ ဆိုးကျိုးပြဿနာများ ဖြစ်ပေါ်လာနိုင်သည်ကိုလည်း သတိမူရန် လိုအပ်သည်။ ကုသမှုမပြုလျှင် အဆိုပါ ပြဿနာများ မလွဲမသွေ ဖြစ်လာပေလိမ့်မည်။ ဖြစ်လာနိုင်ဖွယ်ရာ ပြဿနာတချို့ကို ဖော်ပြထားသည်။
အိမ်ထောင်ပြိုကွဲခြင်း
ဆက်ဆံမှု ယိုယွင်းလာဖြင်း
အပျော်အပါး လိုက်စားမှု လွန်ကဲသဖြင့် စီးပွားရေးကျဆင်းပြီး ငွေကြေးအကုန်အကျများခြင်း၊ အကြွေးတင်လာခြင်း
ပြစ်မှုကျူးလွန်မိက အရေးယူခံရခြင်း၊ တရားစွဲခံရခြင်း
လုပ်ငန်းခွင်၌ စိတ်ဝင်စားမှု မရှိတော့သဖြင့် လုပ်ငန်းခွင်ပြဿနာများ ကြုံတွေ့လာရခြင်း
မလိုချင်ပါဘဲ ကိုယ်ဝန်ရတတ်ခြင်း
လိင်ဆန္ဒလွန်ကဲမှုနှင့်အတူ အရက်၊ မူးယစ်ဆေးများစွဲခြင်း
လူမူရေးအရ လက်ခံနိုင်ခြင်းမရှိသော အပြုအမူများ လုပ်ဆောင်မိသဖြင့် အရှက်ရခြင်း၊ သိက္ခာကျဆင်းခြင်း၊ ဂုဏ်သိမ်ငယ်ခြင်း
Compulsive Sexual Behavior ရှိသူတို့သည် အများအားဖြင့် ကြောက်ရွံမှု၊ ရှက်မှု၊ စိုးရိမ်စိတ်လွန်ကဲမှု စသည်တို့ကြောင့် ဆေးပညာရှင်ထံ ပြသတိုင်ပင်လေ့ မရှိကြပေ။ အကူအညီ ရယူနိုင်ရန် ရှာဖွေခြင်းလည်း မပြုလုပ်ကြပေ။ အမှန်စင်စစ် မိမိ၏ စိတ်ကို မိမိထိန်ချုပ်နိုင်စွမ်း မရှိ၍ ဖြစ်သော အပြုအမူဖြစ်သဖြင့် ဆေးပညာရှင်၊ စိတ်ပညာရှင်နှင့် နှစ်သိမ့်ဆွေးနွေး ပညာပေးသူတို့၏ အကူအညီကို မလွဲမသေရယူရန် လိုအပ်မည်ဖြစ်သည်။

လိင်ဆန္ဒလွန်ကဲမှုပြဿနာကို
(က) စိတ်ပိုင်းဆိုင်ရာ ကုထုံးနည်း
(ခ) အိမ်ထောင်ရေးနှင့် ပတ်သတ်သော နှစ်သိမ့်ဆွေးနွေးပညာပေးခြင်း
(ဂ) ဝေဒနာတူလူများဖြင့် ဖွဲ့စည်းထားသော အုပ်စု၏ ကူညီမှု
(ဃ) စိတ်ကျဝေဒနာကုဆေးဝါးများ မှီဝဲခြင်းနှင့်
ဥပမာ – Fluxetine
-Paroxetine
-Sertraline
(င) အခြားဆေးဝါးများ မှီဝဲခြင်း
ဥပမာ – Naltrexone
တို့ဖြင့်  ကုသပေးနိုင်မည်ဖြစ်ကြောင်း တင်ပြလိုက်ရပေသည်။

Author: ဒေါက်တာအေးကျော်

ဆက်စပ် ဆောင်းပါးများ